ဆရာတော် ဘဒ္ဒန္တသိက္ခိတနှင့် ခမည်းတော် ဦးထွန်းခင်+မယ်တော်(ဒေါ်ခင်လှ)မိသားစုတို့၏
လှူဒါန်းမှုဖြင့် နံ့သာကုန်းရွာအ၀င်ဆိုင်းဘုတ်ကြီးအား ကျေးရွာစံပြစပါးစိုက်ခင်းထိပ်၌
မြန်မာကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ကဆုန်လပြည့်ကျော်(၁)ရက်၊တနင်္ဂနွေနေ့
(6-5-2012)တွင် နံ့သာကုန်းရွာ ဆရာတော်သံဃာတော်များ၊ရပ်မိရပ်ဘများနှင့်
လူငယ်မောင်မယ်များ၊ စုပေါင်းညီညာစွာဖြင့် စည်ကားသိုက်မြိုက်စွာ စိုက်ထူခဲ့ကြပါသည်။
၎င်းဆိုင်းဘုတ်စိုက်ထူသည့်နေ့တွင် ဆိုင်းဘုတ်အလှူရှင် ဦးသိက္ခိတမှ ဧည့်ပရိသတ်များအား
အဖျော်ရေအာဟာရများတိုက်ကျွေးခြင်း၊နံ့သာမောင်တီးဝိုင်းအား ဆုတော်ငွေ-၁၅၀၀၀
(တစ်သောင်းခွဲ)ကျပ်နှင့် ညီတော် ဦးဓမ္မ၀ရမှ -၅၀၀၀(ငါးထောင်ကျပ်)
ချီးမြှင့်ခြင်း. ဦးသိက္ခိတ၊ဦးရာဇိန္ဒ(မောင်မင်းစိုး)နှင့် ဦးနန္ဒသာမိတို့က၊ရောက်ရှိလာသောပရိသတ်များအား ရွှေမိုးငွေမိုးများ
ရွာသွန်းဖြိုးခဲ့ကြပါသည်။
အသိပေးခြင်း။ ။ ကျန်ရှိနေသော မှတ်တမ်းဓာတ်ပုံများကိုလည်း အပိုင်း(၂)တွင်
မကြာမှီတင်ပေးသွားပါမည်။
ကြည်နူးစရာလေးပါ ဘုန်းဘုန်း။အပိုင်း၂ကိုလဲမျှော်နေပါ့မယ်
ReplyDeleteနံ့သာကုန်းရွာလေးကိုတခါတခေါက်ရောက်ခဲ့ပြန်ပြီရှင်
ReplyDelete