23/12/2013

အောင်မြင်တဲ့ ဘ၀ရောက်ဖို့ဆိုတာ ငရုတ်စေ့ပျိုးပင်ပေါက် စိုက်ပျိုးရသလိုပါဘဲ..





ဘ၀ဆိုတာ မအောင်မြင်ခင် အစပိုင်းအချိန်လေးမှာ ပတ်ဝန်းကျင်ရဲ့ ခနိုးခနဲ့ ဆိုကဲ့ရဲ့ခြင်းစတဲ့   လောကဓံတရားတွေကို ခံရလေ့ရှိပီး အောင်မြင်သွားခဲ့တဲ့  အချိန်မှာတော့ ခနိုးခနဲ့ ဆိုကဲ့ရဲ့ဒဏ် လောကဓံတရားတွေဟာ အောင်မြင်မှု အရှင်သခင်ရဲ့ ခြေတော်ရင်အောက်မှာ ၀ပ်စင်းပျောက်ကွယ်သွားရတာ သဘာဝပဲ..
ဥပမာအနေနဲ့ ပြောရရင်..ငရုတ်သီးစေ့လေးတွေဟာု မျိုးပင်အဖြစ် စိုက်ပျိုးတဲ့အခါမှာ 
 အပထမ ပျိုးပင်လေးတွေ အညှောင့်ထွက်လာအောင် အပေါ်ကနေ သစ်ခက် ၀ါးခက်ဝါးဓနိဖက်တွေနဲ့ ဖုံးအုပ်တာကို ခံခဲ့ရပေမယ့် အစေ့ကနေ အညှောင့်ထွက် အပင်ပေါက်လာတဲ့ အခါမှာတော့ အပေါ်ကနေ ဖုံးဖိတဲ့ ဒဏ်ကို မခံရတော့သလိုပါပဲ..ဘ၀ဆိုတာဟာလည်း မအောင်မြင်ခင်အချိန်မှာပတ်ဝန်းကျင်ရဲ့ဖိနှိပ်ကဲ့ရဲ့ဝေဖန်မှုဒဏ်တွေ ခံကြရပေမယ့်
အောင်မြင်လာချိန်မှာတော့ ဝေဖန်ကဲ့ရဲ့သံတွေဟာ အလိုလို ပျောက်ကွယ်သွားတတ်တာ လောကကြီးက ပေးတဲ့ သဘာဝတစ်ခုပဲ…

No comments:

Post a Comment