27/12/2011

တောရွာဓလေ့ ဒို့မမေ့












04/11/2011

ပြည်ပရောက် မွေးရပ်မြေမှ ပုဂ္ဂိုလ်အားလုံးအတွက် ရွာအလွမ်းပြေ ရုပ်/သံဖိုင်

...............မွေးရပ်မြေမှ မဟုတ်သူတွေအတွက် ကြိုတင်မှာကြားချက်.....................

ဤဗီဒီယိုဖိုင်များကို အွန်လိုင်းမှာ တင်ပေးလိုက်ရခြင်းရဲ့ရည်ရွယ်ချက်(၂)ခုရှိပါသည်၊
ပထမအချက်မှာ ပြည်ပတွင် ဘ၀ပေးအခြေနေရ လာရောက်စီးပွားရှာနေကြသည့်
ရွာသူ၊ရွာသားများ အနေဖြင့်ဤီဗီဒီယိုဖိုင်တွေကို ကြည့်ပီး တစ်နေ့တာမောပန်းခဲ့သမျှ
ဘ၀အမောများကို တခဏတာအပန်းဖြေလိုက်ရလို့ အမောပြေ အလွမ်းပြေနိုင်ဘို့ရန်
ရည်ရွယ်ပါသည်။
ဒုတိယအချက်မှာ မွေးရပ်မြေချင်း မတူကြသော်လည်း တောဓလေ့ ပျော်မွေ့ကြသည့်
ပြည်ပရောက်အခြားပုဂ္ဂိုလ်များအတွက်လည်း စေတနာမပျက်စတမ်း တစ်ဖက်တစ်လမ်းမှ
ရည်ရွယ်ပါသည်။တစ်ဆက်တည်းဆိုသလို လာရောက်လည်ပတ်သူများအား တောင်းပန်လိုသည်မှာ
ယခုတင်ထားသည့်ဗီဒီယိုဖိုင်များဟာ ပြည်ပရောက် မွေးရပ်မြေမှ ပုဂ္ဂိုလ်များကိုသာ ရည်ရွယ်ပြီး
တင်ထားတာဖြစ်တာကြောင့်မွေးရပ်မြေမှ မဟုတ်သူများအတွက် ဖျော်ဖြေမှုပိုင်းမှာ အပြည့်အဝ
မပေးနိုင်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။


အမေ့သားလှ ရွာအပြန်(တစ်ခန်းရပ်ဟာသပြဇာတ်)





အမှတ်တရ နွေရာသီ(မျိုးဆက်သစ်ပဏာမတေးသီချင်း)




လှမ်းလာခဲ့ပါ ရွှေနံ့သာ(ဖိတ်ခေါ်သံတေးသီချင်း)

01/11/2011

ကျောက်ဖယားမြစ်ရဲ့ ဒေါသ


ကျောက်ဖယားရေ..----

အကြောက်တရားနဲတဲ့ သူတွေမို့

မထောက်ထား ရက်စက်နေတာလား

တကယ်တော့ ငါတို့တွေဟာ...

အခြားအရာတွေမှာ အကြောက်တရားနဲပေမယ့်

ရန်သူမျိုး(၅)ပါးထဲမှာ တစ်ပါး ပါဝင်တဲ့ မင်းကိုတော့

အစကတည်းက ကြောက်ပြီးသားဆိုတာ ယုံပါကွယ်..

မင်းထွက်ခဲ့တဲ့ ဒေါသတကာ ဒေါသတွေထဲမှာ

ဒီတစ်ကြိမ်ထွက်ခဲ့တဲ့ ဒေါသကတော့

ရိုက်ခတ်မှု အပြင်းဆုံးဖြစ်လို့

ငါတို့တွေ ဘုံပျောက်နေတာကို မင်းသိမှာပါ..

မင်းကျေနပ်အောင်

ငါတို့ အသက်တွေ အိုးအိမ်တွေ စည်းစိမ်တွေ

ဘယ်လောက်တောင် ပေးဆပ်နေရဦးမှာလဲ?

ငါတို့တွေရဲ့ အသဲနှလုံး

ငါတို့တွေရဲ့ ယဉ်ကျေးမှု

ငါတို့တွေရဲ့သမိုင်းရာဇ၀င်

သို့မဟုတ်......

မြန်မာသူရဲကောင်းတို့ရဲ့ အောင်မြေဖြစ်တဲ့

ရှေးဟောင်းမြို့တော် အယုဒ္ဒယပြည်ကို

မင်းကလည်း ထပ်မံ အသဲခွဲလိုက်ပြန်ပြီနော်..

မင်းရဲ့ ထိုးနှက်ချက်ကတော့

ဖမာ(ဗမာ) အလောင်းမင်းတရားရဲ့ ၀ါးရင်းဒုတ်ထက်

လက်သံပြောင်ခဲ့လို့

ဘုရားဆင်းတုတော်တွေရေနစ်

ဘုရားရင်ပြင်တော်တွေ ရေပြင်လွှာ ဖြစ်ခဲ့ရတဲ့အထိပါဘဲ..

များပြားလှတဲ့ အယုဒ္ဒယပြည်သားတွေလည်း

အခုတော့ ဒုက္ခလူသားတွေ ဖြစ်ခဲ့ရပြီမဟုတ်လား...

အင်း..ပြင်းထန်လှတဲ့ မင်းဒေါသတွေ

အယုဒ္ဒယတင်ပဲ ပြေလောက်ပြီလို့ ထင်နေတုန်း

ကရုမ်ထေ့(ဘန်ကောက်)ထိပါ ကူးစက်လာလိုက်တာ

ဘောင်းဘီတိုတို ရေမစိုခဲ့ဖူးတဲ့

ဘန်ကောက်က နတ်မိမယ်လေးတွေတောင်

အခုတော့ ----

ရေပေါ်မှာ လှေလှော်သူက လှော်

ရေထဲမှာ သေပွဲဝင်သူက၀င်

ရေစပ်မှာ လေဖြတ်သူက ဖြတ်

ရေလယ်မှာ လေလည်သူက လည်နဲ့

အိုး...အားလုံးကို ရှုတ်နေတာပါဘဲ..

ကျောက်ဖယားရေ.....

ဘယ်လောက်ကြာအောင် နှိပ်စက်နေဦးမှာလဲကွယ်

ငါတို့တတွေရဲ့ ၀န်ကြီးချုပ်မ အသစ်စက်စက်လေးလည်း

မင်းလုပ်တာနဲ့ ရေလုပ်သားမ ဖြစ်တော့မယ်ထင်ပါရဲ့

ရင်လပ် (Yin Luck)ဆိုတဲ့ သူမနာမည်လည်း

အခုတော့ ----

ရေလပ် (Watwer Luck)လို့တောင်

အများပြည်သူက ခေါ်ချင်နေကြပြီ...

ပြေပါစေတော့ ကျောက်ဖယား

တို့တတွေရင်ထဲမှာလည်း အကြောက်တရားနဲ့မို့

မမောက်မှားဝံ့တော့ပါဘူး..

ဒီထက်ပိုပြီး မချောက်ခြားပါရစေနဲ့တော့

ကျောက်ဖယားရယ်......

(မှတ်ချက်)ကျောက်ဖယားဟူသော စကားလုံးမှာ ထိုင်းနိုင်ငံတွင်းမှာ စီးဆင်းနေလျှက်ရှိသည့်
ကျောက်ဖယားမြစ်ကို ဆိုလိုပါသည်။

ဆန်းသစ်အောင်(မျိုးဆက်သစ်မှတ်တိုင်)

1-11-2011(Tuesday) 6:53 PM အမှတ်တရ


ကဗျာစာမူဖိတ်ခေါ်ခြင်း။ ။ထိုင်းနိုင်ငံ နေရာဒေသအသီးသီးတွင် ရေလွှမ်းမိုးမှုဒဏ်

ခံနေကြရသော ပြည်သူ/သားများ၏ ဘ၀ခံစားချက် အဖုံဖုံ အလုံးစုံကို ပေါ်လွင်ထင်ဟပ်

စေသော ကိုယ်တိုင်ရေး ကဗျာများကို ရေးသားပေးပို့လိုပါက

(santhitaung09@gmail.com)သို့ဆက်သွယ်ရေးသားပေးပို့နိုင်

ပါကြောင်းနှင့် ကဗျာအောက်တွင်လည်း ကလောင်နာမည်အပြင်

ရေးစပ်သူ၏ Gmail Account အစစ်အမှန်ကိုပါ ထည့်သွင်းပေးပါရန်

လေးစားစွာအသိပေးအပ်ပါသည်။

ရေးသား ပေးပို့လာသည့် ကဗျာစာမူများကို ရွေးချယ်စိစစ်တည်းဖြတ်ပြီး ဤမျိုးဆက်သစ်မှတ်တိုင်

ဘလော့တွင်ဦးစားပေးပြီး ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း ထပ်လောင်း၍ အသိပေးအပ်ပါသည်ခင်ဗျား..


အားလုံးကို လေးစားခင်မင်တဲ့

မျိုးဆက်သစ်မှတ်တိုင်
http://santhitaung.blogspot.com

Jasmine(တောင်ကြီး)က ဒီလိုမြင်တယ်:

jasmine(တောင်ကြီး) said...

အကြောက်တရားနဲတဲ့ သူတွေမို့
မထောက်ထား ရက်စက်နေတာလား - တဲ့

အစ- အလယ်- အဆုံး ထိအောင်
အနှစ်သာရပြည့်ဝလှပါတယ်ရှင်။
ကောင်းလိုက်တဲ့ကဗျာ.....



28/10/2011

မြန်မာကျောင်းသားရဟန်းတော်တို့၏ အားထားရာ မဟာချူလာတက္ကသိုလ်(ထိုင်းနိုင်ငံ၊ဘန်ကောက်)


တက္ကသိုလ်အ၀င်ဝ ဆိုင်းဘုတ်မှတ်တိုင်နှင့် စာကြည့်တိုက် ပိဋကတ်တိုက် အဆောက်ဦးများအားတွေ့ရစဉ်


ဤမဟာချုလာလောင်ကွန်တက္ကသိုလ်ကြီးသည်ကား ထိုင်းနိုင်ငံရှိ တက္ကသိုလ်များစွာအနက်

အထင်ရှားဆုံး အကျော်ကြားဆုံး တက္ကသိုလ်ကြီးဟု အရှေ့တောင်အာရှနိုင်ငံသားတိုင်း သိရှိကြလိမ့်မည်ထင်ပါသည်။
တနည်းပြောရသော် မြန်မာနိုင်ငံမှ ပညာတော်သင် ရဟန်းတော်များအများစု တက်ရောက်နေသည့်တက္ကသိုလ်ကြီးဟု ဆိုလျှင်လည်း မှားလိမ့်မည်မထင်ပါ။ခန့်မှန်းခြေအရ ပြောရသော် ဤတက္ကသိုလ်ကြီးတွင် တက်ရောက်ပညာသင်ကြားနေကြသည့် မြန်မာပြည်ဖွား ရဟန်းတော်အရေအတွက်မှာအပါး(၆၀)ကျော်ခန့်ရှိပါ၏၊


ရုံးခန်း၊ကွန်ပျူတာခန်း၊ဘွဲ့နှင်းသဘင်ခန်းမအစုံလင်ပါရှိသည့် ဘောလုံးကွင်းသဏ္ဍာန်ကျောင်းသားစာသင်ဆောင်ကြီးအား တွေ့ရစဉ်



အမေရိကန်၊ထိုင်ဝမ်၊တရုတ်၊ဂျပန်အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသော နိုင်ငံများမှ ရဟန်းရှင်လူများ တက်ရောက်နေကြသလို အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့်အင်ဒို၊ဗီယက်နမ်၊မလေးရှား၊လာအို၊ကမ္ဗောဒီးယားမှ ရဟန်းရှင်လူများစွာလည်း တက်ရောက်နေသည့် တက္ကသိုလ်ကြီးပေတည်း။




တက္ကသိုလ် အဆောက်ဦးများအား ကားလမ်းမပေါ်မှ မြင်တွေ့ရစဉ်


ဤတက္ကသိုလ်ကြီးတွင် တက်ရောက်နေသည့် နိုင်ငံများစွာအနက် မြန်မာနိုင်ငံမှ ပညာသင်တက်ရောက်သည့် ရဟန်းတော်အရေတွက်မှာ အများဆုံးဖြစ်သည်ဟုသိရပါသည်၊ အဘယ့်ကြောင့်ဆိုသော် ဤတက္ကသိုလ်ကြီးသည် သီရိလင်္ကာ၊အိန္ဒိယနိုင်ငံများမှ တက္ကသိုလ်များကဲ့သို့ ကျောင်းကြေးသွင်းရသည့် ငွေကြေးပမာဏမှာ အမတန်သက်သာသလို ကျောင်းစရိတ်ကို တစ်နှစ်တည်းဖြင့် အပြီးပေးသွင်းစရာမလိုတဲ့အတွက် ငွေကြေးအားနဲကြသည့် မြန်မာပြည်မှ ပညာသင်ရဟန်းတော်များမှာ အလွန်ပင် အဆင်ပြေသည်ကတကြောင်း၊ ဤထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင် စားသောက်နေကြသည့် မြန်မာလူမျိုးအရေအတွက်မှာလည်း နှစ်သန်းကျော်ရှိကြသည့်အတွက် ပစ္စည်းလေးပါးထောက်ပံ့မှုပိုင်းတွင်လည်း မြန်မာရဟန်းတော်တို့အတွက် အားကိုးစရာ ရပ်တည်စရာ ဒကာ၊မများစွာရှိကြသည်ကတကြောင်းမို့ ဤမျှလောက်ထိ များပြားနေသည်မှာ အဆန်းတော့မဟုတ်ပါပေ။



တက္ကသိုလ်စာသင်ကျောင်းဆောင်ကြီးအား အလည်ဗဟိုတည့်တည့်မှ မြင်တွေ့ရစဉ်

ပွင့်လင်းစွာရေးသားရသော် မြန်မာပြည်မှ ရဟန်းတစ်ပါးအနေဖြင့် သီရိလင်္ကာနိုင်ငံမှနာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်သည့် ကေလာနိယတက္ကသိုလ်မှာ အမ်အေတန်းတက်ရောက်မည်ဆိုပါက အနဲဆုံး မြန်မာကျပ်ငွေ(၂၅)သိန့်း(အမေရိကန်ဒေါ်လာ ၂၅၀၀)ခန့်လောက်ပါမှအဆင်ပြေပါသည်၊ဤမျှလောက် များပြားလှသော ငွေကြေးပမာဏအတွက် မြန်မာရဟန်းတော်အများစုအနေဖြင့် အဘယ်သို့လျှင် တတ်နိုင်ပါမည်နည်း။
ရဟန်းဒကာ၊မ တောင့်တင်းကြသည့် ရဟန်းတော်အချို့အတွက်သာ (၂၅)သိန်းဆိုသောကျောင်းစရိတ် ပမာဏကို တတ်နိုင်ကြသည်မို့ သာမန်ရဟန်းတော်တို့အတွက် သီ၇ိလင်္ကာနိုင်ငံသို့သွားရောက်ပညာတော်သင်ကြားဘို့ ဆိုသည်ကို စိတ်တောင်မကူးဝံ့ကြပါ။


တက္ကသိုလ်ဝန်းအတွင်းရှိ ပတ်လမ်းမကြီးအား မြင်တွေ့ရစဉ်



ဒီလိုဆိုလျှင် ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် ဓမ္မပါလကုန်းမြေ စွယ်တော်ဘုရားအနီးတွင်ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်ကြီးမှာ တက်ရောက်ပေါ့လို့ပြောလာမည်ဆိုပါက အပြောလွယ်သလောက် အဆန်းခက်သည်ဟုဆိုရပေမည်၊ အဘယ့်ကြောင့်ဟူမူ ၄င်းထေရ၀ါဒတက္ကသိုလ်ကြီးတွင် ဘီအေတန်းတက်ရောက်ခဲ့ဖူးသည့် ရဟန်းတော်တစ်ပါး၏ပြောပြချက်အရ "ဦးဇင်းရေ တက္ကသိုလ်က ကျောင်းစရိတ်မပေးရတာတော့ မှန်တယ်ဘုရား...ဒါပေမယ့် နေစရာအတွက် အဆောင်လည်းမပေးတော့ တစ်နေ့နေ့ ဘတ်စ်ကားတိုးစီးပီး ကျောင်းတက်ရတာလည်း မလွယ်လှပါဘူး..ပိုဆိုးတာက တက္ကသိုလ်က ကြွေးတဲ့ ဆွမ်းဟင်းကလည်း ဘာအရသာမှမရှိတော့ စားတာစားလိုက်ရတယ် အာဟာရမဖြစ်တာတော့ အမှန်ပဲဘုရား..ဒီတော့ တက္ကသိုလ်အနီးမှာရှိတဲ့ ထမင်းဆိုင် စားသောက်ဆိုင်မှာဘုန်းပေးနေရတာများတော့ ငွေကတော့အရမ်းကုန်တယ်လေ.
အားရစရာဆိုလို့ အတန်းနည်းပြဆရာတွေဘဲရှိတာ..သင်ကြားရေးဆရာအများစုကတော့ သင်ကြားမှုပိုင်းမှာ တော်တော် တော်ကြပါတယ်..ဦးဇင်းလည်း လိမ်ဖယ်လိမ်ဖယ်နဲ့ပဲ အဲဒီကနေ ဘီအေဘွဲ့ရပီးဒီရောက်နေတဲ့ သူငယ်ချင်းအကူညီနဲ့ အခု ဒီတက္ကသိုလ်ကြီးကို ရောက်လာခဲ့တာပါလို့"သူဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြောပြလာတာကို စာဖတ်သူများ သိစေရန် ဖော်ပြပေးလိုက်ရခြင်းပါ။


ဘောလုံးကွင်းသဏ္ဍာန် တက္ကသိုလ်စာသင်ကျောင်းဆောင်ကြီးအား အဝေးမှ မြင်တွေ့ရစဉ်


အထက်ပါ ပြောကြားချက်တွေကို ကြည့်ပီး စာဖတ်သူအနေဖြင့် ဒီဘုန်းကြီးကတော့ သူဘီအေဘွဲ့ရလာခဲ့တဲ့ အမိမြန်မာပြည်က ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးကို ကျေးဇူးကန်းသည်ဟု မထင်စေလိုပါ၊သူ့အနေဖြင့် တက္ကသိုလ်တစ်ခုနှင့်တစ်ခုရဲ့ မတူညီတဲ့ အချက်တွေကိုထောက်ပြသောအားဖြင့် ပြောကြားသွာတာပဲဟု ယူဆစေချင်ပါသည်။


တက္ကသိုလ်ဝန်းအတွင်းရှိရေကန်အလယ်မှာ တည်ဆောက်ထားသည့် ဥဒကုက္ခေပသိမ်တော်ကြီး(ရေလယ်သိမ်တော်ကြီး)



ယခု မဟာချူလာလောင်ကွန် တက္ကသိုလ်ကြီးကတော့ တက္ကသိုလ်ကြီးတစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ ညီညွတ်နေသည်မှာ ပြေးကြည့်စရာပင်မလို တွေးကြည့်တာနဲ့ပင် သိကြမည်ထင်ပါသည်၊နေထိုင်စရာ အဆောင်ပေးသလို အစားအသောက်အတွက်လည်း ဘာမှမပူပင်ရ၊အာဟာရပြည့်ဝသည့် ဆွမ်းဟင်းလျှာတွေကို တစ်နေ့တမျိုး မရိုးရအောင်ဆိုသလို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေးပြီး သင်ကြားရေးပိုင်းမှာလည်း အရည်ချင်းပြည့်ဝသော နည်းပြဆရာ ဆရာမများကို ခန့်အပ်ထားတဲ့အတွက် ပညာသင် ရဟန်းရှင်လူများအတွက် အစစအရာရာ အဆင်ပြေသည်မို့ ပေးသွင်းထားရသည့် ကျောင်းဖီးကြေး(ကျောင်းစရိတ်)နဲ့တန်သည်ဟု ပြောရပေမည်တည်း။


ပညာသင်တက်ရောက်နေကြသည့်မြန်မာကျောင်းသားရဟန်းတော်များအားလိမ္မော်ရောင်သင်္ကန်းများဖြင့် ဖူးတွေ့ရစဉ်



အခုအချိန်မှာတော့ တက္ကသိုလ်ဝန်းကြီး တစ်ခုလုံး ရေများဖြင့် ပိတ်ဖုံးနေချေပြီတကား၊
သို့အတွက် တက္ကသိုလ်ကျောင်းသားတိုင်းလိုလို စိတ်မကောင်းဖြစ်ကြပီး အဆောင်အသီးသီးမှာကျန်ရှိခဲ့သည့် မိမိတို့၏ ပစ္စည်းပစ္စယများကို လှေများဖြင့်သွားရောက်ယူငင်နေကြသည့် မြင်ကွင်းကိုကြည့်ပီး "အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုသလို " ယခင်က ကားဖြင့် (သို့မဟုတ်)ခြေလျှင်ခရီးသွားခဲ့ရသည့် တက္ကသိုလ်ဝန်းကြီးကား အခုတော့ ရေပေါ်မှာ လှေလှော်ပြီး သွားလာနေကြရပါတကားဟု ပြောင်းလဲခြင်းသဘောတရားများကို ယုံကြည်လေးနက်စွာ လက်ခံလာမိသလို ကျေးဇူးရှင်အမိတက္ကသိုလ်ကြီး သဘာဝ ရေဘေးအန္တရာယ်ကနေ မြန်မြန်ရုန်းထွက် လွတ်မြောက်နိုင်ပါစေလို့ဆုတောင်းနေမိပါတော့သည်။
တက္ကသိုလ်ကြီး သဘာဝ ရေဘေးဒဏ်သင့် မှု ၀မ်းနဲခြင်းအထိမ်းမှတ်အဖြစ် ရည်ညွှန်းလျှက်

အညတရ သောတုဇန(ခေတ္တ-ဘန်ကောက်)

22/10/2011

ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး အကျော်ကြားဆုံးစာရင်းထဲမှာ တစ်ခုအပါဝင်ဖြစ်သည့် မဟာချူလာလောင်ကွန်တက္ကသိုလ်ကြီးရေဘေးသင့်ခံရမှု ပုံရိပ်မှတ်တမ်း

ယခင်က မြေလမ်းခရီး..... အခုတော့ လှေလမ်းခရီး...
ကျောင်းသားဆောင်တွေထဲမှာလည်း ရေကအပြည့်...
ရေလည်မှာ ရောက်နေတဲ့ ကျောင်းသားဆောင်တွေ...
ပစ္စည်းများအား ရေလွတ်ရာကို ရွှေ့ပြောင်းနေကြစဉ်
ရေလည်ခေါင်မှာ ရောက်နေတဲ့ တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောင်
ထောက်ပံ့ရေးပစ္စည်းတွေ လိုက်ဝေပေးနေတဲ့ ကားပေါ့..
ပညာသင် မဟာယာနကျောင်းသားရဟန်းတော်များ ပျော်ပျော်ပါးပါး လှေလှော်သွားနေသည့်မြင်ကွင်း

နေစရာဘုံပျောက်နေကြသည့် ခွေးတွေအတွက်လည်း သနားစရာ...
ယခင်က ဖိနပ်စီးခဲ့ရသည့် မြေလမ်းခရီးဟာ အခုတော့ ဖိနပ်စီးစရာမလိုတော့တဲ့ ပလပ်စတစ်လှေလမ်းခရီးပေါ့..
လတ်တလောအချိန်မှာတော့ ပလပ်စတစ်လှေလေးတွေဟာ ကားတစ်စီးထက်တောင် အားထားစရာပေါ့


အဆောင်မှာ ကျန်ရှိတဲ့ပစ္စည်းတွေကို လှေများဖြင့် သယ်ဆောင်နေကြစဉ်
"လှေဆင်း မြင်းအတက်ဆိုသလို" လှေပေါ်ကဆင်းရမှာလည်း အခုလို သတိထားရပေါ့
တက္ကသိုလ်ကထိကဆရာတော်များကို စက်တပ်လှေဖြင့် ပို့ပေးနေစဉ်
လှေမလှော်တတ်တဲ့ သူတွေအတွက် လှေကယ်ရီသမားတွေက ဤသို့ကူညီပေးကြပေါ့
"အဖော်မမှီး တစ်ပါးတည်း" လှော်ခပ်ပြီး သွားနေတဲ့ မြင်ကွင်းပေါ့
ထောက်ပံ့ရေး ပစ္စည်းများကို လိုက်လံ ပို့ဆောင်နေကြစဉ်
ရေကြောက်တဲ့ သူတွေအတွက် သက်ကယ်အိပ်တွေ
အောက်ထပ်တွေမှာ နေလို့မရတော့တဲ့အတွက် ရေဘေးဒုက္ခသည်တွေနဲ့ပြည့်နှက်နေတဲ့ အပေါ်ထပ်
ကားကြီးများဖြင့် ထောက်ပံ့ရေးပစ္စည်းတွေ လိုက်လံပို့ဆောင်ပေးနေကြစဉ်
လေမလှော်တတ်တဲ့ ကျောင်းသားတွေကိုစက်တပ်လှေဖြင့် ပို့ပေးနေစဉ်

ဤမဟာချုလာလောင်ကွန်တက္ကသိုလ်ကြီးသည်ကား ထိုင်းနိုင်ငံရှိ တက္ကသိုလ်များစွာအနက်
အထင်ရှားဆုံး အကျော်ကြားဆုံး တက္ကသိုလ်ကြီးဟု အရှေ့တောင်အာရှနိုင်ငံသားတိုင်း သိရှိကြ
လိမ့်မည်ထင်ပါသည်။
တနည်းပြောရသော် မြန်မာနိုင်ငံမှ ပညာတော်သင် ရဟန်းတော်များအများစု တက်ရောက်နေ
သည့်တက္ကသိုလ်ကြီးဟု ဆိုလျှင်လည်း မှားလိမ့်မည်မထင်ပါ။ခန့်မှန်းခြေအရ ပြောရသော် ဤတက္ကသိုလ်
ကြီးတွင် တက်ရောက်ပညာသင်ကြားနေကြသည့် မြန်မာပြည်ဖွား ရဟန်းတော်အရေအတွက်မှာ အပါး
(၆၀)ကျော်ခန့်ရှိပါ၏၊
အမေရိကန်၊ထိုင်ဝမ်၊တရုတ်၊ဂျပန်အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသော နိုင်ငံများမှ ရဟန်းရှင်လူများ တက်ရောက်နေကြသလို အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် အင်ဒို၊ဗီယက်နမ်၊မလေးရှား၊လာအို၊
ကမ္ဗောဒီးယားမှ ရဟန်းရှင်လူများစွာလည်း တက်ရောက်နေသည့် တက္ကသိုလ်ကြီးပေတည်း။
ဤတက္ကသိုလ်ကြီးတွင် တက်ရောက်နေသည့် နိုင်ငံများစွာအနက် မြန်မာနိုင်ငံမှ ပညာသင်
တက်ရောက်သည့် ရဟန်းတော်အရေတွက်မှာ အများဆုံးဖြစ်သည်ဟုသိရပါသည်၊ အဘယ့်ကြောင့်
ဆိုသော် ဤတက္ကသိုလ်ကြီးသည် သီရိလင်္ကာ၊အိန္ဒိယနိုင်ငံများမှ တက္ကသိုလ်များကဲ့သို့ ကျောင်းကြေး
သွင်းရသည့် ငွေကြေးပမာဏမှာ အမတန်သက်သာသလို ကျောင်းစရိတ်ကို တစ်နှစ်တည်းဖြင့် အပြီးပေးသွင်းစရာမလိုတဲ့အတွက် ငွေကြေးအားနဲကြသည့် မြန်မာပြည်မှ ပညာသင်ရဟန်းတော်များ
မှာ အလွန်ပင် အဆင်ပြေသည်ကတကြောင်း၊ ဤထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင် စားသောက်
နေကြသည့် မြန်မာလူမျိုးအရေအတွက်မှာလည်း နှစ်သန်းကျော်ရှိကြသည့်အတွက် ပစ္စည်းလေးပါး
ထောက်ပံ့မှုပိုင်းတွင်လည်း မြန်မာရဟန်းတော်တို့အတွက် အားကိုးစရာ ရပ်တည်စရာ ဒကာ၊မများစွာ
ရှိကြသည်ကတကြောင်းမို့ ဤမျှလောက်ထိ များပြားနေသည်မှာ အဆန်းတော့မဟုတ်ပါပေ။
ပွင့်လင်းစွာရေးသားရသော် မြန်မာပြည်မှ ရဟန်းတစ်ပါးအနေဖြင့် သီရိလင်္ကာနိုင်ငံမှ
နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်သည့် ကေလာနိယတက္ကသိုလ်မှာ အမ်အေတန်းတက်ရောက်
မည်ဆိုပါက အနဲဆုံး မြန်မာကျပ်ငွေ(၂၅)သိန့်း(အမေရိကန်ဒေါ်လာ ၂၅၀၀)ခန့်လောက်ပါမှ
အဆင်ပြေပါသည်၊ဤမျှလောက် များပြားလှသော ငွေကြေးပမာဏအတွက် မြန်မာရဟန်းတော်
အများစုအနေဖြင့် အဘယ်သို့လျှင် တတ်နိုင်ပါမည်နည်း။
ရဟန်းဒကာ၊မ တောင့်တင်းကြသည့် ရဟန်းတော်အချို့အတွက်သာ (၂၅)သိန်းဆိုသော
ကျောင်းစရိတ် ပမာဏကို တတ်နိုင်ကြသည်မို့ သာမန်ရဟန်းတော်တို့အတွက် သီ၇ိလင်္ကာနိုင်ငံသို့
သွားရောက်ပညာတော်သင်ကြားဘို့ ဆိုသည်ကို စိတ်တောင်မကူးဝံ့ကြပါ။
ဒီလိုဆိုလျှင် ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် ဓမ္မပါလကုန်းမြေ စွယ်တော်ဘုရားအနီးတွင်
ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်ကြီးမှာ တက်ရောက်ပေါ့လို့
ပြောလာမည်ဆိုပါက အပြောလွယ်သလောက် အဆန်းခက်သည်ဟုဆိုရပေမည်၊ အဘယ့်ကြောင့်
ဟူမူ ၄င်းထေရ၀ါဒတက္ကသိုလ်ကြီးတွင် ဘီအေတန်းတက်ရောက်ခဲ့ဖူးသည့် ရဟန်းတော်တစ်ပါး၏
ပြောပြချက်အရ "ဦးဇင်းရေ တက္ကသိုလ်က ကျောင်းစရိတ်မပေးရတာတော့ မှန်တယ်ဘုရား...ဒါပေ
မယ့် နေစရာအတွက် အဆောင်လည်းမပေးတော့ တစ်နေ့နေ့ ဘတ်စ်ကားတိုးစီးပီး ကျောင်းတက်
ရတာလည်း မလွယ်လှပါဘူး..ပိုဆိုးတာက တက္ကသိုလ်က ကြွေးတဲ့ ဆွမ်းဟင်းကလည်း ဘာအရသာမှ
မရှိတော့ စားတာစားလိုက်၇တယ် အာဟာရမဖြစ်တာတော့ အမှန်ပဲဘုရား..ဒီတော့ တက္ကသိုလ်အနီး
မှာရှိတဲ့ ထမင်းဆိုင် စားသောက်ဆိုင်မှာဘုန်းပေးနေရတာများတော့ ငွေကတော့အရမ်းကုန်တယ်လေ.
အားရစရာဆိုလို့ အတန်းနည်းပြဆရာတွေဘဲရှိတာ..သင်ကြားရေးဆရာအများစုကတော့ သင်ကြားမှု
ပိုင်းမှာ တော်တော် တော်ကြပါတယ်..ဦးဇင်းလည်း လိမ်ဖယ်လိမ်ဖယ်နဲ့ပဲ အဲဒီကနေ ဘီအေဘွဲ့ရပီး
ဒီရောက်နေတဲ့ သူငယ်ချင်းအကူညီနဲ့ အခု ဒီတက္ကသိုလ်ကြီးကို ရောက်လာခဲ့တာပါလို့"သူဖြတ်သန်း
လာခဲ့ရတဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြောပြလာတာကို စာဖတ်သူများ သိစေရန် ဖော်ပြပေးလိုက်
ရခြင်းပါ။
အထက်ပါ ပြောကြားချက်တွေကို ကြည့်ပီး စာဖတ်သူအနေဖြင့် ဒီဘုန်းကြီးကတော့ သူ
ဘီအေဘွဲ့ရလာခဲ့တဲ့ အမိမြန်မာပြည်က ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးကို ကျေးဇူးကန်း
သည်ဟု မထင်စေလိုပါ၊သူ့အနေဖြင့် တက္ကသိုလ်တစ်ခုနှင့်တစ်ခုရဲ့ မတူညီတဲ့ အချက်တွေကို
ထောက်ပြသောအားဖြင့် ပြောကြားသွာတာပဲဟု ယူဆစေချင်ပါသည်။
ယခု မဟာချူလာလောင်ကွန် တက္ကသိုလ်ကြီးကတော့ တက္ကသိုလ်ကြီးတစ်ခုရဲ့အင်္ဂါရပ်
တွေနဲ့ ညီညွတ်နေသည်မှာ ပြေးကြည့်စရာပင်မလို တွေးကြည့်တာနဲ့ပင် သိကြမည်ထင်ပါသည်၊
နေထိုင်စရာ အဆောင်ပေးသလို အစားအသောက်အတွက်လည်း ဘာမှမပူပင်ရ၊အာဟာရပြည့်ဝ
သည့် ဆွမ်းဟင်းလျှာတွေကို တစ်နေ့တမျိုး မရိုးရအောင်ဆိုသလို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေး
မွေးပြီး သင်ကြားရေးပိုင်းမှာလည်း အရည်ချင်းပြည့်ဝသော နည်းပြဆရာ ဆရာမများကို ခန့်အပ်ထား
တဲ့အတွက် ပညာသင် ရဟန်းရှင်လူများအတွက် အစစအရာရာ အဆင်ပြေသည်မို့ ပေးသွင်းထားရ
သည့် ကျောင်းဖီးကြေး(ကျောင်းစရိတ်)နဲ့တန်သည်ဟု ပြောရပေမည်တည်း။
အခုအချိန်မှာတော့ တက္ကသိုလ်ဝန်းကြီး တစ်ခုလုံး ရေများဖြင့် ပိတ်ဖုံးနေချေပြီတကား၊
သို့အတွက် တက္ကသိုလ်ကျောင်းသားတိုင်းလိုလို စိတ်မကောင်းဖြစ်ကြပီး အဆောင်အသီးသီးမှာ
ကျန်ရှိခဲ့သည့် မိမိတို့၏ ပစ္စည်းပစ္စယများကို လှေများဖြင့်သွားရောက်ယူငင်နေကြသည့် မြင်ကွင်းကို
့်ကြည့်ပီး "အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုသလို " ယခင်က ကားဖြင့် (သို့မဟုတ်)ခြေလျှင်ခရီး
သွားခဲ့ရသည့် တက္ကသိုလ်ဝန်းကြီးကား အခုတော့ ရေပေါ်မှာ လှေလှော်ပြီး သွားလာနေကြရပါတကား
ဟု ပြောင်းလဲခြင်းသဘောတရားများကို ယုံကြည်လေးနက်စွာ လက်ခံလာမိသလို ကျေးဇူးရှင်
အမိတက္ကသိုလ်ကြီး သဘာဝ ရေဘေးအန္တရာယ်ကနေ မြန်မြန်ရုန်းထွက် လွတ်မြောက်နိုင်ပါစေလို့
ဆုတောင်းနေမိပါတော့သည်။
တက္ကသိုလ်ကြီး သဘာဝ ရေဘေးဒဏ်သင့် မှု ၀မ်းနဲခြင်းအထိမ်းမှတ်အဖြစ် ရည်ညွှန်းလျှက်

အညတရ သောတုဇန(ခေတ္တ-ဘန်ကောက်)

22-10-2011(Saturday) 4;57 AM