ယခုချိန်ခါ တို့ကျေးရွာတွင်
ပညာအသိ လူတိုင်းရှိရန်
အတွေးကိုယ်စီ ရှိနေကြပြီ။
ပညာရှာသူ တို့ဝိုင်းကူပါ
ပညာဒါန ပြုကြသူငါ
စာပေပြည့်ဝ နှလုံးလှမည်
လူတိုင်းအသိ ရှိကြပြီ။
ဟိုတစ်ချိန်က တို့ဘ၀အတွက်
စာငတ် ပေငတ် အသိငတ်ခဲ့မဖတ်မသိ မသိမမြင်
အမြင်နိမ့်ကျ တို့ဘ၀များ
ယခုအခါ တို့ကျေးရွာတွင်
စာကြည့်တိုက်လေး ရှိနေပြီ။
စာပေမပြတ် နေ့တိုင်းဖတ်က
ဆင်းရဲတွင်းက ကင်းဝေးကြလိမ့်
စာပေဆီမီး ထွန်းညှိပြီးလျှင်
အမှောင်ခွင်းကာ အလင်းဆောင်မည်
သစ်တစ်ပင်ကောင်း
ငှက်တစ်သောင်းနား
ဆိုရိုးစကား ရှိ၍ထားသည်
စာကြည့်တိုက်မှ..
စာပေပညာ ပဒေသာဖြင့်
လေ့လာလိုက်စား တို့စွမ်းအားမြှင့်
နိုင်ငံသစ်ဆီ အရောက်ချီရန်
ပညာဒါန ပေးလှူကြပါ
ပညာအားဆေး သုံးဆောင်ပေးပါ။
အသိပေးခြင်း။ ။အတွဲ(၉)၊အမှတ်(၁၇)၊၂၀၁၂ခုနှစ်၊စက်တင်ဘာလ
(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်မှ ရွှေမင်းအောင်(ကျောက်ပန်းတောင်း)
၏ ကဗျာအား လောကပြတင်းရွှေနံ့သာစာကြည့်တိုက် တည်ထောင်သူ
လူငယ်စာရေးဆရာ မောင်မင်းစိုးအား ဂုဏ်ပြုသောအားဖြင့် မူရင်းအတိုင်း
(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်မှ ရွှေမင်းအောင်(ကျောက်ပန်းတောင်း)
၏ ကဗျာအား လောကပြတင်းရွှေနံ့သာစာကြည့်တိုက် တည်ထောင်သူ
လူငယ်စာရေးဆရာ မောင်မင်းစိုးအား ဂုဏ်ပြုသောအားဖြင့် မူရင်းအတိုင်း
ကူးယူဖော်ပြပါသည်။
ယခုချိန်ခါ တို့ကျေးရွာတွင်
ReplyDeleteပညာအသိ လူတိုင်းရှိရန်
အတွေးကိုယ်စီ ရှိနေကြပြီ။
ပညာရှာသူ တို့ဝိုင်းကူပါ
ပညာဒါန ပြုကြသူငါ
စာပေပြည့်ဝ နှလုံးလှမည်
လူတိုင်းအသိ ရှိကြပြီ။
ပညာဒါနပြုကြသူငါ
ကဗျာလေးကိုဖတ်ရှုသွားပါတယ်