30/09/2009

ခန္တီနှလုံး အပြုံးမျက်နှာ


လောကီပုဂ္ဂိုလ်၊ လူထိုထိုတို့
မလိုစိတ်ထား၊ မုန်းစိတ်ပွားလည်း
ငါ့အားရန်ပြု၊ ငါမမှုပေ
ပြုံး၍နေအံ့ ။

ငါသည်သော်ကား၊
ခန္တီတရား

လက်ကိုင်ထားလျှက်
သင်တို့ရန်ပြု၊ စိတ်ထားနုလည်း
မုခမညို၊ ရန်မလိုဘဲ
အချိုမျက်လုံး၊ အမြဲသုံးလျက်
အပြုံးဖြင့်သာ နေလိုက်ပါမည်
ဆယ်ကမ္ဘာတိုင် မုန်းစေသော် ။

မောင်တေဇ (စလင်း) ရွှေကံမြေ

ပြည်တွင်းထုတ်
"မေတ္တာရှင်" ဘာသာယဉ်ကျေးမှုမဂ္ဂဇင်း
အမှတ် (၂)၊ ၂၀၀၉၊ သြဂုတ်လ၊ စာမျက်နှာ (၇) မှ ကဗျာအား
ကရုဏာမေမေကို ဂုဏ်ြပုသောအားဖြင့် မျှဝေခံစားကူးယူဖော်ပြအပ်ပါသည်။


No comments:

Post a Comment