

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊သူဌေးတစ်ဦးအိမ်တွင် အိမ်ဖော်အဖြစ် အလုပ်လုပ်နေသူ မချိုနွယ်ထွန်း
အသက်(၂၂)နှစ်သည် ဇူလိုင်လ(၂၅)ရက်နေ့တွင် ကားတိုက်ခံရပီး ရုတ်တရက်သေဆုံးသွားသဖြင့်
ဇူလိုင်လ(၂၆)ရက်နေ့ ညနေ ၄နာရီခန့်အချိန်တွင် မြန်မာရဟန်းတော်များသီတင်းသုံရာ ၀ပ်တလုံး
ကျောင်းတိုက်တွင်အတွင်း၌ ကွယ်လွန်သူ၏ ရုပ်အလောင်းအား မီးသဂြိုလ်ခဲ့ကြောင်းသိရသည်။
ဖြစ်ပုံမှာ မချိုနွယ်ထွန်းသည် သူဌေးအိမ်တွင် အလုပ်လုပ်နေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကာ ယခု
ကဲသို့ အပြင်သို့မထွက်ဘူးကြောင်းသိရှိရပြီး (၂၅)ရက်နေ့တွင်ကား သူမသည် ထိုင်းဘုန်းကြီးကျောင်း
၌ မြန်မာမိသားစုဝင်များ စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲမှာ နိုင်ငံကျော် ဓမ္မကထိကဆရာတော် ဦးသုမင်္ဂလ
(ဒယ်အိုးဆရာတော်)တရားဟောကြားမည်ဟု ကြားသိရသဖြင့် ၀ါဆိုသင်္ကန်းလာကပ်ရင်း တရားနာဘို့
အိမ်မှထွက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပီး သင်္ကန်းကပ်တရားနာပြီးအပြန်တွင် ဘတ်စကားတိုက်ခံရပီး
ပွဲချင်းပီး သေဆုံးသွားခဲ့ပါသည်။
No comments:
Post a Comment