စာကြည့်တိုက်ကော်မတီဝင်များ
မကြာမှီပြီးစီးတော့မည့်လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အဆောက်အဦးအားတွေ့ရစဉ်မွေးရပ်မြေကစာကြည့်တိုက်လေးရဲ့လတ်တလောအခြေနေများကိုတင်ပြပေးဘို့အစီအစဉ်ရှိသော်လည်းတော်
တော်နှင့်မရေးဖြစ်ခဲ့ပါ။အခုမှဘဲ ရေးဖြစ်တော့တယ်၊ခါတိုင်းဆိုလျှင်ရွှေနံ့သာဆိုက်မှာစဉ်ဆက်မပြတ်ဆိုသလို
တင်ပြပေးနေသော်လည်းအိမ်ပိုင်ရှင် မောင်မင်းစိုးတစ်ယောက်ရွှေဆံပင်တံတားအကျိုးတော်ဆောင်ကိစ္စတွေ
နဲ့နပန်းလုံးနေရသဖြင့်လောလောဆယ်စာကြည့်တိုက်သတင်းများကိုမတင်နိုင်သေးတဲ့အတွက်မိမိကဘဲ
သူ့ရဲ့ကိုယ်စားတင်ပေးလိုက်ခြင်းဖြစ်ပါသည်။
ဘာလိုလိုနဲ့စာကြည့်တိုက်လေးကလည်းတော်တော်ပင်အသက်ဝင်လာခဲ့ချေပြီ၊စာဖတ်သူများ။ အသင်းဝင်သူများ
လာရောက်လေ့လာသူများဖြင့်စည်ကားလျှက်နေကြောင်းမွေးရပ်မြေကိုဖုန်းဆက်တိုင်းကြားသိနေရ၏၊စာကြည့်
တိုက်လေးရဲ့ဘူမိနက်သန်ကမှန်လေသည်လားးမသိ၊မူလကရွာလည်တွင်ဖွင့်လှစ်ရန်စီစဉ်ထားသော်လည်းရွာ
ဦးကျောင်းဆရာတော်ဘုရားကြီးရဲ့သဘောထားပြည့်ဝမှု၊အမြှော်အမြင်ကြီးမားမှုတို့ကြောင့်ဘုန်းတော်ကြီး
ကျောင်းဝင်းအတွင်းမှာပင်ဖွင့်လှစ်ခွင့်ရခဲ့၏။
တစ်ခုကောင်းသည်ကဘုန်းတော်ကြီးကျောင်းသည်အတန်းကျောင်းနှင့်အလွန်နီးသဖြင့်အလယ်တန်းကျောင်းမှ
ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများဟာစာသင်နားချိန်နှင့်ကျောင်းအားရက်တွေမှာစာကြည့်တိုက်
သိုလာရောက်ကြပြီးစာပေဗဟုသုတများရှာမှီးနိုင်ခွင့်ရကြသည်ကလည်း စာကြည့်တိုက်ရဲ့ဘူမိနက်သန်မှန်ကနှ်
ဤစာကြည့်တိုက်လေးရဲ့အကျိုးကျေးဇူးကြောင့်ယခုဆိုလျှင်ရွာသူရွာသားများနှင့်မျိုးဆက်သစ်ခလေးတွေရဲ့
ရင်ထဲ၊နှလုံးသားထဲမှာဘာသာရေးအသိ၊လှူမှုရေးအသိ၊စီးပွားရေးအသိများယခင်ကထက်ပိုမို၍ဖွံ့ဖြိုးတိုးတက်
နေတာကိုမိမိရပ်ရွာအလည်ပြန်စဉ်ကလက်တွေ့သိရှိခဲ့ပါတယ်။နောက်ြပီးတော့လည်းရပ်ရွာကိုချစ်မြတ်နိုးကြ
သည့်ဆရာတော်သံဃာတော်များကးမျိုးဆက်သစ်ကလေးတွေရဲ့နွေရာသီအားလပ်ရက်တွေကိုလည်း
မြတ်ဗုဒ္ဓအဆုံးမယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းများဖြင့်ကုန်လွန်စေခဲ့သည်ကလည်းအဖိုးဖြတ်လို့မရ
အောင်ကျေးဇူးကြီးမားလှပေသည်၊
ဒီနေရာမှာစာကြည့်တိုက်တည်ထောင်သည့်မောင်မင်းစိုး(ရွှေနံသာ)ရဲ့အကြောင်းကိုတစေ့တစောင်းတင်ပြရလျှင်
စာဖတ်သူများအံ့သြသွားနိုင်၏၊အဘယ့်ကြောင့်ဆိုသော်သူသည်စာပေ၀ါသနာပါသူပီပီဇာတိရပ်ရွာမှာစာကြည့်
တိုက်ဖွင့်ဘို့အတွက်နှစ်ပေါင်းများစွာကတည်းကစာအုပ်စာပေများကိုဘယ်သူမှမပြောဘဲသိုသိပ်စွာစုဆောင်းလာ
သူဖြစ်သဖြင့်ဘယ်သူကမှ သူ့အစွမ်းအစကို ဒီလိုအခြေနေရောက်လာလိမ့်မည်မထင်ထားကြ၊
သူ့ရဲ့ပင်ကိုစိတ်ရင်းက အေးဆေးစွာနေတတ်၏၊မော်ကြွားလိုစိတ်မရှိ၊နှမြောဝင်တိုမှုအလျှင်းမရှိ၊ပြဿနာတစ်
ခုကိုရဲ့ဝင့်စွာ ရင်ဆိုင်ဖြေရှင်းတတ်၏၊ သူတစ်ပါးကို လွယ်ကူစွာ အပူကပ်လေ့မရှိ၊တတ်နိုင်သမျှကူညီတတ်၏၊
အခုထိမှတိမိနေသေးသည်က သူနှင့်အတူသွားပြီး ပစ္စည်းတစ်ခုဝယ်တော့မည်ဆိုလျှင်လွယ်လွယ်နှင့်ဝယ်ယူ
ရိုးထုံးစံမရှိခြင်းပင်၊၀ယ်ခါနီးတွင် သူကအမြဲစဉ်းစားတတ်သူ ဖြစ်သဖြင့်မိမိက သူ့ကို အားမရခဲ့၊နောက်တော့မှ
တဖြည်းဖြည်းစဉ်းစားကြည့်ရာ သူဟာအလုပ်တစ်ခုကို ဦးနှောက်ဖြင့်အသုံးချပြီးလုပ်တတ်သူဖြစ်ကြောင်းသ
ဘောပေါက်မိလေသည်၊
သူစာကြည့်တိုက်ဖွင့်မယ်လုပ်တော့ လသာသာဝရံတာဘက်မှာသူနှင့်အတူမိမိရယ်၊ ဘ၀တူ ၀ါသနာတူရွာသား
တစ်ယောက်ရယ်အားလုံးသုံးဦးစည်းဝေးတိုင်ပင်ကြရာရပ်ရွာရဲ့အထာမသိသေးသည့်သူကဘာပြောသလဲဆို
တော့..အေးကွာကိုယ်လဲဒီနှစ်ရွာမှာစာကြည့်တိုက်ဖွင့်ချင်တယ်...ဒီတော့မောင်ရင်တို့ဘက်ကလည်းတတ်နိုင်သ
လောက်ကူညီစေချင်တယ်ကွာ...သူအားကိုးမယ်ဆိုရင်လဲ အားကိုးချင်စရာပင်၊အဘယ်ကြောင့်ဆိုသော်မိမိတို့
နှစ်ဦးစလုံးက ရပ်ရွာမှာနွေရာသီယဉ်ကျေးမှုသင်တန်းကို(၂)နှစ်တိတိသင်ထားကြသဖြင့်ဘာဘဲဖြစ်ဖြစ်ရပ်ရွာ
ရဲ့(အထာ)အခြေနေကိုသိထားကြသူများပီပီဤ သို့ပြန်ပြောလိုက်၏၊ အေးကွာ..ဟုတ်တယ် ဒို့ရပ်ရွာကဘာဘဲ
လုပ်လုပ် အထနှေးတတ်တယ်ဟ...ဒို့တုန်းကလဲ တော်တော်စခဲ့ရတာ......အထနှေးတော့ ဆွပေးမှရမယ်လေ..
အဲ စပြီးရင်တော့ ရွာကတဖြည်းဖြည်းနောက်ကနေပါလာကြစမြဲဘဲ..အဆင်ပြေမှာပါဒို့လဲဝိုင်းကူညီကြတာပေါ့
ဤသို့တိုင်ပင်ကြပြီးရက်ပိုင်းးအတွင်းမှာပင် ကိုရီးယားမှ မိမိဆီဖုန်းဝင်လာသဖြင့် ကိုင်လိုက်တော့...ကိုရီးယားမှာ
နေတဲ့ရွာသားပါ မသိဘူးလားစသည်ပြောသော်လဲမိမိကမမှတ်မိသဖြင့်အသေးစိပ်မေးလိုက်တော့မှဦးဆန်းထွန်း
လေ မသိဘူးလားပြောပြမှဘဲ ကောင်းကောင်းသိသွား၏၊ အဲဒီတော့မှသူကရွာအတွက်စာကြည့်တိုက်ဆောက်ချင်
ကြောင်းပြောလာရာ ဒါနဲ့ မိမိကဟာအတော်ဘဲဗျာဟိုတလောလေးကမှဒို့လည်းမင်းစိုးနဲ့စာကြည့်တိုက်အကြောင်း
ပြောဖြစ်ကြတယ်ဟ..ဒီတော့ ဦးဆန်းထွန်းက ဟုတ်ပြီ စာကြည့်တိုက်အဆောက်ဦးအတွက် ကျွန်တော်လှူသွား
မယ်..ဒါပေမယ့်တစ်ခုလောက်တော့ တောင်းဆိုချင်တယ်..လောကပြတင်းဆိုတဲ့နာမည်လေးတပ်ချင်တယ်..
ဒါနဲ့မိမိက အေးဟုတ်ပြီ..မင်းစိုးဆီ ဖုန်းဆက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်၊အဲဒီအချိန်မှာကိုမင်းစိုးကအညာ
ရောက်နေပြီမဟုတ်လား.၊စာကြည့်တိုက်လေးအတွက် အလှူရှင်ပေါ်သွားခဲ့ပြီမို့ စိတ်ထဲမှာ ပြောမပြနိုင်အောင်
ဒီလိုနဲ့မိမိလည်းနွေရာသီအားလပ်ရက်မှာ သင်တန်းအတွက်မွေးရပ်မြေကို ပြန်သွားခဲ့ပြီး ဒီနှစ်စာကြည့်တိုက်ဖွင့်
မယ့်အကြောင်း၊စာကြည့်တိုက်အဆောက်ဦးအတွက်ဦးဆန်းထွန်း(ခေတ္တ-ကိုရီးယားမှ)လှူဒါန်းမည့်အကြောင်း
ဝမ်းသာစွာတစ်ရွာလုံးပတ်ပြောလိုက်၏၊ကံဆိုးချင်တော့အကြောင်းအမျိုးမျိုးကြောင့်နားလည်မှုလွဲမှားပြီးစာ
ကြည့်တိုက်ဆောက်လုပ်ရေးအိပ်မက်ပျက်ပြယ်ခဲ့ချေပြီ၊။သို့သော်လည်းစာကြည့်တိုက်ဖွင့်ပွဲကိုတော့ ၄င်းနှစ်ကဆုန်လပြည့်နေ့မှာဖွင့်လှစ်နိုင်ခဲ့ပါတယ်၊စည်စည်ကားကားပါဘဲ..စာကြည့်တိုက်တည်ထောင်သူကိုမင်းစိုး
ကဘဲ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊စာကြည့်တိုက်မှူး၊ဘဏ္ဍာရေးမှူး၊စာရင်းစစ်၊အဖွဲ့ဝင်များဖြင့်ကျစ်လစ်စွာ
ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ဒီလိုဒီလိုနဲ့ ရက်တွေကြာလာပြီးသည့်နောက်မှာတော့ ဦးဆန်းထွန်းဆီက ဖုန်းပြန်ဝင်လာလေပြီ၊
ပြီးခဲ့သည့်နှစ်ကအကြောင်းအမျိုးမျိုးကြောင့်မဆောက်ဖြစ်ခဲ့သည့်စာကြည့်တိုက်အဆောက်အဦးအတွက်ဒီနှစ်
သူပြန်ပြီးဆောက်လုပ်မယ့်အကြောင်းပြောလာပါတယ်၊ဖုန်းဆက်ပြီးတစ်လအကြာမှာဘဲ ဦးဆန်းထွန်းဟာကိုရီးယား
ကနေရွာပြန်ပြီးသိန်း(၃၀)ကျော်အကုန်ကျခံကာဆောက်လုပ်လှူဒါန်းခဲသဖြင့် ယ္ခုဆိုလျှင် ပြီးစီးတော့မည့်အခြေနေရောက်ရှိနေပြီ
ဖြစ်ရာရပ်ရွာ၏ဘာသာရေး၊လူမှုရေး၊စီးပွားရေး၊ပညာရေးအသိဥာဏ်ဗဟုသုတများလည်းကခင်ကထက်ပိုမိုတိုး
တက်တော့မှာမို့ နေခြည်မှာ ရွှေရည်လောင်း ရပ်ရွာ့စာကြည့်ကျောင်းဟုပြောလိုက်ချင်ပါတော့သည်။
ဆန်းသစ်အောင်
စာကြည့်တိုက်နှစ်ပတ်လည်နေ့ကအဖွဲ့ဝင်များအမှတ်တရ
No comments:
Post a Comment