30/07/2009

ယနေ့ လူငယ် နောင်ဝယ် လူကြီး

ယနေ့ခေတ်ဟာ လူငယ်တွေရဲ့ ခေတ်ဖြစ်ပါတယ်။ ယနေ့ လူငယ် နောင်ဝယ် လူကြီး ဆိုတဲ့ စကားလဲ ရှိတာ လူငယ်တိုင်း သိမှာပါ။ ဆိုလိုချင်တာက ယနေ့ လူငယ်တွေဟာ နောင်တစ်ချိန်မှာ နိုင်ငံရဲ့ တိုင်းပြည်ရဲ့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုမှာ တာဝန်အရှိဆုံးဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပါတယ်။

လူငယ်တွေ အနေနဲ့ ငယ်ရွယ်တုန်းမှာ အတတ်ပညာမျိုးစုံ တတ်မြောက်အောင် သင်ကြားနေကြရပါတယ်။ အကယ်၍ သင်ကြား တတ်မြောက်ထားတဲ့ ပညာတွေကို တစ်ဦးနှင့် တစ်ဦး ဝေမျှခြင်းနဲ့ မိမိကိုယ်ကိုရော အခြားသူတွေပါ တိုးတက်ဖွံ့ဖြိုးစေအောင် ဆောင်ရွက်မယ်ဆိုရင် မြန်မာ့လူငယ် အသိုင်းအ၀ိုင်းဟာ မတိုးတက်စရာ အကြောင်းမရှိပါဘူးလို့ တွေးထင်မိပါတယ်။

ဆန်းသစ်အောင်

No comments:

Post a Comment