24/10/2009

(chatting)ချက်တင်အတွေးတစ်စ

ဘယ်နေရာမှာ နေတာဆိုလဲ
ငါမသိချေ..အခက်ပွေ၏
ဘယ်သူဘယ်ဝါ ဆိုတာကိုလဲ
ငါမသိချေ...အခက်ပွေ၏
ဘာလုပ်ကိုင်တယ် ဆိုတာကိုလဲ
ငါမသိချေ...အခက်ပွေ၏
ပျိုငယ် ၊အိုပယ် ဆိုတာကိုလဲ
ငါမသိချေ..အခက်ပွေ၏
သူကငါကို ချစ်ရေးဆိုလဲ
ခေါင်းညိတ်ရလေ..ပီတိဝေ၏
သူကငါကို မုန်းတယ်ဆိုလဲ
ခံစားရလေ..သောကဝေ၏
သို့သော်ငြားလည်း...
ချက်တင်ထိုင်ရင်း
ချစ်ဇာတ်ခင်းကြသဘာဝမို့
ချက်တင်အချစ် စိတ်မညစ်နဲ့
ဆက်၍ချက်ပါ အားပေးပါ၏
သို့သော်ငြားလည်း
ချက်တင်မှာမြဲ ဒူလာမစွဲဘို့
လက်တို့ ပြီးတော့ ပြောရဦးမယ်(နားထောင်ကြနော်)
၁။ငါတို့နေရာ ဤကမ္ဘာ ချက်တာခေတ်စားသည်။
၂။ချက်တင်စေရာ မနေသာ ဖွေရှာချက်ရသည်။
၃။ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူတွေလဲ ချက်ကြသည်။
၎။ချက်တဲ့ထဲမှာ အများစုဟာ လူလိမ်တွေက များလှသည်။
၅။ချက်တင်မှာဘဲ ထိုင်နေမြဲ ဒူလာစွဲဘို့ နီးခဲ့ပြီ။

ဆန်းသစ်အောင်


20/10/2009

မမျှော်လင့်ဘဲစည်ကားသွားခဲ့တဲ့စုပေါင့်းမဟာဘုံကထိန်ပွဲ

ကထိန်လျှာသင်္ကန်များကိုင်ဆောင်လျှက်စီတန်းလှည့်လည်နေကြသောမြန်မာလုပ်သားများ
ဘန်ကောက်မြို့ရှိ မြန်မာဒကာ၊ ဒကာမများစုပေါင်း၍ ယမန်နေ့က ဘန်ခဲ ၀ပ်တလုံးကျောင်းတိုက်တွင် ကထိန်သင်္ကန်းကပ်ပွဲကို အကြီးအကျယ် ကျင်းပနိုင်ခဲ့သဖြင့် နောက်လာမည့် မြန်မာစာသင်သားရဟန်းတော်များအတွက် လမ်းပွင့်သွားစေကြောင်း အဆိုပါကျောင်းတိုက်မှ စာသင်သား သံဃာတဦးဖြစ်သည့် ဦးကုဏ္ဍလက မိန့်ကြားသည်။

“ဦးဇင်းတို့ မြန်မာစာသင်သား ရဟန်းတော်တွေအနေနဲ့ ဘန်ကောက်မှာ စာလာသင်တဲ့အခါ နေထိုင်ရေးက အရမ်းအခက်အခဲ ဖြစ်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာစာသင်သား သံဃာတော်များကို နေထိုင်ခွင့်ပေးတဲ့ ကျောင်းတိုက် အတော်ရှားပါတယ်။ အခုဒီ ၀ပ်တလုံးဆရာတော်ကြီးကတော့ မြန်မာစာသင်သား ရဟန်းအများအပြားကို နေထိုင်ခွင့် ပေးထားတဲ့အပြင် မြန်မာဒကာ၊ ဒကာမတွေရဲ့ ကထိန်ပွဲပြုလုပ် လှူဒါန်းခွင့်ကိုလည်း ခွင့်ပြုပေးခဲ့တဲ့အတွက် ဦးဇင်းတို့ လက်ထက်သာမက နောင်လာမယ့် မြန်မာစာသင်သား ရဟန်းတော်တွေအတွက်ပါ အလားအလာကောင်းတွေ ရှိသွားစေတာ ဖြစ်ပါတယ်” ဟု အဆိုပါသံဃာတော်က မိန့်ဆိုသည်။

မြန်မာစာသင်သား ရဟန်းတော်များသည် သီရိလင်္ကာ၊ အိန္ဒိယ၊ နိပေါနှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံး စာပေသင်ကြားနေကြရာ ထိုင်းနိုင်ငံတွင် မြန်မာဘုန်းကြီးကျောင်း မရှိခြင်းကြောင့် သီတင်းသုံးနေထိုင်ရေးအတွက် အခက်တွေ့ကြရသည်။

“ဒီမှာက မြန်မာဘုန်းကြီး ကျောင်းထိုင်တဲ့ကျောင်း မရှိသေးဘူး။ ဦးဇင်းတို့အနေနဲ့ မဟာချူလာလောင်ကွန် ဗုဒ္ဓတက္ကသိုလ် တက်ခွင့်ရပေမယ့် နေထိုင်ရေးကျတော့ အခက်တွေ့ကြရတယ်။ ၀ပ်တလုံးဆရာတော်ကြီးက အရိပ်ခိုလှုံခွင့်ပေးထားလို့သာ အခုလို မြန်မာရဟန်းတော်တွေ များများစုဝေး သီတင်းသုံးခွင့်ရခဲ့ကြတာ” ဟု ဦးပညာက မိန့်ဆိုသည်။

ဘန်ခဲ ၀ပ်တလုံးကျောင်းတိုက်တွင် မြန်မာစာသင်သားရဟန်းတော် (၅၂) ပါးအပြင် ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေရှ့်မှ စာသင်သား ရဟန်းများကို ကျောင်းထိုင်ဆရာတော်ကြီးက နေထိုင်ခွင့်ပြုထားသည်။

ဝပ်တလုံးကျောင်းထိုင်ဆရာတော် ဖရမဟာဘုန်းထိန်ဇုတိနြေ္ဓာက “ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုဆိုတာ နိုင်ငံတွေ ကွဲပြားနေပေမယ့် ဗုဒ္ဓဘာသာဝင်တွေ အများဆုံးရှိနေကြတာမို့ ဘုန်းကြီးအနေနဲ့ကတော့ အားလုံးဟာ အတူတူပဲလို့ မြင်မိတယ်” ဟု မိန့်ဆိုသည်။

မြန်မာစာသင်သားရဟန်းအများအပြား သီတင်းသုံးနေသည့် အဆိုပါကျောင်းတိုက်တွင် ယမန်နေ့က ဖလန်ဆန်စာထုပဒီ၊ ဖုထပူချာ (၄၄)၊ ဖိကာစင် ၆၂/၁ စသည့် အထည်ချုပ်စက်ရုံ (၃) ရုံမှ မြန်မာလုပ်သားများ ဦးဆောင်၍ ကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပရာ မြန်မာ ဒကာ၊ ဒကာမ (၁,၀၀၀) ခန့် လာရောက်လှူဒါန်းခဲ့ကြသည်။

“အရင်က ကျနော်တို့အနေနဲ့ လှူချင်တန်းချင်ရင်တောင် အခက်အခဲတွေရှိခဲ့ပါတယ်။ အခုတော့ ဒီကျောင်းမှာ မြန်မာသံဃာတွေလည်းရှိ၊ ဆရာတော်ကလည်း ခွင့်ပြုဆိုတော့ ပထမအကြိမ် ကထိန်သင်္ကန်းကပ်ပွဲ လုပ်နိုင်ခဲ့ကြတာပါ။ အလုပ်သမားတွေမှာ အလုပ်လုပ်ခွင့်ကတ်ရှိပေမယ့် နယ်ကျော်အခက်အခဲရှိပါတယ်။ ဒါပေမယ့် အဖမ်းအဆီးမရှိအောင် ၀ပ်တလုံးဆရာတော်က စီစဉ်ပေးခဲ့တဲ့အတွက်လည်း ဒီလောက်များများစားစား လာရောက်နိုင်ကြတာပါ။ ဒီလောက် လူများလိမ့်မယ်လို့ ကျနော်တို့ ထင်မထားခဲ့ဘူး”ဟု ကထိန်ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ခဲ့သူတဦးဖြစ်သည့် ကိုရေချမ်းက ပြောသည်။

အထည်ချုပ်စက်ရုံများမှ မြန်မာလုပ်သားများဦးဆောင်သော ကထိန်သင်္ကန်းကပ်ပွဲတွင် ဘတ်ငွေ (၁၃၀,၀၀၀) ကျော် လှူဒါန်းနိုင်ခဲ့ကြပြီး ငါးထပ်ကျောင်းဆောင် တည်ဆောက်ရေးအတွက်လည်း ဘတ်ငွေ (၂၄,၀၀၀) ကျော် လှူဒါန်းခဲ့ကြသည်။

“ကျနော်တို့ရဲ့ ချွေးနဲစာလေးတွေထဲက တလလောက်ကြိုစုပြီး လှူဒါန်းခဲ့ကြတာပါ။ အခုလို လှူဒါန်းခွင့်ရတဲ့အတွက် အများကြီး ပီတိဖြစ်ရပါတယ်။ နောက်နှစ်တွေမှာလည်း ဆက်လုပ်ဖြစ်သွားအောင် ကြိုးစားကြမှာပါ။ ကျနော်တို့ စက်ရုံတွေကတစ်လတစ်ကြိမ်စုပေါင်းပြီးဆွမ်းကပ်နေသလိုဓမ္မစင်္ကြာဝတ်အသင်းလည်းလည်းဒီကျောင်းမှာဘဲဖွဲ့
စည်းနိုင်ခဲ့ပါပြီလို့ စက်ရုံလုပ်သားတစ်ဦးကပြောကြားသွားပါတယ်၊။

ခေတ်ပြိုင်မှကူးယူဖော်ပြပါသည်

18/10/2009

တန်ဆောင်တိုင်ဖူးစာ စင်တင်ပြဇာတ်အား မကြာမှီတင်ဆက်ပေးသွားမည်

ပြီးခဲ့တဲ့နှစ်ကစစ်ကိုင်းတိုင်း၊တမူးခရိုင်၊ကလေးမြို့နယ်၊ရွာတစ်ရွာတွင်ကျင်းပပြုလုပ်သောတန်ဆောင်တိုင်ပွဲ၌
ကျွန်တော်စီစဉ်တင်ဆက်ကပြခဲ့တဲ့တန်ဆောင်တိုင်ဖူးစာအမည်ရှိဤစင်တင်ပြဇာတ်အားတန်ဆောင်တိုင်ပွဲ
တော်ကို
ုကြိုဆိုဂုဏ်ပြုသောအားဖြင့်မျိုးဆက်သစ်ပရိသတ်ကြီးအတွက်မကြာမှီတင်ဆက်ပေးသွားမည်ဖြစ်
်ကြောင်းသတင်းကောင်းပေး
အပ်ပါသည်။

ဆန်းသစ်အောင်

12/10/2009

စုပေါင်းရွှေဆံပင်လှူဒါန်းပွဲ အခမ်းအနားတစ်ရပ်ကျင်းပ (ရန်ကုန်)

ဒေသခံသံဃာတော်များဦးဆောင်၍ဆောက်လုပ်လျှက်ရှိသောရွှေဆံပင်တံတားကြီးအားတွေ့ရစဉ်
မဘုန်းပြည့်နော်ဖြူ(စတုတ္ထတန်း)အေးချမ်းသာယာလမ်း၊ငါးထပ်ကြီးဘုရားရှေ့မှလာရောက်လှူဒါန်းနေစဉ်
(၁၁)ရပ်ကွက်၊တောင်ဥက္ကလာပမှအမျိုးသမီးတစ်ဦးကလှူဒါန်းဘို့ရန်အတွက်ရိတ်ဖြတ်နေစဉ်
အလှူရှင်တစ်ဦးကအကျိုးတော်ဆောင်ဆရာတော်ထံလှူဒါန်းနေစဉ်
မြန်မာ့ရုပ်မြင်သံကြား(MRTV-4)မှမေးမြန်းသူမသဉ္ဇာကလှူဒါန်းဘို့ရန်အတွက်ရိတ်ဖြတ်နေစဉ်

စစ်ကိုင်းတိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပနှင့် အမေရေယာဉ် နန်းရင်းသို့သွားရာ ပင်မလမ်းမကြီးဖြစ်ဖြစ်သည့် ကျေးရွာပေါင်း(၆၀)ကျော်၊ လူဦးရေ(၅၀၀၀၀)ကျော်တို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျမ်းမာရေးစသည့်တို့အတွက် မှီခိုအားထားရာဖြစ်သော လည်ငေါက်၊ ချင်ပြစ်သို့သွားရာလမ်းဝယ်၊ မြန်မာအမျိုးသမီးများ၏ စွမ်းအားဖြင့် တည်ဆောက်မည့် ရွှေဆံပင်တံတားအတွက် ရန်ကုန်ရွှေမြို့သူများ၏ စုပေါင်း ဆံပင်လှူဒါန်းပွဲတစ်ရပ်ကို တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်အတွင်း၌ (၉-၁၀-၂၀၀၉)ရက်နေ့က ကျင်းပရာ သတင်းဌာန များနှင့် မီဒီယာများမှ လာရောက်ကြပြီး သတင်းများမေးမြန်းကြရာ၊ အလွှာအသီးသီးမှ အလှူရှင်များသဒ္ဓါတရား ထက်သန်စွာဖြင့် လာရောက်လှူဒါန်းခဲ့ကြသည်။ ယခုအခါ ရန်ကုန် ရွှေမြို့သူများအနေဖြင့် လာရောက်လှူဒါန်းထားသော ဆံပင်များအဖြစ် လူဦးရေ(၃၈၀)ကျော်၊ ဆံပင်ပိဿာ အားဖြင့်(၂၈) ပိဿာရှိပြီး၊ လှူဒါန်းထားသော ငွေများအနေဖြင့် ကျပ်(၇)သိန်းကျော် ရှိသွားပြီဖြစ်သည်။ မကြာခင်အချိန်မှာ ကျင်းပပြုလုပ်မည့် စုပေါင်းရေစက်ချပွဲကိုလည်း ကျင်းပသွား မည်ဖြစ်ရာ၊ ကျင်းပပြုလုပ်မည့် ရက်အားလည်း ဂျာနယ်များနှင့် သတင်းစာများမှာ ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လာရောက်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် အရှင်ဉာဏိဿရ၊ တိပိဋကမဟာဂန္ဓာရုံကျောင်း၊ ကမ္ဘာအေး၊ မရမ်းကုန်း၊ ရန်ကုန်၊ ဖုံး-၀၉-၅၁၂၁၈၉၁နှင့် အရှင်ရာဇိန္ဒ၊ အမှတ်(၆)၊ ရွှေပိဋကတ်တိုင်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီး၊ အာဇာနည်လမ်း၊ ဗဟန်း၊ ဖုံး-(တဆင့်)၃၈၄၃၆၃-သို့ ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း သိရှိရ ပါသည်။

Your browser may not support display of this image.ဆန်းသစ်အောင်

(အသိပေးခြင်း) ရွှေနံ့သာမောင်မင်းစိုးမှပေးပို့လာသောသတင်းကိုမျှဝေဖော်ပြပါသည်။

09/10/2009

မိမိမေးထဲသို့နှစ်ကြိမ်မြောက်ရောက်လာသောစာတစ်စောင်

Web-Stat support : your account santhitaung09 has expired







Inbox
X







|

helpdesk@web-stat.com

to me
show details 6:18 PM (8 hours ago)

Hello,

Your 30-day free trial Web-Stat account has expired

your user ID: santhitaung09
your password: (...............)
monitoring : http://santhitaung.blogspot.com

To review your web site traffic stats, click on the link below:

http://www.web-stat.com/stats/checkstats.pl?oc=53616c7465645f5f47495fdfe391abfecd7374e5a4898d18e904b89731f3137d

Your account still exists but it will not register any new visits. We will keep it on file for another 6 days ; during this period, you will be able to re-start your web site traffic analysis simply by registering from :

https://www.web-stat.com/register2.pl?oc=53616c7465645f5f47495fdfe391abfecd7374e5a4898d18e904b89731f3137d

Remember that registration will make your Web-Stat account permanent. It starts at $5 per month (for a regular account) and is completely risk-free since it can be canceled at any time.

If you have any questions or concerns, feel free to write back and we'll do our very best to help.

We would like to thank you very much for having tried Web-Stat on your site and we sincerely hope that you will choose to stay with us !

Sincerely,

The Web-Stat support team
http://www.web-stat.co
(မေတ္တာရပ်ခံခြင်း) ဤမေးထဲရောက်လာသောစာလေးကိုဖတ်ပြီးရင်ဝေဖန်အကြံပြုသွားခဲ့ကြ့ပါဦး

07/10/2009

ဘုန်းကြီးပျံပွဲမှာတပည့်ဒကာမတွေကအကဖြင့်ပူဇော်




အညာဒေသကဘုန်းကြီးပျံပွဲတစ်ခုမှာ တပည့်ဒကာမများကအကဖြင့်ပူဇော်ကြပုံလေးကို
မမြင်စဖူးအမြင်ထူးတာနဲ့ www.yoytube.comရဲ့အကူညီရယူပြီမျိုးဆက်သစ်ပရိသတ်
တွေအတွက်တင်ပေးလိုက်ပါတယ်၊ဘယ်လိုသဘောရကြလဲမသိဘူးဗျ..ကြည့်ပြီးရင်လည်း
လွတ်လွတ်လပ်လပ်အော်သွားကြပါဦး......

ဆန်းသစ်အောင်

06/10/2009

(Blog)ဘလော့နှင့်ပတ်သက်၍သူတို့အမြင် သူတို့အထင်

6 Oct 09, 18:20
flowerpoem: တစ်ခု၂ Announce လုပ်တာဖြစ်မှာပါ..
6 Oct 09, 18:19
flowerpoem: ကျွန်မတို့မေးထဲ့တော့အဲဒီစာမလာဘူးရှင့် Blogspot ကသက်တမ်းပြည့်တယ်ဆိုတာ
မရှိဘူး co.cc ပဲဖြစ်တာပါ
6 Oct 09, 13:09
flowerpoem: ကိုဆန်းသစ်အောင် အလည်လာပါတယ် ဘာကို ဆိုလိုတာလည်း မသိဘူး
ဘလော့မှတ်ပုံတင်ဆိုတာ သေချာနားမလည် ဖူး ဖြစ်နေလို့ပါ
4 oct 09,3:32
နှင်းဆီပန်းချစ်တဲ့ကောင်မလေး: မေလေးဆီလဲ အဲလိုမေးမျိုးလာဖူးတာပါဘဲ ဘာမှမဖြစ်ပါဘူး
4 Oct 09, 00:46
အရာတော်မြေ: ကိုဆန်းသစ်ရေ .. Domain ပြောင်းဗျာ .. အဆင်ပြေမယ်ထင်တယ်ဗျ
(ကျေးဇူးတင်ရှိခြင်း) ဘလော့နှင့်ပတ်သက်ပြီးစိတ်ထဲမှာ သံသယဖြစ်နေသော ကျွန်တော်အား
အကြံဥာဏ်များပေးခဲ့ကြသောအထက်ပါအစ်ကိုအစ်မများအားအထူးကျေးဇူးတင်ရှိပါကြောင်း
ပြောကြားအပ်ပါသည်။
ဆန်းသစ်အောင်

02/10/2009

မြန်မာ့ဓလေ့သီတင်းကျွတ်လပြည့်နှင့်အမှတ်တရများ


မြန်မာ့ရိုးရာဆီမီးခွက်လေးများ

ဤလောကကြီးထဲ၌မှီတင်းနေထိုင်ကြသောလူသားများအဖို့တစ်နည်းမဟုတ်

မဟုတ်တစ်နည်းကျေးဇူဆပ်စရာတွေအသီးသီးရှိနေကြသည်
်မှာအမှန်ပင်

ထိုအထဲတွင်မြတ်ဗုဒ္ဓလည်းအပါဝင်ဖြစ်၏၊သို့သော်မြတ်ဗုဒ္ဓ၏်ကျေးဇူးဆပ်

နည်းကားစိတ်ဝင်စားစရာအင်မတန်ကာင်းလှပေသည်
၊လူအများစုကျေးဇူး

ဆပ်နေကြသည်မှာရုပ်ဝတ္ထုပစ္စည်းများဖြင့်ပေးကမ်း၍ဆပ်နေကြချင်းပင်၊

မြတ်ဗုဒ္ဓကားထိုသို့မဟုတ်၊မိမိရဲ့နှလုံးသားထဲ
ဲမှာတည်ရှိနေသည့်အဘိဓမ္မာ

(၇)ကျမ်းဟူသောဓမ္မဖြင့်ကျေးဇူးဆပ်ခြင်းပင်၊အမေ့ကျေးဇူးဆပ်နည်း(၅)မျိုးအနက်

နောက်ဆုံးနည်းဖြင့်ဆပ
်ခြင်းဟုဆိုရပေမည်။တစ်ခုသောနေ့တစ်နေ့မှာမြတ်ဗုဒ္ဓ၏

အထွေးစိတ်ကူးထဲ၌အမေ့မျက်နှာပုံရိပ်မြင်ယောင်လာခဲ့လေပြီ၊ထိုပုံရိပ်ကိုဟိုဟို

ဒီဒီ
အတွေးနယ်ချဲ့ကြည့်လိုက်သည့်အခါမှာတော့မိမိအားလူလားမြောက်အောင်

အမေရင်းတစ်ယောက်ပမာဆက်လက်ပြုစုစောင့်


သီတင်းကျွတ်လပြည့်ည၌ပဌာန်းရွတ်ဖတ်ပူဇော်နေကြသည့်သ္မီးငယ်လေးများ


ရှောက်ခဲ့သောမိဒွေးတော်ဂေါတမီပင်၊မှန်ပါသ်၊၄င်းမိဒွေးတော်ဂေါတမီဟာ

မိခင်ရင်းမယ်တော်မာယာမရှိတော့တဲ့နောက်ဂေါတမဘုရားလောင်းသိဒ္ဓတ္ထမင်း

သားလေးကိုနို့ချိုတိုက်ကျွေးလျှက်ဆက်လက်ပြုစောင့်ရှောက်ပေးခဲ့သောဒုတိယ

မြောက်မိခင်တစ်ဦးပေတည်း၊(ဘုရားလောင်းတို့၏မိခင်မှန်သမျှသည်
ဘုရားလောင်း

ဖွားမြင်ပြီးရက်သတ္တပတ်ကြာတွင်စုတေရရိုးဓမ္မတာဖြစ်သည့်အလျှောက်မယ်တော်မာယာ


သည်လည်းသိဒ္ဓတ္ထမင်းသားလေးကိုဖွားမြင်ပြင်ပြီးနောက်ရက်တစ်ပတ်အကြာတွင်

စုတေရလေ၏
)မြတ်ဗုဒ္ဓကျေးဇူးဆပ်မည့်အချိန်မှာတော့မိဒွေးတော်ကလူ့လောကမှာ

မရှိတော့ပေ၊သို့အတွက်မြတ်ဗုဒ္ဓအနေနဲ့ဥာဏ်တော်ကွန်ယက်ဖြန့်ကျက်ကြည့်လိုက်

သည့်အခါမှာတော့မိဒွေးတော်ဟာတာဝတိသာနတ်ပြည်မှာသန္တုဿိတနတ်သားအဖြစ်နဲ့
ဲ့
နတ်စည်းစိမ်တွေကိုခံစားနေတာကိုမြင်တော်မူခဲ့ပါပြီ။

လပြည့်ညဖယောင်းဆီမီးတိုင်လေးများရဲ့အလှတရားနှင့်အပြိုင်
၊ဒါကြောင့်ကျေးဇူးဆပ်ရေးအတွက်တာဝတိံသာနတ်ပြည်ကိုကောင်းကင်ခရီး

(နှစ်လှမ်းသုံးဖ၀ါး)ဖြင့်ကြွမြန်းပြီးဘ၀ဟောင်းကမယ်တော်ဖြစ်ခဲ့ဘူးတဲ့သန္တုဿိတ

နတ်သားကိုအမှူးပြု၍နတ်ဗြဟ္မာအပေါင်းတို့အားအင်မတန်ထူးဆန်းနက်ရှိုင်းလှစွာ

သောအဘိဓမ္မာ(၇)ကျမ်းကိုဟောကြားတော်မူခဲ့ရာဝါတွင်းသုံးလတိုင်အောင်ကြာ

သွားခဲ့လေ၏၊ဤကားမြတ်ဗုဒ္ဓ၏မယ်တော်အတွက်ထိုက်တန်စွာကျေးဇူးဆပ်လိုက်

ခြင်းပေတည်း၊အဘိဓမ္မာ(၇)ကျမ်းကိုဟောကြားတော်မူပြီးနောက်သီတင်းကျွတ်

လပြည့်နေ့မှာတော့မြတ်ဗုဒ္ဓအနေဖြင့်လူ့ပြည်သို့ပြန်ကြွခဲ့ရာလူ့ပြည်မရောက်ခင်

လမ်းခရီးစဉ်အတွင်းမှာသင်္ကဿနဂိုရ်ပြည်သို့လည်းကြားခရီးစဉ်အဖြစ်ကြွမြန်းခဲ့

ရပြီးလူ့ပြည်သို့ပြန်လည်ကြွချီခဲ့ရာရောက်ခါနီးတွင်လူနတ်ဗြဟ
္မာများကမီးရှုးမီးတိုင်

များဖြင့်စည်ကားစွာကြိုဆိုခဲ့ကြသည့်မြင်ကွင်းကားစိတ်ထဲတွင်ကြည်နူးစရာအတိပေတည်း၊

ဤကဲ့သို့သောအလေ့အထများကိုအတုလိုက်၍ယ္ခုခေတ်လူများကလည်းသီတင်းကျွတ်လ

ပြည့်ညရောက်တိုင်းစေတီပုထိုးအစရှိသောမြင့်မြတ်သောနေရာများ၌ဆီမီးများညှိထွန်းခြင်း၊

ဘုရားရင်ပြင်တော်များ၌ဆီမီးတစ်ထောင်ထွန်းညှိခြင်းများ

ပြုလုပ်လာကြလေတော့၏၊အညာဒေသမိမိခလေးဘ၀တုန်းကတော့အမေခိုင်းတဲ့အတိုင်းအိမ်ဝန်းခြံအတွင်း
ရှိရေတွင်း၊အိမ်လှေခါးထစ်၊မီးဖို၊နွားစာခေါင်း၊ပဲစပါးကျည်တိုက်၊အိမ်ပေါက်ဝ၊စသောနေရာများသို့ဆီမီးခွက်
တွေလိုက်ထွန်းရတာကလဲယ္ခုထိမေ့မရနိုင်တဲ့ပျော်စရာပုံရိပ်လေးတွေပါဘဲ၊မြန်မာလူမျိုးတွေရဲ့ချစ်စရာရိုးရာ
ဓလေ့တစ်ခုဖြစ်တဲ့သက်ကြီးရွယ်အိုမိဘဘိုးဘွားများအားမုန့်စတဲ့ပစ္စည်းးတွေကိုလိုက်ပြီးကန်တော့ရသည်က
လဲဤသီတင်းကျွတ်လရဲ့ဆွဲအားတစ်ခုလို့ဘဲဆိုရမလားမသိ၊မိမိခလေးဘ၀တုန်းကတော့အဘိုးအဘွားတွေဆီ
သွားပြီးမုန့်ထုတ်တွေလိုက်ကန်တော့ရသည်မှာမမောနိုင်မပန်းနိုင်ပျော်လို့မဆုံးအောင်ဖြစ်ခဲ့မိတာအမှန်ဘဲ၊
အညာဒေသနေအဘိုးဘွားတွေရဲ့လာရောက်ကန်တော့ကြတဲ့မြေးလေးတွေအတွက်ဆုပေးစကားလေးက
လည်းအခုထိရင်ထဲမှာအမှတ်ရနေဆဲဘဲ....သာဓု.သာဓု..သာဓု..ဤသို့ကန်တော့ရသောအကျိုးအားကြောင့်
ဘုန်းကြီးလို့အသက်ရှည်ပါစေတဲ့လေ...
တကယ်တော့သီတင်းကျွတ်လပြည့်နေ့ဟာဘာသာရေးဘက်ကကြည့်ပြန်ရင်လဲအဘိဓမ္မာအခါတော်နေ့ဖြစ်
သည့်အလျှောက်နေရာတိုင်းမှာအဘိဓမ္မာ(၇)ကျမ်းဝတ်ရွတ်ပွဲ၊အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတွေ
ကျင်းပကြတာကိုတွေ့ရပါတယ်၊၀ါတွင်းသုံးလပတ်လုံးလောင်းလှူလာခဲ့ကြတဲ့မြို့နယ်ရပ်ကွက်အသီးသီးက
ဆွမ်းလောင်းဓမ္မာရုံတွေဟာလည်းဒီသီတင်းကျွတ်လပြည့်နေ့မှာဘဲစာရေးတံမဲများဖောက်၍ဆွမ်းလောင်း
ပိတ်ပွဲများပြုလုပ်လေ့ရှိကြရပြီးတချို့ဓမ္မာရုံတွေကတော့၎င်းလပြည့်ညမှာတရားပွဲများပြုလုပ်ကြသလိုအချို့
ဓမ္မာရုံတွေကတော့ပျော်ပွဲ၊ရွှင်ပွဲများကျင်းပပြုလုပ်ကြပါတယ်၊
အချုပ်အားဖြင့်ဆိုရသော်ဤသီတင်းကျွတ်လဟာမိုးလေကင်းလွတ်သောလသက်သက်မဟုတ်တော့ဘဲကုသိုလ်
ကောင်းမှုများဖြင့်ပြည့်နှက်သောလဟုပြောကြားရင်းအောက်ဖော်ပြပါလင်္ကာလေးဖြင့်မျိုးဆက်သစ်စာဖတ်
ပရိသတ်များအတွက်စီစဉ်တင်ဆက်လိုက်ရပေသည်။
မယ်တော်မိနတ်၊ကျေးဇူးဆပ်၊ဟောမြတ်အဘိဓမ္မာ။
ဟောကြားခဲ့ရာ၊တာဝတိံသာ၊၀ါတွင်းသုံးလကြာပေတာ။
ဆန်းသစ်အောင်
(ထူးခြားချက်)ဤပို့စ်တင်ဘို့ စာရိုက်နေစဉ်မှာ မမျှော်လင့်ဘဲ helpdesk@web-stat.comမှမိမိ
မေးထဲသို့စာတစ်စောင်ရောက်လာသဖြင့်ဖတ်ကြည့်လိုက်တော့မိမိဘလော့အတွက်မှတ်ပုံတင်
(register)ရန်ပြောကြားလာသည့်စာဖြစ်နေ၏။၊ရှင်းရှင်းပြောရလျှင်ဘလော့အတွက်အခွန်ဆောင်ခိုင်းဖြစ်
ဟန်တူပါသည်၊သို့အတွက်ကြောင့်မိမိအနေဖြင့်ရှေ့ဆက်ပြီးဘယ်လိုဘယ်ပုံလျှောက်လှမ်းရမည်
မသိသေးပါ၊လသားအရွယ်မျှသာရှိသေးသောဤဘလော့လေး၏ရှေ့ခရီးအတွက် စိတ်မကောင်းဖြစ်ရုံမှတပါး.....
...