29/09/2010

မောင်မင်းစိုး(ရွှေနံ့သာ)သို့ အွန်လိုင်းပေးစာ

သို့/

မောင်မင်းစိုးရေ----

မောင်ရင်ပို့လိုက်တဲ့ နွေရာသီယဉ်ကျေးမှု မှတ်တမ်းနဲ့စာကြည့်တိုက်ဖွင့်ပွဲမှတ်တမ်းအခွေတွေ ရောက်နေပါပြီ မလေးရှား၊ စင်္ကာပူ၊ ကိုးရီးယားက ရွာသားတွေဆီကိုတော့ လူကြူံနဲ့ အဆင်ပြေအောင် ပို့ပေးလိုက်ပါ့မယ်….

မောင်ရင်လဲ နောက်ထပ် ရွှေဆံပင်တံတားအတွက် သီချင်းတွေ ထပ်ရေးနေပီကြားရတယ်.. သာမန်စာရေးဆရာတင်မဟုတ်တော့ဘဲ တေးရေးဆရာတောင် ဖြစ်နေပီနော်......

အေးကွာ ကျုပ်ကတော့ မောင်ရင်လုပ်ဆောင်ချက်တွေ ကြည့်ပီး အားကျဂုဏ်ယူနေရတော့မှာဘဲလေ .......

ဆက်လုပ်ပါမောင်ရင်ရေ..နောက်ကွယ်ကနေအားပေးနေပါတယ်၊ စကားမစပ်.. မောင်ရင်ဘလော့လဲ ဒီဇိုင်းတွေ ပြောင်းထားပါလားဗျ..မျက်စိတောင် လည်သွားမတတ်ဘဲဗျာ..မောင်ရင်အိမ်ကိုတော့ မကြာခဏရောက်ဖြစ်ပါတယ်..

ကျုပ်ကတော့ အရင်ဒီဇိုင်းလေးဘဲသဘောကျတာဗျ၊ ထားပါတော့ .ကျူပ်လဲ ကိုယ့် အိမ်ကိုတောင် မကပ်ဖြစ်ဘူး ခရီးလွန်နေလို့လေ ၊ဟိုတလောလေးကမှ မောင်ရင်ဆိုဒ်အတွက် နွေရာသီခရီးစဉ်မှတ်တမ်းဓာတ်ပုံတွေ တင်ဖြစ်တာလေ..အဆင်ပြေလားတော့ မသိဘူး..

ဟိုတစ်နေ့က အမှတ်မထင် မောင်ရင်လက်ဆောင်ပို့ပေးထားတဲ့ ဂလိုဘယ်လူငယ်များနှင့် စကားပြောခြင်း စာအုပ်လေးကို ဗီရိုထဲက တွေ့လို့ ကောက်ကိုင်မိတော့ "အားလံုးးဟာ
အရေးကြီးတယ်"ဆိုတဲ့ ဆောင်းပါးကို ဖတ်မိရင်း မောင်ရင်နဲ့ စကားလက်ဆုံကျခဲ့တဲ့ ညလေးတွေကို အရမ်းသတိရမိလေရဲ့....


ကိုရီးယားက ဦးဆန်းထွန်းကိုလည်း မောင်ရင်ပြောခိုင်းထားတဲ့ စာကြည့်တိုက် ဂုဏ်ပြူလွှာတွေအကြောင်း ပြောပီးပီနော်.. သူလည်း အရမ်းဝမ်းသာနေရှာတယ်ဗျ၊ သူ့အိပ်မက်တွေ အောင်မြင်သွားလို့ ထင်ပါရဲ့လေ..

မောင်မင်းစိုးရေ အခုတလော ဘန်ကောက် အပူချိန်ကလည်း မပြောပါနဲ့ လေပန်ကာတောင် ဆလံသရတယ်ဟ၊ အွန်လိုင်းတောင်မထိုင်နိုင်အောင်ဘဲဗျာ။

အင်း.. ကမ္ဘာကြီးကတော့ တဖြည်းဖြည်း ပူနွေးလာပီ၊ ဒါပေလည်း ကျုပ်တို့ကတော့ အေးခဲနေတုန်းဘဲရှိသေးတယ်..(ဘာမှ မလုပ်ဖြစ်သေးလို့)၊ကဲ ကဲ မောင်မင်းစိုးရေ စာရေးရင်း ချွေးဒီးဒီး
ကျလာလို့ ဒီလောက်နဲ့ပဲ တော်ကြစို့ဗျာ..နောက်မှ တွေ့ကြတာပေါ့..

လောကကောင်းကျိုး ဆထက်တိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းလျှက်..


ခင်မင်စွာဖြင့်----

ဆန်းသစ်အောင်(ခေတ္တ-B.K.K)