Showing posts with label အတွေးကဏ္ဍ. Show all posts
Showing posts with label အတွေးကဏ္ဍ. Show all posts

20/07/2011

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးအတွက် အလှူရှင်အသီးသီးမှ ထာဝရငွေပဒေသာပင်များ စိုက်ထူလှူဒါန်း(နောက်ဆက်တွဲ)



















အလှူရှင်များအတွက် ဆုတောင်း
သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ၀ိသေသတော။

ပေးလှူကြသူ များဗိုလ်လူတို့ ဒါနစသား ကုသိုလ်တရား၌ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၍
ညီညွတ်မွေ့လျော် သာသနာတော်၌ မေ့လျော့ပမာဒ ကင်းစင်ပလျှက် သမ္မာဒေ၀ါ
နတ်ဗြဟ္မာတို့ အထူးယုယ စောင့်ရှောက်ကြသည် မုချဧကန် ဖြစ်စေသော်ဝ်

12/07/2011

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးအတွက် အလှူရှင်များမှ ထာဝရငွေပဒေသာပင်များ စိုက်ထူလှူဒါန်း

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာနှင့် English Language သင်တန်းကြီး
ရေရှည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ၁၃၇၃-ခုနှစ်၊ကဆုန်လဆန်း(၁၃)ရက်၊
(၁၅-၅-၂၀၁၁) တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းရွာ
ကမ္ဘာ့ရန်ကင်းကျောင်းတိုက်တာအတွင်း၌ သင်တန်းထာဝရငွေပဒေသာပင်
စိုက်ထူလှူဒါန်းပွဲကျင်းပရာ ကျေးရွာအသီးသီးရှိ အလှူရှင်ဦးရေ(၄၀)ကျော်တို့မှ
သင်တန်းကြီး၏ သြ၀ါဒစရိယဆရာတော် ဦးစိန္တာမယထံ ပေးအပ်လှူဒါန်းခဲ့ကြပြီး
ထာဝရငွေပဒေသာပင်အတွက် အလှူငွေစုစုပေါင်း(၁၀)သိန်းကျော်ခန့်ရရှိကြောင်း
သိရှိရပါတယ်။
ထာဝရငွေပဒေသာပင် စိုက်ထူလှူဒါန်းကြသည့် အလှူရှင်မှတ်တမ်း ဓာတ်ပုံများကိုလည်း
အများသူငါ မုဒိတာပွားတိုးနိုင်ရန်အတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။





















(အသိပေးခြင်း)ကျန်ရှိနေသေးသည့် အလှူရှင်မှတ်တမ်း ဓာတ်ပုံများကိုလည်း
ဆက်လက် ဖော်ပြပေးသွားပါမည်။


06/07/2011

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီး၏ စွမ်းဆောင်မှု ပုံရိပ်များ(အပိုင်း-၁-)




ဤနွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးကို
စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာ၊ကမ္ဘာ့ရန်ကင်း
ကျောင်းတိုက်တာအတွင်း၌ ဖွင့်လှစ်သင်ကြား လာခဲ့သည်မှာ ယခုအကြိမ်ပါ
ဆိုလျှင် (၆)ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။
မိမိရပ်ရွာ ဘာသာရေး၊ သာသနာရေးစိတ်ဓာတ် ပြင်းထန်ကြသည့်
မွေးရပ်မြေမှ သံဃာတော်အရှင်သူမြတ်လေးများ၏ မဆုပ်နစ်သော ဇွဲ၊လုံ့လ၀ီရိ ကြောင့်
သာလျှင် ယခုလို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ခြင်းဖြစ်သည်ဟု ကောက်ချက်ချရ
ပေမည်။
ယခုနှစ် (ဆဌမအကြိမ်)မြောက် ဖွင့်လှစ်သင်ကြားသည့် သင်တန်းကြီး
အနေဖြင့် ယခင်နှစ်များနှင့်မတူ တမူထူးခြားလာသည်ဟု ဆိုချင်ပါသည်၊အဘယ့်ကြောင့်
ဟူမူ စာရေးသူ စိတ်ထဲတွင် ဘယ်တုန်းကမှ မျှော်လင့်မထားသော မျှော်လင့်မထားရဲသော
မိမိရပ်ရွာမှ စေတနာရှင်များက ဤသင်တန်းကြီး ရေရှည်တည်တံ့စွာ ဖွင့်လှစ်နိုင်ရေး
အတွက် သင်တန်းရံပုံငွေများ အားတက်သရော ထည့်ဝင်လှူဒါန်းလာကြခြင်းဖြစ်ပါသည်။
ယခင် ဖွင့်လှစ်ပြီးစီးခဲ့သည့် (၅)ကြိမ်မြောက် အချိန်ကာလအထိ အခုလို
ရပ်ရွာမှ အားတက်သရော ထည့်ဝင်လှူဒါန်းကြသည့် အလှူရှင် များများစားစား မရှိခဲ့သော်လည်း
ဤအကြိမ် ဤနှစ်မှာတော့ မွေးရပ်မြေမှ အလှူရှင်ဦးရေ စုစုပေါင်း (၄၀)ကျော်ထိ ပါဝင်လှူဒါန်း
လာကြသည့်အတွက် အားလုံးကိုယ်စား အထူးပင် ကျေနပ်အားရ ပီတိဗလပွ ဖြစ်မိပါသည်။
"" ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ"" ဆိုသည့်အတိုင်း ယဉ်ကျေးလိမ္မာ ဗုဒ္ဓ
ဘာသာတရား စာပေများက ပြန်လည်စောင့်ရှောက်သည်ဟု ယူဆမိပါသည်၊ တစ်ချိန်က ဤ
သင်တန်းကြီး ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်မှ အလှူရှင် ဒကာ ဒကာများနှင့် ပြည်ပရောက်
မွေးရပ်မြေမှ စေတနာရှင် လူငယ်လေးများကို အားကိုးခဲ့ရပါသည်။
ယခုတော့ ""ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက်
ဖြောင့်ဖြောင့်လိုက်၏""ဆိုတဲ့အတိုင်း ပြည်ပရောက် အမျိုးဘာသာ သာသနာချစ်စိတ် ရှိသူများရဲ့
ရှေ့ဆောင်လမ်းပြကောင်းမှု သင်တန်းပြဆရာတော် အရှင်သူမြတ်လေးများရဲ့ မှန်ကန်သော
လုပ်ဆောင်ချက်များကြောင့် ရပ်ရွာသူ ရပ်ရွ့ာသားများလည်း သဒ္ဓါဓာတ်များ ကူးစက်ခါ
သင်တန်းရံပုံငွေ အလှူငွေများ ထည့်ဝင်လှူဒါန်းလာကြသည်မှာ ရပ်ရွာအတွက်သာ
သာမက သာသနာ ဘာသာအတွက်ပါ အကျိုးကြီးမားမည်မှာ မလွဲပါကြောင်းနှင့်
သင်တန်းကြီးရဲ့ စွမ်းဆာင်ချက် ပုံရိပ်များကို အပိုင်း(၁)အနေဖြင့် တင်ပြပေးသွားပါသည်။

တကယ်တော့ ဤသင်တန်းပြီးဆုံးခဲ့သည်မှာ တစ်လကျော်ခန့်ပင်ရှိချေပြီ၊
သို့သော်ငြားလည်း အချိန်မှီ မှတ်တမ်း ဓာတ်ပုံများ ရောက်မလာနိုင်ခဲ့သဖြင့် နောက်ကျပြီးမှ
တင်ပေးနိုင်ခြင်း ဖြစ်ပါသည်၊သို့အတွက်ကြောင့် နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်း
ကြီး၏ လုပ်ဆောင်ချက် မှတ်တမ်းဓာတ်ပုံများကို အခုလို မိုးရာသီရောက်မှ တင်ပေးနိုင်ခြင်းကို
နားလည်ခွင့်လွှတ်ပေးကြပါလို့ ပြောကြားရင်း အောက်ဖော်ပြပါ စွမ်းဆောင်ချက် ပုံရိပ်လေးများကို
ကြည့်ကာ ကြည်ညိုသဒ္ဓါစိတ်များ ပွားတိုးနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။



နွေရာသီ သင်တန်းကြော်ငြာ ပိုစတာဆိုင်းဘုတ်အား တွေရစဉ်
အာရုံတစ်ပါး စိတ်မသွားပဲ ကြိုးစားဖြေဆိုနေသည့် သမီးငယ်လေး
သင်တန်းသူ/သားလေးများ စာမေးပွဲဖြေဆိုနေကြစဉ်
သင်တန်းနည်းပြဆရာတော်များနှင့် အကျိုးတော်ဆောင် ဆရာတော်များ
သင်တန်းနည်းပြနှင့် သင်တန်းရံပုံငွေ ရှာဖွေရေးဆရာတော် ဦးဓမ္မ၀ရ

ဆုနှင်းသဘင် အခမ်းနာသို့ လာရောက်ကြသည့် ကျောင်းသား ကျောင်းသူလေးများ
ဤသင်တန်းကြီးမှ ပထမဆုံး မွေးထုတ်ပေးလိုက်သည့် စံပြ သင်တန်းသူလေးများ
ဤသင်တန်းကြီးမှ ပထမဆုံး မွေးထုတ်ပေးလိုက်သည့် စံပြ သင်တန်းသူလေးများ


သင်တန်းအောင်လက်မှတ်နှင့် ဆုပစ္စည်းများ ချီးမြှင့်နေစဉ်(နှစ်စဉ်ထာဝရ ပထမဆုရ)
ယဉ်ကျေးမှုသင်တန်း အကြီးအဖွဲ့မှ ဆုရရှိကြသည့် သမီးငယ်လေးများ
ယဉ်ကျေးမှုသင်တန်း အလတ်အဖွဲ့မှ ဆုရရှိကြသည့် သားငယ်သမီးငယ်လေးများ
ယဉ်ကျေးမှုသင်တန်း အငယ်အဖွဲ့မှ ဆုရရှိကြသည့် သားငယ်၊သမီးငယ်လေးများ



သဘာဝရဲ့ ရင်သွေးငယ်တွေ..





သင်တန်း ဆုနှင်းသဘင်အခမ်းနားအပြီး သင်တန်းပြ ဆရာတော်များနှင့်အတူ အမှတ်တရ

တရားအာရုံ စိတ်ဝယ်ထုံလျှက် လူကြီးများနည်းတူ နာယူနေကြသည့် သားငယ် သမီးငယ်လးများ
တရားဟော ဓမ္မပလ္လင်နှင့် လှပဝေဆာစွာ ပြင်ဆင်ထားသည့် တရားဟောစင်မြင့် ကလေးမြို့၊ချင်းဆိုင်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တ သုမင်္ဂလမှ ပထမညအဖြစ်ဟာကြားစဉ်
ဓမ္မကထိက ဆရာတော် ဦးပညာဇောတ(ရွှေနံ့သာစံပြ)မှ ဒုတိယညအဖြစ် ဟောကြားစဉ်
ဆရာတော် ဦးကေသရ(မေတ္တာK)မှ တတိယညအဖြစ် ဟောကြားစဉ်


တရားနာယူနေကြသည့် သင်တန်းသူလေးများနှင့် ရွှေနံ့သာဓမ္မစင်္ကြာဝတ်အသင်းသူများ



(အသိပေးမှာကြားချက်) ဤယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ သင်တန်း ရံပုံငွေအတွက်
ထည့်ဝင်လှူဒါန်းထားကြ
သည့် အလှူရှင်များ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း
ပြည်ပရောက်ရွာသူရွာသားများ
ဝမ်းမြောက်နုမော်သာဓုခေါ်နိုင်ရေးအတွက် အပိုင်း(၂)တွင်ဆက်လက်ပြီး ဝေေ၀ဆာဆာ
ဖော်ပြ
ပေးသွားပါမည်။