21/06/2012

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ


 စော်ကားကာပို မနာလိုသည့်

 ကိုယ့်ကိုမုန်းသူ အခြားသူကို                                            

  ရန်မူမည့်ဟန် မတုံ့ပြန်နှင့်                                                             

သူ့ကံအရိုင်း သူ့သမိုင်းတည်း။              

မရိုင်းစေရန် မိမိကံကို

 ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

 သမိုင်းကြောင်းကောင်းအောင်  ဆောင်ရွက်ပါ။

 
(မှတ်ချက်) န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာတတံ၊
အတၱေနာ၀ အ၀ေကၡယ်၊ ကတာနိ အကတာနိစ။ဟူသော ဘုရားဟော
ဓမ္မပဒဂါထာကို မှီငြမ်းရေးဖွဲ့ သီကုံးပါသည်။

12/06/2012

ဗန်းမော်ဆရာတော်ဘုရားကြီး၏ မှတ်လောက်ဖွယ်ရာ ဆုံးမစာ

တရားကို တေးလိုဆို၊                                  

ဖကို သားကဆဲ၊
 

ဆွေမျိုးထဲက ဓားပြတိုက်၊
 

မိုက်ရဲလျှင် သောတပန်၊
 

မကောင်းကြံက သမာဓိ၊                                 
 

ရွှေရှိမှ လူလိမ္မာ၊
 

လိမ်နိုင်မှ သစ္စာရှင်၊
 

ရိုးသားသူကို အရူးလို့ထင်၊
 

အင်္ကျီပါးနှင့် ဥပုသ်သည်၊
 

ဇရပ်အလည် ကို့ယိုးကားယား၊
 

လူဆင်းရဲက သူဌေးယောင်ဆောင်၊
 

အ၀တ်ပြောင်မှ လူရိုသေ၊
 

ရွှေရှိဘုရားမှ ရှိခိုးချင်၊
 

ဇာတ်သမားမှ လူခေါ်ချင်၊
 

အပျိုငယ်က လင်နေစော၊
 

အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
 

လင်ရှိမယားက အပျိုလုပ်၊
 

ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
 

ဖိုးသူတော်က ဘိုစတောက်ချ၊
 

အပျိုပေါက်စက နှစ်လင်ယူ၊
 

လူရင်းနှီးတော့ အတိုးချ၊
 

ခိုးဓားပြက လူလို့အော်၊
 

ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
 

မယ်သီလက အနုဆေးဖေါ်၊
 

မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
 

အမှန်ပြောတော့ အမုန်းပွား၊
 

ဥပုသ်စောင့်ရင်း အတင်းပြော၊
 

ခေတ်ကြီးကိုတော့ အပြစ်ဆို၊
 

ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
 

အလှူပေးရင်း ထမင်းရောင်း၊
 

မသာပို့ရင်း အပျိုလှည့်၊
 

သူတော်ကောင်းတို့ တရားပျက်ကြပြီ။

                                      (
ဗန်းမော်ဆရာတော်)

06/06/2012

ချဲ(လ်)ဆီးနဲ့ကျွန်တော်


 ချဲ(လ်)ဆီး ဆိုတာ ကံကောင်း တတ်လှတဲ့ အသင်းတော့ မဟုတ်ဘူး ဆိုတာ ...

ဟိုးရှေးကာလ ... ဗီယာရီ တို့  လက်ထက် ကတည်းက သိပြီးသားပါပဲ ...

ချဲ(လ်)ဆီး ဆိုတာ ဖလားတွေ အများကြီးကို ပိုင်ဆိုင်ဖူးတဲ့ အသင်းကြီး ...

မဟုတ်မှန်းလဲ ... အစကတည်းက သိခဲ့ပြီးသား ပါပဲ ...

ချဲ(လ်)ဆီး ဆိုတာ သမိုင်းမှာ အောင်မြင်မှုတွေ ရေးထိုးနိုင်အောင် ...

ကြိုးစားနေဆဲ ... အသင်းတစ်ခု ဆိုတာလဲ သိပြီးသားပါပဲ..

ဒါပေမယ့် ….အပြာရောင်တွေကို ချစ်တယ်
 
.. .. .. အားမာန်တွေကို အားကျတယ်

.. .. .. ကြိုးစားမှုတွေကို လေးစားတယ်

.. .. .. ၀ီရိယတွေကို တန်ဖိုးထားတယ်

အောင်မြင်မှုတွေအတွက် ပါကင်ထုတ်ပြီးသား မလိုချင်ဘူး ...




ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ထက်

ပွင့်ဖူးလာဖို့  ကြိုးစားနေတဲ့ ပန်းကလေးကို

ပိုပြီး မြတ်နိုးမိတယ်..

ပိုင်ဆိုင်မှုထက် ပိုင်ဆိုင်ခွင့်ရဖို့ 

ကြိုးစား နေရတာကို ပိုကျေနပ်မိတယ်..

 ဒါတွေဟာ ချဲ(လ်)ဆီး ရဲ့ စိတ်ဓါတ် တွေလား..

ချဲ(လ်)ဆီး ဟာ ကျွန်တော့်ရဲ့  အားမာန်တွေလား.

ဒါဆိုရင်


ချဲ(လ်)ဆီး ဟာ ကျွန်တော်

ကျွန်တော် ဟာ ... ချဲ(လ်)ဆီး ပဲပေါ့ ဗျာ ...


                                                      ဆန်းသစ်အောင်

(မှတ်ချက်)2012.ဥရောပချန်ပီယံလိတ်ဖလား၊အင်္ဂလန် FA ဖလားရ ချဲ(လ်)ဆီးအသင်းအား
ဂုဏ်ပြုသောအားဖြင့် ခံစားရေးဖွဲ့ပါသည်။

30/05/2012

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းရွာအ၀င် ဆိုင်းဘုတ်စိုက်ထူပွဲမှတ်တမ်းဓာတ်ပုံများ(အပိုင်း-2--)
















စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပဘုရားသို့
သွားရာလမ်းနယ်နိမိတ်အနီးမှာ တည်ရှိနေတဲ့  မိမိတို့ရွာကလေးဟာ
အိမ်ခြေစုစုပေါင်း(၁၈၀)ခန့်မျှရှိပီး ရွာနာမည်အနေနဲ့ ဟိုယခင်က ထန်းတောများ
ဝန်းရံကာဆီးထားမှုကို အစွဲပြုခါ ထန်းတောဂါမဟု အမည်ရခဲ့သော်လည်း
ရွာဦးကျောင်းဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်
ရနံ့များ တစ်နေ့တစ်ခြား မွှေးပျံ့လာမှု၊ဆရာတော်ဘုရားကြီး၏ တပည့်သား
သံဃာတော်(၇၄)ပါးတို့၏ ပရိယတ္တိစာမေးပွဲ အောင်မြင်မှုဂုဏ်သတင်းရနံ့များ
ကျော်စောသင်းပျံ့လာမှု၊ ကျေးရွာသူ ရွာသားများ၏ ဘာသာရေးကိစ္စများ 
ဆောင်ရွက်လုပ်ကိုင်ရာ၌ သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပ ဟူသော
သူတော်ကောင်းတရား(၇)ပါးကို လက်ကိုင်ထား  ဆောင်ရွက်မှု ဂုဏ်သတင်းများ
ပျံ့နှံ့ကျော်စောလာမှုများကြောင့် ထန်းတောကုန်းဂါမမှသည် နံ့သာကုန်းဂါမသို့
တဖြည်းဖြည်း  ပြောင်းလဲခေါ်ဝေါ်လာခဲ့ကြခြင်းဖြစ်ပေသည်။ထိုစကားမှန်၏။
ရွာဦးကျောင်းဆရာတော်ဘုရားကြီး၏ လက်ထက်၌ တပည့်များစွာမွေးထုတ်
ပေးနိုင်ရုံသာမကပဲ ပိဋကတ်နှစ်ပုံခွဲအောင် သာသနာ့အာဇာနည်အရှင်မြတ်
(၂)ပါး၊ပိဋကတ်နှစ်ပုံအောင် အရှင်မြတ်(၂)ပါး၊သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ
အရှင်မြတ်(၁၇)ပါး၊သာမဏေကျော်လင်္ကာရဘွဲ့ရ(၆)ပါးနှင့် အခြားသော 
ပထပမငယ်၊ပထမလတ်၊ပထမကြီးတန်းအောင်၊နိကာယ်စာမေးပွဲအောင်
သာသနာ့အာဇာနည်အရှင်မြတ်များစွာကိုလည်း ထူးခြားစွာမွေးထုတ်ပေး
ခဲ့ပြီဖြစ်၏။ ဤကဲ့သို့သော ဂုဏ်သတင်းရနံ့များ သင်းပျံ့နေလျှက်ရှိသော
 ရွာကလေး၏လိုအပ်ချက် ကွက်လပ်တစ်ခုကို တစ်ဒေါင့်တစ်နေရာကနေ
ဖြည့်ဆည်းသောအားဖြင့် "သင်သေသွားသော် သင်ဖွားသောမြေ သင်တို့
မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏"ဆိုတဲ့ ဆရာဇော်ဂျီ၏
သတိပေးကဗျာလေးကို ဦးထိပ်မှာ ပန်ဆင်၍
ဆရာတော် ဘဒ္ဒန္တသိက္ခိတနှင့် ခမည်းတော် ဦးထွန်းခင်+မယ်တော်(ဒေါ်ခင်လှ)မိသားစုတို့၏
လှူဒါန်းမှုဖြင့် နံ့သာကုန်းရွာအ၀င်ဆိုင်းဘုတ်ကြီးအား ကျေးရွာစံပြစပါးစိုက်ခင်းထိပ်၌ 
မြန်မာကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ကဆုန်လပြည့်ကျော်(၁)ရက်၊တနင်္ဂနွေနေ့
(6-5-2012)တွင် နံ့သာကုန်းရွာ ဆရာတော်သံဃာတော်များ၊ရပ်မိရပ်ဘများနှင့်
လူငယ်မောင်မယ်များ၊ စုပေါင်းညီညာစွာဖြင့် စည်ကားသိုက်မြိုက်စွာ စိုက်ထူခဲ့ကြပါသည်။
၎င်းဆိုင်းဘုတ်စိုက်ထူသည့်နေ့တွင် ဆိုင်းဘုတ်အလှူရှင် ဦးသိက္ခိတမှ ဧည့်ပရိသတ်များအား
အဖျော်ရေအာဟာရများတိုက်ကျွေးခြင်း၊နံ့သာမောင်တီးဝိုင်းအား ဆုတော်ငွေ-၁၅၀၀၀
(တစ်သောင်းခွဲ)ကျပ်နှင့် ညီတော် ဦးဓမ္မ၀ရမှ -၅၀၀၀(ငါးထောင်ကျပ်) 
ချီးမြှင့်ခြင်း. ဦးသိက္ခိတ၊ဦးရာဇိန္ဒ(မောင်မင်းစိုး)နှင့် ဦးနန္ဒသာမိတို့က၊ရောက်ရှိလာသောပရိသတ်များအား ရွှေမိုးငွေမိုးများ
 ရွာသွန်းဖြိုးခဲ့ကြပါသည်။

စုစည်းတင်ပြသူ-ဆန်းသစ်အောင်