10/10/2010

မျိုးဆက်သစ်မှ စကားဝါမြေသို့ အွန်လိုင်းပေးစာ--------

သို့/
နေ့စွဲ..၉-၁၀-၂၀၁၀

စကားဝါမြေမှ အက်ဒမင်းခင်ဗျား----------

အစ်ကိုရဲ့ဆိုဒ်ကို တစ်စုံတစ်ယောက်က နှောင့်ယှက်နေတယ်လို့ ကြားရတဲ့အတွက်

တကယ်ဘဲ ကျွန်တော်စိတ်မကောင်းဖြစ်မိတာအမှန်ပါ..ဘာလို့ လိုက်နှောင့်ယှက်နေ

တယ်ဆိုတာ ကျွှန်တော်လည်းမဝေခွဲတတ်ပါဘူး..ကိုယ့်မြန်မာလူမျိုးအချင်းချင်း အခုလိုမျိုး

လုပ်ကြံတာကတော့ လုံးဝမကောင်းသလိုအဓိပ္ပါယ်လည်း မရှိပါဘူး..သြော်….သူတတ်ထားတဲ့

နည်းပညာတွေဟာ လောကကြီးအတွက်ကောင်းကျိုးးမပြုတဲ့အပြင် လောကကြီးကို ဖျက်ဆီးဘို့

ဖြစ်သွားတယ်ဆိုတော့ အဲဒီလူအတွက်တော်တော်စိတ်မကောင်းဖြစ်မိပြန်ပါတယ်..စကားမစပ်

ကြားဖြတ်ပြောရဦးမယ်ခင်ဗျ..အခုတလောပြည်တွင်းမှာလည်း ရုရှားပြန်ပညာသည်တွေက

တတ်သည့်ပညာ မနေသာဆိုသလို သူတို့သင်ယူရလာခဲ့တဲ့ပညာလေးတွေနဲ့ မေးတွေ

ဘလော့တွေကိုလိုက်လံဖျက်ဆီးနေတယ်လို့ကြားရပြန်ပါတယ်..ဟုတ်မဟုတ်တော့သေချာ

မသိပါဘူး..နောက်တစ်ခုကြားရတာက နာမည်ရ ဘလော့များဖြစ်ကြတဲ့မဇ္ဇျိမနဲ့ ဧရာဝတီတို့လည်း

အဟက်ခံရတယ်လို့ကြားရပြန်ပါတယ်..ဖြစ်လဲဖြစ်နိုင်ပါတယ်..ဘာလို့လည်းဆိုတော့

ဧရာဝတီကလည်း သူတို့ရဲ့ဆိုဒ်ခွဲတစ်ခုကို ထပ်ဖွင့်နေတာကိုတွေ့ရလို့ပါ၊ ဘလော့တွေ

ဝက်ဆိုဒ်တွေကိုဖျက်ဆီးသူတွေကတော့ ရုရှားပြန်တွေအများစုလို့ အခုတလော

သတင်းထွက်နေပါတယ်၊.အင်းလေ.တကယ်တော့ သူတို့အတွက် ဘာအကျိုးမှမရှိပါဘူး၊

သို့သော်လည်း သူတို့တွေဟာတတ်သည့်ပညာ မနေသာဆိုသလို တတ်ထားတဲ့ နည်းပညာ

လေးတွေကို အကျိုးရှိရှိ အသုံးမချပဲသူတစ်ပါးတွေကို ဒုက္ခပေးတဲ့လူလောက် ယုတ်ညံ့တဲ့သူ

မရှိတော့ဘူးလို့ထင်ပါတယ်..တို့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်က သူတစ်ပါးနာမည်ကြီးလာရင်

ဖျက်ဆီးဖို့ပဲ ကြံစည်နေကြတာဆိုတော့မြန်မာလူမျိုးတွေ ကမ္ဘာ့အလယ်မှာ မကြီးပွားပဲ

မျက်နှာငယ်နေကြရတာဟာ အခုလိုလူမျိုးတွေများနေလို့ထင်ပါရဲ့ဗျာ၊ ဘာဘဲဖြစ်ဖြစ်

အစ်ကိုရေ “ပတ္တမြားမှန်ရင် ဘယ်တော့မှ နွံမနစ်ဘူး”ဆိုတဲ့စကားပုံလေးကို နှလုံးမူ၍ လုပ်စရာရှိတာ

ဆက်လုပ်သွားပါလို့ အထူးမှာချင်ပါတယ်.....

တကယ်တော့ အစ်ကိုရဲ့ စကားဝါမြေဆိုဒ်ဟာ ကျွန်တော်တို့လို စာပေ၀ါသနာရှင်တွေအတွက်

အရမ်းကိုတန်ဖိုးရှိလှပါတယ်..အခုလိုဆိုဒ်တွေ များများပေါ်ထွက်လာလေလေ

ပိုဝမ်းသာစရာကောင်းလေလေပါဘဲ..နည်းပညာတွေ ထွန်းကားတဲ့ခေတ်မှာ နည်းပညာတွေကို

လောကလူသားတွေအတွက် အကျိုှးရှိရှိ တန်ဖိုးရှိရှိအသုံးချနိုင်ကြပါစေလို့ ဆုတောင်းရင်း

အောက်ဖော်ပြပါ ရွှေဟင်္သာဆရာတော်ဘုကြီးရဲ့ သြ၀ါဒ ကဗျာလေးနဲ့ကျွန်တော်ရဲ့စာကို

အဆုံးသတ်လိုက်ပါရစေ စကားဝါမြေခင်ဗျား...


အများအကျိုး

ရွက်သယ်ပိုးက

ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း

မရွဲ့ မစောင်း

ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနှင့်ယှဉ်ရှေးရှုးနှင်လော……..


ခင်မင်စွာဖြင့်---
မျိုးဆက်သစ်

No comments:

Post a Comment