15/08/2009

လောကပြတင်းရွှေနံ့သာ စာကြည့်တိုက်အခြေအနေ

လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အဆောက်ဦးအလှူရှင်-မောင်ဆန်းထွန်း(ခေတ္တ-ကိုရီးယား)
တည်ဆောက်နေဆဲလောကပြတင်းရွှေနံ့သာစာကြည့်တိုက်အဆောက်ဦးအားတွေ့ရစဉ်


ရွှေနံ့သာ စာကြည့်တိုက်မှ၊ လောကပြတင်းရွှေနံ့သာ စာကြည့်တိုက်အဖြစ် ပြောင်းလဲ
လိုက်ပြီး။ ယခု အဆိုပါ စာကြည့်တိုက်၏ တည်ဆောက်ဆဲ အခြေအနေကို တင်ပြလိုက်
ပါသည်။ ယခင် ရွှေနံ့သာ စာကြည့်တိုက်ကိုကား (ခဏ္ဍ)သိမ်ထဲ၌ ဖွင့်ထားခြင်းဖြစ်ပါသည်။
ယခုသော်ကား ထိုစာကြည့်တိုက်ကို သီးသန့်ဆောက်လုပ် ဖွင့်လှစ်ရန်၊ အဆောက်အဦး
အသစ်ကို ကိုးရီးယားတွင် နေထိုင်အလုပ်လုပ်နေသော လူငယ်လေး မောင်ဆန်းထွန်း
မှ တစ်ဦးတည်း ဆောက်လုပ်နေခြင်းဖြစ်ပါသည်။ ရွှေနံ့သာ စာကြည့်တိုက်ကို ၁၃၇၀ခုနှစ်
ကဆုန်လပြည့်နေ့ဝယ် မောင်မင်းစိုး၊ ရွှေနံ့သာ၊ ဦးဆောင်လျှက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး
ယခု စာအုပ်ပေါင်း သုံးထောင်ကျော်၊ အသင်းဝင် နှစ်ရာ့ငါးဆယ်ကျော် ရှိပါသည်။ မည်သူမဆို
စာအုပ်များ လှူဒါန်းလိုလျှင် (အရှင်ရာဇိန္ဒ၊ ဖုန်း၊ ၃၈၄၃၆၃)
mgminsoe777@gmail.com သို့
ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

No comments:

Post a Comment