17/01/2012

အလောင်းတော်ကဿပဘုရားဖူးသွားလိုသူများသို့

အလောင်းတော်ကဿပပုံတူရုပ်ကလာပ်တော်အား ဖူးတွေ့ရစဉ်


ဘုရားရင်ပြင်ပေါ်သို့ ပို့ဆောင်ပေးသည့် တောဝိုင်းဆင်များ
ရွှေဆံပင်အလှူရှင်များနှင့် အလောင်းတော်ကဿပ ဘုရားဖူးသွားလိုသူများအတွက် ၀မ်းမြောက်ဖွယ်

ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင် ဆရာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထူးသဖြင့်
ရွှေဆံပင်နှင့်အခြားငွေအလှူရှင်များ၏ ကူညီပံ့ပိုးမှုများကြောင့် ရွှေဆံပင်တံတားလမ်းဆရာတော်များ
အနေဖြင့် တံတားအစင်း(၂၀)နှင့်၊ လမ်းမိုင်(၁၅)မိုင်တို့ကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊
ယခုအခါတွင် ယမားချောင်းကြီးကို ဖြတ်ကျော်မည့် ရွှေမေတ္တာတံတားကြီး(အရှည် ပေ-၄၅၀၊ အမြင့် ၁၈ပေ၊
အကျယ်-၁၈)ပေရှိ တံတားကြီးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ သို့အတွက်
ရန်ကုန်မြို့၊ ရွှေဆံပင်အလှူရှင်များ၏ တောင်းဆိုချက်အရ ရွှေဆံပင်တံတားလမ်းလေ့လာရေးနှင့်
အလောင်းတော်ကဿပဘုရားအပါအ၀င် အညာမြေဘုရားဖူးခရီးစဉ်ကို (၂၀-၁-၂၀၁၂)မှစတင်ပြီး
စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဘုရားဖူးခရီးစဉ်ကို ရန်ကုန်မြို့မှ အကျိုးတော်ဆောင်
လူငယ်များ၏ ကုသိုလ်ဖြစ် စောင့်ရှောက်လိုက်ပါမည်ဖြစ်ပြီး၊ ဒေသခံ ရွှေဆံပင်လမ်းတံတား
အကျိုးတော်ဆောင်ဆရာတော်များနှင့် ဒေသခံနယ်သူ နယ်သားများက လိုအပ်သလို ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ပါသည်။
ခရီးစဉ်မှာ (၄)ညအိပ် (၃)ရက်ခရီးဖြစ်ပြီး-

မန္တလေး မဟာမြတ်မုနိဘုရားကြီး
စစ်ကိုင်းကောင်းမှုတော်ဘုရား
မိုးညှင်းသမ္ဗုဒ္ဓေဘုရား
ဗောဓိတစ်ထောင်ဘုရား
ကျောက္ကာရွှေဂူနီဘုရား
ရွှေတောင်ဦးဘုရား
ဖိုလ်ဝင်တောင်၊ ရွှေဘတောင်ရှိဘုရားများ
ရွှေဆံပင်တံတားလမ်းနှင့် အလောင်းတော်ကဿပဘုရားများသို့ ရောက်ရှိကြမည်ဖြစ်ပါသည်။
ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင်အဖွဲ့မှ ယာဉ်ငယ်တစ်စီးဖြင့် ကျန်းမာရေး စောင့်ရှောက်လိုက်ပါမည်ဖြစ်ပြီး၊
အထူးအစဉ်အနေဖြင့် မုံရွာမြို့ သံဃာအပါး(၅၀၀)ကျော်အား အာရုဏ်ဆွမ်းလောင်း
လှူပွဲကျင်းပခြင်း၊ ရောင်ခြည်သစ်မျက်မမြင်ပရဟိတကျောင်းတွင်လည်း အာဟာရဒါနများလှူဒါန်းသွားကြမည်ဖြစ်ပါသည်။ အညာကျေးလက်အစားအစာမျိုးစုံဖြင့်
ကျွေးမွေးမှုတိုင်းကိုလည်း စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊
နေရာထိုင်ခင်းများကိုလည်း အတတ်နိုင်ဆုံးအဆင်ပြေအောင်
စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ခရီးစဉ်ကို စိတ်ပါဝင်စားသူများနှင့် လိုက်ပါကုသိုလ်ယူလိုသူများအနေဖြင့်အသေးစိတ်သိရှိရန်အတွက် လိုအပ်ပါက

ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင်အဖွဲ့၊
တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊
အရှေ့ဝါယာလက်(၂)လမ်း၊
ကမ္ဘာအေး၊ ရန်ကုန်။
ဖုံး-09-6450654၊
069-6451422၊
09-49323697 တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သိရှိရသည်။
တစ်ဦးလျှင်(၅၅၀၀၀) ငါးသောင်းငါးထောင်ကျပ်ဖြစ်ပါသည်။
(အားလုံးစားစရိတ်-နေထိုင်မှုစရိတ်၊)
မှတ်ချက်။ ။ အပတ်စဉ် သောကြာနေ့တိုင်းတွင် ထွက်ရှိနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း။
ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင်အဖွဲ့

2 comments:

  1. အလောင်းတော်ကဿပဘုရားဖူးသွားများသိစေရန်ရေးသားပေးသော
    ဘုန်းဘုန်းကိုကျေးဇူးတင်ပါတယ်
    ဘုန်းဘုန်း kl မှာလား တပည့်တော်က ဆန်းဝေး မှာပါ
    ခု နယူးဇီလန်က သူငယ်ချင်းတွေလာလို့ နယ်ဖက်ကို ခရီးထွက်သွားတာပါ
    ဘုန်းဘုန်းချမ်းမြေ့ပါစေ

    ReplyDelete
    Replies
    1. အခု ဘုန်းဘုန်းကလည်း ဆန်းဝေးက ဒကာတစ်ဦးအိမ်မှာ
      တည်းခိုပါတယ်..ဆန်းဝေးဆေးရုံနဲ့ အရမ်းနီးတယ်လေ..
      ၂၁ ရက် စနေနေ့ ညနေ ၆နာရီ အဲယားအေရှဖလိုက်နဲ့ ဘန်ကောက်ပြန်ကြွ
      ဖြစ်မယ်..
      အော် တစ်ခုလောက် တောင်းဆိုချင်ပါတယ် စံပယ်ချိုရေ
      ဖေဖော်ဝါရီ (၁၂)ရက်နေ့မှာ ကျရောက်မဲ့ ချစ်သူများနေ့
      အမှတ်တရအတွက် ဘုန်းဘုန်းသူငယ်ချင်းဒကာတစ်ဦးက
      ကဗျာစာအုပ်လေး စီစဉ်မှာမို့ ဖြစ်နိုင်ရေ စံပယ်ချိုအနေနဲ့
      ကဗျာစာမူလေးတစ်ခုလောက် ပို့ပေးဘို့ တောင်းဆိုချင်ပါတယ်
      အဆင်ပြေမှ ပို့ပေးပါ..အဆင်မပြေရင်လည်း ဘယ်တတ်နိုင်မလဲ
      ဒကာမလေးရဲ့ ကိုယ်ပိုင်ကဗျာတွေက အရမ်းထိမိစူးရှတဲ့အတွက်
      အခုလိုဖိတ်မရံတာပါ..
      အစဉ်ထာဝရ လေးစားခင်မင်စွာဖြင့်
      မျိုးဆက်သစ်မှတ်တိုင်

      Delete