စော်ကားကာပို မနာလိုသည့်
ကိုယ့်ကိုမုန်းသူ အခြားသူကို
ရန်မူမည့်ဟန် မတုံ့ပြန်နှင့်
သူ့ကံအရိုင်း သူ့သမိုင်းတည်း။
မရိုင်းစေရန် မိမိကံကို
ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍
သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ။
အတၱေနာ၀ အ၀ေကၡယ်၊ ကတာနိ အကတာနိစ။ဟူသော ဘုရားဟော
ဓမ္မပဒဂါထာကို မှီငြမ်းရေးဖွဲ့ သီကုံးပါသည်။
စော်ကားကာပို မနာလိုသည့်
ReplyDeleteကိုယ့်ကိုမုန်းသူ အခြားသူကို ရန်မူမည့်ဟန် မတုံ့ပြန်နှင့် ---
ရင်ကိုအေးချမ်းစေပြီး ပညာရခဲ့ပါတယ်ဘုန်းဘုန်းရှင်
အထင်မှားမှုကိုတပည့်တော်တောင်းပန်ပါတယ်ဘုန်းဘုန်း
တပည့်တော်ဘုန်းဘုန်းနဲ့တကွ မည်သည့်ဘလော့ဂါများကိုမှ ရည်ရွယ်ရေးသားခြင်းမဟုတ်ကြောင်းကိုသစ္စာရေသောက်ပြီးကြိမ်တွယ်ပြော
ဆိုခြင်းမရှိခဲ့ပါ တပည့်တော်ပတ်ဝန်းကျင်မှ ကုန်ကြမ်းများရှာဖွေကာရေးသားခြင်းမျှဖြစ်ပါသည်
ဘုန်းဘုန်းကိုလဲ လိမ်ညာပြောဆိုမ၀ံ့ပါ
လင့်တွေပျက်သွားလို့ အသစ်ပြန်ချိပ်နေချိန်လဲ ဖြစ်ပါတယ်ဘုန်းဘုန်း
c-box မှာဘုန်းဘုန်းရေးခဲ့တာတွေလဲ တပည့်တော်ခုမှတွေ့ရတာပါဘုရား
ကွန်မက်က မေလ်းထဲကိုပဲရောက်နေပါတယ်ဘုရား
တပည့်တော်က ၂၀-၆-၂၀၁၂ ကတင်ထားတာပါဘုန်းဘုန်း
ဘုန်းဘုန်းရးထားတဲ့အထက်က မှတ်သားစရာကောင်းတဲ့ကဗျာလေးကိုလဲ
ခုမှတွေ့ရတာပါဘုန်းဘုန်း
တပည့်တော်တစုံတရာလိမ်ညာခဲ့သော်
တူသောအကျိုးဖြင့် အဖြစ်ဆိုးခံစားရပါစေသားဘုန်းဘုန်း
တပည့်တော်ဖုန်းလေးလဲထားခဲ့ပါတယ်ဘုရား
ဖုန်းနံပါတ်သာသိခဲ့ရင်တပည့်တော်ဖုန်းဆက်မှာပါဘုရား
၀၁၄-၆၄၆၁၉၅၁
ဘုန်းဘုန်းချမ်းမြေ့ပါစေဆုတောင်းရင်း
တပည့်တော်
မစံပယ်ရေ..
ReplyDeleteဆိုလိုချက် သဘောထား ဖြစ်ရပ်မှန်ကို ကွဲကွဲပြားပြားသိခဲ့ရပီမို့
ဖြစ်ခဲ့တာတွေအတွက် ဘုန်းဘုန်းနားလည်ခွင့်လွှတ်ပါတယ်..
အခုလို ပွင့်ပွင့်လင်းလင်း ပြောလာတဲ့အတွက် ဘုန်းဘုန်းကျေနပ်လက်ခံပါတယ်
အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင် ခရီးဆက်ကြတာပေါ့.