16/07/2009

ဘလော့မိတ်ဆက်I(Introduction to blog)

(Blog)ဘလော့ချစ်သူများကို ရိုးသားစွာ တောင်းပန်ရမည်ဆိုလျှင် တကယ်တော့ ကျွန်တော်ဟာ ကျွမ်းကျင်တဲ့(Blogger)ဘလော့ကာတစ်ယောက် မဖြစ်သေးပါ၊ လိုအပ်ချက်တွေ များစွာရှိနေဦးမည်သာဖြစ်ပါသည်။ အပျံသင်စ ငှက်ငယ်ဘ၀အဆင့်မျှသာ ရှိသေးတာမို့ သူငယ်ချင်းတို့အနေနဲ့ ဝေဖန်၊အကြံပြုလာကြမယ်ဆိုရင် ၀မ်းသာစွာ ကြိုဆိုလျှက်ပါ။
အနာဂတ်ကမ္ဘာကြီးကို ဆက်လက်ဖန်တီးကြမယ့် မျိုးဆက်သစ်လေးတွေကို ကျွန်တော်အရမ်းအားကိုးသလို၊ အရမ်းလဲချစ်ပါသည်။
ထို့ကြောင့်ပင်လျှင် အားလပ်တဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ မျိုးဆက်သစ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းတဲ့အနေနဲ့
နွေရာသီ ယဉ်ကျေးလိမ္မာဗုဒ်ဓဘာသာသင်တန်းများကို ညီတော်များနှင့် လက်တွဲလျှက်(၃)နှစ်တိတိ ပို့ချပေးခဲ့ပြီးဖြစ်ပါသည်။ယ္ခုလောလောဆယ်မှာတော့ ကျွန်တော်ဘလော့တွင်(Posts)စတာတွေမတင်နိုင်သေးတာကိုလဲ နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။သူငယ်ချင်းတို့အနေနဲ့ ကျွန်တော့်ဘလော့မှာမျိုးဆက်သစ်တွေနဲ့ပတ်သက်တဲ့ဆောင်ပါွး၊ကဗျာစတာတွေကိုတင်ချင်တယ်
ဆိုရင်လည်းinvite လုပ်လိုက်ပါ့မယ်၊မျိုးဆက်သစ်တွေကိုဂုဏ်ပြုသောအားဖြင့်ဘလော့အမည်ကိုလည်း
မျိုးဆက်သစ်မှတ်တိုင်ဟု အမည်ပေးလိုက်ရပါကြောင်းပြောကြားရင်း-------မျိုးဆက်သစ်အားလုံးကိုချစ်တဲ့..ဆန်းသစ်အောင်

No comments:

Post a Comment