03/12/2010

တို့တောရွာဘုရားပွဲတော်


ရွာဘုရားပွဲကား နီးကပ်လာချေပြီ။ နတ္တော်လပြည့်နေ့ရောက်တိုင်း ရွာမှာ ဘုရားပွဲက ကျင်းပနေကျ။ ရွာသူရွာ သားတို့ အုံးအုံးကျွက်ကျွက် ဖြစ်သောကာလဟုဆိုလည်း မမှား။ ဘုရားပွဲတော်တွင် ရွာသူရွာသားများ၏ ၀ါသနာအရ ဖျော်ဖြေကပြသော အရပ်ပြဇာတ်သဘင်ကလည်း ကြည့်ရသူများအဖို့ အင်မတန် ပျော်စရာကောင်းလှပေ၏။ ရွာနီးစပ်က ပွဲဈေးသည်များ လာရောက်တည်ခင်း ရောင်းချကြသည်ကလည်း ၀ယ်စရာ ချမ်းစရာ အမျိုးစုံ။ ဘုရားပွဲရက်အတွင်း လာရောက်မည့် ဧည့်သည်များကို တည်ခင်းကျွေးမွေးဖို့ အိမ်တိုင်းလိုလို မုန့်မျိုးစုံကို လုပ်ကြသေးသည်။ ထို့ကြောင့်မို့ ရွာသူ/သားတို့ အတွက် ပျော်ရွှင်စရာ ကြည်နူးစရာ အကောင်းဆုံးအချိန်ဟုလည်း ဆိုနိုင်သည်။

ဒီနှစ် ဘုရားပွဲတော်အတွက် သူကြီး ဦးတိုင်းအုပ် အပါအ၀င် ရွာသားများအားလုံး အတော်လေး အားခဲထားကြသည်။ ရွာဦးကျောင်း ဆရာတော်ကလည်း ရွာသူရွာသား
ဒကာ၊ဒကာများအပေါ် နားလည်ခွင့်လွှတ်တတ်သည့်အတွက် ဆရာနှင့် ဒကာအပေးယူ မျှတသည်ကလည်း ရပ်ရွာဘုရား စည်ကားခြင်းရဲ့ သော့ချက်တစ်ခုဟု ဆိုရပေမည်။
ဘုရားပွဲအတွက် တစ်ရွာလုံး အားခဲထားသည့်အကြောင်းကတော့ သူတို့ရွာတွင် ဘုရားပွဲမလုပ်ဖြစ်ခဲ့တာ သုံးနှစ်တိတိ ရှိခဲ့သောကြောင့်ပင်။

သုံးနှစ်ဆက်တိုက် ဘုရားပွဲမလုပ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကား ဤသို့ပေတည်း။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သော သုံးနှစ်က ကောက်ပဲသီးနှံဈေးများ ထိုးကျ၍ ရွာသားများအားလုံးနီးပါး စီးပွားပျက်ခဲကြခြင်းကြောင့်ဖြစ်သည်။

ထုံးစံအတိုင်း ပွဲတော်ရက် ပထမနေ့အတွက် ရွာဦးကျောင်းသို့ ဆွမ်းကွမ်းနှင့် လှူဒါန်းဖွယ်ရာများကို စီတန်း လှည့်လည်၍ ပို့ဆောင်ရသည်။ ထိုအခမ်းအနားအတွက် ကွမ်းတောင်ကိုင်အတွက် ဘယ်သူကိုတာဝန်ပေးရမလဲ၊ ဘယ်သူတွေက ဘယ်တာဝန်တွေယူကြမှာလဲဆိုတဲ့ ကိစ္စတွေအတွက် သူကြီးနှင့် ရွာလူကြီးတချို့ သူကြီးအိမ်တွင် အစည်းအဝေး ထိုင်နေကြသည်။ ကွမ်းတောင်ကိုင်ဆိုတာ ရွာဓလေ့အတိုင်း ရုပ်ရည်ချောမောပြီး အိမ်ထောင်မရှိသည့် အပျိုကိုသာ ရွေးချယ်လေ့ရှိသည်။ လွန်ခဲ့သော သုံးနှစ်က ကွမ်းတောင်ကိုင် အရွေးခံထားရသူ မိစန်းကား အတော်လှပသူဖြစ်သည်။

သို့သော် မိစန်းက အသက်ကြီးသွား၍ ဒီနှစ်ဘုရားပွဲအတွက် ကွမ်းတောင်မဖြစ်ထိုက်ဟု သူကြီးက အဆိုတင်သွင်းလာသည်။ လူကြီးတချို့က သူကြီး ဦးတိုင်းအုပ်၏အဆိုကို ထောက်ခံတာလည်းမဟုတ် ကန့်ကွက်တာလည်း မဟုတ်ဘဲ အင်းမလှုပ် အဲမလှုပ် လုပ်နေကြသည်။ တဦးစ နှစ်ဦးစက သူကြီး၏အဆိုကို ထောက်ခံသည်။ တချို့ ကတော့ ဘာပြန်ပြောရင် ကောင်းမည်နည်းဟု မေးကိုပွတ်ကာ စဉ်းစားနေကြသည်။ တချို့ကတော့ ရေနွေး ကြမ်းကိုသာ တခွက်ပြီးတခွက် တွင်တွင်ကြီး သောက်နေကြသလို တချို့ကတော့ ပြောင်းဖူးဖက်လိပ်များကို အဆက်မပြတ်ဖွာ၍ အိမ်ခေါင်မိုးကိုသာ မော့ကြည့်နေကြသည်။ ဘာမှဝင်မပြောကြ။

ထိုအချိန်၌ ရွာထဲတွင် လူသူအလေးစားခံရဆုံးသူတဦးဖြစ်သည့် ဦးသာဗျော့ကသူကြီးမင်းခင်ဗျာ။ ဒီလိုတော့ ရှိပါတယ်။ မိစန်းက တခြားမိန်းကလေးတွေနဲ့စာရင် အသက်ကြီးသွားပြီဆိုပေမယ့် တကယ်က (၁၉) နှစ်ပဲ ရှိပါ သေးတယ်။ ပြောရရင် (၁၉) နှစ်တောင် မပြည့်တတ်သေးပါဘူးဗျ။ နောက်တစ်ချက်ကလည်း ဘာပဲပြောပြော သူက ရွာကအပျိုတွေထဲမှာ အခုအထိ အချောဆုံး အလှဆုံးဆိုတော့ ကွမ်းတောင်ကိုင်လုပ်ဖို့ အသင့်တော်ဆုံးလို့ ကျုပ်ကတော့ ထင်ပါတယ်ဟု သူကြီး ဦးတိုင်းအုပ်အား တင်ပြ၏။ ဤတွင်မှ စောစောက တောလိုလို တောင်လိုလိုဖြင့် ငြိမ်ချက်သားကောင်းနေသော ရွာလူကြီးများထံမှ တသောသော အသံများထွက်လာပြီး ဦးသာဗျော့ အဆိုအား ထောက်ခံကြသည်။ သို့သော် သူကြီးကား ဦးသာဗျော့၏ အဆိုကို သိပ်ပြီး သဘောတွေ့ပုံမရ။ ထို့ ကြောင့် ကိုသာဗျော့ ပြောလာတာလည်း တစ်နည်းတော့ သဘာဝကျပါတယ်။ သို့သော် တခြားသူများရဲ့ အမြင်ကလေးတွေလည်း သိပါရစေဆိုပြီး သူကြီးက အပျော့ဆွဲထိုးလိုက်သည်။

ထို့နောက် သူကြီး ဦးတိုင်းအုပ်က သူ့ကို ထောက်ခံသူ တစ်ဦးစ နှစ်ဦးစဘက်သို့ အဓိပ္ပာယ်ပါသော မျက်လုံးများ ဖြင့် လှမ်း၍ကြည့်လိုက်သည်။ သူကြီးကို အမြဲတမ်း ဖော်လံဖားနေသူတစ်ဦးဖြစ်သည့် ဦးဖိုးကိုင်းက နှာခေါင်းသံပါသော အသံငယ်လေးဖြင့် မိစန်းက ချောသေးတယ် လှသေးတယ် ဆိုပေမယ့် သူကြီးမင်း ပြောသလို ကျုပ် တို့ရွာထုံးစံအတိုင်းဆို အသက်ကြီးနေပါတယ်။ သည်တော့ကား မိစန်းထက် အသက်ငယ်တဲ့ မိန်းကလေးတစ်ဦးဦးကိုသာ ကွမ်းတောင်ကိုင် ရွေးဖို့ အကြံပြုလိုပါတယ်ဟု သူကြီးဘက်မှ ပြောင်ပြောင်တင်းတင်း ဘက်လိုက် ၍ ပြောလေသည်။

ဦးဖိုးကိုင်းအဆိုကြောင့် သူကြီးမင်းမျက်နှာ ၀င်းကနဲ ဖြစ်သွားသည်။ နောက် ကျန်သည့် ရွာလူကြီးများဘက်သို့ လှည့်၍ ကိုင်း ကျုပ်ပြောတယ်မို့လားဟူသော မျက်နှာပေးဖြင့် မေးဆတ်၍ ပြလေသည်။ ဆက်တိုက်ဆိုသလို ဦးမှောက်ဆိုသည့် ရွာလူကြီးတစ်ဦးကလည်း ဟုတ်တယ်ဗျ။ ကျုပ်ကတော့ ဦးဖိုးကိုင်း ပြောတာကို ထောက်ခံတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျုပ်တို့ရွာထုံးစံမှာက ကွမ်းတောင်ကိုင်ဆိုတာ အသက် (၁၆) နှစ်လောက် ပဲရှိသင့်တယ်မို့လား။ (၁၇) နှစ်ဆိုရင်တောင် ကြီးသွားပြီဟု ၀င်၍ ပြောလေသည်။ ဦးမှောက်သည်လည်း မထူး၊ သူကြီးတို့များ လေလည်ရင်တောင် သူများတွေလို ဘယ်တော့မှ မနံဘူးဟု ဦးဖိုးကိုင်းလို ဖားဖားယားယား လုပ်လေ့ရှိသူတဦးလည်း ဖြစ်သည်။

ဖော်လံဖားနှစ်ဦး၏ အဆိုကြောင့် ပထမတုန်းက ဦးသာဗျော့ကို ထောက်ခံထားသော ရွာလူကြီးများ ငြိမ်ကျသွားသည်။ ငြိမ်ကျသွားတာ တခြားကြောင့်တော့မဟုတ်၊ သူကြီးမင်း ဘာအကွက်ဆင်နေသလဲဆိုတာကို ထင်းကနဲ ရှင်းကနဲ ရိပ်စားမိသောကြောင့်ဖြစ်သည်။ သိတာပေါ့ တစ်ရွာတည်းသားချင်းတွေဟာကိုး။ ဘယ်သူ့ဆီကမှ နောက်ထပ် အသံထွက်မလာသောကြောင့် နောက်ဆုံးတွင် ဦးသာဗျော့က ဦးဖိုးကိုင်းနဲ့ ဦးမှောက်ကို ကျုပ်တစ်ခုပြောလိုပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ ကွမ်းတောင်ကိုင်ဆိုတာ အသက် (၁၆) နှစ်ထက် မကျော်ရဖူးလို့ စာနဲ့ပေနဲ့ သတ်မှတ်ထားတာ မရှိပါဘူး။ ကျုပ်ပြောတာ မယုံရင် ရွာဦးကျောင်း ဆရာတော်ကို မေးကြည့်လို့ရပါတယ်။ အိမ်ထောင်မရှိ အပျိုဖြစ်ရမယ်၊ ချောမယ် လှမယ်ဆိုရင် အသက်နှစ်ဆယ်အစိတ်လည်း ကွမ်းတောင်ကိုင်ဖြစ်ခွင့်ရှိပါတယ်ဟု လေသံအေးအေးဖြင့် တဆင့်တက်ကာ ရှင်းလေ၏။

သို့သော် အဖားအရှိန်ကို သတ်မရသော ဦးမှောက်က ဆရာတော်ကို မေးဖို့ဆိုတာကလည်း ကွမ်းတောင်ကိုင် ရွေးတာက သံဃာတော်တွေနဲ့ မအပ်စပ်တဲ့ကိစ္စဆိုတော့၊ ကိုင်း ကိုင်း၊ သည်လိုဆိုရင် ကျုပ်ကြားချ ပြောမယ်ဗျာ။ ရွာအနောက်ပိုင်းက ကိုငြိမ်းနု သမီးလေး မိနောက်ဆိုရင် မကောင်းဘူးလား။ သူလည်း အချောသားပဲဟာ။ အသက်ကလည်း (၁၆) နှစ် ၀န်းကျင်လောက်ဆိုတော့ မဆိုးပါဘူးဟု အမောတကောဖြင့် သူ့အဆိုကို ထပ် တင်ပြန်သည်။ ရွာလူကြီးအားလုံးက အင်းဟု လေသံရှည်ကြီးများ ဆွဲပြီး ဘာမှဆက်မပြောကြဘဲ ရေနွေးဖိသောက်သူကသောက်၊ ဆေးလိပ်တွင်တွင်ဖွာသူကဖွာနှင့် ဖြစ်နေကြပြန်သည်။ ဦးသာဗျော့ကတော့ ကြားနေ နေသော ရွာလူကြီးများကိုရော၊ ကိုယ်လိုချင်ရာ ဇွတ်အတင်းဆွဲနေသော သူကြီးတို့ တအုပ်လုံးကိုပါ စိတ်ပျက် လာသောကြောင့် ဘာမှထပ်၍ အကြံမပေးတော့။

သူကြီးမင်းက ဦးမှောက်ရဲ့၊ အဲသည့် မိန်းကလေးက ချောတယ်၊ အသက်လည်း ငယ်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အရပ်က ပုလွန်းလှတယ်။ ကွမ်းတောင်ကိုင်ဆိုတာ အဲသလို ပုတက်တက် ဖြစ်နေရင်လည်း လူရယ်စရာဖြစ်လိမ့်မယ်ဟုဆိုပြီး ဦးမှောက်၏အဆိုကို ယဉ်ယဉ်လေးဖြင့် ပယ်ချလိုက်သည်။ သည့်နောက် ရွာလူကြီးများထံမှ နောက်ထပ်ဘာအဆိုမှ တင်သွင်းလာခြင်းမရှိတော့သဖြင့် သူကြီး ဦးဖိုင်းကိုင်းနှင့် ဦးမှောက် တို့အသံများကသာ အစည်းအဝေးတခုလုံးကို ဖုံးလွှမ်းနေတော့သည်။

အတော်ကြာတွင် ဦးဖိုးကိုင်းက ဤသို့ အဆိုတင်ပြန်သည်။ ကိုင်း ဒါဖြင့်ရင် ရွာအလယ်ပိုင်းက မိချုပ်ကလေး ဆိုရင်ကော မသင့်တော်ဖူးလားဟု ပြောလိုက်သည်နှင့် ဦးမှောက်ကဟုတ်တယ်၊ ဟုတ်တယ်၊ အဲသည့် က လေးမက အသက်လည်း ငယ်၊ အရပ်လည်း ရှည်တယ်။ ရုပ်ကလေးကလည်း တယ်မဆိုးလှပါဘူးဟူ၍ တန်း ကနဲ ထောက်ခံလိုက်သည်။

သူကြီမင်း ဦးတိုင်းအုပ်က စက္ကန့်အနည်းငယ်မျှ စဉ်းစားဟန်ပြုနေပြီး အဟမ်း အဟမ်းဟု ချောင်းဆိုးလိုက် ရင်း သူ့သဘောထားကို ရွာလူကြီးများအားပြောလေသည်။အင်းပေါ့လေ။ ကျုပ်အနေနဲ့လည်း ဒီကလေး မလေးဆိုရင်တော့ သင့်တော်တယ်လို့ထင်တာပဲ။ ကိုင်း အချိန်ကလည်းလင့် ကျန်တဲ့သူတွေကလည်း ဘယ် လိုမှ သဘောမထားဘူးဆိုရင်တော့ မိချုပ်ကိုပဲ ကွမ်းတောင်ကိုင်အဖြစ် ရွေးလိုက်ပါပြီလို့ဆိုရင်း အစည်းအဝေးကို ရုပ်သိမ်းလိုက်တော့၏။

တကယ်ကတော့ ရွာလူကြီးတွေအနေနဲ့ သူကြီးအာဏာစက်ကို ကြောက်၍ ပါးစပ်ပိတ် ငြိမ်နေသည်ကို သူကြီးက သူ့ကို ထောက်ခံသည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။ မိချုပ်သည် အရပ်မပုသော်လည်း ကိုယ်လုံးကိုယ် ပေါက်က မလှ၊ ပြားချပ်ချပ်ကြီးဖြစ်သည်။ ထို့အပြင် အသားအတန်မဲ၍ ရုပ်ရည်ကလည်း ရွက်ကြမ်းရေကျိုသာ ဖြစ်ရသည့်အထဲ မျက်နှာပေါ်တွင်လည်း ၀က်ခြံများနှင့်။ သို့သော် မေးစရာရှိတာက ဒါဖြင့်ရင် ဘာကြောင့် မိ ချုပ် ကွမ်းတောင်ကိုင် အရွေးခံရတာလဲဆိုသည့် မေးခွန်းပင်ဖြစ်သည်။ တစ်ခြားကြောင့်တော့မဟုတ် မိချုပ်က သူကြီးတူမဖြစ်သောကြောင့်ပင်တည်း။

အမှန်ကတော့ ဒီအစည်းအဝေး မစခင်ကတည်းက သူကြီးမင်းနှင့် သူ့လူနှစ်ယောက် ဇာတ်တိုက်၍ လက်ဝါး ရိုက်ထားသော အစီအမံသာဖြစ်သည်။ အစည်းအဝေး စစချင်း ကွမ်းတောင်ကိုင်အဖြစ် မိချုပ်ကို ရွေးမည်ဟု အဆိုတင်ပါက မကောင်းတတ်သောကြောင့် တခြားမိန်းကလေးအမည်များကို လေကုန်ခံ အချိန်ကုန်ခံ၍ အဆို တင်သွင်းနေကြခြင်းသာဖြစ်သည်။(ဤကား မြန်မာအစည်းဝေးတို့၏ ထုံတမ်းစဉ်လာတစ်ရပ်)

ပွဲနေ့မတိုင်မီ တစ်ရက်အလိုတွင် ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ ဦးစီး၍ သူကြီးအိမ်မှ အခိုင်းအစေလက်သားများဖြင့် ရွာထဲလှည့်၍ ဘုရားပွဲရက်အတွင်း လိုက်နာရမည့် စည်းကမ်းများကို မောင်းတဒူဒူထု၍ ကြေငြာကြသည်။ ထို့ အပြင် တခြားရွာက လူတွေလည်း ဘုရားပွဲလာမှာဆိုတော့ စည်းကမ်းချက်များကို စာရွက်များပေါ်တွင် ရေးသား၍ ရွာထဲတွင် နေရာအနှံ့ကပ်ထားပြန်သည်။ ဤသို့မလုပ်၍မဖြစ်။ အဘယ်ကြောင့်ဆိုသော် မပြောကောင်း မဆိုကောင်း ဘုရားပွဲကို အကြောင်းပြု၍ ငုတ်နေသော လက်ကျန် ဂဠုန်တပ်သားတချို့တလေ ပေါ်လာပြီး ရုတ်ရုတ်သဲသဲလုပ်မှဖြင့် အင်္ဂလိပ်ခရိုင်ဝန် သူ့ကို ငြိုငြင်မှာ သူကြီး ဦးတိုင်းအုပ် စိုးရိမ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရွှေပွဲလာများအနေဖြင့် ဘုရားပွဲသုံးရက်အတွင်း ပွဲကြည့်တာ ဈေးဝယ်တာကလွဲ၍ တခြားဟာတွေ မလုပ်နိုင်အောင်၊ မလုပ်ရဲအောင် ရှိသမျှ စည်းကမ်းတွေကို သူကြီး ဦးတိုင်းအုပ်က ကြိုထုတ်နေခြင်းဖြစ်သည်။

သို့သော် ထိုမျှနှင့် အားမရသေး၍ ဇာတ်ကမည့် ပထမညတွင် ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ တစ်ယောက်တစ်လဲစီ လော်စပီကာမှတဆင့် လိုက်နာရမည့် စည်းကမ်းများကို မမောနိုင်မပန်းနိုင် ဆယ့်ငါးမိနစ်တစ်ခါ နာရီဝက်တစ်ခါ ဆိုသလို ကြေညာနေသေးသည်။ မိုက်ခွက်ကိုင်၍ လူတွေကို ဤသို့ပြောရသည်ကိုလည်း သူတို့အနေဖြင့် အတော်လေး ကျေနပ်နေကြသယောင်ပင်။

ကြေငြာနေသည့် စည်းကမ်းချက်များကတော့ တောက်၊ တောက်၊ တောက် (မိုက်ခွက် ကောင်း မကောင်း လက်ချောင်းဖြင့် ခေါက်၍ စမ်းသည့် အသံ) ဟဲလို၊ ဟဲလို၊ ဘုရားပွဲလာ ပရိသတ်အပေါင်းတို့ခင်ဗျား။ ဘုရားပွဲလာ ပရိတ်သတ်အပေါင်းတို့ခင်ဗျား။ ခရိုင်ဝန်ညွှန်ကြားချက်အရ သူကြီးမင်း ဦးတိုင်းအုပ် ထုတ်ထားတဲ့ ဘုရားပွဲ စည်းကမ်းတွေကို ဖတ်ပြမှာဖြစ်ပါတယ်။ သေသေချာချာ နားထောင်ကြပါ။ ပွဲခင်းအတွင်း ဓားမြှောင်၊ ဓားရှည်၊ တုတ်တို၊ တုတ်ရှည်နှင့် မည်သည့်လက်နက်မှ ကိုင်ဆောင်ခြင်းမပြုရ။ ပုဆိန်များ၊ ရဲတင်းများ ပွဲခင်းအတွင်း ယူ ဆောင်မလာရ။ ကြံဆိုင်မှ ကြံချောင်းများကို ၀ယ်ပြီးလျှင်ပြီးချင်း စားသုံးရမည်။ ကြံချောင်းများကိုင်၍ ပွဲခင်းအတွင်း သွားလာခြင်းမပြုရ။ ကောက်ညှင်းကျည်တောက်များကို (ခဲလံချောင်းများ) ဆိုင်မှာပဲ ထိုင်စားပါ။ ၎င်းတို့ ကို ကိုင်ဆောင်၍ ပွဲခင်းထဲ သွားလာခြင်းမပြုရ။ ဥသျှစ်သီး၊ သီးသီး၊ အုန်းသီးများကို လွယ်အိတ်ထဲမှာ ထည့်မသယ်ရ။ အုတ်ခဲများ၊ ကျောက်ခဲများ ဖင်ခုထိုင်၍ ပွဲမကြည့်ရ။ ဖျာခင်း၍သာ ပွဲကြည့်ရမည်။ ပွဲခင်းအတွင်း မူးယစ်သောက်စား ရမ်းကားခြင်း၊ ခိုက်ရန်ဖြစ်ပွားဖြင်း၊ အမျိုးသမီးများအား သားပြောမယားပြော ပြော၍ နောက် ပြောင်ခြင်းမပြုရ။ မူးယစ်စေသည့်အရာဆို၍ ထညက် (ထန်းလျက်) တောင် ရေဖျော်မသောက်ရ။ ပွဲခင်းအတွင်း သကြားထုတ်များယူလာပြီး မလျက်ရ။ ကာလသားများအထူးမှတ်ရန်၊ အကြော်ဆိုင်မှာထိုင်ရင် ကောင်း ကောင်း ထိုင်ကြပါ။ ရေနွေးကြမ်းအိုးထဲ အရက်ခိုးထည့်ပြီးမသောက်ရ။ လူကြီးများ အထူးမှတ်ရန်၊ မိမိအိမ်တွင် အရက်သောက်ထားပါက မိမိအိမ်မှာပဲ နေရန်။ ပွဲခင်းထဲသို့ မလာရ။ အမျိုးသမီးများ အထူးမှတ်ရန်၊ ပွဲခင်းထဲတွင် ဖျာလု၍ ရုန့်ရင်းကြမ်းတမ်းစွာ ဖေတော့မောင်တော့ အော်ဟစ်ဆဲဆို ရန်မဖြစ်ရ။ စည်းကမ်းမလိုက်နာဘဲ ဖောက်ဖျက်ပါက မည်သူမဆို ဘုရားပွဲပြီးသည့်အထိ ထိပ်တုံးခတ်ခံရမည်ဟူသတည်း။

သူကြီးမင်းကိုယ်တိုင်လည်း ရွာထဲက ငမူးငရူး ကာလသားတချို့ကို ဟေ့ကောင်တွေ၊ ငဖြိုးတို့ ငတိုးတို့၊ ကြွက်နီတို့၊ ဒီကိုလာစမ်း။ သေသေချာချာ နားထောင်။ ကိုယ့်ရွာက ကွမ်းတောင်ကိုင်ကို တခြားရွာက ကောင်တွေ ရိသဲ့သဲ့လာလုပ်ရင် တွယ်သာတွယ်ထည့်လိုက်။ နောက်မှ ငါ ကြည့်ရှင်းမယ်။ ဟုတ်ပလားဆိုပြီး ကြိတ်၍ မြှောက်ပေးထားသေးသည်။

ထို့အပြင် သူကြီးမင်းက ဇာတ်ခုံတဲ့တဲ့နှင့် မျက်နှာချင်းဆိုင် ပေသုံးဆယ်လောက်အကွာတွင် အထူးပွဲကြည့်စင် တစ်ခုကို ဆောက်ထား၍ သူ့တူမ ကွမ်းတောင်ကိုင် မိချုပ်အပါအ၀င် ဆွေမျိုးများ၊ သူ့လက်သားများနှင့် ထိုစင်ပေါ်မှ ဇာတ်ပွဲကိုကြည့်၏။ တချိန်ထဲမှာလည်း ဇာတ်ပွဲကြည့်ရင်း ရေနွေးကြမ်းအိုးထဲတွင် အရက်ထည့်သောက်သေးသည်။ သူကိုယ်တိုင် စည်းကမ်းဖောက်သည်ကို မည်သူမှ မပြောရဲ။ သူကြီးမင်းပေကိုး။ တခါ အထူးပွဲ ကြည့်စင်က အလယ်မှာ ရောက်နေ၍ ပွဲကြည့်ပရိသတ်အများစုက စင်းဘေးဘယ်ညာတွင် ဖြန့်၍ ထိုင်ကြရ သည်။ သူကြီးအပြောကတော့ အထူးပွဲကြည့်စင်ကို ဆောက်ရခြင်းက ပွဲခင်းလုံခြုံရေးအတွက်ဖြစ်သည်ဟုဆို ၏။

ရွာဘုရားပွဲပြီး၍ ဇာတ်လမ်းကိုချုပ်သော် ဘယ်တစ်ရွာသားကမှ သူကြီးတူမ ကွမ်းတောင်ကိုင်ကို ရိသဲ့သဲ့ မလုပ်ကြပါ။ သူကြီးမင်း၏ ကာလသားလူမိုက်များကို ကြောက်၍မဟုတ်။ ကွမ်းတောင်ကိုင်က ပုံမလာ ပန်းမလာနှင့် ဗလချာရမ်း အကျည်းတန်လွန်း၍ဖြစ်သည်။ ဦးသာဗျော့ကတော့ ဇာတ်ပွဲနှင့် ဈေးတန်းကို သပိတ်မှောက်သည့်အနေဖြင့် သုံးရက်လုံးလုံး ပွဲနှင့်ဝေးရာကို သွား၍နေလေသည်။ အစည်းဝေးတုန်းက ဦးသာဗျော့၏ အဆိုကို ထောက်ခံခဲ့သည့် ရွာလူကြီးများထဲမှ သုံးယောက်လောက် ထိပ်တုံးခတ်ခံရသည်။ တစ်ဦး၏ အိမ်တွင် အရက်သောက်အပြီး နောက်တစ်ဦးအိမ်သို့ ပြောင်းသောက်ရန်အကူး လမ်းပေါ်တွင် မူးနေသော သူကြီး၏ ရွာလုံခြုံရေး ကင်းသမားများက တွေ့သွားပြီး ထိုလူကြီးများကို ဖမ်းလိုက်ခြင်းဖြစ်သည်။ အိမ်တွင် အရက်သောက်ထားပါက ပွဲခင်းထဲသို့ မလာရဆိုသည့် စည်းကမ်းကို ဖောက်ဖျက်၍ ပွဲခင်းဘက်သို့သွားရန် ကြံရွယ်သည်ဟု စွပ်စွဲကာ ဖမ်းလိုက်သောကြောင့်ဖြစ်တော့သည်။

ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ကတော့ လော်စပီကာမှတဆင့် စည်းကမ်းတွေကို သုံးညလုံးလုံး အော်ခဲ့ရသဖြင့် အသံတွေဝင်၊ အအေးတွေပတ်ကာ ဖျား၍ အိပ်ရာထဲတွင် ဘုံးဘုံးလဲနေကြသည်။ သူကြီးမင်း ဦးတိုင်းအုပ်လည်း ဘုရားပွဲမလုပ်ခဲ့ရသည့် သုံးနှစ်စာအတိုးချ၍ သောက်သောကြောင့် အရက်နာကျပြီး တအင်းအင်းသာ အသံ ထွက်နိုင်၍ အိပ်ရာထဲမှ မထနိုင်။ ဘာခံနိုင်မလဲ သံမဏိနှင့် ထုထားတာမှ မဟုတ်ဘဲ။ ပြီးတော့ အသက်ကလည်း ရပြီဟာကိုး။

ရွာထဲမှ အမျိုးသမီးပရိသတ်များကတော့ ဘုရားပွဲသုံးရက်အတွင်း ကွမ်းတောင်ကိုင် ဖြစ်သင့်ရဲ့သားနဲ့ မဖြစ်လိုက်ရရှာသည့် မိစန်းကို ဂရုဏာသက်ကာ မိစန်းအိမ်တွင် စုဝေးနေကြသည်။ မိစန်းကား ပိတုန်းရောင် ဆံထုံးထက်တွင် စံပယ်ပန်းတို့ဖြင့် ဘုရားပွဲပြီးမှ ပို၍ပင် လှပနေသေးတော့သည်။

အသိပေးခြင်း--ယခုနှစ်နတ္တော်လပြည့်နေ့တွင် ကျရောက်မည့် ရွာဘုရားပွဲတော်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
ဤဆောင်းပါးကို တင်ဆက်ပေးလိုက်ပါသည်၊။

23/11/2010

တန်ဆောင်တိုင်ဖူးစာ (၅-ခန်းရပ် စင်တင်ပြဇာတ်)

တန်ဆောင်တိုင်ဖူးစာ ပြဇာတ်တွင် တင်ဆက်ကပြကြသည့် ကာရိုက်တာလေးများ


ပြဇာတ်အဖွင့်မိတ်ဆက်စကားပြော......

မောင်ကဗေဒါ ရေလွှာကမင်း တစ်နေ့သောခါ ရွှေကြာကိုတွေ့ ဗေဒါလေးကို မေ့လိုက်ပါနဲ့ရေလွှာလေးရယ်..လို့ဖွင့်ဟခဲ့သူဗေဒါအဖြစ်မောင်အောင်နိုင်ထွေး
ရေကန်ဆိုတာကြာရှိမှတင့်တာလို့ပြောကြားခဲ့သူရွှေကြာအဖြစ်မောင်သားငယ်
အစ်မကြီးတော့အမိရာဆိုသလိုညီမငယ်နှစ်ယောက်အတွက်အားထားရတဲ့အစ်မကြီးစုဝတီအဖြစ်မခင်မိုးဆွေ
ွအစ်မကြီးနှင့်အတူအေးအတူပူအမျှဘ၀ကိုရင်ဆိုင်သူမနွေဝတီအဖြစ်မသင်းသင်းဦး
ရွှေကြာနှင့်ဗေဒါနှစ်ယောက်ကြားမှာအချစ်အတွက်ဗျာများခဲ့ရသူညီမငယ်ရေ၀တီအဖြစ်မီးမီး(ခ)မြင့်မြင့်ဋ္ဌေး
တို့နှင့်အတူ ချင်းဆိုင်ရွာအနုပညာညီအစ်ကိုမောင်နှမအင်အားစုများပါဝင်ဖြည့်ဆည်း
ထားကြတဲ့ဤတန်ဆောင်တိုင်ပြဇာတ်အားတန်ဆောင်တိုင်ညအမှတ်တရအဖြစ်ယမန်နှစ်ကချင်းဆိုင်ရွာမှာ
တင်ဆက်ကပြခဲ့တဲ့သလို ယခုလည်းပဲမျိုးဆက်သစ်ပရိသတ်ကြီးအတွက်စီစဉ်တင်ဆက်လိုက်ရပါသည်။
ပြဇာတ်ဒါရိုက်တာ-ဆန်းသစ်အောင်

အခန်း(၁)
ဤနေ့ညကား ဆီးနှင်း၊မြူ၊တိမ်၊သူရိန်၊မီးခိုးဟူသောညစ်မျိုးငါးဝ ကင်းစင်သောညတစ်ညဖြစ်သည့်အလျှောက်
အထက်ဝေဟင် ကောင်းကင်ပြင်ကိုမော့၍ကြည့်ပါက အညစ်ကြေးငါးမျိုးစလုံး ကင်းစင်နေသဖြင့်အလွန်ပင် သာယာကြည်နူးဘွယ်ကောင်းလှချေ၏။ဤသို့သော ညချမ်းသမယမျိုး၌ အညာဒေသမှချင်းဆိုင် ရွာလေး၏
အလှကားဘယ်သူပြိုင်လို့ လှပါတော့နိုင်ဟု ဆိုရမလောက်ပင်၊ရွာကလေး၏ဘေးပတ်ပတ်လည်၌
တောင်တန်း
များက ၀န်းရံထားသဖြင့် မြတ်ဗုဒ္ဓလက်ထက်က တောင်ငါးလုံးကာခို ရာဇဂြိုလ်မြို့ပမာ သာယာကြည်နူးဘွယ်ကောင်းလှ၏၊၄င်းရွာလေးတွင်နေထိုင်လျှက်ရှိကြသည့်
မစုဝတီတို့အိမ်သည်ကား ဤလိုတန်ဆောင်တိုင်လပြည့်ညရောက်တိုင်းဆေးပေါင်းခသည့်မယ်ဇလီဖူးများကိုတပျော်တပါးသုတ်စား
လေ့ရှိသည်မှာဒီနှစ်ပါဆိုလျှင်(၃)နှစ်ပြည့်လာ
ခဲ့ချေပြီ၊ုထို့ကြောင့်ယနေ့ညကားမစုဝတီတို့အိမ်၌လူငယ်များဖြင့်
့်စည်ကားနေလေတော့၏၊အဘယ့်ကြောင့်ဆိုသော်မစုဝတီတို့
ညီအစ်မသုံးးယောက်အလှကလည်းမယ်ဇလီဖူး
ှသုတ်ထက်ပင်ဆွဲဆောင်အားကောင်းလှချေသည်၊ထို့ကြောင့်ရွာထဲရှိအချို
လူငယ်လေးများကားမယ်ဇလီဖူး
ိသုတ်မကြိုက်သော်လည်းညီမသုံးဖော်ကိုအပြိုင်ပိုးလိုသဖြင်လာကြသည်ကိုလည်းတွေ့ရ၏
၊၄င်းညီမသုံးယောက်
်ကားရောက်လာသမျှလူငယ်များအား မယ်ဇလီဖူးသုတ်များဖြင့်မမောနိုင်မပန်းနိုင်ဧည့်ခံကျွေးမွေးနေသည့်
ပုံရိပ်ကား ညီမတတွေ၏ရိုးသားမှုကို အစ်မကြီးစုဝတီကပါးစပ်ကတဖွဖွပြောကာဧည့်ခံနေစဉ်မှာရွာထဲမှ
ှအရက်သမားဖိုးတေနှင့်ဖိုးပေတို့အဖွဲ့က
စုဝတီ နွေဝတီ ရေ၀တီတို့အားဇာတ်ဝင်ခန်းတစ်ခု၌တွေ့ရစဉ်
တို့အရက်မူးပြီး“..ဆေးပေါင်းခတဲ့ည..ဆေးပေါင်းခတဲ့အရက်”ဟုသီချင်းဆိုငြီးကာမစုဝတီတို့အိမ်ထဲသို့
ဝင်လာကြသဖြင့်.
”.ဟေ့ ကောင်လေးတွေ အရက်မူးလာပြီး ဘာတွေအော်နေကြတာလဲ..ဒီမှာမှတ်ထား ကြစမ်း..တကယ်တော့နင်တို့သောက်တဲ့အရက်တွေဟာဆေးပေါင်းမခဘူးဟဲ့..အကြွေးပေါင်းခတာ.
.မှတ်ထားကြ…
့လူပျိုကြီးကိုလှအရက်ဆိုင်မှာလည်းနင်တို့နှစ်ယောက်သောက်ထားတဲ့အရက်အကြွေးစာရင်း ကလည်းဘောမှာပြည့်နေပြီ၊အခုလို တန်ဆောင်တိုင်ညမျိုးကြီးမှာ အရက်မူးတာ မကောင်းပါဘူးဟယ်”ဟု
ညီမလတ်ဖြစ်သည့်မနွေဝတီက ကရုဏာလေသံဖြင့်ဆိုဆုံးမနေ၏၊အရက်မူးအရှိန်ပြယ်စပြုလာသည်
့ ဖိုးတေနှင့်ဖိုးပေတို့ကား မနွေဝတီစကားဆုံးသည်နှင့်တပြိုင်နက် ဤသို့တောင်းဆိုလာကြရာ နဘေးရှိလူငယ်လေးများပင်မျက်လုံးပြူးသွားရမလောက်ဖြစ်ပေသည်၊”စောစောက မနွေဝတီပြောသွား
တဲ့အထဲမှာတန်ဆောင်တိုင်ဆိုလားဘာဆိုလားကြားလိုက်ရတယ်ဗျ..အဲဒီတန်ဆောင်တိုင်အကြောင်းက
ိုစိတ်ဝင်စားလို့ နဲနဲပါးပါးလောက် ပြောပြပေးနိုင်မလားမနွေဝတီ”။အင်းလေ. မင်းတို့ စိတ်ဝင်စားတယ်ဆို
ရင်လဲ အစ်မသိသလောက်ပြောပြပေးပါ့မယ်ဟု မနွေဝတီက ပြန်ပြောလိုက်ပြီး သူမသိထားသော
တန်ဆောင်
တိုင်အကြောင်းကို အောက်ပါအတိုင်းရှင်းပြလေတော့၏။“မြတ်စွာဘုရားရှင်လက်ထက်က
ဖခမည်းတော်ကိုသတ်ပြီး ဘုရင်လုပ်တဲ့ဘုရင်အဇာသတတ်ဆိုတာမင်းတို့လဲ ကြားဖူးကြမှာပါကွယ်…
သူဟာအဲဒီလိုဖခမည်းတော်ကို သတ်ဖြတ်ခဲ့တဲ့ အကုသိုလ်ကံကြောင့် အခုလိုတန်ဆောင်တိုင်ညမျိုးမှာ
သူ့ခန္ဓာကိုယ်ကို သံလျှက်ပေါင်းများစွာနဲ့ ထိုးနှက်သလို ခံစား
ရပြီး တစ်ညလုံးတစ်မှေးမှ အိပ်မပျော်ခဲ့ဘူးတဲ့ကွယ်…
ဒါကြောင့်သူဟာမူးမတ်တွေနဲ့တိုင်ပင်ပြီးမြတ်စွာဘုရားရှင်ဆီကိုဝေဒနာကိုအဖြေရှာဘို့အတွက်နန်းတော်ထဲကနေ
ထွက်လာခဲ့ပါတော့တယ်…အဲဒီလို နန်းတော်မုခ်ဦးကနေထွက်ရာမှာတောင်
်တွေက ကားရံထားသည့်အတွက်
မင်းတို့ငါတို့ ချင်းဆိုင်ရွာလို အလင်းရောင် ကောင်းကောင်းမရကြဘူးတဲ့ကွယ်…ဒီတော့
ဘုရင်ကို လိုက်ပို့ကြတဲ့
ဲ့မူးမတ်ဗိုလ်ပါတွေဟာ တိုင်ထိပ်တွေမှာ မီးရှူးတန်ဆောင်တွေ ထွန်းညှိကြပြီးလိုက်ပို့ခဲ့ကြတာပေါ့……
အဲဒီလို မီးရှူးတန်ဆောင်တွေထွန်းညှိကြပြီးလိုက်ပို့ကြတာကိုအတုလိုက်ပြီးယ္ခုလိုတန်ဆောင်တိုင်ဆိုတာဖြစ်ပေါ်
လာခဲ့တာပေါ့…
မောင်လးတို့ရေ..အစ်မသိရသလောက်တန်ဆောင်တိုင်အကြောင်းကတော့ဒီလောက်ပါဘဲ
ဲကွယ်”မနွေဝတီစကားအဆုံးမှာတော့ အရက်သမားဖိုးတေက”အခုလို စုံစုံလင်ရှင်းပြပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် မမနွေဝတီ..ကျွန်တော်တို့လဲ နောက်ဆိုရင် အခုလိုမမူးတော့ပါဘူးဗျာ.ကဲကဲကျွန်တော်တို့ပြန်လိုက်ပါဦးမယ်ဟုနှုတ်ဆက်ကာပြန်သွားကြလေရာ
မနွေဝတီပြောပြသော
တန်ဆောင်တိုင်အကြောင်းကို စိတ်ဝင်တစားနားထောင်နေကြသော အခြားလူငယ်များကလည်းအသီးသီးနှုတ်ဆက်ကြကာပြန်သွားကြချေပြီ၊ထိုအထဲတွင်ဗေဒါနှင့်ရွှေကြာဆို
သည့်လူငယ်နှစ်ယောက်ကားညီမသုံးယောက်ထဲမှအငယ်ဆုံးလဲဖြစ်၊
အချောဆုံးလည်းဖြစ်သည့်ရေ၀တီကို
ိုအပြိုင်ပိုးနေကြသဖြင့်ပြန်ဘို့ရန်မေ့နေကြသယောင်ပင်။အစ်မကြီးစုဝတီက.
.ဟဲ့..နင်တို့နှစ်ကောင်ကရောမပြန်ကြသေးဘူးလားဟုပြောလိုက်တော့မှရှက်ကိုးရှက်ကန်းဖြစ်ပြီး..အဲ..အဲ. .ကျွန်တော်တို့လည်းပြန်လိုက်ပါဦးမယ်ဟုနှုတ်ဆက်ပြီးအိမ်ရှေ့ကွပ်ပျစ်ပေါ်မှအဆင်းမျက်လုံးတွေက
ရေ၀တီဆီ
ရောက်နေကြသဖြင့်ကွပ်ပျစ်အစွန်ဖျားကိုတက်နင်းမိပြီးနှစ်ယောက်သားကွပ်ပျစ် ဘေးတွင်မှောက်ရက်လဲခဲ့ကြသည့်မြင်ကွင်းကားညီမသုံးယောက်အတွက်မမေ့နိုင်စရာအဖြစ်အပျက်လေး
တစ်ခုပေတည်း။
(ကားလိပ်ချ)
ရေ၀တီအချစ်ကိုလက်လွှတ်ခဲ့ရသူကိုရွှေကြာအားတွေ့ရစဉ်
အခန်း(၂)
ဤနေ့ကား တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့ဖြစ်ချေ၏၊တန်ဆောင်တိုင်ပွဲပြီးဆုံးသွားသော်လည်း ရွာလည်ကကိုဗေဒါတစ်ယောက်အတွက်တော့တန်ဆောင်တိုင်ညကအစပျိုးခဲ့သောအချစ်ဇာတ်လမ်းအတွက် ခရီးဆက်ဘို့ရန်ရေ၀တီတစ်ယောက် ရွာဦးဘုန်းကြီးကျောင်းသို့ ဆွမ်းပို့အလာကို လမ်းဒေါင့်တစ်နေရာမှ စောင့်ကြိုပြီးအချစ်ရေးဆိုဘို့ရန်အားခဲနေသည်မှာမြင်ရသူတွေအတွက်သနားစရာကောင်းလှပေသည်၊
အဘယ်
ကြောင့်ဆိုသော်လမ်းဒေါင့်တွင်နေမထိထိုင်မသာဖြစ်နေ၏၊မကြာမှီပင်ရေ၀တီတစ်ယောက်
်ဘုန်းကြီးကျောင်းမှ
ဆွမ်းပို့ပြန်လာခဲ့ချေပြီ၊လမ်းဒေါင့်အရောက်မှာတော့ ကိုဗေဒါက ရေ၀တီရှေ့မှရပ်လျှက်
ရေ၀တီ ဆွမ်းပို့ပြန်လာပြီပေါ့လေ..ဟုတ်တယ်..ဒါနဲ့ ကိုဗေဒါ ဒီနားလာပြီးဘယ်သူ့ကို စောင့်နေတာလဲဟင်ဟု”ရေ၀တီကမေးလိုက်ရာရှက်ကိုးရှက်ကန်းဖြင့်”ဟာဗျာဘာရယ်ဟုတ်ပါဘူး.
.မနေ့ညကဒီဘေးမှာလက်ပတနာရီပြုတ်ကျခဲ့လို့လာရှာတာပါဗျာ..ဟဲ.ဟဲ.”။ကိုဗေဒါကလက်ပတ်နာရီ
ရှာနေတယ်လို့တာပြောတယ်
လက်မှာလဲ နာရီကြီးနဲ့ပါလားဟု ရေ၀တီကပြောလိုက်တော့မှ ဗေဒါက..
အင်းဟုတ်တယ်
ရေ၀တီရယ်.. အမှန်တိုင်းပြောရရင် ကျွန်တော်ဒီနေရာမှာလာတဲ့ကိစ္စက တန်ဆောင်တိုင်
်လပြည့်ညတုန်းက
တွေ့ခဲ့ရတဲ့ ကျွန်တော်ဘ၀ရဲ့ဖူးစာရှင်မလေးတစ်ယောက်ကို လာစောင့်နေတာဗျ…
ဟုပြန်ဖြေလိုက်ရာ ရေ၀တီက ”အင်း အင်း ပြောပါဦး ဖူးစာရှင်မလေးကဘယ်သူလဲ ရွာလည်ကလား၊
ရွာတောင်ပိုင်းကလား”စသည်ဖြင့်
မသိချင်ယောင်ဆောင်ပြီးမေးနေသည်ကလည်း မိန်းမတို့သဘာဝမို့
ို့အပြစ်မဆိုသာပေ။ဒီတော့မှ ကိုဗေဒါက ကျွန်တော့်ဘ၀ရဲ့ဖူးစာရှင်မလေးဆိုတာက အခုရှေ့မှာရောက်နေတဲ့
ရေ၀တီလေလို့ပြောလိုက်တော့မှ ”ရှင်”ဟု ရင်ဘတ်လေးကိုဖိပြီး ရှက်သွေးဖြာလျှက်လာရာလမ်းအတိုင်း
လှည့်ပြန်သွားလေ၏။ ဤနေ့ကား ကိုဗေဒါအတွက်ရေ၀တီဆီမှမေတ္တာကိုရလိုက်သဖြင့်ပျော်မဆုံးမော်မဆုံး
ဖြစ်နေမည်မှာအသေချာပင်။

(ကားချ)
မရေ၀တီနှင့်မောင်ဗေဒါတို့၏ တန်ဆောင်တိုင်ဖူးစာအချစ်မြင်ကွင်း
အခန်း(၃)
ဤနေ့မှာပင် ဗေဒါကဲ့သို့ ရေ၀တီအပေါ်မေတ္တာသက်ဝင်နေသောရွှေကြာတစ်ယောက်လည်းချင်းဆိုင်ရွာကို ကွမ်းသီးရောင်းဝယ်ရေးကိစ္စတစ်ခုနဲ့လာရင်းရေ၀တီတို့အိမ်သို့ရောက်လာကာအစ်မကြီးစုဝတီကိုသူ့ရင်ထဲက ရှိတဲ့အတိုင်းဤသို့ပြောပြလေ၏၊”အစ်မကြီးတော့အမိအရာဆိုတဲ့အတိုင်းဘဲကျွန်တော်အစ်မကြီးကိုပြောပြမယ်
်နော်.
.တကယ်တော့အစ်မတို့ညီမတတွေဟာစီးပွားရေးချို့တဲ့ကြပေမယ့် စိတ်ဓာတ်ကတော့ မွန်မြတ်ကြတယ်ဆိုတာလူတိုင်းအသိဘဲဗျာ၊ဒါပေသည့် စီးပွားရေးအခြေနေကြောင့် တက္ကသိုလ်ဆက် မတက်နိုင်ရှာတဲ့မစုဝတီတို့ရဲ့ညီမလေးရေ၀တီကို မကြည့်ရက်ဘူးဗျာ..အစ်မတို့အနေနဲ့ ခွင့်ပြုမယ်ဆိုရင်ညီမလေးရေ၀တီကိုတက္ကသိုလ်ဘွဲ့ရတဲ့အထိတာဝန်ယူသွားပါရစေလား..ရွှေကြာအတွက်
်တော့ ငွေရေးကြေးရေးကမိုင်နာ(minor)ပါဘဲဗျာ”ဟုရွှေကြာစကားအဆုံးမှာတော့နွေဝတီက”အင်း..မင်းပြော
တော့လဲအဟုတ်သား..ဒါပေမယ့်ညီမလေးသဘောထားကဘယ်လိုမှန်းမသိသေးတော့ညီမလေးကိုလည်း
မေးကြည့်ချင်သေးတယ်ဟု စကားကိုတစ်ဝက်ချန်ထားလေ၏..သြော်.ရပါတယ်ဗျာ..ရပါတယ်..ဒါနဲ့စကားမစပ် ရေ၀တီကောမတွေ့ပါလားဗျ..ဘယ်သွားနေလဲဟုမေးလိုက်ရာ နွေဝတီက“ညီမလေးကဘုန်းကြီးကျောင်းကို ဆွမ်းပို့သွားနေတာ..မကြာခင်ပြန်လာတော့မှာပါ..ကိုရွှေကြာအချိန်ရရင်စောင့်ဦးလေ”ဟုအားနာသော လေသံဖြင့့််
ဖိတ်မံနေသေး၏။
အမှန်ကားရေ၀တီသည် ဆွမ်းပို့ကပြန်ရောက်တာကြာပြီဖြစ်သော်လည်း ကိုရွှေကြာအိမ်ရောက်
နေမှန်းသိသဖြင့် အိမ်ရှေ့တံခါးဝအတိုင်းမ၀င်ဘဲနောက်ဖေးတံခါး
ကနေတိတ်တိတ်ပုန်းဝင်ပြီးအစ်မကြီးနှင့်ရွှေကြာတို့
ပြောစကားများကို နားထောင်နေ၏။မကြာမှီမှာဘဲ ကိုရွှေကြာအိမ်ကနေပြန်သွားတော့မှအိမ်ထဲသို့ဝင်လာခဲ့လေသည်။(ကားလိပ်ချ)

အရက်သမားဖိုးတေနှင့်ဖိုးပေတို့အားတွေ့ရစဉ်
အခန်း(၄)
အိမ်ထဲတွင် တံမြက်စည်းလှဲနေသာ အစ်မလတ်နွေဝတီက ညီမလေး ရေ၀တီကိုမြင်မြင်ချင်း”ဟဲ့..ညီမလေး
တောင် ဆွမ်းပို့ကပြန်လာပြီပဲ..ဒီနေ့နောက်ကျလှချည်လား.ညီမလေးရယ်ဟုပြောနေစဉ်မှာပင်အစ်မကြီးက မီးဖိုချောင်တွင်းမှ
ှထွက်လာပြီှး ”အော် ညီမလေးပြန်လာတာနဲ့ အတော်ဘဲ..ပြောစရာရှိလို့..ညီမလေး.

စောစောက မောင်ရွှေကြာတစ်ယောက် အိမ်ကိုလာသွားတယ်လေ..ညီမလေးကို တက္ကသိုလ်ဘွဲ့ရတဲ့အထိ သူတာဝန်ယူပါရစေလို့ ပြောသွားတယ်..အဲဒီတော့ ညီမလေးသဘောကရော ဘယ်လိုလဲဟင်”ဟုမေး လိုက်သည်နှင့်
တပြိုင်နက်ရေ၀တီက”အချစ်ကိုငွေနဲ့ဝယ်တာမျိုးတော့ညီမလေးသဘောမကျဘူးအစ်မ
ကြီးရယ်.
.ပြီးတော့ ညီမမှာလဲဘ၀အတွက်လက်တွဲဖော်ဖူးစာရှင်တစ်ယောက်ရှိနေပြီလေ”ဟုပြန်ပြော
လိုက်တော့
အစ်မကြီးက”အင်းညီမအတွက်ဖူးစာရှင်ကဘယ်သူလဲ၊ဘယ်ဝါလဲ၊ဘယ်ကလဲဟုပြန်မေးလိုက်
်တော့မှ ရေ၀တီက”ညီမရဲ့ဖူးစာရှင်က တခြားတော့မဟုတ်ဘူး..ရွာလည်က ကိုဗေဒါဘဲပေါ့အစ်မကြီးရယ်”ဟု
ုပြော
လိုက်ရာ…အင်းလေ..ဒါဆိုလဲ ညီမသဘောအတိုင်းဘဲလေဟုပြောပြလိုက်လေ၏။ (ကားလိပ်ချ)
(ကားလိပ်ချ)
- တန်ဆောင်တိုင်ညရဲ့တန်ဆောင်တိုင်အက
-ဇာတ်သိမ်းပိုင်း-

အခန်း(၅)
ဒီကနေ့တော့ တိုက်ဆိုင်မှုတစ်ခုလို့ဘဲ ပြောရမလားမသိ၊ဗေဒါနှင့်ရွှေကြာတို့နှစ်ယောက်စလုံး ရွာလည်လမ်းဒေါင့်
တစ်နေရာတည်းမှာပင် ရေ၀တီဘုန်းကြီးကျောင်းမှဆွမ်းပို့ပြန်အလာကို စောင့်နေကြ
လေ၏၊ရေ၀တီဆီမှမျှော်လင့်ချက်ရထားသောကိုဗေဒါကလည်း၎င်းမျှော်လင့်ချက်ကိုပိုပြီးခိုင်မာအောင်ကြိုး စားဘို့ရန်အတွက်လာပြီးစောင့်နေသလိုရေ၀တီရဲ့ငြင်းပယ်မှုကိုခံထားရသောကိုရွှေကြာကလည်းမလျှော့ သောဇွဲဖြင့်ရေ၀တီဆီကမေတ္တာကိုငွေအားကိုးနှင့်ရယူဘို့ရန်အတွက်လာပြီးစောင့်နေကြသည့်မြင်ကွင်းကား အင်မတန်ပင်စိတ်ဝင်စားဖွယ်ရာကောင်းလှချေ၏။မှန်ပါသည် ကိုဗေဒါဟာပစ္စည်းဥစ္စာမချမ်းသာသော်လည်း ရိုးသားတည်ငြိမ်ရင့်ကျက်သောယောက်င်္ကျားတစ်ယောက်ဖြစ်သဖြင့်ရွာထဲရှိမိန်းခလေးရှင်မိဘတိုင်းကလိုလို သမက်တော်ချင်နေကြ၏။ကိုရွှေကြာကလည်းငွေကြေးဥစ္စာပြည့်စုံသောယောင်္ကျားတစ်ယောက်ဖြစ်သည့်အား လျှော်စွာအမြဲတမ်း်းလိုလိုပါးစပ်မှာစီးကရက်ခဲလျှက်ပင်ရောင်းဝယ်ရေးအလုပ်ကိုလုပ်ကိုင်နေသူဖြစ်ရာရွာထဲရှိ လုံမပျိုမေလေးများအတွက်မက်သော်လည်းမက်လောက်ချင်စရာပင်။ခက်တာက ရွှေကြာကလည်းပစ္စည်း ဥစ္စာကြွယ်ဝမှုကိုအထင်မကြီးဘဲရိုးသားတည်ငြိမ်မှုကိုသာတန်ဖိုးထားတတ်သောမစုဝတီတို့ရဲ့ညီမငယ် ရေ၀တီလေးကိုမှမေတ္တာသက်ဝင်ချစ်ခင်နေခြင်းပင်တည်း။မကြာမှီပင်ရေ၀တီတစ်ယောက်ဘုန်းကြီးကျောင်းမှ
ဆွမ်းပို့ပြန်လာနေပြီဖြစ်ရာ ကျော့ကွင်းထောင်ပြီးသမင်အလာကိုစောင့်မျှော်နေကြသောမုဆိုးများပမာ ဗေဒါတို့
့နှစ်ယောက်သားလည်း ရေ၀တီလေးကိုအပိုင်ဖမ်းဘို့အတွက်လည်ပင်းတရှည်ရှည်နှင့်စောင့်မျှော်
နေကြရာ အခုတော့အနီးကပ်ဆုံးအချိန်ကိုရောက်ရှိလာပြီဖြစ်သဖြင့် ကိုဗေဒါက အနီးရှိရွှေကြာကို ဤသို့လှမ်းပြောလိုက်၏”ဟိုမှာရေ၀တီလာနေပြီဗျ..ဒီနေရာမှာကိုရွှေကြာက ကျွန်တော့ထက်အသက်ကြီးတာ
ဆိုတော့ ကိုရွှေကြာဘဲရေ၀တီကိုအရင်သွားပြောလိုက်ပါ..ကျွန်တော်ဒီဘေးကနေစောင့်နေပါ့မယ်ဗျာ”
ဟုပြောသဖြင့်ရွှေကြာလည်းဒီတစ်ချီတော့ရေ၀တီကိုအပိုင်ဖမ်းတော့မည့်အကြံနှင့်..”ဒီမှာညီမလေးရေ၀တီ.. ရေဆိုတာကြာရှိနေမှတင့်တယ်ဆိုတဲ့လောကနီတိစကားကိုမင်းလည်းကြားဖူးမှာပါ..အခုလည်းပဲ မင်းက ရေ
ငါကကြာ
ဆိုတော့ဒို့ဘ၀နှစ်ခုပေါင်းစပ်လိုက်ရင် ကောင်းမြတ်တဲ့ရလာဒ်တစ်ခုဖြစ်ပြီပေါ့…မဟုတ်ဘူးလား၊ဟို
.ဗေဒါဆိုတဲ့ ငမွဲငခြောက်ကောင်ကို ဘေးဖယ်ထားလိုက်စမ်းပါ..ရေ၀တီရယ် ”ဟုခပ်မာမာလေသံ
ဖြင့်ပြောပြလိုက်ရာအနီးအနားတွင်ရှိနေသာ ကိုဗေဒါက”အေးဟုတ်တယ် မင်းလိုစီးပွားရှိတဲ့ကောင်က
ပြောတော့လည်း ငါ ခံရမှာပေါ့လေ..ရပါတယ်ဗျာ ရပါတယ် ဟု ခပ်အေးအေးပင် ပြန်ပြောလိုက်လေဧ။်


ပြောတော့လည်း ငါခံရမှာပေါ့..ဒါပေမယ့်မန်းနီးပါဝါ(money power)ဆိုတဲ့အရာနဲ့ နေရာတကာမှာ အနိုင်ယူလို့မရနိုင်ဘူးဆိုတာကိုတော့ မင်းမှတ်ထားလိုက်ပါဟုပြန်လည်ချေပလိုက်၏။ တန်ဆောင်တိုင်ကပွဲကိုအားပေးနေသောပရိသတ်မြင်ကွင်း

တကယ်တော့ ကိုဗေဒါတစ်ယောက် ရေ၀တီရဲ့အချစ်ကိုယုံကြည့်၍သာရွှေကြာကိုရေ၀တီနှင့် အရင်ပေးတွေ့လိုက်ခြင်းပင်၊ရွှေကြာကိုရေ၀တီကစိတ်မ၀င်ဘူးဆိုတာကို အစောကတည်းက သိထားနှင့်ပြီးလေပြီ။ကိုဗေဒါစကားအဆုံးမှာတော့ရေ၀တီကလည်းရွှေကြာကိုမျက်နှာချင်း
ဆိုင်ကာ”ဒီမှာ.ရေဆိုတာကြာရှိမှတင့်တယ်တယ်ဆိုတာလက်ခံပါတယ်.ဒီစကားဟာ စာထဲမှာဘဲရှိတော့တာ..ရေပေါ်မှာရှင်သန်နေကြတဲ့ဗေဒါတွေဟာ ကြာတွေလောက်မလှမပကြပေမယ့် တည်ငြိမ်တယ်၊ရင့်ကျက်တယ်လေ.ပြီးတော့ ကြာတွေလိုရေပေါ်မှာထောင်တောင်တောင် မြောက်ကြွကြွ
မလုပ်တတ်ကြဘူး..ဒီတော့ ရှင်သိအောင် ပြောပြလိုက်မယ်နော်..ရေ၀တီရဲ့ဖူးစာရှင်အစစ်အမှန်ဟာ
ဟို
ဘေးနားမှာ ရပ်နေတဲ့ ကိုဗေဒါလေ.”.။ရေ၀တီစကားအဆုံးမှာတော့ ဗေဒါတစ်ယောက် ရေ၀တီဆီအမြန်ပြေးလာပြီး ” ၀မ်းသာလိုက်တာညီမလေးရယ်.ကိုယ်တို့နှစ်ယောက်ရဲ့ဖူးစာဟာတန်ဆောင်
တိုင်လပြည့်ညမှာဆုံခဲ့ကြတာမို့တန်ဆောင်တိုင်ဖူးစာဘဲပေါ့နော်”ဟုပြောရင်းရေ၀တီနှင့်ဗေဒါတို့တစ်ဦးနှင့် တစ်ဦး ချစ်ကြည်နူးနေကြသည့်မြင်ကွင်းကား တန်ဆောင်တိုင်အလှကို တန်ဆာဆင်ပေးနေသည့်အလား ရှိလေတော့၏ ။
(ကားလိပ်ချ)


အားပေးမှုကိုကျေးဇူးတင်လျှက်

ဆန်းသစ်အောင်

(တောင်းပန်ခြင်း)ဤတန်ဆောင်တိုင်ဖူးစာ စင်တင်ပြဇာတ်အား ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားသော်လည်း
အခွေပျောက်ဆုံးသွားသဖြင့် ဗီဒီယိုဖိုင်အဖြစ် မတင်ဆက်နိုင်တာကို ခွင့်လွှတ်ပေးဘို့ တောင်းပန်ပါတယ်
ခင်ဗျာ...

04/11/2010

အရိုင်းကောင်များ၏ ဘ၀နိဂုံး(4-11-2010- ညအမှတ်တရ)

ဒီနေ့ည အမှတ်တရလား
အပြစ်မရှိတဲ့ ငါ့ဘလော့ကို
အနှစ်မရှိတဲ့ဒင်းတို့က လာနှောက်သွားခဲ့တယ်..
အရိုင်းကောင်တွေအတွက်
ဒင်းတို့က နာတယ်ဆိုရင်
ဒါဆိုရင်တော့ သေချာပြီ..
ဒင်းတို့ဟာ အရိုင်းကောင်တွေအမှီပြု
အရိုင်းကောင်တွေ ထမိန်ကိုခိုစားတဲ့
သစ္စာဖောက်အချောင်သမားတွေဆိုတာ
ခွေးတိရစ္ဆာန်တွေကအစ သိတယ်..
ဒါပေလည်း ငါ့ဘလော့အလည်လာ
အရိုင်းကောင်ကဗျာ ဖတ်တဲ့အတွက်
ကျေးဇူးတင်မိလေရဲ့..
ဒီကဗျာဟာ အယဉ်သမားတွေအတွက်မဟုတ်
ဒင်းတို့လို အရိုင်းကောင်တွေအတွက်
ရေးထုတ်ခဲ့တာမို့လေ..
ငါ သိတာက....
ယောင်္ကျားဆိုရင် ဒါမျိုးမယုတ်မာဘူး(မညစ်ပတ်ဘူး)
မိန်းမရှာတွေရဲ့စိတ်ဓာတ်
ဒင်းတို့မှာ ရှိနေပြီ...
ဒင်းတို့လို လူတွေရှိနေသရွေ့
မြန်မာပြည်ရဲ့အနာဂတ်ဟာ
ဘယ်တော့မှ လှပလာမှာမဟုတ်ဘူး..
ဒင်းတို့ရဲ့ပညာဟာ
လောကကို အလင်းမပေးဘဲ
လောကကို မှောင်အောင်လုပ်နေမယ်ဆိုရင်
လူမိုက်တို့ရဲ့သွားရာလမ်း
ဒင်းတို့လည်း သွားရမှာမလွဲဘူး
အခုဆိုရင်
ဒင်းတို့လို လူတွေအတွက်
ယမမင်းက စောင့်ကြိုနေလောက်ပါပြီ..

(သတိပေးချက်)ကျေနပ်မှုမရှိပါက လဲသေနိုင်ပါသည်..


အရိုင်းကောင်များ



သားရိုင်းတွေ
တွေ့ကရာကို ၀ိုင်းဆွဲနေကြ
သောက်လက်စ သွေးစိမ်းတွေတောင် မကုန်သေးဘူး
မျက်လုံးက နောက်တခုကို လောဘဇောတက်နေပြီ၊

သားရိုင်းတွေ
ခုတ်ချင်ခုတ် ဖြုတ်ချင်ဖြုတ်နေကြ
ကြယ်တွေလည်း တဖုတ်ဖုတ်ကြွေကျ
အမျိုးသားသီချင်းတွေလည်း သုံးမရအောင် မြေမှာခ၊

သားရိုင်းတွေ
ငါတို့မြေကို ဖြိုနေကြ
ငါတို့လေကို အဆိပ်ခတ်ကြ
ငါတို့အလံကို မြေမှာချ
ငါတို့ ဘ၀ကို တွင်းတူးမြုပ်နှံကြ၊

သားရိုင်းတွေ
တိရိစ္ထာန်ထက် ရိုင်းစိုင်းတဲ့ သားရိုင်းတွေ
မင်းတို့အတွက်
(သန်း ၆၀ ရင်ထဲမှာ)
ကမ္ဘာမကြေသီချင်းတွေ ဘ၀ဆက်တိုင်း ရှိနေမယ်။ ။

(အသိပေးခြင်း)ရင်ခွင်သစ်မှ ကူးယူဖော်ပြပါကြောင်း ရိုးသားစွာ ၀န်ခံအပ်ပါသည်.ကူးယူခွင့်ပေးတဲ့
ကဗျာဆရာ ကိုဧဏီမင်းကိုလည်း အားလုံးကိုယ်စား ကျေးဂျူးကီဘာတင်ပါတယ်...

28/10/2010

ခေတ်သစ်အရိုင်းကောင်များ





သားရိုင်းတွေ
တွေ့ကရာကို ၀ိုင်းဆွဲနေကြ
သောက်လက်စ သွေးစိမ်းတွေတောင် မကုန်သေးဘူး
မျက်လုံးက နောက်တခုကို လောဘဇောတက်နေပြီ၊

သားရိုင်းတွေ
ခုတ်ချင်ခုတ် ဖြုတ်ချင်ဖြုတ်နေကြ
ကြယ်တွေလည်း တဖုတ်ဖုတ်ကြွေကျ
အမျိုးသားသီချင်းတွေလည်း သုံးမရအောင် မြေမှာခ၊

သားရိုင်းတွေ
ငါတို့မြေကို ဖြိုနေကြ
ငါတို့လေကို အဆိပ်ခတ်ကြ
ငါတို့အလံကို မြေမှာချ
ငါတို့ ဘ၀ကို တွင်းတူးမြုပ်နှံကြ၊

သားရိုင်းတွေ
တိရိစ္ထာန်ထက် ရိုင်းစိုင်းတဲ့ သားရိုင်းတွေ
မင်းတို့အတွက်
(သန်း ၆၀ ရင်ထဲမှာ)
ကမ္ဘာမကြေသီချင်းတွေ ဘ၀ဆက်တိုင်း ရှိနေမယ်။ ။

(အသိပေးခြင်း)ရင်ခွင်သစ်မှ ကူးယူဖော်ပြပါကြောင်း ရိုးသားစွာ ၀န်ခံအပ်ပါသည်.ကူးယူခွင့်ပေးတဲ့
ကဗျာဆရာ ကိုဧဏီမင်းကိုလည်း အားလုံးကိုယ်စား ကျေးဂျူးကီဘာတင်ပါတယ်...

21/10/2010

-----မြန်မာ့ဓလေ့ သီတင်းကျွတ်လပြည့်နေ့ အမှတ်တရများစုစည်းမှု----





ရှေးဟောင်းရိုးရာမြန်မာ့ယဉ်ကျေးမှုဆီမီးခွက်လေးများရဲ့သဘာဝအလှ
(ယခုအချိန်မှာတော့ ဤကဲ့သို့သောဆီမီးခွက်လေးများကို မြင်တွေ့ခွင့်ရကြတော့မည်မဟုတ်ပေ)


ဤလောကကြီးထဲ၌မှီတင်းနေထိုင်ကြသောလူသားများအဖို့တစ်နည်းမဟုတ်

မဟုတ်တစ်နည်း ကျေးဇူဆပ်စရာတေအသီးသီး ရှိနေကြသည်မှာအမှန်ပင်
ထိုအထဲတွင် မြတ်ဗုဒ္ဓလည်း အပါဝင်ဖြစ်ချေ၏၊ သို့သော်မြတ်ဗုဒ္ဓ၏် မိဘကျေးဇူး

ဆပ်နည်းကား စိတ်ဝင်စားစရာအင်မတန်ကာင်းလှပေ၏။




သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့အထိမ်းမှတ်အဖြစ်ပဌာန်းတရားတော်မျာ ရွတ်ဖတ်ပူဇော်ကြစဉ်


လူအများစုကျေးဇူးဆပ်နေကြသည်မှာရုပ်ဝတ္ထုပစ္စည်းများဖြင် ပေးကမ်း၍

့ဆပ်နေကြခြင်းဖြစ်သော်လည်းမြတ်ဗုဒ္ဓကားထိုသို့မဟုတ်၊မိမိရဲ့နှလုံးသားထဲမှာ

တည်ရှိနေသည့်အဘိဓမ္မာ(၇)ကျမ်းဟူသောဓမ္မဖြင့်ကျေးဇူးဆပ်ခြင်းပင်၊အမေ့

ကျေးဇူးဆပ်နည်း(၅)မျိုးအနက်နောက်ဆုံးနည်းဖြင့်ဆပ်ခြင်းဟုဆိုရပေမည်။

တစ်ခုသောနေ့တစ်နေ့မှာမြတ်ဗုဒ္ဓ၏အထွေးစိတ်ကူးထဲ၌အမေ့မျက်နှာပုံရိပ်မြင်

ယောင်လာခဲ့လေပြီ၊ထိုပုံရိပ်ကိုဟိုဟိုဒီဒီအတွေးနယ်ချဲ့ကြည့်လိုက်သည့်အခါမှာ

တော့မိမိအားလူလားမြောက်အောင်အမေရင်းတစ်ယောက်ပမာဆက်လက်ပြုစု

စောင့်ရှောက်ခဲ့သောမိဒွေးတော်ဂေါတမီပင်၊မှန်ပါသည်၊၄င်းမိဒွေးတော်ဂေါတမီ

ဟာမိခင်ရင်းမယ်တော်မာယာမရှိတော့တဲ့နောက်ဂေါတမဘုရားလောင်းသိဒ္ဓတ္ထ

မင်းသားလေးကိုနို့ချိုတိုက်ကျွေးလျှက်ဆက်လက်ပြုစောင့်ရှောက်ပေးခဲ့သော

ဒုတိယမြောက်မိခင်တစ်ဦးပေတည်း၊(ဘုရားလောင်းတို့၏မိခင်မှန်သမျှသည်

ဘုရားလောင်းဖွားမြင်ပြီးရက်သတ္တပတ်ကြာတွင်စုတေရရိုးဓမ္မတာဖြစ်သည့်

အလျှောက်မယ်တော်မာယာသည်လည်းသိဒ္ဓတ္ထမင်းသားလေးကိုဖွားမြင်ပြီး

နောက်ရက်တစ်ပတ်အကြာတွင်စုတေရလေ၏) မြတ်ဗုဒ္ဓကျေးဇူးဆပ်မည့်အ

ချိန်မှာတော့မိဒွေးတော်ကလူ့လောကမှာမရှိတော့ချေ၊သို့အတွက်မြတ်ဗုဒ္ဓအ

နေနဲ့ဥာဏ်တော်ကွန်ယက်ဖြန့်ကျက်ကြည့်လိုက်သည့်အခါမှာတော့မိဒွေး

တော်ဟာတာဝတိသာနတ်ပြည်မှာသန္တုဿိတနတ်သားအဖြစ်နဲ့နတ်စည်းစိမ်

တွေကိုခံစားနေတာကိုမြင်တော်မူခဲ့ပါပြီ။၊ဒါကြောင့်ကျေးဇူးဆပ်ရေးအတွက်

တာဝတိံသာနတ်ပြည်ကိုကောင်းကင်ခရီး(နှစ်လှမ်းသုံးဖ၀ါး)ဖြင့်ကြွမြန်းပြီး

ဘ၀ဟောင်းကမယ်တော်ဖြစ်ခဲ့ဘူးတဲ့သန္တုဿိတနတ်သားကိုအမှူးပြု၍

နတ်ဗြဟ္မာအပေါင်းတို့အားအင်မတန်ထူးဆန်းနက်ရှိုင်းလှစွာသောအဘိဓမ္မာ

(၇)ကျမ်းကိုဟောကြားတော်မူခဲ့ရာဝါတွင်းသုံးလတိုင်အောင်ကြာသွားခဲ့လေ၏၊

ဤကားမြတ်ဗုဒ္ဓ၏မယ်တော်အတွက်ထိုက်တန်စွာကျေးဇူးဆပ်လိုက်ခြင်းပေ

တည်း၊အဘိဓမ္မာ(၇)ကျမ်းကိုဟောကြားတော်မူပြီးနောက်သီတင်းကျွတ်လ

ပြည့်နေ့မှာတော့မြတ်ဗုဒ္ဓအနေဖြင့်လူ့ပြည်သို့ပြန်ကြွခဲ့ရာလူ့ပြည်မရောက်ခင်း

လမ်းခရီးစဉ်အတွင်းမှာသင်္ကဿနဂိုရ်ပြည်သို့လည်းကြားခရီးစဉ်အဖြစ်ကြွမြန်း

ခဲ့ရပြီးလူ့ပြည်သို့ပြန်လည်ကြွချီခဲ့ရာရောက်ခါနီးတွင်လူနတ်ဗြဟ္မာများကမီးရှုး

မီးတိုင်များဖြင့်စည်ကားစွာကြိုဆိုခဲ့ကြသည့်မြင်ကွင်းကားစိတ်ထဲတွင်ကြည်နူး

စရာအတိပေတည်း၊
ဤကဲ့သို့သော အလေ့အထများကိုအတုလိုက်၍ ယ္ခုခေတ်လူများကလည်

သီတင်းကျွတ်လပြည့်ညရောက်တိုင်းစေတီပုထိုးအစရှိသောမြင့်မြတ်သောနေ

ရာများ၌ဆီမီးများညှိထွန်းခြင်း၊ဘုရားရင်ပြင်တော်များ၌ဆီမီးတစ်ထောင်ထွန်း

ညှိခြင်းများပြုလုပ်လာကြလေတော့၏၊အညာဒေသမိမိခလေးဘ၀တုန်းတော့

အမေခိုင်းတဲ့အတိုင်းအိမ်ဝန်းခြံအတွင်းရှိရေတွင်း၊အိမ်လှေခါးထစ်၊မီးဖို၊နွားစာ

ခေါင်း၊ပဲစပါးကျည်တိုက်၊အိမ်ပေါက်ဝ၊စသောနေရာများသို့ဆီမီးခွက်တွေလိုက

်ထွန်းရတာကလဲယ္ခုထိမေ့မရနိုင်တဲ့ပျော်စရာပုံရိပ်လေးတွေပါဘဲ၊မြန်မာလူမျိုး

တွေရဲ့ချစ်စရာရိုးရာဓလေ့တစ်ခုဖြစ်တဲ့သက်ကြီးရွယ်အိုမိဘဘိုးဘွားများအား

မုန့်စတဲ့ပစ္စည်းးတွေကိုလိုက်ပြီးကန်တော့ရသည်ကလဲဤသီတင်းကျွတ်လရဲ့

ဆွဲအားတစ်ခုလို့ဘဲဆိုရမလားမသိ၊မိမိခလေးဘ၀တုန်းကတော့အဘိုးအဘွား

တွေဆီသွားပြီးမုန့်ထုတ်တွေလိုက်ကန်တော့ရသည်မှာမမောနိုင်မပန်းနိုင်ပျော်

လို့မဆုံးအောင်ဖြစ်ခဲ့မိတာအမှန်ဘဲ၊အညာဒေသနေအဘိုးဘွားတွေရဲ့လာရောက်

ကန်တော့ကြတဲ့မြေးလေးတွေအတွက်ဆုပေးစကားလေးကလည်းအခုထိ

ရင်ထဲမှာအမှတ်ရနေဆဲပင်”သာဓု.သာဓု..သာဓု..ဤသို့ကန်တော့ရသော

အကျိုးအားကြောင့်ဘုန်းကြီးလို့အသက်ရှည်ပါစေတဲ့လေ…….




သီတင်းကျွတ်လပြည့်ည ဆီးမီးဖယောင်းတိုင်များရဲ့ အလှအပ


တကယ်တော့သီတင်းကျွတ်လပြည့်နေ့ဟာဘာသာရေးဘက်ကကြည့်ပြန်ရင်

လည်ဲးအဘိဓမ္မာအခါတော်နေ့ဖြစ်သည့်အလျှောက်နေရာတိုင်းမှာအဘိဓမ္မာ(၇)

ကျမ်းဝတ်ရွတ်ပွဲ၊အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတွေကျင်းပကြတာ

ကိုတွေ့ရပါတယ်၊၀ါတွင်းသုံးလပတ်လုံးလောင်းလှူလာခဲ့ကြတဲ့မြို့နယ်ရပ်ကွက်

အသီးသီးကဆွမ်းလောင်းဓမ္မာရုံတွေဟာလည်းသီတင်းကျွတ်လပြည့်နေ့မှာပဲ

စာရေးတံမဲများဖောက်၍ဆွမ်းလောင်းပိတ်ပွဲများပြုလုပ်လေ့ရှိကြရပြီးတချို့ဓမ္မာ

ရုံတွေကတော့၎င်းလပြည့်ညမှာတရားပွဲများပြုလုပ်ကြသလိုအချို့ဓမ္မာရုံတွေ

ကတော့ပျော်ပွဲ၊ရွှင်ပွဲများကျင်းပပြုလုပ်ကြပါတယ်၊အချုပ်အားဖြင့်ဆိုရသော

်ဤသီတင်းကျွတ်လဟာမိုးလေကင်းလွတ်သောလသက်သက်မဟုတ်တော့ဘဲ

ကုသိုလ်ကောင်းမှုများဖြင့်ပြည့်နှက်သောလတစ်လဟုပြောကြားရင်းအောက်

ဖော်ပြပါလင်္ကာကဗျာလေးဖြင့်မျိုးဆက်သစ်စာဖတ်ပရိသတ်များအတွက်စီစဉ်

တင်ဆက်လိုက်ရပေသည်။

မယ်တော်မိနတ်၊ကျေးဇူးဆပ်၊ဟောမြတ်အဘိဓမ္မာ။
ဟောကြားခဲ့ရာ၊တာဝတိသာ၊၀ါတွင်းသုံးလတိုင်အောင်ကြာ။


သီတင်းကျွတ်ကာလရဲ့ရိုးရာဓလေ့ ယဉ်ကျေးမှုများကို ခံစားချင်သူများအတွက် အောက်ဖော်ပြပါ

သီတင်းကျွတ်ကာလတေးများကို ကြည့်ရှုခံစားနိုင်ကြပါကြောင်း...



.


သီတင်းကျွတ်လပြည့် ညမှသည် ဘ၀သက်ဆုံးတိုင်င်အောင် ပျော်ရှင်ချမ်းမြေ့ မှုများနဲ့ သာယာလှပနိုင်

ကြပါစေလို့ ဆုမွန်ပြုလျှက်.....