04/11/2010

အရိုင်းကောင်များ



သားရိုင်းတွေ
တွေ့ကရာကို ၀ိုင်းဆွဲနေကြ
သောက်လက်စ သွေးစိမ်းတွေတောင် မကုန်သေးဘူး
မျက်လုံးက နောက်တခုကို လောဘဇောတက်နေပြီ၊

သားရိုင်းတွေ
ခုတ်ချင်ခုတ် ဖြုတ်ချင်ဖြုတ်နေကြ
ကြယ်တွေလည်း တဖုတ်ဖုတ်ကြွေကျ
အမျိုးသားသီချင်းတွေလည်း သုံးမရအောင် မြေမှာခ၊

သားရိုင်းတွေ
ငါတို့မြေကို ဖြိုနေကြ
ငါတို့လေကို အဆိပ်ခတ်ကြ
ငါတို့အလံကို မြေမှာချ
ငါတို့ ဘ၀ကို တွင်းတူးမြုပ်နှံကြ၊

သားရိုင်းတွေ
တိရိစ္ထာန်ထက် ရိုင်းစိုင်းတဲ့ သားရိုင်းတွေ
မင်းတို့အတွက်
(သန်း ၆၀ ရင်ထဲမှာ)
ကမ္ဘာမကြေသီချင်းတွေ ဘ၀ဆက်တိုင်း ရှိနေမယ်။ ။

(အသိပေးခြင်း)ရင်ခွင်သစ်မှ ကူးယူဖော်ပြပါကြောင်း ရိုးသားစွာ ၀န်ခံအပ်ပါသည်.ကူးယူခွင့်ပေးတဲ့
ကဗျာဆရာ ကိုဧဏီမင်းကိုလည်း အားလုံးကိုယ်စား ကျေးဂျူးကီဘာတင်ပါတယ်...

No comments:

Post a Comment