24/05/2012

မွေးရပ်မြေမှ ဆရာတော် ဘဒ္ဒန္တပညာဓမ္မ၏ သက်တော်(၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့ ဂုဏပူဇာပွဲ မှတ်တမ်းဓာတ်ပုံများ

  
ခန့်ငြားထည်ဝါသော စိန်ရတု ဂုဏပူဇာအထိမ်းအမှတ် ဆိုင်းဘုတ်မုခ်ဦးကြီး



စိန်ရတုဂုဏပူဇာပွဲအတွက် အလှူရှင်အသီးသီးကို ဆိုင်းဘုတ်ဖြင့် မှတ်တမ်းတင်ထားစဉ် 



ဦးတင်ကို+ဒေါ်အေးလွင်မိသာစုတို့၏ မဏ္ဍပ်ဆင်အလှူတော်
ဦးအောင်ရင်+ဒေါ်အောင်ကြည်မိသားစုတို့၏ မဏ္ဍပ်ဆင်အလှူတော်
စိန်ရတု ဂုဏပူဇာပွဲ ဓမ္မသဘင်ကြော်ငြာဆိုင်းဘုတ်
စိန်ရတုမဂ္ဂဇင်းစာအုပ်အတွက် ရပ်ဝေးမှ ဧည့်သည်များ မဲနှိုက်နေကြစဉ်
အကျိုးတော်ဆောင် ရပ်ရွာလူငယ်များအဖွဲ့
အလှူငွေ လက်ခံရာဌာန
စိန်ရတုမဂ္ဂဇင်းစာအုပ်အတွက် ရပ်ဝေးမှ ဧည့်သည်များ မဲနှိုက်နေကြစဉ်
ဆရာတော်ဘုရားကြီးအား ကြိုဆိုပင့်ဆောင်ကြမည့် လူငယ်မောင်မယ်များနှင့် ၀တ်အသင်းသူများ
ဆရာတော်ဘုရားကြီးအား ကြိုဆိုပင့်ဆောင်လာကြစဉ်
ဆရာတော်ဘုရားကြီး အပူဇော်ခံ ကြွရောက်တော်မူလာစဉ်
စောင်းဒေါ်မြင့်မြင့်သွယ်အဖွဲ့မှ တေးထပ်ရတုဖြင့် ပူဇော်သီဆိုကြစဉ်
ရပ်ရွာ ဓမ္မစင်္ကြာဝတ်အသင်းသူများ
ဆရာတော်ဘုရားကြီးမှ တပည့်ဒကာ၊မများအား သြ၀ါဒတရားချီးမြှင့်တော်မူစဉ်
ဦးဘမောင်မှ လှူဘွယ်ပစ္စည်းများ ဆက်ကပ်စဉ်
ရပ်ရွာ တပည့် ဒကာ ဒကာမများ
ရပ်ရွာ တပည့် ဒကာ ဒကာမများ
ရေစက်သွန်းချ အမျှပေးဝေကြစဉ်
ရပ်ရွာ တပည့် ဒကာ ဒကာမများ
တရားနာပရိသတ်များအား ဆေးလိပ်ကမ်းဝေကြမည့် ကုမ္မာရီအမျိုးသမီးလေးများ

ဆရာတော်ဘုရားကြီး စိန်ရတုဂုဏပူဇာအခမ်းနားမှ ပြန်ကြွတော်မူစဉ်
ကုမ္မာရီအမျိုးသမီးလေးများက တရားနာပရိသတ်များအား ဆေးလိပ်ကမ်းဝေကြစဉ်

စိန်ရတုဂုဏပူဇာသဘင် အပြီး အလှူရှင်အချို့မှ ရွှေမိုးငွေမိုး ရွာသွန်းဖြိုးနေကြစဉ်
စိန်ရတုဂုဏပူဇာအထိမ်းမှတ်အဖြစ် တပည့်သံဃာတော်များလှူဒါန်းထားသည့် ပါဂျရိုကားအားတွေ့ရစဉ်
စိန်ရတုဂုဏပူဇာသဘင်ပွဲအပြီး ဆိုင်းဘုတ်ကြီးနှင့်  အမှတ်တရ
\
   
စိန်ရတုဂုဏပူဇာသဘင်ပွဲအပြီး ဆိုင်းဘုတ်ကြီးနှင့်  အမှတ်တရ

 စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာ ကမ္ဘာ့ရန်ကင်းကျောင်းတိုက်
ဆရာတော် ဘဒ္ဒန္တပညာဓမ္မ၏ သက်တော်(၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့ ဂုဏပူဇာပွဲတော်ကြီးကို
၁၃၇၄ ခုနှစ် ကဆုန်လဆန်း(ဂ)ရက်နေ့၌ ဆင်ယင်ကျင်းပခဲ့ရာ ပွဲတော်အကြိုညတရားပွဲများအဖြစ်
ဆရာတော်ဘုရားကြီး၏ တပည့်များဖြစ်ကြသည့် ပိဋကတ်နှစ်ပုံဆောင် ဘဒ္ဒန္တသီတလနှင့်ပိဋကတ်
နှစ်ပုံခွဲဆောင်ဘဒ္ဒန္တပညာဝံသာလင်္ကာရတို့ကဟောကြားတော်မူကြပီးစိန်ရတု မွေးနေ့အောင်ပွဲ
တရားတော်ကိုတော့ ပိဋကတ်နှစ်ပုံခွဲဆောင်ဘဒ္ဒန္တ၀ါသေဌာလင်္ကာရမှ ဟောကြားတော်မူခဲ့ပါသည်။
ဆရာတော်ဘုရားကြီး၏မွေးနေ့ပွဲသို့ ကြွရောက်လာကြသည့် ရပ်ဝေးရပ်နီးအသီးသီးမှ ဒကာ၊မ
အပေါင်းတို့အား ထမင်းအာဟာရများကျွေးမွေးခြင်း၊စိန်ရတုမဂ္ဂဇင်းစာအုပ်များဝေငှခြင်း၊
ဆရာတော်ဘုရားကြီး၏ပုံတော်များဝေငှခြင်း၊ပင့်သံဃာတော်အရှင်သူမြတ်(၇၅)ပါးတို့အား 
လက်ဆွဲအိပ်၊ထီး၊ဖိနပ်၊သင်္ကန်း၊မျက်နှာသုပ်ပ၀ါ(ပစ္စည်းတန်ဖိုး ကျပ်လေးသောင်းခန့်)နှင့်န၀ကမ္မ
အလှူတော်ငွေ(၁၀၀၀၀)တစ်သောင်းကျပ်စီလှူဒါန်းခဲ့ပီးအထူးခြားဆုံးကတော့ ကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး၏ တပည့်သား သံဃာတော်များက စိန်ရတုဂုဏပူဇာအထိမ်းအမှတ်ဖြစ်
သံဃာတော်များ သွားရေးလာရေး အဆင်ပြေဘို့အရေး ရည်မျှော်တွေးလျှက်
ကျောင်းတိုက်သုံး ပါဂျဲရိုးကားတစ်စီးကိုလည်း စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
ဤစိန်ရတုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆရာတော်ဘုရားကြီး
ရပ်ရွာ ဘာသာ သာသနာအကျိုးများကို ကျမ္မာ ချမ်းသာစွာဖြင့် ဆောင်ရွက်နိုင်ပါစေကြာင်းလည်း
ဆုမွန်ကောင်းတောင်းလိုက်ရပါသည်ခင်ဗျား။

သတင်းတင်ဆက်သူ-ဆန်းသစ်အောင်

No comments:

Post a Comment