23/12/2013

ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာဒေသအမြဲနေ..




မိမိရောက်ရှိနေတဲ့ အရပ်ဒေသတစ်ခုဟာ ကုသိုလ်ရယ် ပညာရယ် ဥစ္စာရယ်သုံးခုထဲက တစ်ခုခုတော့ ရရှိမှသာလျှင် မိမိဘ၀အတွက်အချိန်ကုန်ရကျိုး ပင်ပန်းရကျိုး နေရကျိုး နပ်ပါလိမ့်မယ်..
အဲဒီ(၃)မျိုးထဲက မိမိအတွက် တစ်ခုမှ မရရှိနိုင်တဲ့ အရပ်ဒေသဖြစ်နေရင်တော့ အဲဒီအရပ်ဒေသဟာ မိမိအတွက် သင့်လျှော် လျှောက်ပတ်တဲ့ အရပ်ဒေသတစ်ခု မဟုတ်သလို
မင်္ဂလာမရှိတဲ့အရပ်ဒေသတစ်ခုဖြစ်တာမို့ ဘာကိုမှ ငဲ့ကွက်တွယ်တာမနေပဲ ချက်ချင်း ပြန်ထွက်ခွာဘို့ ကြိုးစားလိုက်ပါ..
မင်္ဂလသုတ်တရားတော်မှာလည်း မြတ်ဗုဒ္ဓက (၃၈)ဖြာတရားတော်ကို ဟောကြားရာမှာ
ပဋိရူပ ဒေသ၀ါသောစ .(သင့်သင့်လျှောက်ပတ်တဲ့ အရပ်ဒေသမှာ နေထိုင်ခြင်းဟာလည်း မင်္ဂလာတစ်ပါးဖြစ်တယ်)လို့ဟောကြားခဲ့တယ်မဟုတ်လား..

No comments:

Post a Comment