၁။အရှင်ပညာဝံသာလင်္ကာရ(ပိဋကတ်နှစ်ပုံခွဲအောင်) US Dollar 100
တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ကမ္ဘာအေး၊ရန်ကုန်
၂.။အရှင်ဝါသေဌာလင်္ကာရ(ပိဋကတ်နှစ်ပုံခွဲအောင်) တစ်သိန်းကျပ်
တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်ခွဲ၊ ရွှေနံ့သာစံပြ
မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်
၃။ဘဒ္ဒန္တစိန္တာမယ(ဓမ္မကထိကဆရာတော်) US Dollar 100
ကမ္ဘာ့ရန်ကင်းကျောင်းတိုက်၊ယင်းမာပင်မြို့နယ်
နံ့သာကုန်းရွာ၊
၎။ပဓာနနာယကဆရာတော်ဘဒ္ဒန္တဝေပုလ္လ၊နာယကဆရာတော် သုံးသောင်းကျပ်
ဘဒ္ဒန္တကေသရ(မဟာစမ္ပါရုံကျောင်းတိုက်၊ ကံကုန်းရွာ၊နှင့်
ဦးသုဇန၊ သုဇနာရာမကျောင်းတိုက်၊ ရမည်းသင်းမြို့နယ်
ညောင်ချဉ်ကုန်းရွာ
၅။ဦးခေမာဝံသ၊ထိုင်းနိုင်ငံ၊ ဘန်ကောက် US Dollar 65
၆။THAI EASTERN ရော်ဘာစက်ရုံမှ မြန်မာလုပ်သား ဘတ်ငွေ တစ်သောင်း
မိသားစုများ၊ ချွန်ဘူရီ၊ ထိုင်းနိုင်ငံ
၇။ကိုအောင်ဝင်းထွဋ်+မနှင်းနှင်းအေး မိသားစု၊ ရန်ကုန် လေးသောင်းကျပ်
၈။ကိုဇင်+မအိသဇင် မိသားစု မိသားစု၊ ရန်ကုန် နှစ်သောင်းကျပ်
၉။ဦးကြည်ဝင်းမောင်+(ဒေါ်သန်းသန်းအေး) မိသားစု၊ရန်ကုန် နှစ်သောင်းကျပ်
၁၀။ဦးညိုမောင်+ဒေါ်သန်းအိ မိသားစု၊နံ့သာကုန်းရွာ တစ်သောင်းကျပ်
၁၁။ဦးလှပေါ+ခေါ်ခင်ဥ မိသားစု၊ သဲကုန်းရွာ တစ်သောင်းကျပ်
၁၂။ကိုဆွေမင်းသန်း+မမျိုးဆွေမိသားစု၊ နံ့သာကုန်းရွာ တစ်သောင်းကျပ်
၁၃။ကိုသန်းလင်း+မတင်မာဝင်း မိသားစု၊နံ့သာကုန်းရွာ တစ်သောင်းကျပ်
၁၄။ဦးသန်းထွန်း+ဒေါ်ခင်ရှိန် မိသားစု၊ နံ့သာကုန်းရွာ တစ်သောင်းကျပ်
၁၅။ကိုမင်းအောင်+မသင်းမြတ်မိသားစု၊ ဘန်ကောက်၊ထိုင်းနိုင်ငံ ဘတ်တစ်ထောင်
၁၆။ကိုကျော်နိုင်+မ၀င်းဝင်းနွယ်မိသားစု၊ချွန်ဘူရီ၊ ထိုင်းနိုင်ငံ ဘတ်ငါးရာ
၁၇။မမျိုးနှင့်ညီမများ၊အထည်ချုပ်စက်ရုံ၊ဘန်ကောက်၊ ထိုင်းနိုင်ငံ ဘတ် တစ်ထောင့်ငါးရာ
Showing posts with label သတင်းကဏ္ဍ. Show all posts
Showing posts with label သတင်းကဏ္ဍ. Show all posts
22/02/2013
14/02/2013
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ၊ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာ၊ မဟာစမ္ပါရုံကျောင်းတိုက်အတွက် သောက်ရေသန့်စက်လှူဒါန်းပွဲအခမ်းအနား(ရုပ်/သံ)
သောက်ရေသန့်စက် လှူဒါန်းရေစက်ချမှတ်တမ်း ဗီဒီယိုဖိုင်
| ဦးသိက္ခိတ(ခေတ္တ-ဘန်ကောက်)မှ ဆက်ကပ်လှူဒါန်းနေစဉ် |
| သောက်ရေသန့်စက်အလှူရှင်များနှင့် ကံကုန်းကျေးရွာ တရားနာပရိသတ်များ |
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
28/12/2012
ပညာသင်နှစ်၊2011-2012၊တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ဇာတိရပ်ရွာမှဂုဏ်ထူးရှင်(၂)ဦးအတွက် လှူဒါန်းခဲ့ကြသည့်ပညာပါရမီကုသိုလ်ရှင်မျာစာရင်း
သုံးဘာသာဂုဏ်ထူးရှင် မဝေေ၀လွင်အတွက် လှူဒါန်းကြသူများစာရင်း
၁။ဦးစိန္တာမယ၊ကမ္ဘာ့ရန်ကင်းကျောင်းတိုက်၊နံ့သာကုန်း တစ်သိန်းခွဲ
၂။ဦးသိက္ခိတ၊(ခေတ္တ-ဘန်ကောက်၊ထိုင်းနိုင်ငံ) တစ်သိန်းခွဲ
၃။စံဘော်ဒါဆောင်အုပ်ချုပ်ရေးဆရာမ ဒေါ်ညိုနွဲ့၊ယင်းမာပင်မြို့ တစ်သိန်းခွဲ
၎။ကမ္ဘာ့ရန်ကင်းကျောင်း၊ယဉ်ကျေးမှုသင်တန်းငွေပဒေသာပင်မှ လှူဒါန်းငွေ ကိုးသောင်း
၅။ဦးရာဇိန္ဒ၊ရွှေပိဋကတ်တိုက်ကျောင်း၊ဗဟန်း၊ရန်ကုန် ခြောက်သောင်း
၆။ဦးဝါသေဌာလင်္ကာရ၊တိပိဋကမဟာဂန္ဓာရုံကျောင်း၊မင်္ဂလာဒုံ၊ရန်ကုန် ငါးသောင်း
၇။ဦးဥာဏိကာလင်္ကာရ၊ ။ ။ သုံးသောင်း
၈။ဦးစိတ္တရ၊ကမ္ဘာ့ရန်ကင်းကျောင်း၊နံ့သာကုန်း တစ်သောင်းခွဲ
၉။ဦးကေသရ၊မဟာစမ္ပာရုံကျောင်း၊ကံကုန်း တစ်သောင်း
၁၀။ဆရာမ မနီ၊အင်းကျေးရွာ ငါးထောင်
စုစုပေါင်း ခုနှစ်သိန်းတစ်သောင်း
တစ်ဘာသာဂုဏ်ထူးရှင် မောင်မျိုးသူဝင်းအတွက် လှူဒါန်းကြသူများစာရင်း
၁။ကမ္ဘာ့ရန်ကင်းကျောင်း၊ယဉ်ကျေးမှုသင်တန်းငွေပဒေသာပင်မှ လှူဒါန်းငွေ သုံးသောင်း
၂။ဦးရာဇိန္ဒ၊ရွှေပိဋကတ်တိုက်ကျောင်း၊ဗဟန်း၊ရန်ကုန် နှစ်သောင်း
၃။။ဦးစိန္တာမယ၊ကမ္ဘာ့ရန်ကင်းကျောင်းတိုက်၊နံ့သာကုန်း တစ်သောင်း
၎။ဦးသုဇန၊သုဇနာရာမကျောင်း၊ရမည်းသင်း တစ်သောင်း
၅။ဦးသူရိယ၊ကမ္ဘာ့ရန်ကင်းကျောင်း၊နံ့သာကုန်း တစ်သောင်း
၆။ဦးပုဏ္ဏာစာရ၊ ။ တစ်သောင်း
၇။ဦးညာဏဓဇ၊ ။ တစ်သောင်း
၈။ ။ဆရာမ မနီ၊အင်းကျေးရွာ ငါးထောင်
စုစုပေါင်း တစ်သိန်းငါးထောင်
မှတ်ချက်။ ။ကျေးရွာ မူလတန်းနှင့် တွဲဖက်အလယ်တန်းပြဆရာ၊များမှ ဂုဏ်ထူးရှင်နှစ်ဦးအတွက် အ၀တ်အစားများပေးအပ်လှူဒါန်းကြကြောင်းသိရပါတယ်။
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
22/12/2012
၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူနှစ်ဦးတိုအား ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်
၁၃၇၄-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက် (30-11-2012 ) သောကြာင်္နေ့တွင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ နံ့သာကုန်းကျေးရွာ၊ ကမ္ဘာ့ရန်ကင်းကျောင်းတိုက်တာအတွင်း၌ အဝေးရောက် မွေးရပ်မြေမှ ပညာပါရမီကုသိုလ်ရှင် သံဃာတော်များ၊ ဒေသခံကျေးရွာ ပညာပါရမီကုသိုလ်ရှင် သံဃာတော်များမှ ဦးစီးဦးဆောင်၍
ပညာပါရမီကုသိုလ်ရှင်အသီးသီးတို့မှ ရပ်ရွာမျိုးဆက်သစ်ခလေးငယ်များ ပညာညာဏ်ရည် ဖွံ့ဖြိုးရေးနှင့် ထူးချွန်သော ပညာတတ်ပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်ရည်ရွယ်ချက်ဖြင့် ပထမအကြိမ် ပညာရည်ချွန်ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဘာသာရပ်အလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် သုံးဘာသာဂုဏ်ထူးရှင်နံ့သာကုန်းရွာမှ အဘ ဦးမြင့်လေး၏ သမီး မဝေေ၀လွင်အား ပညာရည်ချွန်ဆုငွေ ကျပ်(၇)သိန်း တစ်သောင်းနှင့် ပိတောက်ကုန်းရွာမှ တစ်ဘာသာဂုဏ်ထူးရှင် မောင်မျိုးသူဝင်းအားဆုငွေကျပ်(၁)သိန်း ၅ထောင်စီအသီးသီး ပေးအပ်ခဲ့တယ်လို့သိရပါတယ်..
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ နံ့သာကုန်းကျေးရွာ၊ ကမ္ဘာ့ရန်ကင်းကျောင်းတိုက်တာအတွင်း၌ အဝေးရောက် မွေးရပ်မြေမှ ပညာပါရမီကုသိုလ်ရှင် သံဃာတော်များ၊ ဒေသခံကျေးရွာ ပညာပါရမီကုသိုလ်ရှင် သံဃာတော်များမှ ဦးစီးဦးဆောင်၍
ပညာပါရမီကုသိုလ်ရှင်အသီးသီးတို့မှ ရပ်ရွာမျိုးဆက်သစ်ခလေးငယ်များ ပညာညာဏ်ရည် ဖွံ့ဖြိုးရေးနှင့် ထူးချွန်သော ပညာတတ်ပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်ရည်ရွယ်ချက်ဖြင့် ပထမအကြိမ် ပညာရည်ချွန်ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဘာသာရပ်အလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် သုံးဘာသာဂုဏ်ထူးရှင်နံ့သာကုန်းရွာမှ အဘ ဦးမြင့်လေး၏ သမီး မဝေေ၀လွင်အား ပညာရည်ချွန်ဆုငွေ ကျပ်(၇)သိန်း တစ်သောင်းနှင့် ပိတောက်ကုန်းရွာမှ တစ်ဘာသာဂုဏ်ထူးရှင် မောင်မျိုးသူဝင်းအားဆုငွေကျပ်(၁)သိန်း ၅ထောင်စီအသီးသီး ပေးအပ်ခဲ့တယ်လို့သိရပါတယ်..
(အသိပေးချက်) ပညာရည်ချွန်ဆုပေးပွဲအတွက် ထည့်ဝင်လှူဒါန်းခဲ့ကြသည့်
ပညာပါရမီကုသိုလ်ရှင်များစာရင်းကိုလည်း မကြာခင်အချိန်အခါမှာ ဖော်ပြပေးသွားပါမည်။
အွန်လိုင်းမှတစ်ဆင့် မှတ်တမ်းဓာတ်ပုံများ ပို့ပေးခဲ့တဲ့ ဦးရာဇိန္ဒ(မောင်မင်းစိုး-ရွှေနံ့သာ)အားလည်း အထူးကျေးဇူးတင်ရှိပါ၏။
ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းနား မှတ်တမ်းဓာတ်ပုံများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်..
သုံးဘာသာ ဂုဏ်ထူးရှင် မဝေေ၀လွင်အား ဆုငွေကျပ်(၇)သိန်းတစ်သောင်း ပေးအပ်နေစဉ်
တစ်ဘာသာ ဂုဏ်ထူးရှင် မောင်မျိုးသူဝင်းအား ဆုငွေကျပ်(၁)သိန်း ငါးထောင်ကို ပေးအပ်နေစဉ်
ဆုပေးပွဲရောက်လာကြသည့် မျိုးဆက်သစ်ကျောင်းသူ/သားများအား တွေ့ရစဉ်
ပညာရည်ချွန်ဆုပေးပွဲအခမ်းနာကို ကြွရောက်အားပေးခဲ့ကြသည့် ကျေးရွာဒေသခံသံဃာတော်များ
ကျေးရွာဥက္ကဌ ဦးမြင့်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား စကားပြောကြားနေစဉ်
(၃)ဘာသာ ဂုဏ်ထူးရှင် မဝေေ၀လွင်မှ ကျေးဇူးတင်စကား ပြောကြားနေစဉ်
တစ်ဘာသာ ဂုဏ်ထူးရှင်မောင်မျိုးသူဝင်းမှ ကျေးဇူးတင်စကား ပြောကြားနေစဉ်
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
02/12/2012
မုံရွာ၊ လက်ပံတောင်းတောင်မှ လွင့်စင်ထိမှန်လာသော သတင်းအပိုင်းအစများစုစည်းမှု(ရုပ်/သံ)
လက်ပံတောင်းတောင် အကြမ်းဖက်မှုအတွက် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲ(၁)
လက်ပံတောင်းတောင် အကြမ်းဖက်မှုအတွက် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲ(၂)
လက်ပံတောင်းတောင် အကြမ်းဖက်မှု တန်ဆောင်တိုင်လပြည့်ည မြင်ကွင်းများ
လက်ပံတောင်းတောင်၊ အကြမ်းဖက်မှု ဖြစ်ပွားပီး မနက်ပိုင်းအခြေနေမြင်ကွင်း
လက်ပံတောင်းတောင် အကြမ်းဖက်မှုဖြစ်ပွားပီးနောက် လုံခြုံရေးတာဝန်ကျ ရဲသား(၂)ဦး၏ ရင်ဖွင့်ပြောပြချက် စကားသံများ
ယုတ်မာပက်စက် မိုက်ရိုင်းတဲ့ လက်ပံတောင်းတောင် လုံခြုံရေး တာဝန်ကျ ရဲများ
လက်ပံတောင်းတောင် အကြမ်းဖက်ခံ သံဃာတော်များအတွက် ၀မ်းနဲခြင်းအထိမ်းမှတ် မာမာအေးသီချင်း
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
20/11/2012
ဆောင်းဦးလှိုင်ရဲ့ ""အညတရ သူရဲကောင်း""အမည်ရှိ ကိုယ်ပိုင်သံစဉ်တေးစီးရီးအခွေသစ်ထွက်ရှိ
ပြုပြင်ပြောင်းလဲလာတဲ့ နိုင်ငံတော် အစိုးရသစ်လက်ထက်မှာ အဆိုတော်
ဆောင်းဦးလှိုင်တစ်ယောက် တိုင်းကျိုးပြည်ပြု လူမှုရေးလုပ်ငန်းတွေကို
သူဖြတ်သန်းလာခဲ့တဲ့ အနုပညာလုပ်ငန်းနဲ့အတူ ယှဉ်တွဲပြီး တစ်ဖက်
တစ်လမ်းကနေ အားကြိုးမာန်တက် လုပ်ဆောင်နေတာတွေဟာ
တိုင်းသိပြည်သိဖြစ်ပီးသားမို့ ထွေထွေထူးထူး ပြောပြစရာတော့ လိုမယ်
မထင်တော့ပါဘူး..
ဘာလို့လဲဆိုတော့ သူဟာ ယုံကြည်ချက်အတွက် နိုင်ငံရေး အကျဉ်းကျခံ
နေရတဲ့ ၈၈မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်အချို့ အပါဝင်
အခြားနိုင်ငံရေး အကျဉ်းသားအချို့ အကျဉ်း ထောင် အသီးသီးကနေ
လွတ်မြောက်လာကြပီးနောက်မှာ ၄င်းပုဂ္ဂိုလ်တွေအတွက်နဲ့ ဦးကျော်သူရဲ့
နာရေးကူညီမှုအသင်းအတွက် ""နှလုံးသားတွေ လှူမယ့်ည""ဆိုတဲ့ ခေါင်းစဉ်နဲ့
Live Show ပွဲတစ်ပွဲစီစဉ်ကာ ၄င်းShowပွဲကနေ ရရှိလာတဲ့ သူ့ရဲ့ အကျိုးမြတ်
အနုပညာငွေကြေးတွေကို တစ်ပြားတစ်ချပ်မှ ချန်မထားဘဲ အကုန်လှူဒါန်း
ပစ်ခဲ့သူပါတယ်။
နောက်ပီးတော့လည်း နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပီးနောက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အမေစု(ဒေါ်စု)ရဲ့ NLD ပါတီအတွက် မဲစီးရုံးရေး
ခရီးစဉ်တွေမှာလည်းဒေါ်စုမသွားရောက်နိုင်တဲ့နေရာအချို့မှာ ရုပ်ရှင်ဒါရိုက်တာ
ဝိုင်းတို့အဖွဲ့နဲ့အတူ လိုက်ပါကူညီဆောင်ရွက်ခဲ့သလို ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းရဲ့
ခရီးစဉ်အချို့တွေမှာလည်းစိတ်ပါလက်ပါနဲ့ လိုက်ပါဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။
စကားစပ်လို့ ကြားညှပ်ပီးပြောရမယ်ဆိုရင် အဆိုတော် ဆောင်းဦးလှိုင်ဟာ အဆိုတော်
လောကမှာ အများတကာထင်ထားသလို သူဟာ အစ္စလာလ်(မွတ်စလင်)ဘာသာဝင်
တစ်ယောက်မဟုတ်ပဲ တကယ်တော့ သူဟာ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပါတယ်...
အခုလည်းဘဲ ကိုဆောင်းဦးလှိုင်ဟာ "" အညတရ သူရဲကောင်း"ဆိုတဲ့ တေးစီးရီးသစ်
တစ်ခွေကိုလည်း ကိုယ်ပိုင် တီးခတ် စီစဉ်ပီး ၄င်းတေးစီးရီးအခွေကနေ ရရှိလာတဲ့
ငွေကြေးတွေကို တိုင်းကျိုးပြည်ပြု လူမှုရေး လုပ်ငန်းတွေအတွက် အသုံးချသွားမယ်လို့
သိရပါတယ်။
ယခုထွက်ရှိခဲ့တဲ့ တေးစီးရီးအခွေဟာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးအတွက်
အသက်သွေးချွေတွေ ပေးဆပ်ခဲ့ကြတဲ့သူတွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့်
မထင်မရှား လူသိမများခဲ့ကြရတဲ့ သူတွေအတွက် ရည်ညွှန်းဂုဏ်ပြုတဲ့အနေနဲ့ သီးသန့်
စီစဉ်ထားတဲ့အကြောင်းစတာတွေကို သူ့အခွေရဲ့ ကာဗာမှာ မြင်တွေ့ကြရမှာဖြစ်ပါ
ကြောင်း တေးအယ်လဘဏ်မိတ်ဆက်အနေနဲ့ တင်ပြပေးလိုက်ရပါသည်။
တေးစီးရီးအယ်လဘဏ်ရဲ့ လင့်လေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်....
အားလုံးကို ကျေးဇူးတင်လျှက်..
ဆန်းသစ်အောင်
အသိပေးတောင်းပန်ခြင်း။ ။ မိမိလို ဗုဒ္ဓဘာသာဝင်တစ်ယောက်က
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အခြားတစ်ယောက်ရဲ့ အကြောင်းအရာပို့စ်တစ်ခုကို
တင်လိုက်တဲ့အတွက် သာမန်အနေနဲ့ ကြည့်ရင် ဒါဟာ အခြားဘာသာကို
အားပေးအားမြှောက် လုပ်ရာကျတယ်လို့ ထင်စရာပါ..ဒါပေမယ့်.....
ကျန်ုပ်ရဲ့ရည်ရွယ်ချက်ကတော့ အဆိုတော်ဆောင်းဦးလှိုင်(ခရစ်ယာန်)ဆိုတာထက်
မွန်မြတ်လှတဲ့သူရဲ့တိုင်းကျိုးပြည်ပြု ပရဟိတလုပ်ဆောင်ချက်တွေကိုသာ အဓိကထား
အားပေးချီးကြူးတဲ့အနေနဲ့ တင်ပေးလိုက်တာဖြစ်ပါကြောင်း ရိုးသားစွာ
ဝန်ခံအသိပေးပါရစေ..
""ပရဟိတလုပ်ဆောင်ကြတဲ့နေရာမှာ အမျိုးကို မကြည့်ဘဲ အကျိုးကိုသာ
ကြည့်ပြီး လုပ်ရမယ်""ဆိုတဲ့ အဆုံးမကို နှလုံးမူ၍ ဤပို့စ်ကိုတင်လိုက်ရပါကြောင်း
ထပ်လောင်း၍ ၀န်ခံအသိပေးပါရစေ....
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
15/08/2012
မောင်အာကာဟိန်းဇော်၏(၁)နှစ်ပြည့် မွေးနေ့မင်္ဂလာဖိတ်ကြားလွှာ
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
24/05/2012
အမှတ်တရ ရွာပြန်လက်ဆောင် အပိုင်းအစလေးများ
(မုံရွာမြို့ရဲ့ ကျက်သရေဆောင် မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်အား ဖူးတွေ့ရစဉ်)
ဟဲ..ဟဲ.. စာရေးသူလည်း မကြာခင်လေးကပဲ မွေးရပ်မြေ မုံရွာမြို့လေးကို ရောက်ခဲ့ပါတယ်..
ညနေပိုင်းမှာ မိုးလေတွေ ပြင်းထန်စွာတိုက်ခတ်နေလို့ ညောင်ပင်ကြီးဘက်ကမ်းကို
စက်လှေနဲ့ ကူးခတ်ဘို့အတွက် တစ်နာရီကျော်ကြာ စောင့်ဆိုင်းခဲ့ရတာလေးတွေရယ်..
မုံရွာရောက်တုန်းရောက်ခိုက် ကွမ်းယာတွေ တလစပ်ဝါးပီး ထုံးပေါက်လို့ လေးငါးရက်
လောက်ထမင်းကောင်းကောင်း မစားနိုင်ခဲ့တာလေးတွေရယ်...
နောက်ပီးအထူးခြားဆုံးက ဇာတိမွေးရပ်မြေရောက်ခိုက် ကြုံတုန်းမို့ မြန်မာနေရှင်နယ်
လိတ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဇေယျာရွှေမြေအသင်းနဲ့ ရက္ခပူရအသင်းယှဉ်ပြိုင်တဲ့
ဘောလုံးပွဲစဉ်ကိုMR TV4ကနေ တိုက်ရိုက် ထုတ်လွှင့်ပေးလို့ ဇေယျာရွှေမြေအသင်းကို
အားပါးတရအားပေးလိုက်တာ ရက္ခပူရအသင်းကိုခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့
ဖြစ်ရပ်လေးတွေရယ်.
.ဒီအဖြစ်အပျက်လေးတွေကတော့ ဘယ်တော့မှ မေ့လို့မရတဲ့ ဖြစ်ရပ်(ရွာပြန်လက်ဆောင်)
လေးတွေပါဘဲ..
ဟဲ.. ဟဲ.. ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပတ်ပတ်လည်ဘေးမှာ ဖယောင်းတိုင်တွေကိုင်ပီး
စီတန်းလမ်းလျှောက်ပွဲနဲ့တော့ တေ့လွဲလေး လွဲလာခဲ့လေရဲ့..
(မုံရွာမြို့ရဲ့ ကျက်သရေဆောင် မဟာဗောဓိတစ်ထောင်အား ဖူးတွေ့ရစဉ်)
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
15/04/2012
2012- ရန်ကုန်မဟာသင်္ကြန် လျှပ်တပြက် ပုံရိပ်များ
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
03/04/2012
2012 -ကြားဖြတ်ရွေးကောက်ပွဲမတိုင်မှီ ထပ်မံကြားသိရသော မွေးရပ်မြေမှ စိတ်မကောင်းစရာ သတင်းတစ်ပုဒ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီမြို့နယ် ဒုန်းတောရွာမှ
အရွယ်မရောက်သေးသည့် မိန်းခလေးငယ်တစ်ဦးကို မြန်မာယမ်စီ
ကြေးနီထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်းတစ်ဦးက ခိုးယူပေါင်းသင်းမှုဖြစ်ပွား
ဒီနေရာ မှာသွားရောက် ဖတ်ရှုနိုင်ပါတယ်
အရွယ်မရောက်သေးသည့် မိန်းခလေးငယ်တစ်ဦးကို မြန်မာယမ်စီ
ကြေးနီထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်းတစ်ဦးက ခိုးယူပေါင်းသင်းမှုဖြစ်ပွား
ဒီနေရာ မှာသွားရောက် ဖတ်ရှုနိုင်ပါတယ်
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
02/04/2012
2012 ကြားဖြတ်ရွေးကောက်ပွဲမတိုင်မှီ မွေးရပ်မြေမှ လတ်တလောသတင်း(လင့်)များစုစည်းမှု
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ညောင်တုန်းရွာတွင် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မှီ
လူငယ်တစ်ဦးအသတ်ခံရ CLICK HERE
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာတွင် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မှီ
ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား CLICK HERElစစ်ကိုင်းမြို့နယ်အတွင်း မဲပေးရေး သဘောထားကွဲလွဲမှုကြောင့် (၁၄)စုံတွဲ လင်မယား
အဖြစ်မှ ကွာရှင်းပြတ်စဲ CLICK HERE
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
17/01/2012
အလောင်းတော်ကဿပဘုရားဖူးသွားလိုသူများသို့


ရွှေဆံပင်အလှူရှင်များနှင့် အလောင်းတော်ကဿပ ဘုရားဖူးသွားလိုသူများအတွက် ၀မ်းမြောက်ဖွယ်
ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင် ဆရာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထူးသဖြင့်
ရွှေဆံပင်နှင့်အခြားငွေအလှူရှင်များ၏ ကူညီပံ့ပိုးမှုများကြောင့် ရွှေဆံပင်တံတားလမ်းဆရာတော်များ
အနေဖြင့် တံတားအစင်း(၂၀)နှင့်၊ လမ်းမိုင်(၁၅)မိုင်တို့ကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊
ယခုအခါတွင် ယမားချောင်းကြီးကို ဖြတ်ကျော်မည့် ရွှေမေတ္တာတံတားကြီး(အရှည် ပေ-၄၅၀၊ အမြင့် ၁၈ပေ၊
အကျယ်-၁၈)ပေရှိ တံတားကြီးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ သို့အတွက်
ရန်ကုန်မြို့၊ ရွှေဆံပင်အလှူရှင်များ၏ တောင်းဆိုချက်အရ ရွှေဆံပင်တံတားလမ်းလေ့လာရေးနှင့်
အလောင်းတော်ကဿပဘုရားအပါအ၀င် အညာမြေဘုရားဖူးခရီးစဉ်ကို (၂၀-၁-၂၀၁၂)မှစတင်ပြီး
စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဘုရားဖူးခရီးစဉ်ကို ရန်ကုန်မြို့မှ အကျိုးတော်ဆောင်
လူငယ်များ၏ ကုသိုလ်ဖြစ် စောင့်ရှောက်လိုက်ပါမည်ဖြစ်ပြီး၊ ဒေသခံ ရွှေဆံပင်လမ်းတံတား
အကျိုးတော်ဆောင်ဆရာတော်များနှင့် ဒေသခံနယ်သူ နယ်သားများက လိုအပ်သလို ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ပါသည်။
ခရီးစဉ်မှာ (၄)ညအိပ် (၃)ရက်ခရီးဖြစ်ပြီး-
မန္တလေး မဟာမြတ်မုနိဘုရားကြီး
စစ်ကိုင်းကောင်းမှုတော်ဘုရား
မိုးညှင်းသမ္ဗုဒ္ဓေဘုရား
ဗောဓိတစ်ထောင်ဘုရား
ကျောက္ကာရွှေဂူနီဘုရား
ရွှေတောင်ဦးဘုရား
ဖိုလ်ဝင်တောင်၊ ရွှေဘတောင်ရှိဘုရားများ
ရွှေဆံပင်တံတားလမ်းနှင့် အလောင်းတော်ကဿပဘုရားများသို့ ရောက်ရှိကြမည်ဖြစ်ပါသည်။
ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင်အဖွဲ့မှ ယာဉ်ငယ်တစ်စီးဖြင့် ကျန်းမာရေး စောင့်ရှောက်လိုက်ပါမည်ဖြစ်ပြီး၊
အထူးအစဉ်အနေဖြင့် မုံရွာမြို့ သံဃာအပါး(၅၀၀)ကျော်အား အာရုဏ်ဆွမ်းလောင်း
လှူပွဲကျင်းပခြင်း၊ ရောင်ခြည်သစ်မျက်မမြင်ပရဟိတကျောင်းတွင်လည်း အာဟာရဒါနများလှူဒါန်းသွားကြမည်ဖြစ်ပါသည်။ အညာကျေးလက်အစားအစာမျိုးစုံဖြင့်
ကျွေးမွေးမှုတိုင်းကိုလည်း စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊
နေရာထိုင်ခင်းများကိုလည်း အတတ်နိုင်ဆုံးအဆင်ပြေအောင်
စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ခရီးစဉ်ကို စိတ်ပါဝင်စားသူများနှင့် လိုက်ပါကုသိုလ်ယူလိုသူများအနေဖြင့်အသေးစိတ်သိရှိရန်အတွက် လိုအပ်ပါက
ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင်အဖွဲ့၊
တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊
အရှေ့ဝါယာလက်(၂)လမ်း၊
ကမ္ဘာအေး၊ ရန်ကုန်။
ဖုံး-09-6450654၊
069-6451422၊
09-49323697 တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သိရှိရသည်။
တစ်ဦးလျှင်(၅၅၀၀၀) ငါးသောင်းငါးထောင်ကျပ်ဖြစ်ပါသည်။
(အားလုံးစားစရိတ်-နေထိုင်မှုစရိတ်၊)
မှတ်ချက်။ ။ အပတ်စဉ် သောကြာနေ့တိုင်းတွင် ထွက်ရှိနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း။
ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင်အဖွဲ့
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
ရယ်စရာမဂ္ဂဇင်းအတွက် စာမူများဖိတ်ခေါ်ခြင်း
တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့သော
ဆရာကောက်နွယ်ကနောင်၊ ဆရာမာလတ်တို့ ဦးစီးထုတ်ဝေမည့်
ရယ်စရာမဂ္ဂဇင်းအတွက် မည်သည့်ကလောင်ရှင်မဆို
ကဗျာများ
ဟာသဝတ္ထုတိုများ
တစ်မျက်နှာဝတ္ထုတိုများ
သရော်စာ ဆောင်းပါးများ
ကာတွန်များ
ကာတွန်းအတွေးများ
စာမဲ့ကာတွန်းများ
အက်ဆေးများ
သရော်စာအက်ဆေများ
လူငယ်ကဗျာကဏ္ဍအတွက် ကဗျာများ
ကယ်ရီကေးချား(ပြိုင်ပွဲ)
ဝတ္ထုတို(ပြိုင်ပွဲ)
ပေးပို့နိုင်ပါသည်။ မကြာခင် ထွက်ရှိနိုင်ရန် စီစဉ်နေပါသည်။
ဆက်လက်ပြီးလည်း အသစ်အသစ်များကို စိတ်ကူးရှိသလို အခန်းကဏ္ဍများ
ထပ်မံတိုးချဲ့ပြီး ဖော်ပြမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါအခန်းကဏ္ဍများကိုလည်း
ဆက်လက်ပြီး ဖော်ပြပေးမည် ဖြစ်ပါသည်။
ပေးပို့လိုသူများသည်
Email: yisayar.magazin@gmail.com
Facebook: yisayar.magazin သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။ Facebook တွင်လည်း
ရွေးခြယ်ထားသောစာမူများ၊ မူဝါဒများကို ဆက်လက်တင်ပေးနိုင်ရန် ကြိုးစားနေပါသည်။
ရယ်စရာမဂ္ဂဇင်း ၀ိုင်းတော်သားများ
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
15/01/2012
ဆရာတော် ဦးသုမင်္ဂလ ဘ၀နတ်ထံ ပျံလွန်တော်မူ
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ကျလန်(၁၃)လမ်း၊သလပ်ဘန်ခယ်၊၀ပ်တလုံးကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျှက်ရှိသော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊
ပေါက်အင်းကျေးရွာ၊ ခမည်းတော် ဦးမောင်တိုး၊ မယ်တော် ဒေါ်အေးသွယ်တို၏ သား၊
သက်တော် ၄၁-နှစ်၊ သိက္ခာတော်၂၁-ဝါ ရှိ၊မြန်မာရဟန်းတော် ဦးသုမင်္ဂလသည်
(၁၃-၁-၂၀၁၂)သောကြာနေ့ ထိုင်းစံတော်ချိန် နံနက် ၁၁းနာရီအချိန်တွင် ရုတ်တရက်
သတိလစ်ကာ ဖိကစင် အမှတ်(၂)ဆေးရုံကြီး၌ ဘ၀နတ်ထံပျံလွန်တော်မူသွားသည်ကို
အမှတ်မထင် ကြားသိရပါသဖြင့် အထူးဝမ်းနဲမိပါကြောင်း ဝေးရပ်ဌာနေ မလေးမြေကနေ
ကျန်ရစ်သူများထံ အသိပေးအကြောင်းကြားအပ်ပါသည်။
အထက်ပါ ရဟန်းတော် ဦးသုမင်္ဂလသည် မိမိနှင့်အတူ ဗီဇာသက်တမ်းတိုးဖော်တိုးဖက်သူငယ်ချင်း
ဖြစ်သလို ထိုင်းနိုင်ငံကို မိမိနှင့်အတူ တစ်နှစ်တည်းရောက်သည့် သူငယ်ချင်းလည်းဖြစ်
သဖြင့် ယခုလို အမှတ်မထင်ပျံလွန်တော်မူသွားသည်မှာ မယုံနိုင်စရာပင် ဖြစ်မိပါ၏။
တဆက်တည်းဆိုသလိုပင် လွန်ခဲ့သော ၂၀၀၄-ခုနှစ်ကလည်း ရန်ကုန်မြို့ ကမ္ဘာအေး
မရမ်းကုန်းမြို့နယ် တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ (တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)အရှင်သူမြတ်သည်လည်း
ဤထိုင်းနိုင်ငံဘန်ကောက်မြို့ ဘန်ကောက်ဆေးရုံကြီး၌ပင် ပျံလွန်တော်မူခဲ့တာကို
ပြန်လည်အမှတ်ရမိရင်း နေထိုင်ခွင့်ဗီဇာသက်တမ်းမကုန်မှီမှာပင် ဘ၀သက်တမ်းကုန်သွား
ရှာလေသော သူငယ်ချင်း ဦးသုမင်္ဂလအတွက် ၀မ်းနဲစိတ်မကောင်းဖြစ်နေမိပါတော့
သတည်း။
ဇီဝိတံ မေ အဓုဝံ၊ မရဏံ မေ ဓုဝံ(ရှင်ခြင်းမမြဲ သေခြင်းမြဲ၏)
သံဝေဂလင်္ကာ
ဘယ်သက်ရွယ်မှာ၊ ဘယ်ရောဂါနှင့် ၊ဘယ်ခါကာလ၊ ဘယ်ဒေသ၌၊ သေရမည်မှာ၊ ဒို့သူငါ မှန်စွာ၊
မသိနိုင်ပါတကား။
မသိနိုင်ပါတကား။
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
26/07/2011
နံ့သာကုန်းကျေးရွာအ၀င် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ
နံ့သာကုန်းကျေးရွာအ၀င် ဆိုင်းဘုတ်စိုက်ထူပွဲကို ၁၃၇၃-ခုနှစ်၊ကဆုန်လပြည့်ကျော်( )ရက်
( .၅.၂၀၁၁)နေ့တွင် ကျေးရွာသံဃာတော်များနှင့် လူငယ်မောင်မယ်များက အောင်သပြေနှင့်
အမွှေးနံ့သာရေများ ပက်ဖျန်းကာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
၎င်းဆိုင်းဘုတ်အတွက် ကုန်ကျစရိတ်များကို နွေရာသီယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းရံပုံငွေ
ထဲမှ အလှူရှင်အားလုံး၏ကိုယ်စား သင်တန်းနည်းပြနှင့် ရံပုံငွေရှာဖွေရေးဆရာတော် ဦးဓမ္မ၀ရမှ
ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။
"လူဖြစ်လာရ ဤလောက၀ယ်
စိတ်မာန်ကိုချ မာနမပါ
ဒို့စွမ်းရာဖြင့်
တို့ပြည် တို့ရွာ တို့သာသနာကို
သာယာစေမှု လုံ့လပြုအံ့ " ဟူသော သီတဂူဆရာတော်၏ ပရဟိတ ဆောင်ပုဒ်ကဗျာနှင့်အညီ
မိမိရပ်ရွာ ဘာသာ သာသနာအတွက် တစ်ဖက်တစ်လမ်းမှ ကြိုးစားဆောင်ရွတ် လုပ်ကိုင်နေကြ
သော ရပ်ရွာ သံဃာတော်များနှင့် လူငယ်မောင်မယ်များအား ပြည်ပရောက်ညီအစ်ကိုများ၏
ကိုယ်စား အထူးပင် ၀မ်းသာဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
မရသော်လည်း လူကြုံအဆက်သွယ်ဖြင့် ပြည်ပသို့ ရောက်အောင် ဓာတ်ပုံများ
ပို့ပေးသော မောင်မင်းစိုး(ရွှေနံ့သာ)အား အထူးပင်ကျေးဇူးတင်ရှိကြောင်း
ပြောကြားပါရစေ....
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
26/03/2011
ကမ္ဘာမြေကြီး စိတ်ဆိုးခြင်း(သို့မဟုတ်)ရှမ်းပြည်အရှ့ပိုင်းငလျင်လှုပ်ခါမှုမှတ်တမ်း









ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြု၍ ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ရစ်ချတ်တာ စကေးရှိ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

ငလျင် ဗဟိုချက်ပြုရာ ဒေသမြေပုံ (AP)
စစ်အစိုးရ မီဒီယာများကမူ ယနေ့ မွန်းလွဲအထိ သေဆုံးသူစုစုပေါင်း ၇၄ ဦး၊ ဒဏ်ရာရသူ ၁၁၁ ဦး၊ အိမ်ခြေပေါင်း ၃၉၀၊ ဘုန်ကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အဦး ၉ လုံးလည်း ပျက်စီးကြောင်း ကြေညာသည်။
သို့သော် အတည်မပြုနိုင်သေးသော ဒေသသတင်းများအရ တာလေမြို့နယ် တမြို့နယ်တည်းတွင်ပင် သေဆုံးသူ ၁၂၀ ခန့်ရှိနိုင်ကြောင်း သိရသည်။
တာလေမြို့ခံတဦး၏က အိမ်များမှာ ရှေးအိမ်အို အိမ်ဟောင်းဖြစ်သည့်အတွက် သေဆုံးသူ အများအပြားရှိခြင်း ဖြစ်ကြောင်း တာလေမြို့နယ် ဆေးရုံလည်း ပျက်စီးသွားပြီး တာလေ အခြေစိုက် ခြေမြန်တပ်ရင်း ၃၁၆ တွင်မူ စစ်တန်းလျား ပြိုကျ၍ ၁၇ ဦးသေဆုံးကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
တာလေနှင့် တာချီလိတ်အကြား ဆက်သွယ်ထားသည် တံတားတစင်းလည်း ကျွံကျ ပျက်စီးသွားကာ ကားအသွားအလာ ရပ်ဆိုင်းသွားသည့်အတွက် ဒဏ်ရရှိသည့် လူနာများကို တဖြည်ဖြည်းချင်း တာချီလိတ် ဆေးရုံသို့ ပို့နေကြောင်း ဒေသခံတဦးက ဆိုသည်။
ထိုဒေသမှ ပြည်သူများမှာ ငလျင် နောက်ဆက်တွဲ လှုပ်ခတ်မည်ကို စိုးရိမ်နေကြကြောင်း၊ ကျိုင်းတုံ၊ တာလေ၊ တာချီလိတ်သွား ကားလမ်းကို စစ်တပ်က လုံခြုံရေး အပြည့်ယူထားလိုက်ပြီး ခရီးသွားလာမှုများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ထရန်စဖော်မာ နှစ်လုံးပျက်စီးသွားသည့်အတွက် တချို့သောရပ်ကွက်များတွင် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း၊ ပျက်စီးမှု အနည်းငယ်ရှိသော်လည်း နောက်ဆက်တွဲ ငလျင်အသေးစားများကြောင့် လူအများမှာ အဆောက်အဦးများ၊ မီးကြိုးများနှင့် လွတ်ကင်းရာ လမ်းမများပေါ်နှင့် ဘောလုံးကွင်းအတွင်း၌ ညအိပ်ခဲ့ရကြောင်း တာချီလိတ်မြို့ခံတဦးက ပြောသည်။
စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်ပါ ငလျင်ဒဏ် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံရှိ ငလျင်လေ့လာရေး ဌာနကလည်း ထိုင်းနိုင်ငံ ချင်းရိုင်မြို့ မြောက်ဖက် ၆၉ မိုင်အကွာရှိ ဒေသကို ဗဟိုပြုကာ အားပြင်းသည့် ငလျင် ၂ ခု လှုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး မြို့တော် ဘန်ကောက်နှင့် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းရှိ ပြည်သူများ လမ်းမများပေါ်သို့ ထွက်ပြေးကြကြောင်း သတင်းများက ဖော်ပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ဂျပန်နိုင်ငံ အရှေ့မြောက်ဒေသတွင် ပြင်းအား ၈.၉ မဂ္ဂနီကျု အဆင့်ရှိ တိုဟိုကု (Tohoku) ငလျင်ကြီးကြောင့် ၄ ထပ် အဆောက်အအုံအမြင့်ခန့် မြင့်မားသည့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်တွင် ကြီးမားလှသော ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များ ဖြစ်ခဲ့သည်။
ဆူနာမီ ရေလှိုင်းကြီးများကြောင့် ရှင်ဒိုင်းမြို့တွင် လူပေါင်း သောင်းချီသေဆုံးခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုများပါ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
ဂျပန်ငလျင် မတိုင်မီတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တို့၌ ပြင်းအား ၅.၄ ရှိ ငလျင်ကြောင့် စူပါမားကတ်၊ ဟိုတယ်နှင့် အိမ်များပြိုကျရာမှ ၁၄ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ နယူးဇီလန်နိုင်ငံမှ ဒုတိယ အကြီးဆုံးမြို့တော် ခရစ္စချာ့ခ်ျတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်ကြောင့် ၇၅ ဦးသေဆုံးကာ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်ကိုင်း ငလျင်ကြော၊ ဂွေးချို ငလျင်ကြော၊ မိုးမိတ် ငလျင်ကြော၊ ကဘော် ငလျင်ကြော၊ မြောက်ဦး ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ ဖာပွန် ငလျင်ကြောနှင့် ဘုရားသုံးဆူ ငလျင်ကြော တို့ရှိပြီး အကြီးအကျယ်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်များမှာ ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်သည့် အင်းဝငလျင်၊ ၁၉၂၇ ခုနှစ်တွင် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၃၀ ခုနှစ်တွင် ဒုတိယ အကြိမ် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်သည့် ပုဂံငလျင်တို့သည် အပျက်အစီး အကြီးမားဆုံး ဖြစ်သည်။
(ငလျင်ဒဏ်ခံရတဲ့ အထဲမှာ အဆိုးဆုံးထဲက တစ်နေရာဖြစ်တဲ့ တာလေမြို့ကို သွားရောက်ကူညီခဲ့သူတစ်ဦးကို ဧရာဝတီသတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။ သွားရောက်ကူညီတဲ့သူက သူမြင်တွေ့ခဲ့တာတွေကို အခုလို ပြန်လည်ပြောပြထားပါတယ်။ ဦးတေဇပိုင် ထူးကုမ္ပဏီက ငလျင်ဒဏ်ခံဒေသမှာ သွားရောက်လှူဒါန်းဖို့ စီစဉ်ပြီး ရန်ကုန်က သတင်းထောက်တွေကိုလည်း လေယာဉ်နဲ့ အခမဲ့ခေါ်သွားဖို့ စီစဉ်ပေမယ့် စစ်အစိုးရ ခွင့်မပြုဘူးလို့ လတ်တလော ဝင်လာတဲ့ သတင်းတွေအရ သိရပါတယ်။ နာဂစ်နဲ့ ဂီရိ ဆိုင်ကလုန်းတုန်းကလိုပဲ လှူချင်ရင် သူတို့ကိုပဲ လှူလို့ လုပ်မလားတော့ မသိပါ။)
မနက် ၁၀ နာရီ ကျော်ကျော်လောက် တာလေ ရောက်သွားတယ်။ ကားလမ်းဘေး တဘက် တချက်စီမှာရှိတဲ့ သုံးထပ်အိမ်တွေ ခပ်များများက ၂ ထပ်ပဲကျန်တယ်။ ၂ ထပ်အိမ်တွေလည်း တော်တော်များများ ပြိုကုန်တယ်။ ပြိုကျတဲ့ အထဲမှာ ဘုန်းကြီးကျောင်းတွေလည်း ပါတယ်၊။ တချို့ အိမ်တွေကလည်း နှစ်ပေါင်း ၂၀ လောက်ရှိတော့ ပိုဆိုးတာပေါ့။
တာလေက လူတွေတော့ မပြောနဲ့၊ တာချီလိတ်က လူတွေတောင် ညက မိုးကာခင်းပြီး အိပ်ရတာ။ တာလေ ရောက်တော့ တချို့တွေက ကိုယ့်အိမ်က ပစ္စည်းတွေကို ကိုယ့်ဘာသာကိုယ် ရှင်းနေတာတွေလည်း တွေ့ရတယ်။ နောက်ပြီး အမျိုးတွေရဲ့ အိမ်ရှေ့မှာ ငိုတဲ့သူငိုနေကြတယ်။ ဆွေမျိုးသားချင်းတွေ အသက်ဆုံးရှုံးသွားလို့ ငိုနေတဲ့သူတွေလည်း တွေ့ရတယ်။ ဘာမှတော့ မေးလို့မရဘူး၊ တချို့မသေတဲ့ သူတွေကတော့ ကံကောင်းတယ်ပြောရမှာပေါ့။
အစိုးရကတော့ ဘာမှ မလုပ်ပေးသေးဘူးရော။ တချို့လည်း ဆေးရုံကိုပို့တယ်။ ဒါပေမယ့် ဆေးရုံတော့ မရောက်လိုက်လို့ မသိဘူး။ ကျနော်တွေ့သလောက်တော့ တာချီလိတ်မှာကို အယောက် ၆၀ လောက်ရှိနေပြီ။ ဟိုမှာလည်း ၂၀၊ ၃၀ လောက်တွေ့ခဲ့ရသေးတယ်။ အဲဒီအထက်မှာပဲ ရှိမှာပါ။
ပစ္စည်းတချို့နဲ့ ခေါက်ဆွဲထုတ်တွေ၊ ရေတွေ သွားပေးတယ်။ ဌာနဆိုင်ရာကိုပဲ ပေးခဲ့တယ်။ နောက်ပိုင်း ဌာနဆိုင်ရာက ဘာလုပ်မယ်ဆိုတာတော့ ပြောလို့မရဘူး။ ဌာနဆိုင်ရာက ကယ်ဆယ်ရေး စခန်းတော့ ဖွင့်ထားတယ်။ အသိရှိတဲ့သူတွေကတော့ အသိအိမ်ကို သွားတယ်။
အခုတော့ အဝေးပြေး လမ်းလည်း ခဏပိတ်လိုက်တယ် ထင်တယ်။ လမ်းတွေဘာတွေ နည်းနည်း ပြင်မယ်လို့တော့ ပြောတယ်။
(အသိပေူခြင်း)သတင်းနှင့် မှတ်တမ်း ဓာတ်ပုံများကို ဧရာဝတီဆိုဒ်၂ခုမှ ကူးယူဖော်ပြပါသည်။
ပို့စ်အမျိုးစား
သတင်းကဏ္ဍ
Subscribe to:
Posts (Atom)
..








