စိဂိရိယတောင်အား အဝေးမှ တွေ့ရစဉ်
စိဂိရိယတောင်ဟာ
သီရိလင်္ကာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကိုလံဘိုမြို့နှင့် (၁၆၉)ကီလိုမီတာ ဝေးကွာပီး
ကားဖြင့်သွားမည်ဆိုပါက အချိန်(၃)နာရီခွဲခန့် ကြာမြင့်ပါမည်။ ဒမ္ဘူလမြို့ကနေ သွားမည်ဆိုပါက မိနစ်(၃၀)ခန့်သာ ကြာပါသည်။ ၄င်းတောင်ဟာ သီရိလင်္ကာနိုင်ငံရှိ
ကမ္ဘာ့အမွေအနှစ်တွေရှိတဲ့ နေရာခုနှစ်နေရာအနက် ငါးနေရာပါဝင်တည်ရှိခြင်း၊
ထူးဆန်းအံ့သြဖွယ်ရာ ရှေးကျတဲ့ ကမ္ဘာ့နေရာတွေထဲက တစ်နေရာပါဝင်ခြင်း၊
ကမ္ဘာ့အံ့သြဖွယ်ရာ ရှစ်ခုမြောက် နေရာအဖြစ် အဆိုပြုခံရခြင်းဆိုတဲ့ ယဉ်ကျေးမှု(၃)ခု
(Cultural Traingle) ပေါင်းဆုံတဲ့ နေရာတစ်ခုဖြစ်နေတာကိုလည်း တွေ့ရှိရပါသည်။
သီရိလင်္ကာနိုင်ငံဟာ
ကျွန်းရဲ့အလည်ခေါင်တည်တည့်မှာ တည်ရှိပြီးတော့ ပေါလောနရုဝ၊ စိဂိရိယ၊ ဒမ္ဘူလဆိုတဲ့
ရှေးဟောင်းမြို့တော်(၃)ခုနှင့် အနုရာဓ၊ ကန္ဒီဆိုတဲ့ မြင့်မြတ်တဲ့ မြို့တော်စသည့်
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတွေ ပါဝင်တဲ့ ဧရိယာတစ်ခု ဖုံးအုပ်ကာရံထားတာကိုလည်း
တွေ့ရှိရမှာဖြစ်ပါ၏။
တောင်ထိပ်ပေါ်မတက်ခင် တောင်ခြေမှာ ဘုရားဖူးသံဃာအဖွဲ့လိုက် အမှတ်တရ
စိဂိရိယတောင်ကို
သီဟိုနိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ ဘာသာစကားဖြစ်တဲ့ ဆင်ဟာလိစကားဖြင့် (သီဟ-ဂိရိ)
ခြင်္သေ့တောင်(Lion Mountain)လို့လည်း ခေါ်ကြပါသေးတယ်။ ဤတောင်ကြီးကို လူအများ
စိတ်ဝင်စားလာအောင် အသက်သွင်း တီထွင်ဖန်တီးခဲ့သူကတော့ သီရိလင်္ကာနိုင်ငံရဲ့
ကြီးကျယ်ခမ်းနားတဲ့ မဟာဝံသသမိုင်းကျမ်းစာရဲ့ ပထမဦးဆုံး စာရေးဆရာဖြစ်တော်မူသည့်
ဗုဒ္ဓဘာသာ ပညာရှိရဟန်းတော်တစ်ပါး ဖြစ်တော်မူသည့်
ထင်ရှားတောက်ပခဲ့တဲ့ မဟာနာမမထေရ်မြတ်ရဲ့ တူတစ်ယောက်ဖြစ်သည့်
ကဿပဘုရင်မင်းမြတ်ဖြစ်ပြီး အေဒီ(497-479)လောက်မှာ တောင်ထိပ်နန်းတော်အဖြစ်
တည်ဆောက်ခဲ့ပါတယ်။်
တောင်ထိပ်ရှိ နန်းတော်ဟောင်းနေရာအား ဤသို့ တွေ့ရစဉ်
သီရိလင်္ကာနိုင်ငံရဲ့ ရှေးကျတဲ့
သမိုင်းရာဇ၀င်တွေကို မှတ်တမ်းတင်ထားတဲ့ မဟာဝံသကျမ်းကြီးမှာတော့ ကဿပမင်းသားဟာ
(CE-477)လောက်မှာ ဘုရင်ရဲ့တပ်မှူးလည်းဖြစ်၊ တူလည်းဖြစ်တဲ့ မိဂါရရဲ့ အကူညီကို ရယူကာ
ဖခမည်းတော်ဘုရင် ဒါတုသေနကို သတ်တဲ့လိုလို့လည်း ဖော်ပြထားပါတယ်။ နောက်ပီး
သူ့ရဲ့နောင်တော်ဖြစ်တဲ့ မောဂ္ဂလာန တရားဝင်ပိုင်ဆိုင်တဲ့ ထီးနန်းရာထူးပလ္လင်ကို
သိမ်းယူသူလို့လည်း ဖော်ပြထားပါသေးတယ်။
ထိုသို့သိမ်းယူပီးနောက် သူဟာ
နောင်တော်မောဂ္ဂလာန်ရဲ့ ပြန်လည်တိုက်ခိုက်မှာကို ကြောက်ရွံ့တဲ့အတွက်
လက်ရှိမိမိနေထိုင်ရာ အနုရာဓပူရမြို့ကနေ ပိုမိုစိတ်ချလုံခြုံမှုရှိတဲ့
စိဂိရိယတောင်ထိပ်ပေါ်ကို ပြောင်းရွှေ့ ထီးနန်းစံတော် မူခဲ့ပါတယ်။
တောင်ထိပ်ပေါ်သို့ အောင်မြင်စွာ ရောက်ရှိပြီးနောက် အဖွဲ့လိုက်အမှတ်တရ
ကဿပဘုရင် ထီးနန်းစိုးစံ
အုပ်ချုပ်သည့် (477-မှ 495)ကာလအတောအတွင်းမှာတော့ စိဂိရိယဟာ ခံတပ်မြို့ကြီးသဖွယ်
တိုးတက်စည်ကားလာခဲ့ပါတယ်။ စိဂိရိယ တောင်ထိပ်နှင့် တောင်ပတ်ပတ်လည်မှာ
အတွင်းစည်းရိုး အပြင်စည်းရိုး ကျုံးများကာရံကာ အတွင်းပိုင်းတွင် ရေချိုးစရာ ရေလှောင်ကန်၊
စိတ်ကြည်နူးစရာ ပန်းမာန်ဥယျာဉ်စတာတွေပါဝင်တဲ့ မှန်နံရံများတပ်ဆင်ထားသည့်
နန်းတော်ကြီးကို အသေးစိပ် ပြုပြင်မွမ်းမံပြီး ခံတပ်သဖွယ် လုံခြုံအောင်
စိတ်တိုင်းကျ တည်ဆောက်ခဲ့ပါတယ်။
တောင်ထိပ်ပေါ်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ကြတဲ့ နိုင်ငံခြားခရီးသည်များ
ဤသို့ ထီးနန်းစည်းစိမ်ကို
ခံစားနေစဉ် တစ်နေ့မှာတော့ ကဿပဘုရင် ရောဂါဝေဒနာ တစ်စုံတစ်ရာ
ဖိစီးနှိပ်စက်ခံရချိန်မှာ သူ့ရဲ့ညီငယ်ဖြစ်တဲ့ မုဂလန်(Mugalan)က
စိဂိရိယတောင်ကြီးကို (AD 495-512)လောက်မှာ
သံဃာရည်မှန်း ရေစက်ချလှူဒါန်းခဲ့ပါတယ်။
ဒီလိုနဲ့ အချိန်ကာလတွေ
ကြာညောင်းလာသည်နှင့်အမျှ စိဂိရိယတောင်ဟာ ဘုရင်နန်းတော်အဖြစ်ကနေ ယခုအချိန်ခါမှာတော့
ဘာသာ သာသနာရေးအတွက် မှီခိုးအားထားကိုးကွယ် ဆည်းကပ်ဖွယ်ရာ မြင့်မြတ်တဲ့နေရာလေး
တစ်ခုအနေနဲ့သာ တည်ရှိနေပါတော့သည်။
သြော်.. အလွမ်းဓာတ်ခံရှိသူများအတွက် လွမ်းမည်ဆိုရင်လည်း
လွမ်းလောက်ပါပေစွ စိဂိရိယ..