17/03/2011

မဟာသုတသောမမင်းဧ။်သေရမှာမကြောက်တဲ့တရား(၅)ပါး

၁။ ကောင်းမှုမှန်သမျှ၊ မကျန်ရ၊ စံပြလုပ်ခဲ့သည်။

ဘယ်ချိန်သေပျောက်၊ ငါမကြောက်၊ နောင်ဘ၀လမ်းဖြောင့်ပြီ။

၂။ မိဘနှစ်ပါး ၀တ္တရား ကြိုးစားပြုခဲ့သည်၊

ဘယ်ချိန်သေပျောက် ငါမကြောက် နောင်ဘ၀လမ်းဖြောင့်ပြီ။

၃။မင်းကျင့်ဆယ်ဖြာ ညီအညာ ပြည်ရွာအုပ်ခဲ့သည်။

ဘယ်ချိန်သေပျောက် ငါမကြောက် နောင်ဘ၀လမ်းဖြောင့်ပြီ။

၎။မိဘဆရာ ညာတကာ သင့်ရာပံ့ပိုး ကူခဲ့သည်။

ဘယ်ချိန်သေပျောက် ငါမကြောက် နောင်ဘ၀လမ်းဖြောင့်ပြီ။

၅။အလှူခံပုဂ္ဂိုလ် မတွန့်တို ပိုလျှံမောက်အောင်လှူခဲ့သည်။

ဘယ်ချိန်သေပျောက် ငါမကြောက် နောင်ဘ၀လမ်းဖြောင်ပြီ။

(ဓမ္မာစရိယဦးဌေးလှိုင်၏ဘ၀ခုံရုံးစာအုပ်မှ)

No comments:

Post a Comment