24/10/2009

(chatting)ချက်တင်အတွေးတစ်စ

ဘယ်နေရာမှာ နေတာဆိုလဲ
ငါမသိချေ..အခက်ပွေ၏
ဘယ်သူဘယ်ဝါ ဆိုတာကိုလဲ
ငါမသိချေ...အခက်ပွေ၏
ဘာလုပ်ကိုင်တယ် ဆိုတာကိုလဲ
ငါမသိချေ...အခက်ပွေ၏
ပျိုငယ် ၊အိုပယ် ဆိုတာကိုလဲ
ငါမသိချေ..အခက်ပွေ၏
သူကငါကို ချစ်ရေးဆိုလဲ
ခေါင်းညိတ်ရလေ..ပီတိဝေ၏
သူကငါကို မုန်းတယ်ဆိုလဲ
ခံစားရလေ..သောကဝေ၏
သို့သော်ငြားလည်း...
ချက်တင်ထိုင်ရင်း
ချစ်ဇာတ်ခင်းကြသဘာဝမို့
ချက်တင်အချစ် စိတ်မညစ်နဲ့
ဆက်၍ချက်ပါ အားပေးပါ၏
သို့သော်ငြားလည်း
ချက်တင်မှာမြဲ ဒူလာမစွဲဘို့
လက်တို့ ပြီးတော့ ပြောရဦးမယ်(နားထောင်ကြနော်)
၁။ငါတို့နေရာ ဤကမ္ဘာ ချက်တာခေတ်စားသည်။
၂။ချက်တင်စေရာ မနေသာ ဖွေရှာချက်ရသည်။
၃။ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူတွေလဲ ချက်ကြသည်။
၎။ချက်တဲ့ထဲမှာ အများစုဟာ လူလိမ်တွေက များလှသည်။
၅။ချက်တင်မှာဘဲ ထိုင်နေမြဲ ဒူလာစွဲဘို့ နီးခဲ့ပြီ။

ဆန်းသစ်အောင်


No comments:

Post a Comment