
ဒီနွေရာသီအချိန်ကာလမှာတော့ မောင်မင်းစိုးတစ်ယောက် နွေရာသီယဉ်ကျေးလိမ္မာ
ဗုဒ္ဓဘာသာသင်တန်းနှင့်အင်္ဂလိပ်ဘာသာစကားသင်တန်းတွေ ပို့ချလျှက်ရှိနေပါတယ်၊
သူတတ်ထားတဲ့ပညာတွေကိုအလကားမထားဘဲ တန်ဖိုးရှိစွာ အသုံးချသောအားဖြင့်
ကျေးလက်တောရွာက ကလေးတွေကို သင်ကြားပြသနေလို့ သူ့အတွက်တော့
ဒီနှစ်အညာနွေဟာ တန်ဖိုးရှိသော နွေရာသီလို့ပဲ ဆိုကြပါစို့၊ များသောအားဖြင့် လူအများစုဟာမိမိတတ်ထားတဲ့ပညာရပ်တွေကို ကျေးလက်တောရွာတွေအတွက် ဝေမျှမပေးချင်ကြတာကများတယ်လေ၊ လူစည်ကားတဲ့ ရန်ကုန်လို မြို့ပြတွေမှာပဲ
ဲ ၀င်ငွေကောင်းကောင်းနဲ့ အသုံးချချင်တာက များပေမယ့် ယခု မောင်မင်းစိုးကတော့ 
အားလပ်တဲ့ နွေရာသီတွေမှာ ကျေးလက်တောရွာက ကလေးသူငယ်တွေကို
အခကြေးငွေ (သင်တန်းကြေးငွေ)မယူပဲ ပညာဒါနအနေနဲ့ အခမဲ့ သင်ကြားပေးနေ
တဲ့အတွက် အရမ်းဂုဏ်ယူမိပါကြောင်းပြောကြားရင်း ပြည်ပကနေ ဂုဏ်ပြုမှတ်တမ်းတင်
လိုက်ရပေသည်။
ဆန်းသစ်အောင်
No comments:
Post a Comment