21/02/2010

မွေးရပ်မြေမှ စာကြည့်တိုက်ရဲ့ လတ်တလော အခြေနေ

လတ်တလော ပြီးစီးမှု အခြေနေ
ဇာတိချက်ကြွေ မွေးရပ်မြေမှ စာကြည့်တိုက်အခြေနေလေးကို မတင်ပြဖြစ်တာ တော်တော်ကြာနေပြီမို့ ဒီတစ်ပတ်တော့ ကြိုးစားပြီး တင်ပေးလိုက်ပါတယ်၊ ဘာလိုလိုနဲ့ စာကြည့်တိုက်လေးဟာလည်း အပြီးသတ်ဘို့ တဖြည်းဖြည်း နီးလာပေပြီ၊ ဆောက်လုပ်စက ကျပ်ငွေသိန်း(၃၀)မျှသာ ကုန်ကျမည်ဟု မှန်းထားသော်လည်း ထင်တာထက် ပို၍ပင် ကုန်ကျစရိတ်က များလာခဲ့၏၊ ဆောက်လုပ်သူများရဲ့ ပြောစကားအရ ကျပ်သိန်း(၅၀)၀န်းကျင်ထိ ကုန်ကျလိမ့်မည်ဟု သိရှိရပါသည်။
စာကြည့်တိုက် အဆောက်ဦးအား အဝေးမှ မြင့်တွေ့ရစဉ်
သို့သော်လည်း စာကြည့်တိုက် အလှူရှင် မောင်ဆန်းထွန်း(ခေတ္တ-ကိုရီးယား)ကတော့ စာကြည့်တိုက်အတွက် သဒ္ဓါမပျက် ဆက်လက်လှူဒါန်းနေသဖြင့် ယခုလို အခြေနေသို့ ရောက်လာခဲ့သည်မဟုတ်ပါလော၊ တကယ်တော့ သာမန်သဒ္ဓါတရားသက်သက်ဖြင့် ယခုလို လှူဒါန်းနိုင်မည်မဟုတ်ပါချေ၊ သူ့ရဲ့မူလဗီဇကိုက စာပေချစ်စိတ်၊ ရပ်ရွာချစ်စိတ်၊ လောကကြီးကို အလင်းပေးနိုင်သော ပြတင်းပေါက်တစ်ခုကို ဖွင့်ပေးစေချင်သည့် စိတ်ဓာတ်တို့က ပြင်းထန်၍သာ စာကြည့်တိုက်အဆောက်ဦးတစ်ခု အထမြောက်လာသည်ဟု ဆိုရင်လည်း မှားလိမ့်မည်မဟုတ်ပါ၊ နောက်ပြီးတော့လည့်း အရှင်ရာဇိန္ဒ(မောင်မင်းစိုး )နှင့် ရပ်ရွာသံဃာတော်များ၏ ၀ိုင်းဝန်းအားပေးမှု၊ ရွာသူ၊ရွာသားများ၏ စေတနာသဒ္ဓါတရားထက်သန်မှုတွေကလည်း စာကြည့်တိုက် တစ်ခု အောင်မြင်ရေးအတွက် အားဆေးများဟုလည်း ပြောချင်ပါသည်။
စာဖတ်နေကြသည့် ကျောင်းသူလေးများ
ဒီနေရာမှာ စာကြည့်တိုက် အဆောက်ဦး အလှူရှင် မောင်ဆန်းထွန်းရဲ့ ဘ၀အကြောင်း ပြန်ပြောင်း၍ ပြောပြရလျှင် အတုယူစရာတွေ များပြားစွာ တွေ့ရှိနိုင်တာမို့ နဲနဲလောက် ပြေပြချင်ပါသည်၊ တစ်ခုသောနေ့ သူဟာ ကိုရီးယားထွက်နိုင်ရေး အတွက် အင်တာဗျူး စာမေးပွဲ ဖြေဆိုရာမှာ အင်တာဗျူးသူက ”မင်းက ဘာကြောင့် ကိုရီးယားထွက်ချင်တာလည်”းဟု မေးမြန်းတဲ့အခါမှာ သူကဘယ်လို ပြန်ဖြေသလဲ ဆိုရင် ”ကျွန်တော်နေတဲ့ ဘုန်းကြီးကျောင်းမှာ စာသင်သား သံဃာတော်တွေ စာမေးပွဲဖြေသွားတဲ့အခါ အဆင်ပြေပြေ ကြွရောက်နိုင်ဘို့ မော်တော်ကား လှူနိုင်ရေးအတွက် ကိုရီးယား သွားရောက်ချင်တာဟု” ပြန်ဖြေခဲ့ရာမှာ အင်တာဗျူးဆရာက အရမ်းသဘောကျ သွားပြီး သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြာင်း သိရပါတယ်၊ ပြီးတော့ သူဟာ စာသင်တိုက်နေစဉ်အတွင်း သံဃာတော်များရဲ့ ဝေယျာဝစ္စ၊ ကျောင်းတိုက်ဝေယျာဝစ္စများကို စေတနာပါပါဖြင့် ပြုလုပ်ခဲ့သည့်အတွက် ပြည်ပရောက်တော့လည်း အလုပ်အကိုင် အဆင်ပြေသည်မှာ အထူးပြောပြစရာပင် လိုမည်မထင်ပါ။

စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်များ ငှါးရမ်းနေကြစဉ်

ထို့ကြောင့်ပင် ရပ်ရွာမှာ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နွေရာသီယဉ်ကျေးမှု သင်တန်းအတွက်အမာခံ မတည်ငွေအဖြစ်ကျပ်ငွေ(၅၀၀၀၀၀)ငါးးသိန်းခန့်လှူဒါန်းနိုင်ခဲ့မှု၊ရပ်ရွာအစိုးရတွဲဖက်အလည်တန်းကျောင်းအတွက် ကျပ်ငွေ(၂၀၀၀၀၀)ခန့် လှူဒါန်းမှုတို့က သက်သေထူလျှက် ရှိပါ၏၊ အခြားလှူဒါန်းမှု အစုစုတွေ များပြားစွာ ရှိသေးသော်လည်း စာရှည်သွားမည် စိုးသဖြင့် မဖော်ပြတော့ပါ၊ ဤသို့ဖြင့် သဒ္ဓါဓာတ်တွေ ပေါင်းစပ်၍ ဆောက်လုပ်လာခဲ့သော စာကြည့်တိုက် အဆောက်ဦးလေးဟာ ယခုဆိုလျှင် ရှေ့ပိုင်းဝရံတာမှာ စတီးလက်ရမ်းများဖြင့် ခိုင်ခန့်စွာ တပ်ဆင်ထားပြီမို့ မကြာခင်အတောအတွင်းမှာ စာပေဟောပြောပွဲများ ကျင်းပကာ စည်ကားစွာ ဖွင့်လှစ်ပါတော့မည် ဆိုတဲ့အကြာင်း အသိပေး ပြောကြားလိုက်ရပေသည်။

ဆန်းသစ်အောင်

12/02/2010

အညာမြေက တာတေတို့ စကားဝိုင်း အပိုင်း(၁)


အညာမြေက တာတေတို့စကားဝိုင်းမစမှီ တာတေတို့နေထိုင်ရာ အညာကျေးလက်ဒေသလေးရဲ့ ပြောင်းလဲမှုအနေအထားများကို ရှေးဦးစွာ မိတ်ဆက်ပေးချင်ပါသေးသည်။ ဟိုယခင်က ကျေးလက်အညာနှင့် ယခုနောက်ပိုင်း ကျေးလက်အနေအထားများကား ပြောင်းလဲခြင်းများစွာတို့ဖြင့် ပြောင်းလဲနေပေပြီ။ အဘယ့်ကြောင့်ဆိုသော် ယခင်က ရေဒီယိုသံ၊ ကက်ဆက်သံ၊ လော်စပီကာသံတို့ကိုသာ ကြားရသော ကျေးလက်ဒေသလေးသည် ယခုတော့ ဂြိုလ်တုစလောင်းသံ၊ ကာရာအိုကေသံများကိုပါ ကြားနေရပေပြီ..
တစ်ချိန်က ရေနံဆီမီးခွက်ရောင် (သို့မဟုတ်) ဘတ္ထရီမီးသီးရောင်တို့ဖြင့် မှိန်တုတ်တုတ် အညာကျေးလက်ဒေသရဲ့ ညများသည်လည်း အခုတော့ လျှပ်စစ်မီးမဟုတ်သည့်တိုင် လျှပ်စစ်မီးအလား အလင်းရောင်ပေးသော အင်ဂျင်စက်မှ အချိန်နှင့်မောင်းပေးသော လျှပ်စစ်အားဖြင့် ရွာလမ်းမများနှင့် အိမ်တိုင်းစေ့နီးပါးလိုလို မီးထိန်နေသလို ညစဉ်(၇)နာရီအချိန်မှာ တီဗွီမှထုတ်လွှင့်ပြသလျှက်ရှိသည့် ကိုးရီယားဇာတ်ကားများကိုလည်း မလွတ်တမ်း အားပေးကြည့်ရှုနေကြသည်မှာ ကလေးအစလူကြီးအဆုံးဟုပင် ပြောချင်ပါသည်။
နဂိုက တယ်လီဖုန်းဆိုလို့ ဗီဒီယိုဇာတ်လမ်းတွေထဲမှာသာ မြင်ဘူးတွေ့ဘူးသော်လည်း အခုတော့ ကော့လက်များထောင်ကာ ကမ်းရိုးတန်းဖုန်းများဖြင့် ကျေးရွာမှသည် နိုင်ငံတကာဆီသို့ စကားပြောလို့ရနေပြီဖြစ်သဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ် (Globalization)အဖြစ် ကူးပြောင်းလာခဲ့ချေပြီမဟုတ်လား…။ ယခင်က နွားလှည်းခလောက်သံ၊ စက်ဘီးသံများကိုသာ ကြားနေရသော ဒေသလေးသည် ယခုတော့ ကားဟွန်းတီးသံ၊ ဆိုင်ကယ်ဟွန်တီးသံတို့ဖြင့် ဖုံးလွှမ်းနေပေပြီ။ ယခင်က လက်ဖျော်ကော်ဖီကိုသာ အားထားသောက်သုံးနေသော ဒေသလေးသည် ယခုတော့ စူပါကော်ဖီမစ်၊ ဟိုက်တီးစသော ရယ်ဒီမိတ်များကိုပါ သောက်သုံးနေပေပြီမဟုတ်လား၊
နောက်ထပ်ပြောင်းလဲမှုတစ်ခုကား အရွယ်ရောက်စ လူပျိုပေါက်လေးများရဲ့ ဆံကေသာများက ထိုးထိုးထောင်ထောင် ဖြစ်နေကြ၏။ ထင်သာမြင်သာအောင် ပြောရလျှင် ဇရက်ဦးခေါင်းနှင့်ပင် တူနေပေပြီ။ ဒီကြားထဲ တစ်ချို့ကား ဆေးဆိုးထားသဖြင့် မြေဘုတ်ဘီလူးများနှင့် လားလားတူနေသည်မှာ ယခင်က ကျေးလက်အနေအထားနှင့် ဘာမျှမတူတော့... ဤသို့သော ပြောင်းလဲခြင်းများနှင့် ပြောင်းလဲနေသော အညာကျေးလက်ဒေသမှ တာတေတို့စကားဝိုင်းကလည်း ဘယ်သို့ဘယ်ပုံ ပြောင်းလဲနေမည်ဆိုတာကိုတော့ အောက်ပါသူတို့ရဲ့ စကားများက သက်သေထူသွားပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ကျေးလက်ဒေသကလူတွေရဲ့ ရိုးသားပွင့်လင်းမှုများကတော့ ယခုထိတိုင် မပြောင်းလဲသေးပါဟု ပြောကြားရင်း စကားဝိုင်းအပိုင်း(၁)ကို တင်ပြပေးသွားပါတော့မည်...
အပိုင်း(၁)
ယနေ့ညနေပိုင်း စောစောစီးစီးအချိန်မှာ ကိုတာတေတစ်ယောက် ရေးကြီးသုတ်ပြာနှင့် ကျွန်တော်တို့အိမ်သို့ ပေါက်ချလာသဖြင့်
“ဟာ တာတေကြီးပါလားဗျ..စောစောစီးစီး ဘာကိစ္စရှိလို့လဲ? ထမင်းကော စားခဲ့ပီးပီလားဗျ..”
“အေးဗျာ.ဒီနေ့တော့ စောစောစီးစီး ခင်ဗျားတို့အိမ်ပြေးလာတာ.”ဟု ပြန်ဖြေသဖြင့် ကျွန်တော်က “ဘာလဲ အိမ်ကမောင်းချလိုက်ပြီလား”ဟု စကားစလိုက်တော့ သူက ဤသို့ပြန်ပြောလေတော့၏။
“မဟုတ်ရပါဘူးဗျာ..ဒီလိုဗျ ဒီနှစ့် ရွာသင်္ကြန်ကပွဲအမှီ မလေးရှားအလုပ်သွားလုပ်နေတဲ့ မြင့်မောင်တို့အုပ်စုနဲ့ ဖားကန့်မှော်ထဲ အလုပ်သွားလုပ်နေတဲ့ ကျော်လေးတို့အုပ်စုရော ပြန်လာကြမယ်လို့ ငါထမင်းစာနေတုန်း ရွာတောင်ပိုင်းက ကိုဇော်ကြီးဖုန်းမှာဆက်လာလို့ အဲဒါ ၀မ်းသာအားရဖြစ်ပြီး ခင်းဗျားတို့ကို လာပြောတာဗျ. အခုအိမ်က စားလက်စထမင်းပန်ကန်ပြားတောင် ပစ်ထားခဲ့တာလေ..”
တာတေစကားအဆုံးမှာတော့ လောလောလတ်လတ် ရောက်ရှိလာတဲ့ တာတေနဲ့ စကားပြောဖော်ပြောဖက် ညီပုကရောက်ရောက်ချင်းပဲ မဆိုင်းမတွပင်..“အေးဗျာ ကိုတာတေပြောသလို ဒီနှစ်သင်္ကြန်အမှီ သူတို့တွေပြန်လာကြမယ်ဆိုတော့ ကျုပ်လဲ တအားဝမ်းသာလိုက်တာဗျာ. အော်ဒါနဲ့ ကိုတာတေ ကျုပ်တို့ရဲ့စကားပြောဖော်ကြီး သာညိုတစ်ယောက်လည်း ဒီညရောက်မလာသေးပါလား၊ မလေးရှားက မြင့်မောင်တို့ ပြန်လာမယ်ဆိုတာကို သူသိရင်လဲသိပ်ကို ၀မ်းသာမှာ သေချာတယ်နော်..”
ညီပုစကားအဆုံးမှာတော့ ကိုတာတေက “..မင်းတို့ကို ဒီထက်ပိုပြီး ၀မ်းသာစရာပြောရမယ်ဆိုရင် မလေးရှားက မြင့်မောင်တို့အုပ်စုက ရွာသင်္ကြန်ကပွဲမဏ္ဍပ်မှာ စတုဒိသာအကျွေးမွေးအတွက် တာဝန်ယူကြမယ်တဲ့လေ..”
“ပြီးတော့ ဖားကန့်မှော်ထဲက ကျော်လေးတို့အုပ်စုကတော့ ဒို့ရွာထဲက သက်ကြီးရွယ်အို အဘိုးအဘွားတွေအတွက် သက်ကြီးပူဇော်ပွဲအတွက် အမာခံမတည်ငွေ ထည့်ဝင်လှူဒါန်းကြမယ်တဲ့ဗျ. ဘယ်လောက် ၀မ်းသာစရာကောင်းလိုက်လဲ..”
ဤသိုဖြင့် ညနေစောစောစီးစီးမှ စတင်လာခဲ့သော တာတေတို့စကားဝိုင်းကလည်း တောထဲမှပြန်လာကြကာ ရေချိုးထမင်းစားပြီး အိမ်မှထွက်လာကြသော လူငယ်တစ်သိုက်လဲ ရောက်လာကြသဖြင့် ပို၍ပင် အသက်ဝင်ကာ တစ်အိမ်လုံးဆူညံနေတော့၏၊ နောက်မှ ရောက်ရှိလာသော လူငယ်အုပ်စုထဲမှ ဇော်ကြီးက “--ကိုတာတေ ဒါဆိုဒီနှစ်သင်္ကြန်ကပွဲကို ပြီးခဲ့တဲ့နှစ်ကလိုတော့ ပြဿနာအဖြစ်မခံနိုင်ဘူးဗျား၊ ပျော်ရတာမှ တစ်နှစ်တစ်ကြိမ်ရယ်.. ဟိုအနောက်ရွာကကောင်တွေက လာနှောင့်ယှက်တော့ ကတဲ့ခလေးတွေလည်း ကောင်းကောင်းမကရဘူး.. သူတို့အတွက် ကိုယ်ချင်းစာမိတယ်လေ... ဘာလို့လဲဆိုတော့ ခလေးတွေလည်း ဒီသကြန်ကဖို့ သင်္ကြန်မတိုင်ခင် နှစ်ပတ်လောက်လိုကတည်းက မြေပြင်ပေါ်မှာ ဖုန်တငွေ့ငွေ့နဲ့ အကတိုက်ခဲ့
ကြတရတာ”ဟု ပြောပြနေစဉ်မှာပင် လူငယ်တစ်ယောက်က “...ဒီတော့ မင်းတို့ငါတို့တွေက သင်္ကြန်ကပွဲ လုံခြုံရေးအတွက် ဘယ်လိုလုပ်ကြမလဲ.. ခက်တာက ကျုပ်တို့လူငယ်တွေချည်း ပွဲလုံခြုံရေးတာဝန်ယူရတာ သိပ်အဆင်မပြေဘူး.. ပွဲဖျက်တဲ့လူကလည်း မူးရူးသောက်စားပြီးမှ လာဖျက်တော့ လူလူချင်းပွဲအုပ်ရတာ အခုခေတ်က အဆင်မပြေတော့ဘူးလေဗျာ.. ဒီတော့ ကပွဲလုံခြုံရေးအတွက် ဒို့ရွာကနေ မြို့သွားပြီး စာသွားသင်နေတဲ့ ရဟန်းသံဃာတော်တွေကို တာဝန်ပေးရရင် ကောင်းမလားလို့ စိတ်ကူမိတယ်ဗျ.. ဘယ်လိုလဲ ကိုတာတေကြီးရ..”
“အေးကွာ မင်းတို့ပေးတဲ့အကြံလည်း မဆိုးပါဘူး.. ကောင်းပါတယ်.. ဒါပေမယ့် ခက်တာက
အမာခံပွဲအုပ်ဦးဇင်းလေးက ဒီနှစ် မြို့ကနေ ပြန်လာပါ့မလားဟ. သူက နှစ်တိုင်းရွာသင်္ကြင်္န်ကပွဲအတွက်
တော်တော်ကြီးကို အားကိုးရတယ်ဗျ.. ပြီးခဲ့တဲ့နှစ်ကပဲ ကြည့်လေ.. အဲဒီကိုယ်တော်လေး
သတ္တိဘယ်လောက်ကောင်းလဲဆိုတာ ဒို့တတွေ အသိဆုံးဘဲမဟုတ်လား.. ဟိုရွာကကောင်တွေ
ထွက်ပြေးကြလိုက်ပုံများ သူတို့စီးလာတဲ့ ဆိုင်ကယ်ကိုတောင် ရွာအထွက်မှာ ပစ်ထားခဲ့ရတဲ့အထိဘဲလေ”ဟု တာတေက ပြီးခဲ့တဲ့သင်္ကြန်အဖြစ်ပျက်များကို စီကာပတ်ကုံး လူငယ်များကို ပြောပြနေလေတော့၏။
ဤသို့ဖြင့် ကိုတာတေနှင့် ရပ်ရွာ့လူငယ်လေးများရဲ့ စကားဝိုင်းကား ရွာဦးဘုန်းတော်ကြီးကျောင်းမှ အင်ဂျင်မီးစက်ကြီးက ပိတ်ဖို့ရန် အချက်ပြတော့မှပဲ ငှဲ့ထားသော်လည်း စကားကောင်းနေသဖြင့် သောက်ဖို့ရန် မေ့နေကြသော ရေနွေးခွက်များကို ကပျာကယာ သောက်ကြကာ အသီးသီးအိမ်သို့ ပြန်သွားကြတော့မှဘဲ
တာတေတို့စကားဝိုင်းကလည်း မပြီးချင်ပြီးချင်နဲ့ ဒီတစ်ညတာအတွက် အဆုံးသတ်လိုက်ရလေတော့၏၊။

တာတေ(အညာမြေ)



အပိုင်း(၂)ကိုဆက်လက်ဖော်ပြသွားပါမည်…------->>>>

20/01/2010

ဘုရားသုံးဆူသို့အလည်တစ်ခေါက်..(နယ်စပ်ခရီးသွားမှတ်တမ်း)

မိမိသွားရောက်လည်ပတ်ခဲ့တဲ့နယ်စပ်မြို့လေးတွေထဲမှာတော့ ဒီဘုရားသုံးဆူမြို့ဟာ ဖွံဖြို့မှုအနည်းဆုံးနယ်စပ်မြို့လေး

တစ်မြို့လို့ဘဲထင်ပါတယ်၊မြို့နယ်နိမိတ်ကို ကားဘီးချလိုက်တဲ့တစ်ပြိုင်နက် ကားပေါ်မှာပါလာသူ ခရီးသည်အားလုံး

အော်တိုမစ်တစ်(automatic)ပေါင်ဒါမှုန့်ဖြူးပေးသလိုဖြစ်သွားကြတဲ့အတွက် တစ်ချိန်က မြန်မာပြည်ကကားလမ်း

တွေကကိုပြန်လည်အောက်မေ့အမှတ်ရစေပါတယ်၊ဒါပေမယ့် နေပြည်တော်လမ်းမကြီးကတော့ အဖုအထစ်မရှိ

ဖြောင့်ဖြူးပြီး ပတ်တီးရိုက်ထားသလို ချော့မွေ့ကြောင်းကိုတော့ ၀က်ဆိုဒ်တွေမှာ ဖတ်ရပါတယ်၊တစ်ခုစဥင်္းစားမှိ

တာက..သြော် ဒို့နိုင်ငံက သယံဇာတဂက်ငွေ့ ဓာတ်ငွေ့တွေဟာ နေပြည်တော်တည်ဆောက်ရာမှာ အသုံးပြုနေ

သလားလို့တောင် အတွေးနယ်ချဲ့နေမိပါတယ်..နယ်စပ်တစ်နေရာမှာ မြန်မာပြည်က ကနေသွယ်ယူထားတဲ့

ဂက်စ်ပိုက်လိုင်းတွေကိုတွေ့ရတော့ ဖောင်းစီးရင်ရေငတ်နေကြရတဲ့ ပြည်သူလူထုအတွက် ရင်ထုမနာဖြစ်ခဲ့ရ

ပါတယ.်..မိမိလည်းဘာမှတော့ မတတ်နိုင်ဘူးလေ..ဟို စိုင်းထီးဆိုင်သီချင်းထဲကလိုပေါ့ဗျာ...“ဘာမှမတတ်နိုင်ဘူး

လက်လျှော့လိုက်ရပြီ..စွန့်လွှတ်လိုက်ရပြီ..ဟို မေမြို့မို..အစိုးမရတော့ပြီ”..ဆိုသလိုပေါ့လေ၊

စာဖတ်သူများကိုကြိုတင်ပြောထားချင်တာက ဘုရားသုံးဆူရောက် အမှတ်တရဓာတ်ပုံတွေရိုက်ရာမှာ

အဓိကဘုရားသုံးဆူးကိုတော့ အခြေနေရ မရိုက်ဖြစ်ခဲ့တဲ့အတွက် ဘလော့မှာ မတင်ပေးနိုင်တာကိုတော့

နားလည်ခွင့်လွှတ်ပေးကြစေချင်ပါတယ်၊အဲဒီမှာထူးခြားချက်က ဘုရားသုံးဆူအစစ်ဟာရေထဲမှာမြုတ်နေလို့

ဘုရားသုံးဆူအတုကိုဘဲ ဓာတ်ပုံရိုက်ကြရတယ်လို့ ဆိုပါတယ်၊သေချာတော့မသိပါဘူး..ဒေသခံတွေရဲ့ပြော

ပြချက်အရ သိရတာပါ..မိမိလည်းဘုရားသုံးဆူဈေးထဲရောက်တာနဲ့ မြန်မာပြည်ပြက္ခဒိန်နဲ့ ဘာသာရေးစာအုပ်

အချို့ကို ၀ယ်ဖြစ်ခဲ့ရုံကလွဲပြီး အခြားဘာမှထွေထွေထူးထူး မ၀ယ်ဖြစ်ခဲ့ပါဘူး..ကားပေါ်မှာအတူပါလာတဲ့အစ်မ

တစ်စုကတော့ ပြည်တွင်းဖြစ် ငါးပိ ငါးခြောက်တွေဝယ်လာကြလို့ ကားပေါ်မှာ နှာခေါင်းပိတ်လိုက်ခဲ့ရတဲ့အဖြစ်

ပျက်လေးကတော့ ခရီးစဉ်ရဲ့အမှတ်တရဖြစ်ခဲ့ပါတယ်၊ပြောသာပြောရတယ် ငါးပိ ငါးခြောက်တို့ဟာမကျက်ခင်

အစိမ်းမှာ အနံ့မကောင်းသော်လည်း ကြော်ချက်ပြီးရင်တော့ လျှာမှာ စွဲကျန်စေတတ်တဲ့ပြည်တွင်းဖြစ်အစားစား

တွေမဟုတ်လား၊မြန်မာမှန်ရင် ငါးပိကိုတော့ ကြိုက်ကြပါတယ်..ဘာဘဲဖြစ်ဖြစ် ခရီးစဉ်လေးအောင်မြင်အောင်

ကြိုးစားဆောင်ရွက်ပေးတဲ့ သယ်ရင်းကျေးဇူးတရားကတော့ ဘယ်တော့မှ မေ့လို့ရမယ်မထင်ပါဘူး၊ကဲကဲ..

လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေတွေကိုလည်း ခရီးသွားမှတ်တမ်းဓာတ်ပုံတွေနဲ့အားပါးတရကြီးဧည့်ခံ

လိုက်ပါရစေ...



ဘုရားသုံးဆူမြို့ရှိရှစ်မျက်နှာစေတီတော်


မွန်ဆရာတော်ဘုရာားကြီးသီတင်းသုံးတော်မူသောဘုန်းကြီးကျောင်း


ဘ၀နတ်ထံပျံလွန်တော်မူသွားသောဆရာတော်ဘုရားကြီးရုပ်ဆင်းတု



ဘုန်းကြီးကျောင်းသားလေးများညနပိုင်းသန့်ရှင်ရေးလုပ်ကြစဉ်



ဘုန်းကြီးကျောင်းတွင်းရှိ ငွေပဒေသာပင်ကြီး


မွန်ဈေးထဲတွင်ရောင်းချလျှက်ရှိသောဟင်္သာမောင်နှံသစ်သားရုပ်တု


ဈေးရောင်းနေသောကျောင်းသူမလေး



မွန်ဈေးတန်းတွင်လက်ဆောင်ပစ္စည်းဝယ်နေကြသောမြန်မာလူမျိုများ
















15/01/2010

ထိုင်းနယ်စပ်မြန်မာရွာလေးသို့အလည်တစ်ခေါက်...

ဒီတစ်ပတ်တော့ ခရီးသွားနေတာနဲ့ မိမိအိမ်လေးနဲ့ရက်အတော်ကြာကြာဝေးကွာနေခဲ့ပါတယ်၊

ခရီးစဉ်ဟာစောစောကအရမ်းမကြာလောက်ဘူးထင်ထားပေမယ့်ရက်နှစ်ပတ်တောင်ကြာသွား

ခဲ့တာကိုး၊ဘာဘဲဖြစ်ဖြစ်ဒီခရီးစဉ်ကနေခရီးသွားဗဟုသုတတွေအများကြီးရလိုက်တဲ့အတွက်

ခရီးစဉ်အတွက်အစအစအရာရာအဆင်ပြေအောင်စီစဉ်ပေးတဲ့သူငယ်ချင်းကိုတော့ကျေးဇူး

တင်လို့မဆုံးပါဘူး၊ဒါကြောင့်ခရီးစဉ်ကပြန်ရောက်ရောက်ချင်းဘဲလည်ပတ်ခဲ့တဲ့နေရာများစွာ

အနက်မှ အမှတ်တရနေရာလေးများကို အလည်လာသူတွေကိုမျှဝေပေးလိုက်ပေးလိုက်ပါရ

စေ..မြန်မာပြည်လွမ်းတတ်တဲ့ အဝေးရောက်ရွှေမြန်မာအားလုံးအတွက် အလွမ်းပြေလေး

ပေါ့ဗျာ...





မြန်မာနှင့်ထိုင်းနိုင်ငံပေါင်းဆုံရာနယ်နိမိတ်အမှတ်သားပြတောင်ကုန်းထိပ်ရှိချစ်ကြည်ရေးနှစ်နိုင်ငံအလံတိုင်နှစ်ခု

(သေးငယ်ပြီးအရောင်ဖျော့တော့တော့အလံလေးကတော့ရွှေနိုင်ငံကအလံလေးနော်.အလံချင်းကလည်းကွာပနော်..ကွာပ..)





နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကေတအဖြစ်စိုက်ထူးထားတဲ့ကမ္ပည်းမှတ်တိုင်ဆိုင်းဘုတ် (သို့သော်လည်းအဲဒီအနီးတ၀ိုက်မှာတော့ကရင်သူပုန်သေနပ်သံများကအခုထိအောင်ကြားနေရဆဲဟုသိရ၏)







ရွှေနိုင်ငံကထွက်ရှိတဲ့ဂက်(စ်)တွေကိုပိုက်လိုင်းနဲ့ဆက်သွယ်ပြီးဝယ်ယူနေတဲ့ထိုင်းနယ်စပ်ကဂက်(စ်)ကုမ္ပဏီအားအပေါ်စီးမှ မြင်တွေ့ရစဉ် (ဂက်(စ်)တွေထွက်ရှိနေသော်လည်းဖောင်စီးရင်ရေငတ်နေကြပါလား.).







ထိုင်းစစ်တပ်ပိုင်နယ်နိမိတ်ပြတောင်ကုန်းဂမူလေးအားအဝေးမှမြင်တွေ့ရစဉ်
( ဤကုန်းလေးပေါ်ကနေရွှေပြည်ကြီးကိုလှမ်းမျှော်၍လွမ်းတော်မူနိုင်ကြ၏ဟုဆိုလေရဲ့ဗျာ)








မြန်မာစစ်တပ်ပိုင်တောင်ကုန်းဂမူလေးအားအဝေးမှတွေ့မြင်ရစဉ်(ဒီနေရာကနေဆက်သွားလျှင်မြန်မာနိုင်ငံ၊

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ်ကရွာလေးတစ်ရွာသို့၄၅-မိနစ်ခန့်ဖြင့်ရောက်နိုင်၏ဟုဆိုကြ၏)

ကျန်ရှိနေသောခရီးစဉ်မှတ်တမ်းများအားဆက်လက်ဖော်ပြသွားပါမည်

































































































04/01/2010

2009-ခုနှစ်ကိုပြန်လည်စစ်ဆေးကြည့်ခြင်း

သြော် .... ဘာလိုလိုနဲ့2009 လွန်မြောက်2010တောင်ရောက်မှန်းမသိရောက်လာခဲ့ပေပြီ...
ဒီတော့မိမိဘ၀အတွက်၎င်း၂၀၀၉အတွင်းမှာ ဘယ်လိုအမှတ်တရမှတ်တိုင်တွေ စိုက်ထူဖြစ်
ခဲ့သလဲဆိုတာပြန်လည်စစ်တမ်းထုတ်ကြည့်ရတော့မယ်မဟုတ်လား...နောက်ပြီးတော့လည်း
ကျွန်တော်စိတ်တဲမှာအမြဲတမ်းမှတ်မိနေသောတောင်မြို့မဟာဂန္ဂာရုံဆရာတော်ဘုရားကြီးရဲ့
အောက်ပါကဗျာလေးကလည်းကျွန်တော်အပါဝင်လူသားအားလုံးကိုဘ၀အတွက်မှတ်တိုင်တွေ
စိုက်ထူးကြဘို့သတိပေးနေသလိုပင်ခံစားရတဲ့အတွက်မိမိသည်လည်းဘ၀အတွက်မှတ်တိုင်လေး
တွေကိုတတ်နိုင်သလောက်စိုက်ထူဖြစ်ခဲ့ပါ၏၊မိမိရဲ့မှတ်တိုင်များအနက်မှ
2009ခုနှစ်မှာအမှတ်
တရစိုက်ထူးဖြစ်ခဲ့တဲ့မှတ်တိုင်အချို့ကိုကဗျာလေးရဲ့အောက်မှာဖော်ပြပေးသွားမည်ဖြစ်သဖြင့်ဝမ်း
မြောက်အနုမောဒနာသာဓုခေါ်ဆိုနိုင်ကြပါကြေင်း(အများအထင်ကြီးအောင်ဖော်ပြခြင်းမဟုတ်သလို
မိမိမှာလည်းအများအထင်ကြီးလောက်တဲ့အရည်အချင်းအလျဉ်းမရှိသေးပါကြောင်းကြိုတင်ဝန်ခံပါရစေ).......

ဝမ်းနည်းဖွယ်နေ့ရက်(နှစ်)

ကုသိုလ်ဥစ္စာ

ကျမ်းခန့်သာ၍

ပညာတန်ခိုး

တစ်မျိုးမျိုးမှအကျိုးမထွက်

ထိုနေ့ရက်

ငါ့အတွက် ၀မ်းနည်းဖွယ်....


*2009-ခုနှစ်အတွက်စိုက်ထူဖြစ်ခဲ့သောအမှတ်တရမှတ်တိုင်လေးများစာရင်း*
၁။စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ကံကုန်းရွာမှရေဆင်းတက္ကသိုလ်တက်နေသောကျောင်းသူမလေး၏
ပညာသင်စရိတ်အတွက် ကျပ်-၃၀၀၀(သုံးသောင်း)

၂။စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာ လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အတွက်
ကျပ-်၁၀၀၀(တစ်သောင်း)နှင့်စာကြည့်တိုက်မှူးနှစ်ဦးအတွက်သုံးထောင်ကျပ်တန် အင်္ကျီတစ်ထည်စီ

၃။၎င်းဒေသမှ စတုတ္ထအကြိမ်နွေရာသီယာဉ်ကျေးမှုသင်တန်းအတွက် ကျပ်၁၅၀၀၀(တစ်သောင်းခွဲ)တန်ဆုပစ္စည်းများ

၎။၎င်းဒေသမှ တော်ဝင်ဘော်ဒါဆောင်တွင် တက္ကသိုလ်ဝင်တန်းတက်ရောက်နေသော မစုမြတ်မွန်၏ပညာသင်စရိတ်
်အတွက် ကျပ်- ၅၀၀၀၀(ငါးသောင်း)

၅။၎င်းဒေသမှ ဆရာသမားများနှင့်သူငယ်ချင်းများအတွက် သုံးထောင်ကျပ်တန် အင်္ကျိ ၁၅-ထည်နှင့်သော့ချိတ်ပစ္စည်းးများ

၆။ရန်ကုန်မြို့၊ဘုန်းကြီးလမ်း၊(၁)ရပ်ကွက်မှ အဝေးသင်တက္ကသိုလ်ပထမနှစ်တက်ရောက်နေသောမအေးမာငြိမ်းအတွက်
ပညာသင်ထောက်ပံ့စရိတ် ကျပ်-၃၀၀၀၀(ကျပ်သုံးသောင်း)


၇၊။မွေးရပ်မြေမှကျေးဇူးရှင်မွေးဖခင်ကြီးနှင့်အစ်မများအားရန်ကုန်ဘုရားစုံနှင့်ကျိုက်ထီးရီုးဘုရားသို့
မိမိငွေကြေးအကုန်အကျခံကာဘုရားဖူးလိုက်ပို့နိုင်ခဲ့ခြင်းတို့ဖြစ်ပါသည်၊။

ယ္ခု၂၀၁၀- ခုနှစ်အတွက်လည်းမိမိတတ်နိုင်သလောက်အမှတ်တရမှတ်တိုင်းများစိုက်ထူလှူဒါန်း
သွားဘို့တွက်ကြိုးစားသွားမည်ဖြစ်ပါကြောင်းပြောကြားရင်း.-----



နှစ်ဟောင်းကုန်မြောက် နှစ်သစ်ရောက် ထွန်းတောက်မင်္ဂလာဖြစ်ပါစေ၊

01/01/2010

နှစ်သစ်ဦးဆုမွန်



လာရောက်လည်ပတ်သူအားလုံး နှစ်သစ်ကာလမှစ၍ ကျမ္မာပျော်ရွှင်စွာဖြင့်
ဘ၀ခရီးလမ်းကို ဘေးမသီ၊ရန်မခ ခလုတ်မထိ ဆူးမငြိဘဲ ဖြောင့်တန်းစွာ
လျှောက်လှမ်းနိုင်ကြပါစေဟု ဆုတောင်းပေးလိုက်ပါတယ်....
အားလုံးကိုလေးစားလျှက်
ဆန်းသစ်အောင်

07/12/2009

မြန်မာ့အနုပညာလက်ရာပန်းချီချစ်သူများအတွက်

စက်တင်ဘာအရေးခင်းစတင်ပေါ်ပေါက်လာရခြင်းရဲ့လက္စဏာပုံရိပ်

တန်ဆောင်မုန်းလပြည့်ညရဲ့အလှမြင်ကွင်း

စေတီပုထိုးများဖြင့်အလှဆင်ထားသောတောတောင်ရှုခင်းများရဲ့အလှမြင်ကွင်း
စိတ်ကြည်နုးဘွယ်ရာ ဘုရားကုန်းတော်လေးရဲ့မြင်ကွင်း
ပန်းချီဆရာ ကိုမောင်အေး

ပြီးခဲ့တဲ့လက အမှတ်မထင်ယိုးဒယားနိုင်ငံ၊နယ်စပ်ရွာလေးတစ်ရွာဖြစ်တဲ့ဘန်ပုံရွာ(Ban Pon village)
လေးကိုအလည်ရောက်ပြီးမမျှော်လင့်ဘဲ သူငယ်ချင်းပန်းချီဆရာတစ်ယောက်နဲ့တွေ့ခဲ့ရာမှာသူ့အိမ်လေး
ကိုအလည်ခေါ်တာနဲ့လိုက်သွားဖြစ်ပါတယ်၊အိမ်ထဲဝင်လိုက်တော့တစ်အိမ်လုံးပန်းချီကားများဖြင့်ပြည့်နှက်
နေတဲအတွက် ထိုင်စရာတောင်မရှိသလောက်ပါဘဲ၊ဒါကိုကြည့်ချင်းအားဖြင့်သူဟာပန်းချီအပေါ်မှာဘယ်
လောက်အရူးအမူးဖြစ်တယ်ဆိုတာသိသာပါတယ၊မိမိကလည်းဘလော့ဂါပီပီသူ့ပန်းချီကားတွေကိုဓာတ်ပုံ
လိုက်ရိုက်နေတုန်း သူကတစ်ချို့ပန်းချီကားတွေကို မရိုက်ဘို့တောင်းပန်လာတဲ့အတွက်မိမိလည်းအလိုက်
သိစွာနဲ့မရိုက်ခဲ့ပါဘူး။ခင်ဗျားဒီပန်းချီကားတွေကို ဘာလုပ်ဘို့အစီအစဉ်ရှိလဲမေးတော့ သူကယခုလိုပြန်ပြော
ပါတယ်။အားမနာတမ်းပြောရရင်ဒါတွေဟာရောင်းစားဘို့မဟုတ်ဘူး..ကျွန်တော့ဘ၀ရဲ့စိတ်ကြည်နူးစရာလေး
တွေလေဗျာ..ဘယ်တော့မှရောင်းမစားဘူးလို့ စဆွဲစဉ်ကတည်းက ဆုံးဖြတ်ထားပြီးသားပါ..အေးတစ်ခုတော့
ရှိတယ်..ကျွန်တော်လို ပန်းချီကိုအရမ်းချစ်တဲ့သူတွေလာပြီးဝယ်မယ်ဆိုရင်တော့ထိုက်တန်တဲ့ဈေးနဲ့ရောင်း
သွားမှာပါ..ဟုတ်တယ်လေဗျာ ပန်းချီလက်ရာတွေဟာ အခုနောက်ပိုင်းဒစ်ဂျစ်တယ်ကင်မရာတွေ၊ photo
shop တွေရဲ့ဝါးမျိုခြင်းကို ခံနေရပြီမဟုတ်လား..ဒီတော့ ပန်းချီမချစ်တဲ့သူတွေဟာ ပန်းချီလက်ရာတန်ဖိုးကို
နားလည်ဘို့ခက်တယ်လေ..ဟု ပြန်လည်ရှင်းပြခဲ့ပါတယ်၊။
ယ္ခုဘလော့မှာ တင်ပြထားတဲ့ပန်းချီကားတွေဟာ စက်တင်ဘာမြင်ကွင်းပုံကလွဲရင်ပုံတူပန်းချီကားတွေဖြစ်ပြီး
စိတ်ကူးယဉ်အလွတ်ပန်းချီကားတွေကိုတော့ဘလော့မှာတင်ပြခွင့်မပေးတဲ့အတွက်ချန်ထားခဲ့ရပါတယ်၊
ထို့ကြောင့် မြန်မာ့လက်ရာစစ်စစ်ပန်းချီချစ်သူများအနေဖြင့်အောက်ဖော်ပြပါအီးမေးလိပ်စာနှင့်ဖုန်းနံပါတ်
များကိုဆက်သွယ်ပြီးညှိနှိုင်းမှာကြားနိုင်ပါပြီဆိုတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါရစေ...

E-mail: santhitaung09@gmail.com

Ph: +66850436008


02/12/2009

မကြာမှီပြီးစီးတော့မည့်လောကပြတင်းရွှေနံသာစာကြည့်တိုက့်

စာကြည့်တိုက်ကော်မတီဝင်များ
မကြာမှီပြီးစီးတော့မည့်လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အဆောက်အဦးအားတွေ့ရစဉ်
မွေးရပ်မြေကစာကြည့်တိုက်လေးရဲ့လတ်တလောအခြေနေများကိုတင်ပြပေးဘို့အစီအစဉ်ရှိသော်လည်းတော်
တော်နှင့်မရေးဖြစ်ခဲ့ပါ။အခုမှဘဲ ရေးဖြစ်တော့တယ်၊ခါတိုင်းဆိုလျှင်ရွှေနံ့သာဆိုက်မှာစဉ်ဆက်မပြတ်ဆိုသလို
တင်ပြပေးနေသော်လည်းအိမ်ပိုင်ရှင် မောင်မင်းစိုးတစ်ယောက်ရွှေဆံပင်တံတားအကျိုးတော်ဆောင်ကိစ္စတွေ
နဲ့နပန်းလုံးနေရသဖြင့်လောလောဆယ်စာကြည့်တိုက်သတင်းများကိုမတင်နိုင်သေးတဲ့အတွက်မိမိကဘဲ
သူ့ရဲ့ကိုယ်စားတင်ပေးလိုက်ခြင်းဖြစ်ပါသည်။
ဘာလိုလိုနဲ့စာကြည့်တိုက်လေးကလည်းတော်တော်ပင်အသက်ဝင်လာခဲ့ချေပြီ၊စာဖတ်သူများ။ အသင်းဝင်သူများ
လာရောက်လေ့လာသူများဖြင့်စည်ကားလျှက်နေကြောင်းမွေးရပ်မြေကိုဖုန်းဆက်တိုင်းကြားသိနေရ၏၊စာကြည့်
တိုက်လေးရဲ့ဘူမိနက်သန်ကမှန်လေသည်လားးမသိ၊မူလကရွာလည်တွင်ဖွင့်လှစ်ရန်စီစဉ်ထားသော်လည်းရွာ
ဦးကျောင်းဆရာတော်ဘုရားကြီးရဲ့သဘောထားပြည့်ဝမှု၊အမြှော်အမြင်ကြီးမားမှုတို့ကြောင့်ဘုန်းတော်ကြီး
ကျောင်းဝင်းအတွင်းမှာပင်ဖွင့်လှစ်ခွင့်ရခဲ့၏။
တစ်ခုကောင်းသည်ကဘုန်းတော်ကြီးကျောင်းသည်အတန်းကျောင်းနှင့်အလွန်နီးသဖြင့်အလယ်တန်းကျောင်းမှ
ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများဟာစာသင်နားချိန်နှင့်ကျောင်းအားရက်တွေမှာစာကြည့်တိုက်
သိုလာရောက်ကြပြီးစာပေဗဟုသုတများရှာမှီးနိုင်ခွင့်ရကြသည်ကလည်း စာကြည့်တိုက်ရဲ့ဘူမိနက်သန်မှန်ကနှ်
မှုပင်မဟုတ်ပါလော။စာကြည့်တိုက်စတင်တည်ဆောက်ရန်လိုင်းကျင်းများတူးဖော်နေကြစဉ်
ဤစာကြည့်တိုက်လေးရဲ့အကျိုးကျေးဇူးကြောင့်ယခုဆိုလျှင်ရွာသူရွာသားများနှင့်မျိုးဆက်သစ်ခလေးတွေရဲ့
ရင်ထဲ၊နှလုံးသားထဲမှာဘာသာရေးအသိ၊လှူမှုရေးအသိ၊စီးပွားရေးအသိများယခင်ကထက်ပိုမို၍ဖွံ့ဖြိုးတိုးတက်
နေတာကိုမိမိရပ်ရွာအလည်ပြန်စဉ်ကလက်တွေ့သိရှိခဲ့ပါတယ်။နောက်ြပီးတော့လည်းရပ်ရွာကိုချစ်မြတ်နိုးကြ
သည့်ဆရာတော်သံဃာတော်များကးမျိုးဆက်သစ်ကလေးတွေရဲ့နွေရာသီအားလပ်ရက်တွေကိုလည်း
မြတ်ဗုဒ္ဓအဆုံးမယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းများဖြင့်ကုန်လွန်စေခဲ့သည်ကလည်းအဖိုးဖြတ်လို့မရ
အောင်ကျေးဇူးကြီးမားလှပေသည်၊
ဒီနေရာမှာစာကြည့်တိုက်တည်ထောင်သည့်မောင်မင်းစိုး(ရွှေနံသာ)ရဲ့အကြောင်းကိုတစေ့တစောင်းတင်ပြရလျှင်
စာဖတ်သူများအံ့သြသွားနိုင်၏၊အဘယ့်ကြောင့်ဆိုသော်သူသည်စာပေ၀ါသနာပါသူပီပီဇာတိရပ်ရွာမှာစာကြည့်
တိုက်ဖွင့်ဘို့အတွက်နှစ်ပေါင်းများစွာကတည်းကစာအုပ်စာပေများကိုဘယ်သူမှမပြောဘဲသိုသိပ်စွာစုဆောင်းလာ
သူဖြစ်သဖြင့်ဘယ်သူကမှ သူ့အစွမ်းအစကို ဒီလိုအခြေနေရောက်လာလိမ့်မည်မထင်ထားကြ၊
သူ့ရဲ့ပင်ကိုစိတ်ရင်းက အေးဆေးစွာနေတတ်၏၊မော်ကြွားလိုစိတ်မရှိ၊နှမြောဝင်တိုမှုအလျှင်းမရှိ၊ပြဿနာတစ်
ခုကိုရဲ့ဝင့်စွာ ရင်ဆိုင်ဖြေရှင်းတတ်၏၊ သူတစ်ပါးကို လွယ်ကူစွာ အပူကပ်လေ့မရှိ၊တတ်နိုင်သမျှကူညီတတ်၏၊
အခုထိမှတိမိနေသေးသည်က သူနှင့်အတူသွားပြီး ပစ္စည်းတစ်ခုဝယ်တော့မည်ဆိုလျှင်လွယ်လွယ်နှင့်ဝယ်ယူ
ရိုးထုံးစံမရှိခြင်းပင်၊၀ယ်ခါနီးတွင် သူကအမြဲစဉ်းစားတတ်သူ ဖြစ်သဖြင့်မိမိက သူ့ကို အားမရခဲ့၊နောက်တော့မှ
တဖြည်းဖြည်းစဉ်းစားကြည့်ရာ သူဟာအလုပ်တစ်ခုကို ဦးနှောက်ဖြင့်အသုံးချပြီးလုပ်တတ်သူဖြစ်ကြောင်းသ
ဘောပေါက်မိလေသည်
သူစာကြည့်တိုက်ဖွင့်မယ်လုပ်တော့ လသာသာဝရံတာဘက်မှာသူနှင့်အတူမိမိရယ်၊ ဘ၀တူ ၀ါသနာတူရွာသား
တစ်ယောက်ရယ်အားလုံးသုံးဦးစည်းဝေးတိုင်ပင်ကြရာရပ်ရွာရဲ့အထာမသိသေးသည့်သူကဘာပြောသလဲဆို
တော့..အေးကွာကိုယ်လဲဒီနှစ်ရွာမှာစာကြည့်တိုက်ဖွင့်ချင်တယ်...ဒီတော့မောင်ရင်တို့ဘက်ကလည်းတတ်နိုင်သ
လောက်ကူညီစေချင်တယ်ကွာ...သူအားကိုးမယ်ဆိုရင်လဲ အားကိုးချင်စရာပင်၊အဘယ်ကြောင့်ဆိုသော်မိမိတို့
နှစ်ဦးစလုံးက ရပ်ရွာမှာနွေရာသီယဉ်ကျေးမှုသင်တန်းကို(၂)နှစ်တိတိသင်ထားကြသဖြင့်ဘာဘဲဖြစ်ဖြစ်ရပ်ရွာ
ရဲ့(အထာ)အခြေနေကိုသိထားကြသူများပီပီဤ သို့ပြန်ပြောလိုက်၏၊ အေးကွာ..ဟုတ်တယ် ဒို့ရပ်ရွာကဘာဘဲ
လုပ်လုပ် အထနှေးတတ်တယ်ဟ...ဒို့တုန်းကလဲ တော်တော်စခဲ့ရတာ......အထနှေးတော့ ဆွပေးမှရမယ်လေ..
အဲ စပြီးရင်တော့ ရွာကတဖြည်းဖြည်းနောက်ကနေပါလာကြစမြဲဘဲ..အဆင်ပြေမှာပါဒို့လဲဝိုင်းကူညီကြတာပေါ့
ဤသို့တိုင်ပင်ကြပြီးရက်ပိုင်းးအတွင်းမှာပင် ကိုရီးယားမှ မိမိဆီဖုန်းဝင်လာသဖြင့် ကိုင်လိုက်တော့...ကိုရီးယားမှာ
နေတဲ့ရွာသားပါ မသိဘူးလားစသည်ပြောသော်လဲမိမိကမမှတ်မိသဖြင့်အသေးစိပ်မေးလိုက်တော့မှဦးဆန်းထွန်း
လေ မသိဘူးလားပြောပြမှဘဲ ကောင်းကောင်းသိသွား၏၊ အဲဒီတော့မှသူကရွာအတွက်စာကြည့်တိုက်ဆောက်ချင်
ကြောင်းပြောလာရာ ဒါနဲ့ မိမိကဟာအတော်ဘဲဗျာဟိုတလောလေးကမှဒို့လည်းမင်းစိုးနဲ့စာကြည့်တိုက်အကြောင်း
ပြောဖြစ်ကြတယ်ဟ..ဒီတော့ ဦးဆန်းထွန်းက ဟုတ်ပြီ စာကြည့်တိုက်အဆောက်ဦးအတွက် ကျွန်တော်လှူသွား
မယ်..ဒါပေမယ့်တစ်ခုလောက်တော့ တောင်းဆိုချင်တယ်..လောကပြတင်းဆိုတဲ့နာမည်လေးတပ်ချင်တယ်..
ဒါနဲ့မိမိက အေးဟုတ်ပြီ..မင်းစိုးဆီ ဖုန်းဆက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်၊အဲဒီအချိန်မှာကိုမင်းစိုးကအညာ
ရောက်နေပြီမဟုတ်လား.၊စာကြည့်တိုက်လေးအတွက် အလှူရှင်ပေါ်သွားခဲ့ပြီမို့ စိတ်ထဲမှာ ပြောမပြနိုင်အောင်
ပျော်ခဲ့သည်မှာအမှန်ပင်။စာကြည့်တိုက်အဆောက်အဦးအလှူရှင်မောင်ဆန်းထွန်း(ခေတ္တ-ကိုရီးယား)
ဒီလိုနဲ့မိမိလည်းနွေရာသီအားလပ်ရက်မှာ သင်တန်းအတွက်မွေးရပ်မြေကို ပြန်သွားခဲ့ပြီး ဒီနှစ်စာကြည့်တိုက်ဖွင့်
မယ့်အကြောင်း၊စာကြည့်တိုက်အဆောက်ဦးအတွက်ဦးဆန်းထွန်း(ခေတ္တ-ကိုရီးယားမှ)လှူဒါန်းမည့်အကြောင်း
ဝမ်းသာစွာတစ်ရွာလုံးပတ်ပြောလိုက်၏၊ကံဆိုးချင်တော့အကြောင်းအမျိုးမျိုးကြောင့်နားလည်မှုလွဲမှားပြီးစာ
ကြည့်တိုက်ဆောက်လုပ်ရေးအိပ်မက်ပျက်ပြယ်ခဲ့ချေပြီ၊။သို့သော်လည်းစာကြည့်တိုက်ဖွင့်ပွဲကိုတော့ ၄င်းနှစ်ကဆုန်လပြည့်နေ့မှာဖွင့်လှစ်နိုင်ခဲ့ပါတယ်၊စည်စည်ကားကားပါဘဲ..စာကြည့်တိုက်တည်ထောင်သူကိုမင်းစိုး
ကဘဲ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊စာကြည့်တိုက်မှူး၊ဘဏ္ဍာရေးမှူး၊စာရင်းစစ်၊အဖွဲ့ဝင်များဖြင့်ကျစ်လစ်စွာ
ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ဒီလိုဒီလိုနဲ့ ရက်တွေကြာလာပြီးသည့်နောက်မှာတော့ ဦးဆန်းထွန်းဆီက ဖုန်းပြန်ဝင်လာလေပြီ၊
ပြီးခဲ့သည့်နှစ်က
အကြောင်းအမျိုးမျိုးကြောင့်မဆောက်ဖြစ်ခဲ့သည့်စာကြည့်တိုက်အဆောက်အဦးအတွက်ဒီနှစ်
သူပြန်ပြီးဆောက်
လုပ်မယ့်အကြောင်းပြောလာပါတယ်၊ဖုန်းဆက်ပြီးတစ်လအကြာမှာဘဲ ဦးဆန်းထွန်းဟာကိုရီးယား
ကနေရွာပြန်ပြီး
သိန်း(၃၀)ကျော်အကုန်ကျခံကာဆောက်လုပ်လှူဒါန်းခဲသဖြင့် ယ္ခုဆိုလျှင် ပြီးစီးတော့မည့်အခြေနေရောက်ရှိနေပြီ
ဖြစ်ရာရပ်ရွာ၏ဘာသာရေး၊လူမှုရေး၊စီးပွားရေး၊ပညာရေးအသိဥာဏ်ဗဟုသုတများလည်းကခင်ကထက်ပိုမိုတိုး
တက်တော့မှာမို့ နေခြည်မှာ ရွှေရည်လောင်း ရပ်ရွာ့စာကြည့်ကျောင်းဟုပြောလိုက်ချင်ပါတော့သည်။
ဆန်းသစ်အောင်


စာကြည့်တိုက်နှစ်ပတ်လည်နေ့ကအဖွဲ့ဝင်များအမှတ်တရ

စာကြည့်တိုက်ဆောက်လုပ်နေကြစဉ်
စာကြည့်တိုက်အဆောက်ဦးအတွက်လုပ်အားဒါနလှူဒါန်းနေကြသည့်လူငယ်လေးများ
လုပ်အားဒါနလှူဒါန်းနေကြသည့် အမျိုးသမီးများစာဖတ်နေကြသည့်ကျောင်းသူ ကျောင်းသားလေးများ

စာကြည့်တိုက်မှာထားရှိမည့် စာအုပ်ဘီဒိုများ

28/11/2009

ဖြူးဆရာတော်ဘုရားကြီးဘ၀နတ်ထံပျံလွန်တော်မူ

သက်တော်-၆၈ နှစ်
သိက္ခာတော်-၄၈ -၀ါ


နိုဝင်ဘာလ (၂၄)ရက် သတင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိသည် အာရှတော်ဝင်ဆေးကုခန်းတွင် (၂၄-၁၁-၂၀၀၉) နံနက်(၇)နာရီ အချိန်တွင် ပျံလွန်တော်မူသွားပြီဖြစ်ပါ၍ ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကို ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဝမ်းနည်းစွာ အသိပေးကြေညာအပ်ပါသည်။

အစီစဉ်အသေးစိတ်ကို ဆရာတော်ဦးအဂ္ဂဝရနှင့် ဆက်သွယ်၍ ဆက်လက် ဖေါ်ပြပေးသွားပါမည်။

ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အထက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။


ဆန်းသစ်အောင်

ဖြူးဆရာတော်ဘုရားကြီး၏ အန္တိမဈာပနအခမ်းအနား


ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် ယနေ့ည (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီ တရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်း ဦးအဂ္ဂဝရမှ မိန့်တော်မူသည်။



၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)

၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ

၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့်
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ

၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ

၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ

၃၀-၁၁-၂၀၀၉ - ယင်းနေ့တွင် အန္တိမဈာပနအခမ်းအနားကို နေ့လည် (၁၂)နာရီတိတိ အချိန်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး၊ ဖြူးဆရာတော်ဘုရားကြီး၏ ထေရ်ဆရာ အရှင်များဖြစ်ကြသော မြတောင် ဆရာတော်ဘုရားကြီးနှင့် ပေါက်မြိုင် ဆရာတော်ဘုရားကြီးတို့မှ သီလပေးသြဝါဒချီးမြှင့်ပေးကြမည်ဖြစ်ပါသည်။
ထို့နောက် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ ရေစက်သွန်းချ အမျှပေးဝေပြီးနောက်တွင် ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို ဆရာတော်ဘုရားကြီးများနှင့် တပည့်သံဃာများ၊ အစိုးရအဖွဲ့ဝင် လူကြီးမင်းများ၊ ဂေါပကအဖွဲ့ဝင်လူကြီးများ၊ တပည့်ဒကာ ဒကာမများနှင့် ဖြူးဆရာတော်ဘုရားကြီး၏ ဆွေတော် မျိုးတော်များမှ အဖွဲ့သုံးဖွဲ့ ခွဲကာ မင်းခမ်းမင်းနားဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် မီးသဂြိုလ်မည်ဖြစ်ပါသည်။

ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဈာပနပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဖြူးမဟာစည်သာသနာ့ရိပ်သာ မူလကျောင်းတိုက်သို့ မြို့နယ်သံဃာနာယကအဖွဲ့ဆရာတော်များ၊ တာဝန်ရှိလူကြီးမင်းများ၊ တပည့်သံဃာတော်များနှင့် ဒကာ ဒကာမများမှ ပင့်ဆောင်ကြမည်ဖြစ်ပြီး ရိပ်သာတွင် သုံးညတိုင်တိုင် တရားပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။
ထို့နောက် ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဖြူးချောင်းတွင် ရေမျှောပူဇော်မည်ဖြစ်ပါ ကြောင်းကို ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော ဓမ္မမိတ်ဆွေ မြန်မာနိုင်ငံသားများအားလုံးသို့ စေတနာရှေ့ထား၍ အသိပေးကြေညာအပ်ပါသည်။

ဝိမုတ္တိသုခ ဘလော့မှ ကူးယူတင်ပြခြင်းဖြစ်သည်။

ဆန်းသစ်အောင်

25/11/2009

မျိုးဆက်သစ်တို့ကပွဲ အပိုင်း(၃)





ဒီတစ်ပတ်တော့ မျိုးဆက်သစ်လေးများရဲ့မြူးကြွရွှင်ပျော် တေးသရုပ်ဖော်အကလေးများနဲ့အလည်

ရောက်လာသူ
များကိုဧည့်ခံလိုက်ပါတယ်ဗျာ၊အားပေးကြည့်ရှုပြီးမှပြန်ကြနော်...အထူးသဖြင့်ဤကပွဲွဲ

အပိုင်း(၃)ကိုအွန်လိုင်း
ပေါ်မှတဆင့်တောင်းဆိုထားတဲ့ ဦးဆန်းထွန်း(ခေတ္တ-ကိုရီးယား) အတွက်လည်း

တစ်ခါတည်းတင်ပေးလိုက်ပြီနော်..


ကျွန်တော်အနေနဲ့ မျိုးဆက်သစ်ကပွဲအပိုင်း(၁)အပိုင်း(၂)များကိုဤဘလော့မှာတင်ခဲ့စဉ်က အဆင်ပြေခဲ့

သော်
လည်း ဤအပိုင်း(၃)ကို တင်ရာမှာတော့ အဆင်မပြေမှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်၊။

ပုံမှန်အားဖြင့်ပြီးခဲ့သည့်အပိုင်းများကို(၈)မိနစ်စာခွ္စဲ၍ you Tubeဆိုက်တွင် upload ပြီးတင်ရာမှာလွယ်ကူခဲ့

သော်
လည်းဤအကြိမ်မှာတော့အရင်အကြိမ်တွေတုန်းကလိုအဆင်မပြေခဲ့သဖြင့်တော်တော်နဲ့ဘလော့စာ

မျက်နှာ
ပေါ်မှာရောက်မလာနိုင်ဘဲကြန့်ကြာနေခဲ့ပါတယ်။ကွန်နက်ရှင်ကြောင့်လား..မိမိရဲ့ချို့ယွင်းချက်ကြောင့်

လား
မပြောတတ်ပါ။ အခုတော့ မမျှော်လင့်ဘဲ အဆင်ပြေသွားသဖြင့် ပင်ပန်းရကျိုးနပ်ပါပြီ..ဘာဘဲဖြစ်ဖြစ်

ကျေနပ်
ပါတယ်..အလည်ရောက်လာသူအားလုံး ကပွဲကြည့်ပြီး ကြည်နူးပျော်ရွှင်ကြပါစေလို့ ဆန္ဒပြုလျှက်

ဆန်းသစ်အောင်

12/11/2009

နယ်စပ်မြို့လေးများသို့အလည်တစ်ခေါက်

ရက်တစ်ပတ်ကြာကျွန်တော်တည်းခိုနေထိုင်ခဲ့သည့် ယိုးဒယားရဲတစ်ဦးပိုင်နေအိမ်လေးအားတွေ့ရစဉ်

ဘာလိုလိုနဲ့အိမ်လေးနဲ့ဝေးကွာခဲ့တာ ရက်တစ်ပတ်တောင်ကျော်သွားခဲ့တယ်၊ကျွန်တော်လည်း
မနေ့ကမှ(ဗုဒ္ဓဟူးနေ့)ခရီးကပြန်ရောက်ခဲ့ပါတယ်၊ခရီးစဉ်လေးဟာအဆင်ပြေတယ်ဆိုပေမယ့်
မယ်ဆိုင်ကားစီးဘို့အတွက်မော်ချစ်ကားကွင်းသို့သွားရာမှာနဲနဲနောက်ကျပြီးမှရောက်တဲ့အတွက်
မဲဆိုင်ကားလက်မှတ်ဝယ်မရလို့တော်တော်လေးစိတ်ပူရသေးတယ်။တော်ပါသေး ခရီးသွားအ
တွေ့အကြုံရှိတဲ့သူငယ်ချင်းဆီဖုန်းဆက်ပြီးမေးကြည့်လိုက်တော့မှသူက''ဟာအဲလိုဆိုရင်ချင်းရိုင်
ကားလက်မှတ်ဖြတ်ပြီးအဲဒီကနေတဆင့်မယ်ဆိုင်ကားပြောင်းစီးရင်အိုကေပါတယ်ဗျာ''ဟုအကြံ
ပေးတဲ့အတွက်ခရီးစဉ်ကတော်တော်လေးအဆင်ပြေသွားခဲ့လို့သယ်ရင်းကိုအရမ်းကျေးဇူးတင်
မဆုံးဖြစ်မိပါတယ်၊ဒီလိုနဲ့အိပ်စပတ်ကားကြီးဟာည(၉:၃၀)မှာဘန်ကောက်ကနေစတင်ထွက်ခွါ
လာခဲ့ရာ ချင်းရိုင်မြို့လေးကိုနံနက်(၉:၃၀)လောက်မှာရော်ရှိခဲ့ပြီး၎င်းမှတဆင့်မဲဆိုင်ကိုဆက်လ
က်စီးခဲ့ရာမှာသူငယ်ချင်းအိမ်ကို(၁၁:00)နာရီမှာရောက်ရှိခဲ့ပါတယ်၊မဲဆိုင်ဆိုပေမယ့် သူငယ်ချင်း
အိမ်ကကျေးလက်ရွာလေးတစ်ရွာဖြစ်တဲ့ဘန်ပုံရွာလေးဘဲဖြစ်ပါတယ်၊ရွာဟုဆိုသော်လည်းမြန်မာ
ပြည်ကတောမြို့တွေထက်တော့သာတယ်ဗျ၊ လမ်းပန်းဆက်သွယ်ရေးကောင်းတော့ အင်တာနက်
ဆိုင်တွေ၊ဟိုတယ်တွေကလဲပါမှပေါဘဲလေ၊ရွာလေးရဲ့အဓိကစီးပွားရေးလုပ်ငန်းကတော့စိုက်ပျိုး
ရေးဖြစ်ပြီးမြန်မာလူမျိုးအများစုရဲ့စီးပွားရေးထွက်ပေါက်တစ်ခုလဲဖြစ်ပါတယ်၊ကျွန်တော်အဲဒီလဲ
ရောက်တယ်ကြားတော့ညပိုင်းအလုပ်အားချိန်မှာကျွန်တော်တည်းခိုရာသူငယ်ချင်းအိမ်ကိုလာပြီး
စကားလာပြောကြတာအိမ်တောင်ပြည့်လျှံမတတ်ဘဲ၊သူတို့တွေဟာနံနက်(၈)နာရီကနေညနေ
(၆)နာရီထိလယ်ယာစိုက်ခင်းတွေမှာသွားရောက်လုပ်ကိုင်ကြရကြောင်းပြောပြကြပါတယ်၊ကျွန်
တော်လဲအရံသင့်ပါလာတဲ့ကျွန်ပျူတာလက်တော့လေးကိုဖွင့်ပြလိုက်ရာမှာစက်ပွင့်ပွင့်ချင်းပေါ်
လာတဲ့ရွှေတိဂုံဘုရားပုံကိုမြင်လိုက်ကြတယ်ဆိုရင်ဘဲသူတို့အံ့အားသင့်ပြီးရွှေတိဂုံဘုရားပုံတော်
ကိုလက်အုပ်ချီကြပါတယ်၊နောက်ပြီးတော့လည်းအဲဒီပုံကိုဘုရားစင်ပေါ်မှာပူဇော်ချင်ကြကြောင်း
တောင်းဆိုလာကြတဲ့အတွက် ကော်ပီကူးပြီးပုံ(၂၀)ကျော်လောက်လက်ဆောင်ဝေငှခဲ့ပါတယ်။

ဘန်ပုံရွာလေးကိုအလှတန်ဆာဆင်ပေးနေတဲ့တောင်တန်းကြီးများ




ဘန်ပုံရွာလေးမှာရှိတဲ့ဘန်ကောက်မြို့ကြီးမှယိုးဒယားသူဋ္ဌေးများလာရောက်အပန်းဖြေရာဟိုတယ်ကြီးအားတွေ့ရစဥင်္
(၄င်းဟော်တယ်ကြီးသည်နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာရှိနေပြီဖြစ်ကြောင်းသိရပါတယ်)




ယိုးဒယားလူမျိုးများယခုအချိန်ထိထီးတင်၍မရသေးသည့်ဦးအောင်ဇေယျ၏ကောင်းမှုတော်စေတီပုထိုး


ဤစေတီလေး၏ထူးခြားချက်မှာဦးအောင်ဇေယျ၏ကျိန်စာကြောင့်လားမသိ၊ယခုအချိန်ထိ
ယိုးဒယားလူမျိုးများထီးတင်လို့မရကြကြောင်း၊မြန်မာလူမျိုးများတင်ပေးမှသာရကြောင်းသိရပြီးယခင်
ကစေတီဝန်းကျင်မှာမြန်မာစာအက္ခရာများဖြင့်ရေးသားထားတာကိုတွေ့ရသော်လဲယခုနောက်ပိုင်းမှာ
တော့မြန်ာအအက္ခရာများမတွေ့ရတော့ဘဲယိုးဒယားစာလုံးများကအစားထိုးနေရာယူသွားခဲ့ပါပြီ။





ဦးအောင်ဇေယျစေတီတောင်ကုန်းပေါ်မှာတည်ရှိတဲ့ ကင်းပုဇွန်အရုပ်ကြီးအားတွေ့ရစဉ်
ဤအရုပ်ကြီး၏ထူးခြားချက်မှာတစ်ခါတစ်ရံအသက်ဝင်နေတတ်ခြင်းဖြစ်ပြီးသမိုင်း
ကြောင်းအတိအကျကိုတော့လိုက်ပို့တဲ့သယ်ရင်းကလည်းမသိကြောင်းပြောပါတယ်..






ဘုရားကုန်းပေါ်မှာရှိတဲ့ကြက်ရုပ်များအားတွေ့ရစဉ်
ဤကြက်နှစ်ကောင်အနက်တစ်ကောင်ကယိုးဒယားကြက်ဖြစ်ပြီးတစ်ကောင်ကမြန်မာကြက်
ဟုသိရပြီးကြက်တိုက်ပွဲမှာမြန်ာကြက်ကချည်းအနိုင်ရကြောင်း၊သို့သော်နောက်ဆုံးယိုးဒယားများကဆေး
အကူညီနဲ့လုပ်ကြံတော့မှ မြန်မာကြက်ကအရှုံးပေးခဲ့ရကြောင်းသိရပေသည်၊ဒေသခံလူတစ်ယောက်၏
ပြောစကားအရ ယခုအချိန်ထိအဲဒီဝန်းကျင်မှာ မြန်မာကြက်စစ်စစ်ဆိုလျှင် ယိုးဒယားကြက်ထက်ဈေးပို
ပေးကြကြောင်းပြောပြလေရဲ့။ဒါကြောင့် ယိုးဒယားလူအချို့ကသူတို့ကြက်ကို မြန်မာကြက်ဟုလိမ်ညာပြီး
ရောင်းချကြောင်းသိခဲ့ရသေး၏။




ရွှေတြိဂံဒေသဟုခေါ်ဆိုသောထိုင်း၊မြန်မာ၊လာအိုသုံးနိုင်ငံနယ်နမိတ်ဆုံမှတ်ပြမြေပုံ





လာအိုနယ်နိမိတ်ဘက်ခြမ်းအားအဝေးမှတွေ့ရစဉ်


< မြန်မာနယ်နိမိတ်ဘက်ခြမ်းအားအဝေးမှတွေ့ရစဉ်(အ၀ါရောင်အဆောက်အဦးလေးများမှာမြန်မာဘက်ခြမ်း



ယိုးဒယားနယ်နိမိတ်ဘက်ခြမ်းအားတွေ့ရစဉ်


ယိုးဒယားနယ်နိမိတ်ခြမ်း မဲခေါင်မြစ်ကမ်းခြေမှာတည်ထားပူဇော်ထားသည့်ရုပ်ပွားတော်မြတ်ကြီး




ယိုးဒယားနိုင်ငံ၏မြို့ဟောင်းတစ်ခုဖြစ်သည့်ကျင်ဆိုင်မြို့ဟောင်းမှအုဋ္ဌ်ရိုးအပိုင်းစများတွေ့ရစဉ်




ဘန်ပုံရွာလေးမှာအလုပ်လုပ်နေကြသည့် ရွှေမြန်မာမလေးများအားတွေ့ရစဉ်



ဘန်ပုံရွာကရွှေမြန်မာမိသားစုများအမှတ်တရ




လူကြီးတစ်ယောက်ပမာ ပြောဆို ဧည့်ခံတတ်သည့် မြန်မာခလေးမလေးအိအိဖြိုးအားတွေ့ရစဉ်

ဤကလေးမလေးဟာ အသက်အရွယ်အားဖြင့် ငါးနှစ်ခန့်သာ ရှိသေးသော်လည်း
လူကြီးတစ်ယောက်ပမာ ကျွန်တ်ာအား နှုတ်ဆက်ဧည့်ခံခဲ့သဖြင့် တော်တော်လေးသံယောဇဉ်
ဖြစ်ခဲ့မိသည်မှာ အမှန်ပင်၊သူတို့အိမ်သွားပြီးထမင်းစားတဲ့နေ့က မှတ်မှတ်ရ ဘာပြောခဲ့သလဲ
ဆိုတော့ "ဦးနော် ဒီစားပွဲပေါ်က ဟင်းတွေကို အကုန်စားရမှာ..မစားရင် ပြန်မလွှတ်ဘူး"တဲ့
ပြောလိုက်ပုံက ကလေးတစ်ယောက်မှဟုတ်ရဲ့လားဟုသံသယ၀င်ရမလောက်ပင်၊
ဘန်ကောက်ကိုပြန်မယ့်နေ့က ကားဂိတ်ကို သူ့ဖေကို လိုက်ပို့ခိုင်းပြီး လာနှုတ်ဆက်
တော့လည်း ယိုးဒယားလိုပြောပြီးနှုတ်ဆက်သွားလေရဲ့ဗျာ... လွန်ဖိ ချုပ်ဒီးနခပ်တဲ့..
လမ်းခရီးမှာကံကောင်းပါစေလို့ဆိုပါတယ်၊ဆိုင်ကယ်ပေါ်ကနေ ပြန်ကြည့်ပြန်ကြည့်နဲ့
ပြန်သွားတဲ့ပုံရိပ်လေးကတော့ ဒီခရီးစဉ်မှာတော့ ဘယ်လိုမှမေ့လို့မရတဲ့ အမှတ်တရ
တစ်ခုပါဘဲဗျာ၊။


ထိုင်းစကားကောင်းစွာပြောတတ်တဲ့ခလေး(မူကြိုကျောင်းမှအပြန်)

ဤကလေးလေးဟာလည်းအရွယ်နှင့်မလိုက်အောင် ထိုင်းစကားကိုကောင်းစွာပြော
ဆိုတတ်သလိုမြန်မာစကားကိုလည်း ကောင်းစွာ ပြောဆိုနိုင်သည့်ကလေးဖြစ်ပြီး ကျွန်တော်ကဓာ
တ်ပုံရိုက်နေစဉ်မှာ ယိုးဒယားသူဋ္ဌေးတစ်ဦးကအနားလာပြီး သူ့ဆီကို မေးမှတစ်ဆင့် ကလေးဓာတ်ပုံ
ကို ပို့ပေးဘို့ ပြောလာပါတယ်၊ကျွန်တော်အထင်တော့ မြန်ာကလေးတစ်ယောက်က သူတို့ယိုးဒယား
စကားပြောတတ်တာကို သဘောကျတယ်ထင်ပါရဲ့ဗျာ...