01/08/2009

အိုဘယ့်် ကျောင်းသား…

အိုဘယ့်် ကျောင်းသား……
မဟာချူလာဆိုတဲ့ သီးသန့်နယ်မြေလေးထဲမှာ
ထွက်ခွါလာကြတာချင်း အတူတူ
ဦးတည်ရာပန်းတိုင်ချင်းအတူတူ
လူပီသတဲ့သူ..
ကူညီကြမဲ့သူ..
အယူသီလ တူမျှတဲ့ သူတွေလေ---
ထောင်လိုက်ဆက်ဆံရေးကို မလိုလား
အလျှားလိုက်ဆက်ဆံရေးကို ကြိုဆို
သစ္စာကိုယုံရင် ဘ၀ဟာ လုံခြုံစရာ
မေတ္တာကိုယုံရင် ဘ၀ဟာ ခုံမင်စရာ
ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်မအောင်းပေမယ့်
ကျောင်းတစ်ကျောင်းမှာတော့ ခြင်္သေ့ဒါဇင်ကျော်အောင်းတယ်လေ…….
ဆရာကြီးလုပ်ချင်တဲ့ မွေးရာပါဗီဇစိတ်ကြောင့်
တစ်ချို့လည်မလိုနဲ့ အ သွားတတ်သူတွေရှိတယ်
တချို့  အ မလိုနဲ့ လည်သွားတဲ့သူတွေလဲရှိတယ်..
အိုင်တီခေတ်မှာ တိုင်မှီနေလို့မဖြစ်ဘူး(နောက်ကျကျန်ခဲ့မယ်)
ဝင်သက်ထွက်သက် အမျှင်မပြတ်သမျှ
သင်ပြီးရင်း သင်နေရမယ်…..
ဘ၀မှာ အောင်မြင်ရေးအတွက်
လမ်းဘေးမှာ ချန်ထားခဲ့ဘို့ လိုတာလေးတွေက
အလွမ်းဆွေး ဓာတ်ခံလေးတွေ
အနမ်းမွှေးမွှေးး ဆက်ရန်လေးတွေ….
စကတ်တိုလည်ဟိုက်မလေးတွေပုံပြင်
သွယ်ဝိုက်ပြီးလဲ မပြောချင်ဘူး
ဘ၀မှာ လူရာဝင်ဘို့ ဆိုရင်
သူတို့တွေစာသင်ရဦးမယ်လေ…..
ဟေ့ -သူငယ်ချင်း
(chatting)ချက်တင်မှာ ပျာယာခတ်နေရုံနဲ့
ဒို့တတွေရဲ့အနာဂတ်ဟာ လှပလာမှာမဟုတ်ဘူးလေ…
အနာဂတ်ခရီး လှပဘို့အတွက်
စက္ကန့်တိုင်းမှာ စိန်စီထားတာမို့
ရှေ့ဆက်ဘို့အတွက် လမ်းမှန်ကိုရွေးရမယ်….
ဟေ့-သူငယ်ချင်း
ရေသောက်ပါများမှ နွေရောက်ပါလားမလုပ်နဲ့
မနေ့က ဥသြတွန်သံ ငါ ကြားရတယ်၊
နှင်းဖျောက်သံကြားမှ ဆောင်းပေါက်ပါလားမလုပ်နဲ့
ဆီးနှင်းတောင်တွေကမင်းကို သရော်ကြလိမ့်မယ်၊
လျှပ်စီးတွေမြင်ပါမှ မိုးဝင်လာပါပြီလားမလုပ်နဲ့
မနေ့က ဖားအော်သံ ငါကြားရတယ်၊
ဘ၀တစ်ခုရဲ့ သုံးရာသီကို
အချိုးကျကျ ခွဲဝေသွားကြမယ်ဆိုရင်
ဘ၀တစ်ခုရဲ့အနာဂတ်တွေကို
ဒို့လက်တွေ နဲ့ ထုဆစ်သွားကြမယ်ဆိုရင်
ကောက်ကျစ်တဲ့အကျင့်စရိုက်ဆိုးတွေကို
ဒို့တတွေ ရိုက်ချိုးပစ်ကြမယ်ဆိုရင်
မဲညစ်နေတဲ့ တိမ်တိုက်လွှာတွေဟာ
ရှက်သွေးဖြာပြီး
အဝေးကို ထွက်ပြေးကြလိမ့်မယ်၊
လှပတဲ့ ကောင်းကင်ပြာတွေကို
ဒို့တတွေ နမ်းရှိုက်ခွင့်ရကြမယ်လေ…….

ဆန်းသစ်အောင်
Sunday, July 26, 2009

No comments:

Post a Comment