22/12/2012

၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူနှစ်ဦးတိုအား ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်

           ၁၃၇၄-ခုနှစ်၊       တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်    (30-11-2012 ) သောကြာင်္နေ့တွင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ နံ့သာကုန်းကျေးရွာ၊ ကမ္ဘာ့ရန်ကင်းကျောင်းတိုက်တာအတွင်း၌ အဝေးရောက် မွေးရပ်မြေမှ ပညာပါရမီကုသိုလ်ရှင် သံဃာတော်များ၊  ဒေသခံကျေးရွာ ပညာပါရမီကုသိုလ်ရှင် သံဃာတော်များမှ   ဦးစီးဦးဆောင်၍
ပညာပါရမီကုသိုလ်ရှင်အသီးသီးတို့မှ ရပ်ရွာမျိုးဆက်သစ်ခလေးငယ်များ ပညာညာဏ်ရည် ဖွံ့ဖြိုးရေးနှင့် ထူးချွန်သော ပညာတတ်ပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်ရည်ရွယ်ချက်ဖြင့် ပထမအကြိမ် ပညာရည်ချွန်ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဘာသာရပ်အလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် သုံးဘာသာဂုဏ်ထူးရှင်နံ့သာကုန်းရွာမှ အဘ ဦးမြင့်လေး၏ သမီး မဝေေ၀လွင်အား ပညာရည်ချွန်ဆုငွေ ကျပ်(၇)သိန်း တစ်သောင်းနှင့် ပိတောက်ကုန်းရွာမှ တစ်ဘာသာဂုဏ်ထူးရှင် မောင်မျိုးသူဝင်းအားဆုငွေကျပ်(၁)သိန်း ၅ထောင်စီအသီးသီး ပေးအပ်ခဲ့တယ်လို့သိရပါတယ်..

(အသိပေးချက်)     ပညာရည်ချွန်ဆုပေးပွဲအတွက် ထည့်ဝင်လှူဒါန်းခဲ့ကြသည့်
ပညာပါရမီကုသိုလ်ရှင်များစာရင်းကိုလည်း မကြာခင်အချိန်အခါမှာ ဖော်ပြပေးသွားပါမည်။
 အွန်လိုင်းမှတစ်ဆင့် မှတ်တမ်းဓာတ်ပုံများ ပို့ပေးခဲ့တဲ့ ဦးရာဇိန္ဒ(မောင်မင်းစိုး-ရွှေနံ့သာ)အားလည်း အထူးကျေးဇူးတင်ရှိပါ၏။

ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းနား မှတ်တမ်းဓာတ်ပုံများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်..




သုံးဘာသာ ဂုဏ်ထူးရှင် မဝေေ၀လွင်အား ဆုငွေကျပ်(၇)သိန်းတစ်သောင်း ပေးအပ်နေစဉ်





တစ်ဘာသာ ဂုဏ်ထူးရှင် မောင်မျိုးသူဝင်းအား ဆုငွေကျပ်(၁)သိန်း ငါးထောင်ကို ပေးအပ်နေစဉ်





ဆုပေးပွဲရောက်လာကြသည့် မျိုးဆက်သစ်ကျောင်းသူ/သားများအား တွေ့ရစဉ်



ပညာရည်ချွန်ဆုပေးပွဲအခမ်းနာကို ကြွရောက်အားပေးခဲ့ကြသည့် ကျေးရွာဒေသခံသံဃာတော်များ




ကျေးရွာဥက္ကဌ ဦးမြင့်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား စကားပြောကြားနေစဉ်



(၃)ဘာသာ ဂုဏ်ထူးရှင် မဝေေ၀လွင်မှ ကျေးဇူးတင်စကား ပြောကြားနေစဉ်




တစ်ဘာသာ  ဂုဏ်ထူးရှင်မောင်မျိုးသူဝင်းမှ ကျေးဇူးတင်စကား ပြောကြားနေစဉ်



ဆုပေးပွဲအခမ်နားအပြီး ဂုဏ်ထူးရှင်များနှင့် အမှတ်တရ




သုံးဘာသာဂုဏ်ထူးရှင် မဝေေ၀လွင်(၀ဲမှယာ)အား
ဆယ်တန်းကျောင်းသူဘ၀က သူမတက်ရောက်ခဲ့ရာ စံဘော်ဒါဆောင်ရှေ့၌
အမှတ်တရ






 

No comments:

Post a Comment