28/11/2009

ဖြူးဆရာတော်ဘုရားကြီးဘ၀နတ်ထံပျံလွန်တော်မူ

သက်တော်-၆၈ နှစ်
သိက္ခာတော်-၄၈ -၀ါ


နိုဝင်ဘာလ (၂၄)ရက် သတင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိသည် အာရှတော်ဝင်ဆေးကုခန်းတွင် (၂၄-၁၁-၂၀၀၉) နံနက်(၇)နာရီ အချိန်တွင် ပျံလွန်တော်မူသွားပြီဖြစ်ပါ၍ ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကို ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဝမ်းနည်းစွာ အသိပေးကြေညာအပ်ပါသည်။

အစီစဉ်အသေးစိတ်ကို ဆရာတော်ဦးအဂ္ဂဝရနှင့် ဆက်သွယ်၍ ဆက်လက် ဖေါ်ပြပေးသွားပါမည်။

ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အထက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။


ဆန်းသစ်အောင်

No comments:

Post a Comment