
စော်ကားကာပို မနာလိုသည့်
ကိုယ့်ကိုမုန်းသူ အခြားသူကို
ရန်မူမည့်ဟန် မတုံ့ပြန်နှင့်
သူ့ကံအရိုင်း သူ့သမိုင်းတည်း။
မရိုင်းစေရန် မိမိကံကို
ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍
သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ။
အတၱေနာ၀ အ၀ေကၡယ်၊ ကတာနိ အကတာနိစ။ဟူသော ဘုရားဟော
ဓမ္မပဒဂါထာကို မှီငြမ်းရေးဖွဲ့ သီကုံးပါသည်။