23/06/2010

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်မှုအတွက် ၀မ်းမြောက်လွှာနှင့် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာနေ အဘ-ဦးကြည်စိုး၏ သမီး မသန်းသန်းစိုးနှင့်

အဘ-ဦးအောင်မောင်း၏သမီး မစုမြတ်မွန်တို့သည် ပညာသင်နှစ်-၂၀၀၉/၂၀၁၀ခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ

အောင်မြင်ကြကြောင်း အွန်လိုင်းမှတဆင့်ကြားသိရပါသဖြင့် ရပ်ရွာအတွက် ဂုဏ်ယူမိပါကြောင်း ပြည်ပရောက်

ပုဂ္ဂိုလ်များ၏ ကိုယ်စား မှတ်တမ်းတင် အပ်ပါသည်။

၎င်းစာမေးပွဲအောင်မြင်သူ မသန်းသန်းစိုးနှင့် မစုမြတ်မွန်တို့သည် နံ့သာကုန်းကျေးရွာ ကမ္ဘာ့ရန်ကင်း

ကျောင်းတိုက်တာအတွင်း၌ ဖွင့်လှစ်သော နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းတက်ခဲ့ကြစဉ်

ကလည်းအဆင့်အသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ ဖြစ်ခဲ့ကြသလို ယမန်နှစ်တက္ကသိုလ်ဝင်ခွင့်

စာမေးပွဲတွင်လည်း တစ်နှစ်တည်းဖြင့်ပင် ထူးခြားစွာ အောင်မြင်ခဲ့ကြသူများ ဖြစ်ပါသည်။


ယခုနှစ်တွင်လည်း နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ

တက်ရောက်မည့် အဖ-ဦးသိန်းလှိုင်၏သမီး သင်တန်းသူ မထက်ထက်စိုးအား ပညာသင်ထောက်ပံ့ကြေးအဖြစ်

တစ်သိန်းကျပ်တိတိကို သင်တန်းပြဆရာတော်များ၏ ကိုယ်စား ဆရာတော် ဦးသုဇနမှ ပေးအပ်ခဲ့ကြောင်း

သတင်းရရှိပါသည်။ို


No comments:

Post a Comment