26/09/2009

ထိုင်းဘုရင်မင်းမြတ်အတွက် ဆုတောင်းဝတ်ရွတ်ပွဲမှတ်တမ်း


ထိုင်းဘုရင်နှင့်ဘုရင်မအား ငယ်ရွယ်စဉ်ကတွေ့ရစဉ်
တိုင်းသူပြည်သားများအပေါ် ထားရှိတဲ့ အတုယူဖွယ်ရာ ဘုရင်စေတနာ

ဆုတောင်းဝတ်ရွတ်ပွဲအပြီးသူငယ်ချင်းဦးဇင်းနှင့်အတူ အမှတ်တရ
ဆုတောင်းဝတ်ရွတ်ပွဲ မလုပ်မှီ သံဃာတော်များနှင့်အတူ အမှတ်တရ

ဟလို…
အမိန့်ရှိပါခင်ဗျာ…..
ဖုန်းဝင်လာသဖြင့် ကောက်ကိုင်လိုက်သောအခါ မိမိဖုန်းထဲတွင်
ပေါ်လာသောဖုန်းနံပါတ်ကိုကြည့်လိုက်တော့ ခပ်စိမ်းစိမ်းဖြစ်နေ၏
ဘယ်သူဘယ်ဝါမှန်းမသိသဖြင့် ဘယ်ကလဲ ဘယ်သူလဲစသည်ဖြင့်
မေးလိုက်တော့မှ ဦးဇင်းပါ မကြာခင် ကျောင်းကသံဃာတွေဆေးရုံ
ကိုကြွကြမှာလေ ဒကာလေးရဲ့….
သြော်.ပြန်စဉ်းစားကြည့်လိုက်တော့မတွေ့ရတာကြာပြီဖြစ်သော
သူငယ်ချင်းဦးဇင်းတစ်ပါးဖြစ်နေသဖြင့် တော်တော်ဝမ်းသာသွား
မိ၏၊ ဒကာလေးလိုက်မယ်ဆိုရင် အခုဘဲကျောင်းကိုလာခဲ့ပါလား
တင်းပါး ဒါနဲ့စကားမစပ် ဦဇင်းတို့ကဆေးရုံကို ဘာလုပ်ကြွကြမှာ
လဲဘုရားလို့ လျှောက်ထားကြည့်လိုက်တော့ သူငယ်ချင်းဦးဇင်း
ကဤသို့ပြောပြပါတယ်၊ထိုင်းဘုရင်မင်းမြတ်ဟာ ယ္ခု ကျမ္မာရေး
မကောင်းလို့ ဆေးရုံပေါ်ရောက်နေတယ်လေ….အဲဒါကြောင့်
ဦးဇင်းတို့ကျောင်းကသံဃာတော်တွေက ဆေးရုံသွားပြီး ဘုရင်
မင်းမြတ်အတွက် ဆုတောင်းမေတ္တာပို့ပေးကြမှာပါ….
ဒကာလေးလိုက်မယ်ဆိုရင်အခုလာခဲ့ပါ ကျောင်းလဲရောက်ဖူးတာ
ပေါ့၊
ကျွန်တော်လည်း အ၀တ်အစားကပျာကယာလဲပြီး ကျောင်းကိုအ
မြန်ထွက်လာခဲ့ပါတယ်၊ကျောင်းရောက်တော့ သံဃာတော်တွေ
ဟာသွားဘို့ ကားပေါ်မှာနေရာအသီးသီးယူထားကြတာကိုတွေ့
ရပါတယ်၊မကြာမှီမှာဘဲ ကားသုံးစီးဟာစီတန်းပြီး ကျောင်းကနေ
ထွက်ခွါလာခဲ့ရာ ဘုရင်မင်းမြတ်ဆေးကုသခံယူနေတဲ့ ဆေးရုံကို
နေ့လည်(၂)နာရီအချိန်မှာ ရောက်ရှ်ိပါတယ်၊
ဟိုရောက်တော့ ယိုးဒယားပြည်သူတွေလည်းဘုရင်မင်းမြတ်ကြီး
အတွက်ဆုတောင်းပေးနေတာကို များပြားစွာတွေ့ရပြီး စိတ်ထဲမှာ
သြော်..သူတို့တွေဟာ သူတို့ဘုရင်မင်းမြတ်ကို တော်တော်ရိုသေ
လေးစား ချစ်ခင်ကြပါလား ဟုအတွေးတစ်ခုဝင်လာမိ၏၊ဒါကြောင့်
သူတို့နိုင်ငံဟာ နေ့ချင်းညချင်းကြီး တိုးတက်လာပါလား..ဘုရင်နဲ့
ပြည်သူတွေဟာ အချင်းချင်းယုံကြည်မှုအပြည့်အ၀ရှိကြပါလားစ
သည်ဖြင့်အတွေးနယ်ချဲ့နေမိပြန်၏၊မကြာခင်မှာဘဲ သံဃာတော်
များဟာ ဆေးရုံရှေ့ ဘုရင်မင်းမြတ်ကြီးရဲ့ရုပ်တုရှေ့တည့်တည့်မှာ
ဘုရင်မင်းမြတ်ကြီးကို အာရုံပြု၍ ဆုတောင်းပေးကြရာ ကျွန်တော်လဲ
အနားသွားပြီး နားထောင်ကြည့်၏၊
ရွတ်ဖတ်တဲ့အထဲမှာ ဗောစ္ဇျင်္ဂပရိတ်(ဆေးပရိတ်)တော်ကို ရွတ်ဖတ်
သံကိုကြားရသော်လည်းရွတ်ဖတ်သံလေယူလေသိမ်းချင်းမတူကြ
သဖြင့် တစ်ခါတစ်ရံလောက်မှာသာ နားလည်ပါ၏ ၊ဒီလိုနဲ့ စာရေးသူ
လည်း လျှောက်ပတ်ကြည့်ရာ ဘုရင်ရုပ်တုဘေး တ၀ိုက်မှာ လှပစွာ
တန်ဆာဆင်ထားသော ပန်းစည်းခွေများကို တပတ်ကြီးတွေ့ရ၏မြန်မာ
ပြည်မှာဆိုလျှင်တော ဤလိုမျိုးပန်းကုံးများကို အသုဘဈာပနအခမ်းအနား
တွေမှာသာ တွေ့ရသဖြင့် ယဉ်ကျေးမှုချင်းကွာဟမှုကို တွေ့ရ၏၊
သံဃာတော်များ ဆုတောင်းဝတ်ပြုပြီးမှာတော့ မှတ်တမ်းတင်ဓာတ်ပုံများ
ရိုက်ကူးပြီးကျောင်းသို့ ပြန်ကြွ ကြမည်ဖြစ်သဖြင့် ကျွန်တော်လည်းသံဃာ
တော်များရဲ့နောက်ကနေလိုက်ပါရတော့၏။
ကားပေါ်ရောက်တော့ သူငယ်ချင်းဦးဇင်းနဲ့ စကားစမြည်ပြောကြရာဦးဇင်း
ကဘာပြောသလဲဆိုတော့ ဒကာကြီးရေ..ဒီနိုင်ငံကလူတွေကတော့ သူတို့
ဘုရင်နဲ့ဘုရင်မကို အရမ်းလေးစား ချစ်ခင်ကြတာဗျ…ပြီးခဲ့တဲ့ ဘုရင်မကြီးမွေး
နေ့တုန်းကတောင်မှဘဲ ဦးဇင်းတိှု့တက္ကသိုလ်ကကျောင်းသားသံဃာတော်တွေ
အားလုံး ဘုရင်မကြီးပုံကို ရှေ့မှာထားပြီးတော်တော်ကြာအောင် ဆုတောင်းပေး
ရသေးတယ်လေ…ပြည်သူတွေကလည်း ထိုနည်းတူစွာဘဲ ဆုတောင်းပေးကြ
တာဟု ပြောပြ၏
တင်းပါးဘုရား ဦးဇင်းပြောပြမှဘဲ အစုံသိရတော့တယ် ကျေးဇူးဘဲဘုရား …
ဒီနေ့ကတော့ တပည့်တော်အတွက် ဗဟုသုတတွေ အများကြီးတိုးသွားတယ်
ဘုရား..ဤသို့စကားစမြည်များပြောကြားလာရင်းစီးလာတဲ့ကားဟာလည်း
ကျောင်းကို ၄ နာရီအချိန်မှာရောက်ရှိခဲ့ပါတော့၏၊
ဘုရင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေကြောင်းဆုတောင်းလျှက်….
ဆန်းသစ်အောင်

No comments:

Post a Comment