30/07/2009

ယနေ့ လူငယ် နောင်ဝယ် လူကြီး

ယနေ့ခေတ်ဟာ လူငယ်တွေရဲ့ ခေတ်ဖြစ်ပါတယ်။ ယနေ့ လူငယ် နောင်ဝယ် လူကြီး ဆိုတဲ့ စကားလဲ ရှိတာ လူငယ်တိုင်း သိမှာပါ။ ဆိုလိုချင်တာက ယနေ့ လူငယ်တွေဟာ နောင်တစ်ချိန်မှာ နိုင်ငံရဲ့ တိုင်းပြည်ရဲ့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုမှာ တာဝန်အရှိဆုံးဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပါတယ်။

လူငယ်တွေ အနေနဲ့ ငယ်ရွယ်တုန်းမှာ အတတ်ပညာမျိုးစုံ တတ်မြောက်အောင် သင်ကြားနေကြရပါတယ်။ အကယ်၍ သင်ကြား တတ်မြောက်ထားတဲ့ ပညာတွေကို တစ်ဦးနှင့် တစ်ဦး ဝေမျှခြင်းနဲ့ မိမိကိုယ်ကိုရော အခြားသူတွေပါ တိုးတက်ဖွံ့ဖြိုးစေအောင် ဆောင်ရွက်မယ်ဆိုရင် မြန်မာ့လူငယ် အသိုင်းအ၀ိုင်းဟာ မတိုးတက်စရာ အကြောင်းမရှိပါဘူးလို့ တွေးထင်မိပါတယ်။

ဆန်းသစ်အောင်

20/07/2009

၁၉-ဇူလိုင် မမေ့နိုင်



Event ၁၉-ဇူလိုင်မမေ့နိုင်(မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး) Jul 19, '09 1:58


သြော်..ဒီနေ့ အာဇာနည်ကြီးများ ကျဆုံးခဲ့တဲနေ့ထူးနေ့မြတ်ပါလား၊သူတို့ရှာဖွေပေးခဲ့တဲ့
လွတ်လပ်ရေးအသီးအပွင့်တွေကို အမြဲတမ်းသီးပွင့်နေအောင် ဆက်လက်ထိန်းသိမ်းကြ
ရမယ်ဆိုတဲ့ အသိစိတ်ကလေး ဖြစ်မိကြပါလေစွ...........
Tags: အတွေးစိတ်ကူး

18/07/2009

ဝိုင်းကြစုစည်း

မင်းမပါ ဘာမပြီး မင်းချည်းတော့လည်းမပြီး။

သူမပါ ဘာမပြီး သူချည်းတော့လည်းမပြီး။

ငါမပါ ဘာမပြီး ငါချည်းတော့လည်းမပြီး။

မင်းသူငါ ညီညာမှ အားလုံးကုန်ပြီး ၀ိုင်းကြစုစည်း။

(ပညာရှိစကား)

17/07/2009

ရွှေဟင်္သာဆရာတော်ဘုရားကြီး၏သြ၀ါဒကထာ

အများအကျိုး

ရွက်သယ်ပိုးက

ခနိုးခနဲ့

ဆိုကဲ့ရဲ့လည်း

မရွဲ့မစောင်း

ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနှင့်ယှဉ်

ရှေးရှုနှင်လော.....

အထူးဝမ်းနည်းကြေကွဲခြင်း

ဇူလိုင်-၁၇၊ စနေ

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊သဲကုန်းကျေးရွာ၊သဲကုန်းကျောင်းဆရာတော်
၏တပည့်အရှင်အာလောက(ပထမကြီးတန်း)သည်မကြာသေးမှီရက်ပိုင်းကနှလုံးရောဂါဖြင့်ဘ၀နတ်ထံ
ပျံလွန်တော်မူသွားကြောင်းလေလှိုင်းမှတဆင့်ကြားသိရသည့်အတွက်ကျန်ရစ်သူမယ်တော်၊ခမည်းတော်တို့
နှင့်ထပ်တူထပ်မျှအထူးဝမ်းနည်းကြေကွဲမိပါကြောင်းပြည်ပရောက်ပုဂ္ဂိုလ်အားလုံး၏ကိုယ်စားမျိုးဆက်သစ်
မှတ်တိုင်မှထုတ်ပြန်ကြေငြာလိုက်သည်။

16/07/2009

ဘလော့မိတ်ဆက်I(Introduction to blog)

(Blog)ဘလော့ချစ်သူများကို ရိုးသားစွာ တောင်းပန်ရမည်ဆိုလျှင် တကယ်တော့ ကျွန်တော်ဟာ ကျွမ်းကျင်တဲ့(Blogger)ဘလော့ကာတစ်ယောက် မဖြစ်သေးပါ၊ လိုအပ်ချက်တွေ များစွာရှိနေဦးမည်သာဖြစ်ပါသည်။ အပျံသင်စ ငှက်ငယ်ဘ၀အဆင့်မျှသာ ရှိသေးတာမို့ သူငယ်ချင်းတို့အနေနဲ့ ဝေဖန်၊အကြံပြုလာကြမယ်ဆိုရင် ၀မ်းသာစွာ ကြိုဆိုလျှက်ပါ။
အနာဂတ်ကမ္ဘာကြီးကို ဆက်လက်ဖန်တီးကြမယ့် မျိုးဆက်သစ်လေးတွေကို ကျွန်တော်အရမ်းအားကိုးသလို၊ အရမ်းလဲချစ်ပါသည်။
ထို့ကြောင့်ပင်လျှင် အားလပ်တဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ မျိုးဆက်သစ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းတဲ့အနေနဲ့
နွေရာသီ ယဉ်ကျေးလိမ္မာဗုဒ်ဓဘာသာသင်တန်းများကို ညီတော်များနှင့် လက်တွဲလျှက်(၃)နှစ်တိတိ ပို့ချပေးခဲ့ပြီးဖြစ်ပါသည်။ယ္ခုလောလောဆယ်မှာတော့ ကျွန်တော်ဘလော့တွင်(Posts)စတာတွေမတင်နိုင်သေးတာကိုလဲ နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။သူငယ်ချင်းတို့အနေနဲ့ ကျွန်တော့်ဘလော့မှာမျိုးဆက်သစ်တွေနဲ့ပတ်သက်တဲ့ဆောင်ပါွး၊ကဗျာစတာတွေကိုတင်ချင်တယ်
ဆိုရင်လည်းinvite လုပ်လိုက်ပါ့မယ်၊မျိုးဆက်သစ်တွေကိုဂုဏ်ပြုသောအားဖြင့်ဘလော့အမည်ကိုလည်း
မျိုးဆက်သစ်မှတ်တိုင်ဟု အမည်ပေးလိုက်ရပါကြောင်းပြောကြားရင်း-------မျိုးဆက်သစ်အားလုံးကိုချစ်တဲ့..ဆန်းသစ်အောင်

12/07/2009

တောင်မြို့ဆရာတော်ဘုရားကြီးဧ။် သြ၀ါဒကထာ

ဘာသာစိတ်

အိုးမဖုတ်ခင်၊အိုးလုပ်စဉ်ဝယ်

အိုးတွင်နှိပ်ခပ်၊တံဆိပ်မှတ်ကား

မပြတ်မစဲ၊အိုးပင်ကွဲလည်း

အမြဲတစေ၊တည်ရှိနေသို့

ထွေထွေသွေးသား၊ကလေးများ၌

ဘုရားတံဆိပ်၊ဘာသာစိတ်ကို

ခပ်နှိပ်နိုင်မှ၊သက်ဆုးံကျအောင်

ဗုဒ္ဒ၀ါဒီ၊စွဲငြိတည်မည်

ကိုယ်စီခပ်နှိပ်ကြစေသတည်း။