ဒို့မြေဌာနီ၊ ရှေးခါဆီဝယ်
ရပ်ရွာလူများ၊ လွန်လေးစားခဲ့။
ခုကားသို့နှယ်၊ မဟုတ်ကွယ်၍
နယ်ပယ်ပေါက်ဖွား၊ အမျိုးသားတို့
ဘုန်းဘုရားကျောင်းတွင်၊ စာမသင်တော့။
ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်
မြန်မာတိုင်းဖွား၊ စာသင်သားတို့
ဘုရားကိုစွန့်၊ တရားစွန့်၍
စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း။
သို့တွက်များပြား၊ ဘုန်းဘုရားတို့
တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍
မလင့်စေရ၊ ကိုယ့်ဒေသ၌
သိပ္ပ၀ိဇ္ဇာ၊ ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ
ဘုန်းလှိုင်ဟောပြ၊ သြ၀ါဒကို
စိတ်ကကြည်ဖြူ၊ လိုက်နာယူလျှက်
ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်းကောင်း၍
နောက်နှောင်းသာသနာ၊ ပြည်မြန်မာဝယ်
ရှည်ကြာနေသို့၊ ထွန်းမည်ကို့။
အမရပူရ မဟာဂန္ဓာရုံဆရာတော်
No comments:
Post a Comment