23/12/2013

“ကိန္နရီ ကိန္နရာတို့ လူစကားမပြောကြခြင်းရဲ့းအကြောင်း(၂)ချက်



အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဘုရားရှင်က ကိန္နရာတို့
လူစကားမပြေားရခြင်း အကြောင်းနှစ်မျိုးကို မိန့်တော်မူတယ်။
ရဟန်းတို့၊ ကိန္နရာတို့ဟာ အကျိုးထူးနှစ်မျိုးကို မြော်မြင်ပြီး
လူစကားကို မပြောကြဘူး။
ဘာတွေလဲဆိုရင်.....
၁။ မဟုတ်မမှန်သောစကားကို ငါတို့ မပြောဆိုမိကြပါကုန်လင့်၊
၂။ သူများကိုလည်း မဟုတ်မမှန်သောစကားဖြင့် ငါတို့ မစွပ်စွဲမိကြပါကုန်လင့်။
ဤအကျိုးနှစ်မျိုးကို မြော်မြင်ကြလို့ ကိန္နရာတို့ဟာ လူစကားကို မပြောကြကုန်တဲ့။
လူစကားပြောရမှာ တော်တော်ကြောက်ကြတာပါလား။ ကြောက်လည်း ကြောက်ချင်စရာပါ။
စကားကလည်း ပြောပါများရင် အမှန်နည်းပြီး အမှားများလာတယ်။
လိမ်ညာစကား၊ ပြိန်ဖျင်းစကား၊ အတင်းစကား၊ ရန်စကား၊ အကျိုးမဲ့ ဟိုရောက်ဒီရောက်စကား၊
သူများမကောင်းကြံတဲ့စကား၊ ကဲ့ရဲ့တဲ့စကား၊ နှိမ့်ချတဲ့စကားစတာတွေ ပြောဖြစ်တာများတယ်လေ။
ဒါကြောင့်လည်း ပညာရှိတွေဟာ စကားပြောနည်းကြတယ်။
ပြောရင်လည်း ပညာနဲ့ ယှဉ်တဲ့စကားကိုပဲ ရွေးပြောကြတယ်။
ကြမ်းကျွံရင် နှုတ်လို့ရတယ်။ စကားကျွံရင် နှုတ်လို့မရဘူးလေ
သာမန်နမော်နမဲ့နဲ့ ပြောလိုက်မိတဲ့စကားတစ်ခွန်းကြောင့်
သံသရာထိပါ ၀ဋ်လိုက်ခံရတဲ့ သာဓကတွေ ရှိတာတာပဲ။
ဒါကြောင့် မပြောမီ ဆင်ခြင်၊ ဆင်ခြင်ပြီးရင် သတိနဲ့ပြော။
ဒါဆိုရင် တန်ဖိုးရှိတဲ့ ရွှေစကားတွေ ထွက်လာမှာပေါ့။

                                            (Ashin Kavisara)ပေ့မှ ကူးယူဖော်ပြပါသည်..


1 comment: