11/01/2011

ဇာတိချက်ကြွေ မွေးရပ်မြေမှ ဘုရားအနေကဇာတင်ပွဲမှတ်တမ်း


သံဃာတော်အရှင်သူမြတ်များမှ မြဘုရားဆင်းတုတော်များအား အနေကဇာတင်တော်မူကြစဉ်


ဘုရားအနေကဇာတင်ပွဲသို့ တရားနာကြွရောက်လာကြတဲ့ ရပ်ဝေးရပ်နီးမှ ဧည့်ပရိသတ်များ
သဲကုန်းကျေးရွာ ကုမ္မာရီ အမျိုးသမီးငယ်လေးများမှ လုပ်အားဒါန ပြုနေကြစဉ်
ဘုရားအနေကဇာတင်ပွဲမှာ လုပ်အားဒါနပြုကြတဲ့ သဲကုန်းကျေးရွာမှ ကုမ္မာရီအမျိုးသမီးငယ်လေးများ
ဘုရားအအနေကဇာတင် အလှူမင်္ဂလာပွဲမှာ လုပ်အားဒါနပြုကြတဲ့ လူငယ် လူလတ် လူကြီးပိုင်း ပုဂ္ဂိုလ်များ

၁၃၇၂-ခုနှစ်၊နတ္တော်လပြည့်ကျော်(၄)ရက်၊(၂၅-၁၂-၂၀၁၀)စနေနေ့တွင်
စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊ သဲကုန်းကျေးရွာနေ ဘုရားဒါယကာ
ဒါယိကာများဖြစ်ကြသည့်ဦးထွန်းခင်+ဒေါ်ခင်လှ)မိသားစု၊ဦးဌေးမောင်+ဒေါ်ချိုစန်းမိသားစု၊
ဦးလှပေါ+ဒေါ်ခင်ဥမိသားစု၊ကိုထွန်းတင့်(ခေတ္တ-မလေးရှား)+မဌေးခိုင်မိသားစု၊နံ့သာကုန်းကျေးရွာနေ
ကိုသန်းလင်း+မတင်မာဝင်းမိသားစု၊ကိုဆန်းဝင်း+မတင်ဌေးမိသားစု၊ဦးစန်းလွင်+ဒေါ်ညွန့်ရီမိသားစုနှင့်
၊ု၊ဦးညိုမောင်+ဒေါ်သန်းအိမိသားစုနှင့်ုတို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပင့်ဆောင်လာသော မြဘုရားဆင်းတုတော်များအား အနေကဇာတင်ကုသိုလ်ပွဲပြုလုပ်ကြလျက် ပဌာန်းတရားတော်များ
နာယူခြင်း လူပရိသတ်များအား ထမင်းအာဟာရများဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ပင့်သံဃာတော်
အပါး(၂၀)ကျော်တို့အား ဆွမ်းနှင့် န၀ကမ္မ ၀တ္ထုငွေများဆက်ကပ်ကြပြီး ရေစက်ချတရားတော်များ
နာယူခဲ့ကြတယ်လို့ သိရှိရပါတယ်.....

No comments:

Post a Comment