
ဘ၀ဆိုတာ
ဘာမှ မကြာဘူး
ငါတို့တွေဟာ
တခဏလာတဲ့ ဧည့်သည်တွေမို့
ဘူဘူချင်း တစ်လုပ်ရင်
စာရင်းရှုပ်တာပဲ အဖတ်တင်မယ်လေ..
မြွေဆိုးတွေ အဆိပ်ဘယ်လောက်ပြင်းပြင်း
သူတို့ကို မထိသရွေ့တော့
သူတို့ဟာအေးဆေးပဲ ခွေနေတတ်ကြသူတွေပါ
ကိုယ့်လမ်းကိုယ်သွား
ကိုယ်ပိုင်သံစဉ်တွေနဲ့
ဟစ်ကြွေးရမဲ့ အချိန်ရောက်ပါပြီ..
အရည်အသွေးမှန်တဲ့ ကလောင်လက်ဆိုရင်
ဒါမျိုးကဗျာတွေ ရေးခြစ်ဘို့ မသင့်ပါဘူး
ဘာမဟုတ်တဲ့ကဗျာတစ်ပုဒ်နဲ့တော့
ငါတော့ စိတ်မညစ်တတ်ဘူး..
တကယ်နာမည်ကြီးဘို့အတွက်ဆိုရင်
မနက်ဖန်မှာ မင်းလူရာဝင်ဘို့
စာသင်ရဦးမယ်လေ..
ဘာကြောင့်လဲတော့ ငါမသိဘူး
ဒီနွေဦးကာလ
မင်းရဲ့အော်သံတွေက
ထနောင်းပင်ထက်က ချိုးကူသံထက်
ပြင်းထန်နေသလားလို့
မပြောချင်တော့ပါဘူး
မင်းက မင်း .....ငါက ငါ ပဲလေ.....
No comments:
Post a Comment