23/12/2013

နှစ်ယောက်တွဲလျှောက်မှာလား တစ်ယောက်တည်း လျှောက်မှာလား





ဘ၀သံသရာခရီးကို လျှောက်လှမ်းကြတဲ့အခါမှာ တစ်ယောက်တည်း
လျှောက်လှမ်းကြတာ ရှိသလို နှစ်ယောက်တွဲပီး လျှောက်လှမ်းကြတာလည်း
ရှိပါတယ်..တစ်ခါတစ်ရံ နှစ်ယောက်တွဲပီး လျှောက်ရတာ အဆင်ပြေသယောင်
ရှိပေမယ့် အဆင်မပြေတာတွေလည်း အများကြီးတွေ့နေရပါတယ်..
နှစ်ယောက်တွဲပီး လျှောက်လှမ်းဘို့ အဆင်မပြေဘူးဆိုရင်တော့
တစ်ယောက်တည်းလျှောက်လှမ်းရတာ အကောင်းဆုံးပါဘဲ..
မိမိအနေနဲ့ နှစ်ယောက်တွဲပီး မလျှောက်ရလို့လည်း စိတ်ဓာတ်မကျပါနဲ့..
ဥပမာအနေနဲ့ ပြောရရင် ဘုရားရှင်ရဲ့လက်ဝဲရံ လက်ယာရံဖြစ်ကြတဲ့
အရှင်သာရိပုတြာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့တွေဟာ
တစ်ခုသော ဘုရားရှင်လက်ထက်တော်ကာလ ငွေကြေးစည်းစိမ်ဥစ္စာ
ပြည့်စုံကြတဲ့ သူဌေးနှစ်ဦးဖြစ်ကြစဉ်မှာ အရှင်သာရိပုတြာလောင်း
သရဒသူဌေးဟာ ကာမဂုဏ်အာရုံအပျော်အပါးတွေကို စွန့်ခွါပီး
ဘ၀ထွက်ပေါက်လမ်းကို ရှာကြံဘို့ သွားခါနီးမှာ သူ့သူငယ်ချင်း
ဖြစ်တဲ့ အရှင်မဟာမောဂ္ဂလာန်လောင်းကို သူနဲ့အတူလိုက်ခဲ့ဘို့
ခေါ်ပေမယ့်လည်း ခေါ်မရတဲ့အခါမှာ သူ့သူငယ်ချင်းကို ပြောခဲ့တဲ့
စကားတစ်ခွန်းကတော့ တော်တော်လေး မှတ်သားစရာကောင်းပါတယ်..
“သူငယ်ချင်း..မင်းမလိုက်ခဲ့ချင်လည်း နေခဲ့တော့..ဘ၀ထွက်ပေါက်လမ်းကို
လျှောက်လှမ်းရှာဖွေတဲ့နေရာမှာ နှစ်ယောက်တွဲလျှောက်ဖို့
သူငယ်ချင်းအဖော်ဆိုတာ ငါ့ဘ၀အတွက်အရေးမကြီးပါဘူး “တဲ့…
အထက်ပါ စကားရဲ့အဓိပ္ပါယ်က ဘာလဲဆိုတော့
မိမိဘ၀အတွက် အကောင်းဆုံး အမွန်မြတ်ဆုံး အနှစ်သာရအရှိဆုံးဖြစ်တဲ့
မြတ်ဗုဒ္ဓရဲ့ တရားဓမ္မတွေဟာလည်း ပစ္စပ္ပန် တမလွန်ဘ၀လမ်းခရီးကို
လျှောက်လှမ်းတဲ့နေရာမှာ မိမိကျင့်ကြံအားထုတ်ရင် အားထုတ်သလောက်
တစ်ဖက်တစ်လမ်းကနေ အကူညီပေးလိမ့်မယ်..ဆိုတာပါပဲ..
ဆိုလိုချင်တာကတော့ ဘ၀လမ်းခရီးကို လျှောက်လှမ်းကြတဲ့နေရာမှာ
နှစ်ယောက်တွဲပီးပဲ လျှောက်လျှောက်
တစ်ယောက်တည်းပဲ လျှောက်လျှောက် အရေးကြီးတာက
ခရီးရောက်ဖို့ပါဘဲ.. နှစ်ယောက်တွဲပီး လျှောက်ပေမယ့်လည်း ခရီးမရောက်ဘူးဆိုရင် တစ်ယောက်တည်းပဲ လျှောက်လိုက်ပါ..

No comments:

Post a Comment