11/03/2010

စိတ္တဇပန်းချီအတွေးများ


ငါရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်
အစက အသက်ဝင်ခဲ့ပေမယ့်
အခု အသက်မ၀င်တော့ဘူး၊
ကြိုမမြင်ရတဲ့ မုန်တိုင်းတစ်ခုကြောင့်
ငါ ပန်းချီကားဟာ
မပီဝိုးတ၀ါးနဲ့
အသက်မ၀င်တော့တဲ့အပြင်
အပျက်ထွင်သလို ဖြစ်သွားပြီလား၊
တကယ်တော့
ငါဟာ အသက်မ၀င်ချင်နေ
အပျက်ထွင်ဘို့ မရည်ရွယ်ခဲ့တာ အမှန်ပါ၊
ဒါပေမယ့် ---
ဆေးစက်ကျရာ အရုပ်ထင်ဆိုသလို
မပီပြင်သာကလွဲလို့
အရုပ်တော့ ထင်ခဲ့ပါတယ်.
. အသက်မ၀င်တော့တဲ့
ဒီပန်းချီကားအတွက်
ငါ့အသက်တွေ စတေးပြီး
မုန်တိုင်းဒဏ်ဒဏ်ခံနိုင်တဲ့
ပန်းချီကားတစ်ချပ်ဖြစ်ဘို့
စုတ်တံကောင်းကောင်းနဲ့
ဆေးဗူးကောင်းကောင်းတွေ
ငါ ရှာရဦးမယ်...

ဆန်းသစ်အောင်


(အသိပေးခြင်း)ပန်းချီပုံများကို အခြားဘလော့များမှ ယူသုံးထားပါသည်။

No comments:

Post a Comment