04/11/2011

ပြည်ပရောက် မွေးရပ်မြေမှ ပုဂ္ဂိုလ်အားလုံးအတွက် ရွာအလွမ်းပြေ ရုပ်/သံဖိုင်

...............မွေးရပ်မြေမှ မဟုတ်သူတွေအတွက် ကြိုတင်မှာကြားချက်.....................

ဤဗီဒီယိုဖိုင်များကို အွန်လိုင်းမှာ တင်ပေးလိုက်ရခြင်းရဲ့ရည်ရွယ်ချက်(၂)ခုရှိပါသည်၊
ပထမအချက်မှာ ပြည်ပတွင် ဘ၀ပေးအခြေနေရ လာရောက်စီးပွားရှာနေကြသည့်
ရွာသူ၊ရွာသားများ အနေဖြင့်ဤီဗီဒီယိုဖိုင်တွေကို ကြည့်ပီး တစ်နေ့တာမောပန်းခဲ့သမျှ
ဘ၀အမောများကို တခဏတာအပန်းဖြေလိုက်ရလို့ အမောပြေ အလွမ်းပြေနိုင်ဘို့ရန်
ရည်ရွယ်ပါသည်။
ဒုတိယအချက်မှာ မွေးရပ်မြေချင်း မတူကြသော်လည်း တောဓလေ့ ပျော်မွေ့ကြသည့်
ပြည်ပရောက်အခြားပုဂ္ဂိုလ်များအတွက်လည်း စေတနာမပျက်စတမ်း တစ်ဖက်တစ်လမ်းမှ
ရည်ရွယ်ပါသည်။တစ်ဆက်တည်းဆိုသလို လာရောက်လည်ပတ်သူများအား တောင်းပန်လိုသည်မှာ
ယခုတင်ထားသည့်ဗီဒီယိုဖိုင်များဟာ ပြည်ပရောက် မွေးရပ်မြေမှ ပုဂ္ဂိုလ်များကိုသာ ရည်ရွယ်ပြီး
တင်ထားတာဖြစ်တာကြောင့်မွေးရပ်မြေမှ မဟုတ်သူများအတွက် ဖျော်ဖြေမှုပိုင်းမှာ အပြည့်အဝ
မပေးနိုင်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။


အမေ့သားလှ ရွာအပြန်(တစ်ခန်းရပ်ဟာသပြဇာတ်)





အမှတ်တရ နွေရာသီ(မျိုးဆက်သစ်ပဏာမတေးသီချင်း)




လှမ်းလာခဲ့ပါ ရွှေနံ့သာ(ဖိတ်ခေါ်သံတေးသီချင်း)

1 comment:

  1. အမေ့သားလှ ရွာအပြန်ကြည့်ခဲ့ပါတယ်
    အမှတ်တရ နွေရာသီ သီချင်းလေးလဲနားထောင်ခဲ့ပါတယ်ရှင်
    အိမ်ကိုပိုပြီးလွမ်းမိတာပါပဲ

    ReplyDelete