15/01/2012

ဆရာတော် ဦးသုမင်္ဂလ ဘ၀နတ်ထံ ပျံလွန်တော်မူ

ဦးသုမင်္ဂလ(သက်တော်၄၁-နှစ်၊သိက္ခာတော်-၂၁-၀ါ)

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ကျလန်(၁၃)လမ်း၊သလပ်ဘန်ခယ်၊၀ပ်တလုံးကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျှက်ရှိသော
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊
ပေါက်အင်းကျေးရွာ၊ ခမည်းတော် ဦးမောင်တိုး၊ မယ်တော် ဒေါ်အေးသွယ်တို၏ သား၊
သက်တော် ၄၁-နှစ်၊ သိက္ခာတော်၂၁-ဝါ ရှိ၊မြန်မာရဟန်းတော် ဦးသုမင်္ဂလသည်
(၁၃-၁-၂၀၁၂)သောကြာနေ့ ထိုင်းစံတော်ချိန် နံနက် ၁၁းနာရီအချိန်တွင် ရုတ်တရက်
သတိလစ်ကာ ဖိကစင် အမှတ်(၂)ဆေးရုံကြီး၌ ဘ၀နတ်ထံပျံလွန်တော်မူသွားသည်ကို
အမှတ်မထင် ကြားသိရပါသဖြင့် အထူးဝမ်းနဲမိပါကြောင်း ဝေးရပ်ဌာနေ မလေးမြေကနေ
ကျန်ရစ်သူများထံ အသိပေးအကြောင်းကြားအပ်ပါသည်။

အထက်ပါ ရဟန်းတော် ဦးသုမင်္ဂလသည် မိမိနှင့်အတူ ဗီဇာသက်တမ်းတိုးဖော်တိုးဖက်သူငယ်ချင်း
ဖြစ်သလို ထိုင်းနိုင်ငံကို မိမိနှင့်အတူ တစ်နှစ်တည်းရောက်သည့် သူငယ်ချင်းလည်းဖြစ်
သဖြင့် ယခုလို အမှတ်မထင်ပျံလွန်တော်မူသွားသည်မှာ မယုံနိုင်စရာပင် ဖြစ်မိပါ၏။
တဆက်တည်းဆိုသလိုပင် လွန်ခဲ့သော ၂၀၀၄-ခုနှစ်ကလည်း ရန်ကုန်မြို့ ကမ္ဘာအေး
မရမ်းကုန်းမြို့နယ် တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ (တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)အရှင်သူမြတ်သည်လည်း
ဤထိုင်းနိုင်ငံဘန်ကောက်မြို့ ဘန်ကောက်ဆေးရုံကြီး၌ပင် ပျံလွန်တော်မူခဲ့တာကို
ပြန်လည်အမှတ်ရမိရင်း နေထိုင်ခွင့်ဗီဇာသက်တမ်းမကုန်မှီမှာပင် ဘ၀သက်တမ်းကုန်သွား
ရှာလေသော သူငယ်ချင်း ဦးသုမင်္ဂလအတွက် ၀မ်းနဲစိတ်မကောင်းဖြစ်နေမိပါတော့
သတည်း။
ဇီဝိတံ မေ အဓုဝံ၊ မရဏံ မေ ဓုဝံ(ရှင်ခြင်းမမြဲ သေခြင်းမြဲ၏)

သံဝေဂလင်္ကာ

ဘယ်သက်ရွယ်မှာ၊ ဘယ်ရောဂါနှင့် ၊ဘယ်ခါကာလ၊ ဘယ်ဒေသ၌၊ သေရမည်မှာ၊ ဒို့သူငါ မှန်စွာ၊
မသိနိုင်ပါတကား။



No comments:

Post a Comment