08/08/2009

ကဗျာဖြစ်သွားမယ်သတိထား



သူ့ကိုတွေ့ရင် ဝေးဝေးရှောင်
မရှောင်ရင် ကဗျာဖြစ်သွားမယ်
၂၇ ခါတိတိ လူပါးဝတဲ့ ကဗျာဆရာ
သူ့အတွက်..
အမေဆိုလည်း ကဗျာဖြစ်ရဲ့
ဖေဖော်ဝါရီဆိုလည်း ကဗျာဖြစ်ရဲ့
ဆေးလိပ်ဖြတ်လည်း ကဗျာဖြစ်ရဲ့
လူလူချင်းအနိုင်ကျင့်လည်း ကဗျာဖြစ်ရဲ့
အမှန်တရားအတွက်ဆို
သူ့လက်က အငြိမ်မနေဘူး
နိုင်ထက်စီးနင်း မြင်သမျှ
မတရားတာတွေအားလုံး
နှစ်ချို့ကော်ဖီထဲ ထည့်ဖျော်မယ့် ကဗျာဆရာ
၂၇ နှစ်တိတိ လူပါးဝခဲ့ပြီးပြီ.........

No comments:

Post a Comment