23/12/2013

အမွန်မြတ်ဆုံးညတစ်ည(သို့မဟုတ်) တန်ဆောင်တိုင်လပြည့်ည


နက္ခတ်တာရာတွေအနက်
ကြတ္တိကာ နက္ခတ်နှင့်ယှဉ်တဲ့ လတစ်လ..ဒီလ
အထက်ဝေဟင် ကောင်းကင်ပြင်မှာ
ဆီးနှင်း မြူတိမ် သူရိန် မီးခိုး
ညစ်မျိုးငါးဝ ကင်းစင်လှပတဲ့ ညစ်ည ..ဒီည
လရောင်ကို မှီခိုနေကြရတဲ့
ကုမုဒြာကြာတွေ ပွင့်တဲ့ညတစ်ည..ဒီည
ဖခင်ကို သတ်ဖြတ်ခဲ့တဲ့
ဘုရင်အဇာသတ်အတွက်
သောကကင်းဝေး
အိပ်ဆေးကောင်းတွေ့ခဲ့တဲ့ညတစ်ည ဒီည..
နေ့ထူးရက်မြတ်တွေအနက်
မြန်မာဗုဒ္ဓဘာသာလူမျိုးတွေ အထွတ်အမြတ်ထားတဲ့
သာမညဖလအခါတော်နေ့ည..ဒီည..
တစ်နှစ်မှ တစ်ကြိမ်
တစ်ကြိမ်မှ တစ်ကျောင်းသာ
ခင်းခွင့်ရှိတဲ့ ကထိန်ခင်းရာသီရဲ့
နောက်ဆုံးညစ်ည..ဒီည
မြန်မာပြည် နေရာအနှံ့
ပျော်ပွဲရွှင်ပွဲ..တရားပွဲတွေနဲ့
စည်ကားနေတဲ့ညတစ်ည...ဒီည
ရှိရှိသမျှ သစ်ပင်တွေအနက်
မယ်ဇလီပင်တွေ ဆေးဖက်ဝင်တဲ့ ညတစ်ည..ဒီည..
အနှစ်ချုပ်ကြည့်လိုက်တော့
ဒီညဟာ လောကီ လောကုတ္တရာ
ဆေးနှစ်ဖြာခတဲ့ ညတစ်ည
(သို့မဟုတ်)
တန်ဆောင်မုန်းလပြည့်ည..

တန်ဆောင်တိုင်လပြည့်ည အမှတ်တရအဖြစ် ရေးစပ်သီကုံးပါသည်။

1 comment:

  1. Titanium Drill Bits and How to Make Your Tipping Glasses
    The Titanium® titanium rings for men is a plastic bottle with titanium damascus a plastic blue titanium cerakote shell. titanium wedding rings It is plastic and weighs 1.1 trekz titanium ounces.

    ReplyDelete