15/08/2009

လောကပြတင်းရွှေနံ့သာ စာကြည့်တိုက်အခြေအနေ

လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အဆောက်ဦးအလှူရှင်-မောင်ဆန်းထွန်း(ခေတ္တ-ကိုရီးယား)
တည်ဆောက်နေဆဲလောကပြတင်းရွှေနံ့သာစာကြည့်တိုက်အဆောက်ဦးအားတွေ့ရစဉ်


ရွှေနံ့သာ စာကြည့်တိုက်မှ၊ လောကပြတင်းရွှေနံ့သာ စာကြည့်တိုက်အဖြစ် ပြောင်းလဲ
လိုက်ပြီး။ ယခု အဆိုပါ စာကြည့်တိုက်၏ တည်ဆောက်ဆဲ အခြေအနေကို တင်ပြလိုက်
ပါသည်။ ယခင် ရွှေနံ့သာ စာကြည့်တိုက်ကိုကား (ခဏ္ဍ)သိမ်ထဲ၌ ဖွင့်ထားခြင်းဖြစ်ပါသည်။
ယခုသော်ကား ထိုစာကြည့်တိုက်ကို သီးသန့်ဆောက်လုပ် ဖွင့်လှစ်ရန်၊ အဆောက်အဦး
အသစ်ကို ကိုးရီးယားတွင် နေထိုင်အလုပ်လုပ်နေသော လူငယ်လေး မောင်ဆန်းထွန်း
မှ တစ်ဦးတည်း ဆောက်လုပ်နေခြင်းဖြစ်ပါသည်။ ရွှေနံ့သာ စာကြည့်တိုက်ကို ၁၃၇၀ခုနှစ်
ကဆုန်လပြည့်နေ့ဝယ် မောင်မင်းစိုး၊ ရွှေနံ့သာ၊ ဦးဆောင်လျှက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး
ယခု စာအုပ်ပေါင်း သုံးထောင်ကျော်၊ အသင်းဝင် နှစ်ရာ့ငါးဆယ်ကျော် ရှိပါသည်။ မည်သူမဆို
စာအုပ်များ လှူဒါန်းလိုလျှင် (အရှင်ရာဇိန္ဒ၊ ဖုန်း၊ ၃၈၄၃၆၃)
mgminsoe777@gmail.com သို့
ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

အချိန်တွေဟာ ပြေးနေခဲ့တယ်


အချိန်တွေ ပြေးနေခဲ့တယ်

တလောကလုံး အမှောင်ထု ဖုံးလွှမ်းနေခဲ့ပြီး။ ခုနှစ်စဉ်ကြယ် အမြီးထောင်တာ ကြာခဲ့ပေါ့။ ရှေ့မှာ မရောက်သေးတဲ့ ရှေ့မှာ လူသွားလမ်းတွေ ဖြောင့်စင်းနေခဲ့ပြီ။ ဆက်လျှောက်ဖို့ ခွန်အားမွေးထားဖို့လိုတယ်။ ““ အကယ်၍ မင်းအသိုင်းဝိုင်းက ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် ““ ကုန်ဆုံး သွားတဲ့ အချိန်နေ့ရက် နာရီတွေကို လည်ပြန်တွေးမနေပါနဲ့။ အရှုံးဆိုတာ အောင်မြင်မှုရဲ့ ပထမဆုံးသော လမ်းကြောင်းပါပဲ။ ဒီတော့ ဆက်လျှောက်ရမဲ့လမ်းတွေမှာ ဆူးငြောင့်
ခလုတ်တွေရှိနေခဲ့ရင် ခုတ်ထွင်ရှင်းလင်းလိုက်ပါ။ တိမ်ကောစပြုနေသော မြစ်ချောင်းအင် အိုင်များကို ဆည်လုပ်ရန်တွေးတောနေခြင်းဟာ အမတန်သေးငယ်သော အတွေးအခေါ်
ကို လက်ကိုင်ထားခြင်းဖြစ်တယ်။ နောက်တောင်မှာ လူသူအရောက်ပေါက်နည်းနေသေး သော ကျေးလက်များကို သင်မုချသွားရပေလိမ့်မယ်။ ဆိုတော့ အယူအဆ ပြင်းထန်နေ သော နံနက်ခင်းအချိန်တွေကို မေ့မပြစ်ဖို့လိုတယ်။
ပြေးလွှားနေသော တတိယလမ်းဟာ ခရီးရဲ့အစဆုံးကို လှမ်းမြင်နိုင်ကောင်းမြင် ပေလိမ့်မယ်။ သို့သော် မမြင်ခြင်း၊မြင်ခြင်းဟာ အဓိကရေသောက်မြစ်မဟုတ်။ သွားနေ တဲ့လမ်းကိုသာ ဆက်လျှောက်ရဲရန်လိုအပ်ပါတယ်။ တန်ဖိုးရှိသော အချိန်တွေကို ပြေး သွားနေသော်လည်း ထိုလမ်းခရီးအဆုံးမှာ ရောက်ရှိမယ့် ပန်းတိုင်သည်သာ ဦးတည်ရာ ဖြစ်ရပေလိမ့်မယ်။ ထို ပန်းတိုင်ရဲ့ ခိုင်မာမှု၊ မခိုင်မာမှုဟာ နောက်ဆုံးအနေနဲ့ ဆုံးဖြတ် ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လျှောက်ခဲ့တဲ့ လမ်းတွေများခဲ့ပြီ။ အမှန်တကယ်လဲ လမ်းများခြင်းဟာ ဇဝေဇ၀ါဖြစ်ခဲ့ပေမယ့် မရောက်ရင်တော့ ဘယ်တော့မှရောက်လိမ့်
မယ် မဟုတ်ဘူးဆိုတာပါပဲ။
““ မင်းဟာ အနာဂတ်ကို ကိုယ်ဝန်ဆောင်နိုင်ရင် အနာဂတ်ကို မိခင်စိတ်နဲ့ အရိပ်တကြည့်ကြည့်ဖြစ်နေဖို့လိုတယ်။ ကိုယ်ဆောင်ထားရတဲ့ ကိုယ်ဝန်ကြောင့် မိမိကိုယ်
ကိုယ်ကို အသက်ဘေးကနေ ခြိမ်းခြောက်ခံနေရပေမယ့် ထိုဝန်လောက်ကိုတော့ တွေးပြီး ကြောက်စိတ်ဝင်နေခြင်းကို ရှောင်ရှားရမှာဖြစ်တယ်။ ဒီတော့ တလောကလုံးကိုကြည့် လိုက်ပါ။ လိုအပ်မှုတွေ တစ်နေ့တခြားဆိုသလို တိုးတိုးလာနေခဲ့တယ်။ ဒီလိုအပ်မှု တွေကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာမင်းသိဖို့လိုတယ် ““
တွန်သံတွေကြူးရင့်ခဲ့ကြရင်း အသက်တွေပျောက်ပျောက်သွားလိုက်တာ မနည်း မနောဆိုပါတော့။ သမင်လည်ပြန်တွေးမောနေခဲ့ရင်း ဆံဖြူသွားကျိုး ဘ၀တွေကို ကြည့်ခဲ့ ပါ။ မင်းရင်ဆိုင်ရမယ့် အန္တရာယ်တွေဟာ ဒီလိုပဲ ဆံဖြူကောင်းဆံဖြူသွားမယ်။ ဒါပေမယ့် ဒီပေးဆပ်မျိုးလောက်နဲ့ မင်းရဲ့အနာဂတ် မျိုးဆက်တွေဟာ လူသားတစ်ယောက်အတွက် စစ်မှန်တဲ့ ဆာလောင်မှုအပေါင်းကနေ ကင်းဝေးပြီးတော့ သုခအစစ်ဖြစ်တဲ့ လူသားတစ် ယောက် ရပိုင်မှုအပေါင်းကို သုံးဆောင်နေရမယ်ဆိုတာ သိမြင်ခံစားနေဖို့ပါ။ အချိန်တွေ တရွေ့ရွေ့ပြေးနေခဲ့တယ်။ ရရှိဦးမယ့် အချိန်တိုင်းဟာ ကျုပ်တို့အားလုံးအတွက် အကျိုးရှိ ရှိ အသုံးချသွားဖို့လိုတယ်။
မောင်မင်းစိုး(ရွှေနံ့သာ) ဆက်လက်ဖော်ပြသွားပါမည်

အိပ်ရေး၀၀ အိပ်လိုက်ပါ



အိပ်ရေးဝဖို့လိုတယ်။ အိပ်ရေးဝမှ ကြည်လင်လာမယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဒီတော့ အိပ်ရေး
၀၀ အိပ်ပစ်လိုက်ပါ။ သင့်နောက်ကျောကို လှမ်းထိုးလိုက်တဲ့ ဓားသွားတစ် ချောင်းကို
ဘယ်လိုအကြည့်မျိုးနဲ့တုန့်ပြန်မလဲ။ အရာရာဘာမှ မပြောင်းလဲဘူးဆိုတာကိုသိ ရင်
မနေ့ကဘာနေ့ဆိုတာကို မေးနေလည်းဘာမှထူးလိမ့်မယ် မဟုတ်ပါဘူး။ တစ်ရွာမ ပြောင်း
သူကောင်းမဖြစ်ဆိုပေမဲ့။ သေချင်တဲ့ကျား တောပြောင်းဆိုတာလည်း ရှိပြန်သေး တယ်မဟုတ်လား။

အကယ်၍
မင်းနိုင်သမျှတွေ အားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့
` အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညုမနေဘူးဆိုရင်…….။
ကျိန်စာသင့်နေသော လူသားများကို ကယ်တင်လိုက်ပါ ။ လူသားများရဲ့ ထိုးနှက် ချက်
တိုက်ခိုက်ချက်ကြောင့် လူသားတွေလူသားအန္တရာယ်တွေနဲ့ ရင်ဆိုင်နေခဲ့ကြရတယ်။ လူမဆန်တဲ့
လူသားတွေကို လူသားဆန်လာအောင် ပြုပြင်တဲ့အခါမှာ ဘယ်လောက်ပဲကြီး မားတဲ့
ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ခြိမ်းချောက်နေမှုမျိုးကိုမဆို ရင်ဆိုင်
ကျော်လွှားနိုင်ဖို့လိုတယ်။ ပေးဆပ်မှုများများ၊ အောင်မြင်မှုနည်းနည်းဆိုတာတွေကို တွေး
တောမနေပါနဲ့။ လုပ်တိုင်းအောင်မြင်ခဲ့မယ်ဆိုရင် လူသားအားလုံးဟာ ဘာဖြောင့်ချက်ကိုမှ
ပေးနေစရာမလိုဘူးဆိုတာပါပဲ။ လုပ်ဆောင်နေရင်း ရူံးနိမ့်မှုအမျိုးမျိုးကို ရင်ဆိုင်နေရတဲ့အခါ မှာ
အရှုံးဆိုတာ အမြဲတမ်းတည်တန့်မနေဘူးဆိုတာကို ဘယ်တော့မှမေ့မထားလိုက်ပါနဲ့။
အဲဒီလို အရုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း အမတန်သေးငယ်တဲ့ အရာရာကို ဖန်းတီးနိုင်တဲ့
ကိရိယာလေးတွေနဲ့ တစ်ကနေအစပြန်စနိုင်ဖို့လိုတယ်။ နောက်ကြောင်းကို ဘယ်တော့မှ
ပြန်မပြေးဘူးဆိုတဲ့ ခံယူချက်တွေနဲ့ ဆက်လက်ချီတက်နေဖို့လိုတယ်။ နောက် တော့တစ်ခါ
လုပ်ဆောင်မှုတိုင်းဟာ အောင်မြင်မှုကို ရမယ်ဆိုပြီး လက်ခံထားပေမဲ့ အကယ် ၍ အောင်မြင်မှု
အဖူးအပွင့်တွေ ပြန်လည်မခံစားရသေးခင် ဆိုးရွားတဲ့ ပြစ်နှက်ချက်တွေ ခုခံ မှုတွေ
အောင်မြင်ထွန်းကားမှု ဖြစ်မပေါ်လာသေးခင် ဆိုးဝါးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ် တော့မှ
ဘယ်လိုမျိုးနဲ့ ကြုံကြုံ ညည်းညူမနေဘူးဆိုရင် အောင်မြင်မှုဟာ လက်ကမ်းကြို
ဆိုနေတယ်ဆိုတာကို မမေ့လိုက်ပါနဲ့။
အကယ်၍ မြင်နေတဲ့မြင်ကွင်းတိုင်း။ရရှိနေတဲ့ အကျိုးတရားတိုင်း။ ကြားနေရတဲ့အ သံမျိုးစုံတိုင်းကို
ဘ၀င်မကျရင်း ခေါင်းတွေထူပူလာမယ်၊လေးလံလာမယ်ဆိုရင် အိပ်ရေး၀၀ အိပ်ဖြစ်အောင်
အိပ်လိုက်ပါ။ ဘာကိုမှတွေးတော ပူပင်မနေပါနဲ့။ အကယ်၍ အိပ်ယာမှ အိပ် ရေးဝလင်စွာ
နိုးလာခဲ့မယ်ဆိုရင် ပထမဆုံး ဒီနေ့ဘာကိုလုပ်မယ်။ဆိုတာကို မတွေးခင်၊ရေ ကိုလည်းဝလင်စွာ
သောက်လိုက်ပါ၊ နောက်ပြီး ခန္ဓာကိုယ်ကို သန့်ရှင်းစေပြီး သတ္တ၀ါအား လုံးကို မေတ္တာပို့လိုက်ပါ။
နောက်တော့မှ ဒီနေ့လုပ်ရမဲ့လုပ်ငန်းစဉ်ကို စီမံကိန်းဆွဲပြီး မဖြစ် ဖြစ်အောင်လုပ်မယ်ဆိုပြီး
စိတ်ကိုခိုင်ခိုင်ထား သံမဏိစိတ်ဓာတ်နဲ့ နောက်ကိုဘယ်တော့မှ
ပြန်မလှည့်ဘူးဆိုတဲ့စိတ်ဓာတ်နဲ့ဆက်လျှောက်လိုက်ပါ။
မောင်မင်းစိုး(ရွှေနံ့သာ) ဆက်လက်ဖော်ပြပါမည်

မုဆိုးတိုင်း တောမကျွမ်းကြပါ


တဒင်္ဂအမောနဲ့ မြင်နေရတဲ့ မြင်ကွင်းတိုင်းကို မုန်းတီးလာခဲ့တယ်။ မနက်ဖန်ဘာဖြစ် မယ်ဆိုတာကို ကြိုပြီးတွေးတော၊ငေးမော မနေချင်ဘူး။ လူ့အဖြစ်မှာ မစဉ်းစားရဲလောက် အောင် ၀န်တွေက ပိလွန်းတယ်။ ဒါထက်ပိုဆိုးတာက နေ့စဉ်ရက်ဆက် သေမင်းတမန်နဲ့ စစ်ခင်းနေခဲ့ရတယ်။ ဘယ်သူတွေဘာပဲပြောပြော အမှန်တရားကို လက်ခံနိုင်တဲ့ လူတစ် ယောက်ရဲ့ စွမ်းရည်ကို ဘယ်သူ့ကိုပဲဖြစ်ဖြစ် အသိမှတ်ပြုရမှာပဲ။ သစ္စာတရား ထွန်းကား တဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အမှန်တရားကို သက်သေပြုပြီး သစ္စာဆိုချင်ပါတယ်။ အဲဒါက တော့ ““ အကယ်၍ မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲ ပြီး မုသားအဖြစ်ထောင်ချောက်ဆင်ညစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆို ရင် ဒါမှမဟုတ် မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်……““ ဤမှန်သော သစ္စာစကားကြောင့် လူသား အားလုံး ဒုက္ခအပေါင်းမှ ကင်းလွတ်နိုင်ပါစေ။ အလိုရှိတဲ့ ငြိမ်းချမ်းသော၊ခေတ်မှီသော အရာ ရာမှန်သမျှ တစ်စုတပေါင်းတည်း ရရှိခံစားနိုင်ပါစေ။
သွားရမယ့်လမ်းကို သွားပါ။ ဆက်လျှောက်ရမဲ့လမ်းတိုင်းကို တွေဝေမနေဘဲ ဆက် လျှောက်ဖို့အရေးကြီးတယ်။ ဒီတော့ လမ်းခရီးတိုင်းဟာ ပန်းခင်းသောလမ်းတွေမဟုတ်သ လို၊ဆူးခင်းသော လမ်းတွေလည်းမဟုတ်ဘူးဆိုတာပါပဲ။ လူသားတိုင်းအတွက် အလိုအပ် ဆုံးအဖော်မွန်ကတော့ မလုပ်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာရယ်။ တစ်နေ့ တစ်လံ ပုဂံဘယ်ပြေးဆိုတာရယ်ကို နှလုံးမူပါ။ သံမှိုနဲ့ရိုက်ထားသလို ခေါင်းထဲမှာ ထည့်ထါး လိုက်ပါ။ လုပ်တဲ့ကိစ္စ မုချအောင်မြင်မယ်ဆိုတာထက် ဘယ်လောက်လုပ်ထားတယ်၊လုပ် နေတယ်ဆိုတာကို မင်းမူပါ။ မုဆိုးတိုင်းကတော့ တောမကျွမ်းပါဘူး။ ဒီတော့ သွားလမ်းတွေ မဆုတ်မနစ်လုပ်ရပ်တွေကြောင့် နောက်ပိုင်းမှာ သူတို့လုပ်ရပ်များရဲ့ တန်ပြန်သက်ရောက်မှု အရ အဆင်တပြေဖြစ်သွားကြတယ်ဆိုတာပါပဲ။
တစ်ကိုတစ်နဲ့ပေါင်းတိုင်း နှစ်မဖြစ်နိုင်ပါဘူး။ ဥပမာ = ရေတစ်ခွက်နဲ့တစ်ခွက်ပေါင်း ကြည့်လိုက်ပါ နှစ်ခွက်ဖြစ်မသွားဘူးဆိုတာပဲ။ ဒီတော့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ဝါဒ ကို ရှောင်သင့်ရင် ရှောင်ကြမယ်ပေါ့။ လက်ခံနိုင်စရာကို လက်ခံနိုင်ရင် ။ လက်မခံနိုင်တာတွေ လက်မခံနိုင်ချင်းဟာ လူသားတစ်ယောက်အတွက် လုံးဝရသင့်တဲ့ မွေးရာပါအခွင့်ရေးဖြစ် နေပါတယ်။ ဆိုတာက မည်သည့်အဖွဲ့၊မည်သည့်ပုဂ္ဂိုလ်မျိုးကိုမဆို သူလုပ်ဆောင်တာတွေ၊ လုပ်ရပ်တွေဟာ မှန်နေရင်လက်ခံနိုင်ပြီး။မှားနေရင်မှားတဲ့အကြောင်း ထောက်ပြနိုင်ရမယ်။ ဒါဟာ လူသားတိုင်းလုပ်ရမဲ့ အလုပ်ဖြစ်သလို၊ လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးလည်း ဖြစ်နေပါတယ်။ လူသားပျက်သုဉ်းရေးကိုမင်းမူနေပြီး ကိုယ်ထင်ရာကိုယ်စိုင်းစနစ်နဲ့ ဘယ် သူ့ကိုမှ လူမထင်ဘဲ လုပ်ချင်ရာလုပ်နေသူတိုင်းကို အမှားထောက်ပြနိုင်တဲ့ ဝေဖန်မှုစွမ်းရည် ကို အသုံးချနိုင်ရမယ်။ အမှန်တရားကို ထောက်ပြလို့ လက်မခံနိုင်ရင် အဲဒီလူကိုလည်း အမှန်တရားက ပြည်လည်ဒဏ်ခတ်လာပါလိမ့်မယ်။
မီးရောင်တွေဟာ ပူလောင်တယ်ဆိုပြီး မေ့ထားမယ်။ ပစ်ပယ်ထားမယ်ဆိုရင်။ အလင်းရောင်တွေကလည်း သင်ကိုပြန်လည်မေ့ထားမယ်ဆိုတာပါပဲ။ အမှောင်သန်းလာ နေတဲ့ ၀တ်ရုံနက်လူသားတစ်ယောက်ဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ အဲဒီလူသားကို ဘယ်လို………..။
ဆက်လက်ဖော်ပြပါမည်
မောင်မင်းစိုး(ရွှေနံ့သာ)

10/08/2009

ကောသလအိပ်မက်(၁၆)ချက်လင်္ကာ








ဘုရင်မေး (၁) နွာနက်လေးခု ၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြပဲ၊ ရှောင်လွဲသည်မြင်။

ဘုရားဖြေ -အရှေ့အနောက်၊ တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး ၊ မိုးဝေးလွင့်ပျောက်စင်။

မေး (၂) မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေမြင်။

ဖြေ- အရွယ်မမျှ၊ လုံမပျိုခင်၊ သမီးသား၊ လင်သားအိမ်ထောင်ဆင်။

မေး (၃) ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေတာ။

ဖြေ- သမီးနှင့်သား၊ စီးပွားပိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရတာ။

မေး (၄) နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။

ဖြေ- ကြီးသူဖယ်ရှား၊ မြှောက်စားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့တယ်။

မေး (၅) ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးလေသမျှ၊ မ၀နိုင်တာ။

ဖြေ- မှုးမတ်မင်းစိုး၊ လာတ်ထိုးသူရှာ၊ နှစ်ဖက်စား၊ တရားစီရင်မှာ။

မေး (၆) ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။

ဖြေ- မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။

မေး (၇) ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။

ဖြေ- လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား၊ မယားလောကွတ်ပို။

မေး (၈) အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ၊ ရေဆွဲလောင်းပြန်။

ဖြေ- ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်အတွက်၊ နှိပ်စက်ငွေကောက်ခံ။

မေး (၉) ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျှက်၊ ကမ်းဖက်ကြည်ပြန်။

ဖြေ- မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စီကားရန်။

မေး (၁၀) တအိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆပ်၊ ပျော့နပ်သုံးလီ။

ဖြေ- မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

မေး (၁၁) မွှေးထုံနံ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။

ဖြေ- အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။

မေး (၁၂) သံကြေးမပေါင်း၊ ဗူးတောင်းဗူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။

ဖြေ- ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောက မသုံးကုန်။

မေး (၁၃) အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖြာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လား။

ဖြေ -ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်လာ။

မေး (၁၄) အဆိပ်ပြင်းထောက်၊ မြွေဟောက်ကြီးကို၊ ဖားမငယ်များ၊ ကိုက်ဝါးကာမျို။

ဖြေ- ကညာယူထား၊ သက်ကြားဖိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

မေး (၁၅) အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။

ဖြေ- ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀တ်တွားနေရမှာ။

မေး (၁၆) ဆိပ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့ သစ် ကျား၊ ခုန်လွှားပြေးပြန်။

ဖြေ- သူယုတ်မားများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း၊ ပုန်းအောင်တောမြိုင်ယံ။

(၅၅၀- မဟာသုပိနဇာတ်)

ဗုဒ္ဓ္ဓဘာသာဆိုင်ရာအထွေထွေဗဟုသုတ မာတိကာကျမ်း, စိန္တာမဏိ ဦးချစ်မောင်၊ စာမျက်နှာ ၁၇၇ မှ ကူးယူဖေါ်ပြပါသည်။

08/08/2009

ကဗျာဖြစ်သွားမယ်သတိထား



သူ့ကိုတွေ့ရင် ဝေးဝေးရှောင်
မရှောင်ရင် ကဗျာဖြစ်သွားမယ်
၂၇ ခါတိတိ လူပါးဝတဲ့ ကဗျာဆရာ
သူ့အတွက်..
အမေဆိုလည်း ကဗျာဖြစ်ရဲ့
ဖေဖော်ဝါရီဆိုလည်း ကဗျာဖြစ်ရဲ့
ဆေးလိပ်ဖြတ်လည်း ကဗျာဖြစ်ရဲ့
လူလူချင်းအနိုင်ကျင့်လည်း ကဗျာဖြစ်ရဲ့
အမှန်တရားအတွက်ဆို
သူ့လက်က အငြိမ်မနေဘူး
နိုင်ထက်စီးနင်း မြင်သမျှ
မတရားတာတွေအားလုံး
နှစ်ချို့ကော်ဖီထဲ ထည့်ဖျော်မယ့် ကဗျာဆရာ
၂၇ နှစ်တိတိ လူပါးဝခဲ့ပြီးပြီ.........

တွေးတွေးပြီးရယ်

Friday, August 07, 2009

၁)တစ်ခါက လူတစ်ယောက်ဟာ ဘဲကင်ဆိုင်တစ်ဆိုင်ထဲ ဝင်ပြီး ဘဲကင်ဝယ်ခဲ့တယ်။ ဘဲကင်မဝယ်ခင် ကောင်တာက အရောင်းစာရေးမကို ဘာဘဲအမျိုးအစားတွေ ရှိသလဲလို့ မေးလိုက်တယ်။


စာရေးမ...."ကျွန်မတို့မှာ ပီကင်းဘဲနဲ့ နန်ကျင်းဘဲဆိုပြီးရှိတယ်။ ဘယ်ဘဲမျိုးကို လိုချင်ပါသလဲ"
လူငယ်..... "အဲဒီဘဲနှစ်မျိုးကို ဘယ်လိုခွဲခြားပါသလဲ"


ဘဲအမျိုးအစားကို ခွဲခြားဖို့ စာရေးမက လူငယ်ကို မီးဖိုထဲခေါ်သွားခဲ့တယ်။ အဲဒီနောက် ဘဲလှောင်အိမ်ထဲကဘဲတစ်ကောင်ကို ထုတ်ပြီး ဘဲဖင်ကို လက်နဲ့နိုက်လိုက်တယ်။ ဘဲက "ဂွတ်.. ဂွတ်" နဲ့ ထအော်တယ်။

"ကြားလား.. ဒီလိုအော်တာက နန်ကျင်းဘဲ"

စာရေးမက နောက်ဘဲတစ်ကောင်ကို ထုတ်ပြီး ဖင်ကိုလက်နဲ့ နိုက်လိုက်ပြန်တယ်။ ဘဲက "ဂတ်.. ဂတ်."နဲ့ ထအော်တယ်။

"ကြားလား .. ဒီလိုအော်တာ ပီကင်းဘဲ" လို့ လူငယ်ကိုရှင်းပြတယ်။ လူငယ်က ဘဲကင်တစ်ကောင်ကိုဝယ်ပြီး ဆိုင်က လှည့်ထွက်ခါနီးမှာ စာရေးမကို မေးလိုက်တယ်။

"ဒါနဲ့ ခင်ဗျားဘယ်မြို့ကလဲ.. "

အရောင်းစာရေးမ ပြန်ဖြေလိုက်တာက.. "နောက်ဖေးခန်းကို လိုက်ခဲ့ပါ" ဟူတည်း။

(၂)
ဂျပန်တစ်ယောက်က ထိုင်ဝမ်ရောက်လာပြီး တရုတ်စာတွေ သင်ခဲ့တယ်။


နှစ်အတော်ကြာသင်ယူပြီးနောက် တရုတ်စကားကို သူပီပီသသပြောနိုင်ခဲ့တယ်။ ဒီအတွက် သူအရမ်းဂုဏ်ယူခဲ့တယ်။ တစ်နေ့မှာ ကမ်းစပ်တစ်နေရာကို သူရောက်လာခဲ့တယ်။ ငါးကလေးတွေ ပိုက်ချဖမ်းနေတဲ့ အဘိုးအိုတစ်ဦးကို တွေ့တာနဲ့ သူ့ကိုနိုင်ငံခြားသားမှန်း ခွဲနိုင်၊ မခွဲနိုင် သိရအောင် စကားစပြောခဲ့တယ်။

"အဘိုး.. အဘိုး.. ကျွန်တော်ဘယ်ကလဲ သိလား"

"အင်း... လေသံနားထောင်ကြည့်တော့ ဘယ်ကလေသံမှန်း သေသေချာချာ ခွဲလို့မရဘူး"

အဘိုးအိုပြောတာကို နားထောင်ပြီး ဂျပန်လူမျိုးဟာ ကိုယ့်တရုတ်သံထွက် ပီသတာကို ကြိတ်ပြီး ဝမ်းသာနေခဲ့တယ်။

အဘိုးအိုက ဆက်ပြီး "အင်း.. အဘိုးမျှားထားတဲ့ ငါးကလေးတွေ ဘယ်နှစ်ကောင်ရှိလဲ ရေကြည့်.. ဒီလိုဆိုရင် မင်းဘယ်ကလဲလို့ မှန်းလို့ရနိုင်တယ်"

ဂျပန်လူမျိုးက ငါးတွေကို အသံထွက်ပြီး စရေတော့တယ်။ တအောင့်ကြာတော့... "အဘိုး.. အဘိုး.. ငါးတွေ ၉၇၈၇ ကောင်ရှိတယ်။ ကျွန်တော်ဘယ်ကလဲဆိုတာ အဘိုး မမှန်းနိုင်ဘူး မဟုတ်လား"

"မင်း.. ဒီနိုင်ငံသားမဟုတ်ဘူး။ ဒီနိုင်ငံသားတွေ ဒီလောက်မ,အကြဘူးကွဲ့"

(၃)
တစ်ခါက လူတစ်ဦးဟာ နောက်ဆုံးပေါ်လေယာဉ်တစ်စင်းပေါ် လိုက်ပါစီးနင်းခဲ့တယ်။ လေယာဉ်စီးရင်း ရုတ်တရက် သူ့ဗိုက်နာလာခဲ့တယ်။ အမျိုးသား အိမ်သာတွေ ပြည့်နေခဲ့လို့ အမျိုးသမီး အိမ်သာမှာ သုံးခွင့်ပေးဖို့ လေယာဉ်မယ်ဆီ သူခွင့်တောင်းလိုက်တယ်။ လေယာဉ်မယ်က စစချင်းမှာ ခွင့်မပြုပေမယ့် နောက်ဆုံးမှာ ဝေဒနာခံစားနေတဲ့ သူ့ကို မကြည့်ရက်လို့ အသုံးပြုခွင့် ပေးလိုက်တယ်။ ဒါပေမယ့် အိမ်သာထဲမှာရှိတဲ့ ခလုတ်တွေကို လျှောက်မနှိပ်ဖို့ သူ့ကိုသေသေချာချာ မှာလိုက်တယ်။

ဗိုက်နာတဲ့လူက အိမ်သာထဲ အပြေးဝင်သွားတယ်။ ပြဿနာကို ဖြေရှင်းပြီး နေသာထိုင်သာရှိသွားတာနဲ့အိမ်သာပတ်ဝန်းကျင်ကို သူစူးစမ်းမိတယ်။ အိမ်သာအိုးရဲ့ ဘေးမှာ ခလုတ်သုံးခု ရှိပြီး ခလုတ်ပေါ်မှာ HW၊ HA၊ ART လို့ ရေးထားတာကို သူတအံ့တသြတွေ့လိုက်မိတယ်။ နောက်ဆုံးပေါ် လေယာဉ်ဖြစ်တဲ့အတွက် တစ်ခုခုတော့ ထူးခြားမှုရှိမှာပဲဆိုပြီး လေယာဉ်မယ်ရဲ့ သတိစကားကို အမှုမထားတော့ဘဲ HW ကို သူနှိပ်ကြည့်လိုက်တယ်။ ခလုတ်နှိပ်လိုက်တာနဲ့ အိမ်သာအိုးအနောက်ကနေ ရေနွေးတွေ ပန်းထွက်လာခဲ့တယ်။ HW ဆိုတာ Hot Water လို့ သူသိလိုက်တယ်။

အဲဒီနောက် ဆက်ပြီး ဒုတိယခလုတ် HA ကို သူနှိပ်လိုက်တယ်။ သူ့တင်းပါးတစ်ခုလုံး နွေးခနဲ့ ခံစားလိုက်မိတယ်။ HA ဆိုတာ Hot Air လို့ သူသိလိုက်တယ်။

အဲဒီလိုနဲ့ တတိယခလုတ် ATR ရဲ့ အဓိပ္ပါယ်ကို သူသိချင်လာမိတာနဲ့ ခလုတ်ကို နှိပ်ချလိုက်တယ်။ ရုတ်တရက် သူ့အောက်ပိုင်းတစ်ခုလုံး ထုံကျင်လာပြီး နေရာမှာပဲ သူမေ့လဲသွားခဲ့တယ်။ သူသတိရလာချိန် လူနာကုတင်ပေါ် သူလဲလျောင်းနေခဲ့တယ်။ နပ်စ်မက စိတ်မကောင်းတဲ့ပုံစံနဲ့

"ရှင် သတိရလာပြီလား... အနာသက်သာရဲ့လား"

"ကျွန်တော် ဘယ်လိုဖြစ်ရတာလဲဗျာ.. အိမ်သာတက်ရာကနေ ကျွန်တော်ဘယ်လိုလုပ် ဒီရောက်လာခဲ့ရတာလဲ"

ယောင်အမ်းနေတဲ့ ကိုယ်အောက်ပိုင်းကိုကိုင်ပြီး အဲဒီလူ နားမလည်စွာမေးတယ်။ လေယာဉ်မယ်က ဝင်ပြီး ရှင်းပြလိုက်ပါတယ်။

"ရှင် ART ဆိုတဲ့ခလုတ်ကို နှိပ်လိုက်လို့လေ.. အဲဒီခလုတ်က Automatic Tampon Remover ခလုတ်ပါ"

Automatic Tampon Remover - မိန်းကလေး အသုံးအဆောင်ပစ္စည်းအား အလိုအလျောက် ဖယ်ရှားပေးသောစက်

အင်တာနက်ပေါ်မှာ ဖတ်ရတဲ့ ဟာသတွေပါ.. ဘာသာပြန် မျှဝေပါတယ်

07/08/2009

တွေးမိသမျှ

Thursday, August 6, 200

အတွေးမကြွယ်သေးတဲ့
ကလေးအရွယ်က
ရွာမှာပျော်မွေ့
အဖေအမေတို့ရဲ့
အေးမြတဲ့ ရိပ်မြုံမှာပေါ့
သိတတ်တဲ့အရွယ်
မိဘတို့မေတ္တာ အရင်ဖြာလို့
သံယောဇဉ်ခွါလျက်
ဆရာ့ထံအပ်နှံကာ
မြတ်ပညာ သင်ယူဖို့
ထားပြန်ပြီပေါ့
ဆရာထံရောက်ပြန်တော့
ကကြီးကို ဘယ်လိုရေး
ခကွေးကို ဒီလိုကွေးရတယ်
စေတနာဒေါသတွေနဲ့
ကြိမ်ပြကာသင်ကြားရှာတယ်
မြတ်ပညာ အခြေခိုင်စေဖို့
တတ်သလောက်ပညာ
ပေးဝေကာအားမရနိုင်လို့
ငါ့တပည့်ကြီး ပညာတတ်ပါစေလို့
မြတ်စေတနာတွေနဲ့
ကျမ်းဂန်တတ်အကျော်
မြတ်ဆရာတော်တွေထံပရိယတ္တိဝေဖြာဖို့
ထပ်မံကာအပ်ပြန်တယ်
မြတ်စေတနာတွေနဲ့
သားတပည့် ကိုရင်ရေ-----
မိဘကိုလည်းမလွမ်းနဲ့
ဆရာ့ကိုလည်းမတမ်းတနဲ့
သောကတွေမျိုသိပ်
အံတွေကိုကြိတ်လို့
ကျလုလု မျက်ရည်တွေကို
မျက်တောင်ခတ်ကာ
တားဆီးရင်းနဲ့
သားတပည့်ကိုရင်
စာပေကိုတတ်အောင်သင်နော်
အကြိမ်ကြိမ်မှာတမ်းချွေကြတဲ့
ဆရာ့အသံ မိဘအသံကို
ယနေ့အထိကြားယောင်နေဆဲပါ
မြို့ပြရဲ့စာသင်တိုက်တွေမှာ
ပရိယတ္တိစာပေ
တတ်စွမ်းသမျှ အားထုတ်
အောင်မြင်ခြင်း
ကျဆုံးခြင်းတွေရင်မှာပိုက်လို့
ဝမ်းနည်းစွာနုတ်ဆက်ရင်း
A,B,Cဆိုတဲ့လမ်းကို
သားတပည့်လျှောက်လှမ်းလိုက်ရပါတယ်
ဆရာမိဘတို့ရေ------
ကမ္ဘာသုံးA.B.C.မို့
သားတပည့် ကမ္ဘာကြီးနဲ့
အနည်းအငယ် ဆက်သွယ်လို့တော့ရခဲ့ပါပြီ
တိုးတက်တဲ့ခေတ်မို့
သားတပည့်တို့ မျိုးဆက်သစ်တွေ
ကွန်ပျူတာ အင်တာနက်တွေနဲ့
ကမ္ဘာကြီးကို မျက်ခြေမပျက်အောင်
ချိတ်ဆက်နေကြပြီလေ
ရွာမှာနေ မိဘဆရာတွေကတော့
ခေတ်ရဲ့ပြောင်းပြန်
နောက်ကျံလို့နေခဲ့ပြီပေါ့
သို့ပေမယ့်
ဆရာမိဘတို့--ရယ်---
သားတပည့်သိသမျှ
မိဘဆရာတို့ ရေလောင်းပေါင်းသင်
ပြုပြင်လို့စိုက်ပျိုး
မနွမ်းမငြိုးအောင်
ထမ်းပိုးသည်ဆောင်ပေးခဲ့တာပါ
မိဘဆရာတို့ရယ်---------။
လမ်းပြသခင် မီးအိမ်ရှင်တွေကိုမေ့
အဆောင်အယောင်တွေပြည့်နေတဲ့
တိုးတက်နေတဲ့ တိုင်ပြည်မှာ
သားတပည့် ပျော်နေပါပြီ
အခုတော့---------
မိခင်ရွာ မိခင်သာသနာမှာ
ဆရာလည်းပန်း သာသနာလည်းမလန်းတော့
ငါတို့ရဲ့ သားတပည့်တစ်ယောက်
မြို့မှာရောက်လို့
ပညာတွေလည်းတိုး
ငါတို့ရွာ ငါတို့သာသနာ
အားကိုးလောက်ပြီလို့
မှန်းဆလို့ရည်မျှော်
တမ်းတလို့ လှမ်းခေါ်တဲ့
မိဘဆရာ မေတ္တာစေတနာဖြင့်
သားတပည့်အမြန်ပြန်လာစေကြောင်း
အမှာပါးစာလွှာကို
သားတပည့်ငြင်းဆန်
အတင်းကန်ကားနေခဲ့မိတယ်
ကန်ရေကိုသောက်တဲ့ ပါးစပ်
အခုတော့
ရေသန့်ဘူးကိုသောက်ချင်တယ်
ဆရာခြေဖ၀ါး နှိပ်ခဲ့တဲ့လက်
ကွန်ပျူတာကိုမှနှိပ်ချင်တယ်
မီးမှိန်မှိန်ဘ၀က
အခုတော့ မီးထိန်ထိန်မှာနေချင်တယ်
မမျှော်မှန်းသေးတဲ့ဘ၀ကနေ
အခု ဖုန်းလေး တကားကားလေးနဲ့
ကြွားဝါးလို့ ဖွန်ကြောင်နေတတ်ပြီ
သာသနာ့အရေကိုခြုံ
မာန်မာန အစွယ်ဟုန်တွေနဲ့
တတ်ယောင်ကားလုပ်ကာ
ခင်ဗျာ့ကြီးတို့ဘာမှမသိပါဘုးလို့
ဆရာမိဘတို့ကို စော်ကားခဲ့ပြီ
ီခွင့်လွတ်ကြပါဆရာမိဘတို့ရယ်။
မီးမှိန်မှိန်နဲ့ အင်တာနက်မရှိတဲ့
တောခေါင်ခေါင် နေပူကျဲကျဲမှာ
သားတပည့်မနေချင်ဘူး
ကန်ရေကိုသောက်
ဆရာ့ရှေ့မှောက်မှာ
ဒူးမထောက်ချင်ဘူး
စည်းစိမ်းမှာပျော်မွေ့
မိခင်ရွာမိခင်သာသနာမှာ
သားတပည့်မပျော်မွေ့ချင်ဘူးလို့
မျှော်လင့်ချက်တွေထား
သောကတွေမျိုကာသိပ်လို့
မှာတမ်းချွေခဲ့ကြတဲ့
မိဘဆရာတို့ရဲ့အသံကို
မေ့ပျောက်ကာ
ဆရာမိဘကိုမထောက်
သာသနာကိုပါ ညာရာရောက်ခဲ့ပါပြီ
မိခင်ရွာက ပေးအပ်လှုဒါန်း
ဒါနဆွမ်းတွေကို
ငါဘာကြောင့်စားခဲ့ရသလဲဆိုတာ
ငါလည်းမသိ
မင်းကော----------------လား။

နေမင်းသူ

တွေးမိသမျှ

အတွေးမကြွယ်သေးတဲ့
ကလေးအရွယ်က
ရွာမှာပျော်မွေ့
အဖေအမေတို့ရဲ့
အေးမြတဲ့ ရိပ်မြုံမှာပေါ့
သိတတ်တဲ့အရွယ်
မိဘတို့မေတ္တာ အရင်ဖြာလို့
သံယောဇဉ်ခွါလျက်
ဆရာ့ထံအပ်နှံကာ
မြတ်ပညာ သင်ယူဖို့
ထားပြန်ပြီပေါ့
ဆရာထံရောက်ပြန်တော့
ကကြီးကို ဘယ်လိုရေး
ခကွေးကို ဒီလိုကွေးရတယ်
စေတနာဒေါသတွေနဲ့
ကြိမ်ပြကာသင်ကြားရှာတယ်
မြတ်ပညာ အခြေခိုင်စေဖို့
တတ်သလောက်ပညာ
ပေးဝေကာအားမရနိုင်လို့
ငါ့တပည့်ကြီး ပညာတတ်ပါစေလို့
မြတ်စေတနာတွေနဲ့
ကျမ်းဂန်တတ်အကျော်
မြတ်ဆရာတော်တွေထံပရိယတ္တိဝေဖြာဖို့
ထပ်မံကာအပ်ပြန်တယ်
မြတ်စေတနာတွေနဲ့
သားတပည့် ကိုရင်ရေ-----
မိဘကိုလည်းမလွမ်းနဲ့
ဆရာ့ကိုလည်းမတမ်းတနဲ့
သောကတွေမျိုသိပ်
အံတွေကိုကြိတ်လို့
ကျလုလု မျက်ရည်တွေကို
မျက်တောင်ခတ်ကာ
တားဆီးရင်းနဲ့
သားတပည့်ကိုရင်
စာပေကိုတတ်အောင်သင်နော်
အကြိမ်ကြိမ်မှာတမ်းချွေကြတဲ့
ဆရာ့အသံ မိဘအသံကို
ယနေ့အထိကြားယောင်နေဆဲပါ
မြို့ပြရဲ့စာသင်တိုက်တွေမှာ
ပရိယတ္တိစာပေ
တတ်စွမ်းသမျှ အားထုတ်
အောင်မြင်ခြင်း
ကျဆုံးခြင်းတွေရင်မှာပိုက်လို့
ဝမ်းနည်းစွာနုတ်ဆက်ရင်း
A,B,Cဆိုတဲ့လမ်းကို
သားတပည့်လျှောက်လှမ်းလိုက်ရပါတယ်
ဆရာမိဘတို့ရေ------
ကမ္ဘာသုံးA.B.C.မို့
သားတပည့် ကမ္ဘာကြီးနဲ့
အနည်းအငယ် ဆက်သွယ်လို့တော့ရခဲ့ပါပြီ
တိုးတက်တဲ့ခေတ်မို့
သားတပည့်တို့ မျိုးဆက်သစ်တွေ
ကွန်ပျူတာ အင်တာနက်တွေနဲ့
ကမ္ဘာကြီးကို မျက်ခြေမပျက်အောင်
ချိတ်ဆက်နေကြပြီလေ
ရွာမှာနေ မိဘဆရာတွေကတော့
ခေတ်ရဲ့ပြောင်းပြန်
နောက်ကျံလို့နေခဲ့ပြီပေါ့
သို့ပေမယ့်
ဆရာမိဘတို့--ရယ်---
သားတပည့်သိသမျှ
မိဘဆရာတို့ ရေလောင်းပေါင်းသင်
ပြုပြင်လို့စိုက်ပျိုး
မနွမ်းမငြိုးအောင်
ထမ်းပိုးသည်ဆောင်ပေးခဲ့တာပါ
မိဘဆရာတို့ရယ်---------။
လမ်းပြသခင် မီးအိမ်ရှင်တွေကိုမေ့
အဆောင်အယောင်တွေပြည့်နေတဲ့
တိုးတက်နေတဲ့ တိုင်ပြည်မှာ
သားတပည့် ပျော်နေပါပြီ
အခုတော့---------
မိခင်ရွာ မိခင်သာသနာမှာ
ဆရာလည်းပန်း သာသနာလည်းမလန်းတော့
ငါတို့ရဲ့ သားတပည့်တစ်ယောက်
မြို့မှာရောက်လို့
ပညာတွေလည်းတိုး
ငါတို့ရွာ ငါတို့သာသနာ
အားကိုးလောက်ပြီလို့
မှန်းဆလို့ရည်မျှော်
တမ်းတလို့ လှမ်းခေါ်တဲ့
မိဘဆရာ မေတ္တာစေတနာဖြင့်
သားတပည့်အမြန်ပြန်လာစေကြောင်း
အမှာပါးစာလွှာကို
သားတပည့်ငြင်းဆန်
အတင်းကန်ကားနေခဲ့မိတယ်
ကန်ရေကိုသောက်တဲ့ ပါးစပ်
အခုတော့
ရေသန့်ဘူးကိုသောက်ချင်တယ်
ဆရာခြေဖ၀ါး နှိပ်ခဲ့တဲ့လက်
ကွန်ပျူတာကိုမှနှိပ်ချင်တယ်
မီးမှိန်မှိန်ဘ၀က
အခုတော့ မီးထိန်ထိန်မှာနေချင်တယ်
မမျှော်မှန်းသေးတဲ့ဘ၀ကနေ
အခု ဖုန်းလေး တကားကားလေးနဲ့
ကြွားဝါးလို့ ဖွန်ကြောင်နေတတ်ပြီ
သာသနာ့အရေကိုခြုံ
မာန်မာန အစွယ်ဟုန်တွေနဲ့
တတ်ယောင်ကားလုပ်ကာ
ခင်ဗျာ့ကြီးတို့ဘာမှမသိပါဘုးလို့
ဆရာမိဘတို့ကို စော်ကားခဲ့ပြီ
ီခွင့်လွတ်ကြပါဆရာမိဘတို့ရယ်။
မီးမှိန်မှိန်နဲ့ အင်တာနက်မရှိတဲ့
တောခေါင်ခေါင် နေပူကျဲကျဲမှာ
သားတပည့်မနေချင်ဘူး
ကန်ရေကိုသောက်
ဆရာ့ရှေ့မှောက်မှာ
ဒူးမထောက်ချင်ဘူး
စည်းစိမ်းမှာပျော်မွေ့
မိခင်ရွာမိခင်သာသနာမှာ
သားတပည့်မပျော်မွေ့ချင်ဘူးလို့
မျှော်လင့်ချက်တွေထား
သောကတွေမျိုကာသိပ်လို့
မှာတမ်းချွေခဲ့ကြတဲ့
မိဘဆရာတို့ရဲ့အသံကို
မေ့ပျောက်ကာ
ဆရာမိဘကိုမထောက်
သာသနာကိုပါ ညာရာရောက်ခဲ့ပါပြီ
မိခင်ရွာက ပေးအပ်လှုဒါန်း
ဒါနဆွမ်းတွေကို
ငါဘာကြောင့်စားခဲ့ရသလဲဆိုတာ
ငါလည်းမသိ
မင်းကော----------------လား။
နေမင်းသူ(B.K.K)

03/08/2009

ပျားနှင့်ယင်တို့၏ကွာခြားချက်


လောကလူတွင်၊ ပျားနှင့်ယင်ကို

မျက်မြင်ပုံထား၊ မောင်ရှုစားလော။

ပျားကားအုံပြု၊ အရည်စု၍

ထားမှုလိမ္မာ၊ လွန်ချမ်းသာ၏။

ယင်မှာသော်တုံ၊ ၀မ်းဝရုံမျှ

ဝိုင်းအုံသောက်စား၊ စုမထား၍

ရှာငြားမပြတ်၊ မရငတ်၏။

(တိပိဋကဓရ ယောဆရာတော်)

နာမကျန်းသော နေ့ရက်များ



ပြန်ဖို့ရာ အိမ်အဆင်သင့်

သွားဖို့ရာ သံသရာအဆင်သင့်

နာဖို့ရာ ခန္ဓာကိုယ်အဆင်သင့်

နာခြင်းပင်လယ်ကို ရွက်လွှင့်ပြီးမှ

ပြန်လည်ရှင်သန်းခြင်း ကမ်းခြေမှာ အပန်းဖြေရမှာလား၊

ဒါမှမဟုတ်........

သေခြင်းကျွန်းစုမှာ ဆိုက်ကပ်ရမှာလား

လောလောဆယ်မှာ

စိတ်ဓာတ်က ဘယ်လိုရှိပါသလဲ?

ရုပ်ကသာ ဆေးရုံပေါ်မှာ

စ်တ်က ဘရော့ဒ်ဝေး ဇာတ်ခုံပေါ်ရောက်နေ

ရုပ်ကသာ လူနာတင်ကုတင်ပေါ်မှာ

စိတ်က ကားလ်ပေါ့ပါးရဲ့ စာအုပ်ထဲမှာ

ရုပ်ကသာ ပြိုလဲကျနေ

စိတ်ကလွတ်လပ်ရေး ကျောက်တိုင်လို မားမားမတ်မတ်

ငုတ်တိုင်ကကြိုး မပြတ်သေးသရွေ့

ကျွန်တော့်မှာ သတ္တိရှိပါတယ်။

02/08/2009

ဒို့မြန်မာဘယ်လဲ...

မျိုးဘာသာကာကွယ်ရေး

မလွယ်သေးဆိုဘဲ

ရွှေရင်မို့ ဆို့စရာ

ဒို့မြန်မာဘယ်လဲ...

ကျောင်းတို့ရဲ့ ရိုးရာ

မျိုးဘာသာ ဖျက်ပွဲ၊

မျိုးဘာသာအကြောင်းရင်း

ကျောင်းတွင်းမှာမသင်ရဲ

ခြံစည်းရိုးဝေးရာမှာ

ပြေးကာသာသင်ရမြဲ

ရွှေရင်မို့ဆို့စရာ

ဒို့မြန်မာဘယ်လဲ...၊

(မဟာဗောဓိမြိုင်ဆရာတော်)

နည်းလမ်း

နည်းလမ်း

ပေးဆပ်မှု့တွေအတွက်
တုန့်ပြန်မှု့က လေးလံနေတဲ့အခါ
သည်းခံခြင်းနဲ့ ဖြေသိမ့်ပါ။

တောင်းဆိုမှု့တွေအတွက်
ဖြည့်ဆည်းမှု့က မလုံလောက်တဲ့အခါ
ရောင့်ရဲခြင်းနဲ့ ဖြေသိမ့်ပါ။

နာကျင်မှု့တွေအတွက်
ကုစားမှု့ မထိရောက်တဲ့အခါ
ကံတရားနဲ့ ဖြေသိမ့်ပါ။ ။



The Light of English မှာ January, 2008 ကပါတဲ့ ကဗျာလေးပါ၊ အားလုံးခံစားလို့ရအောင် ဒီမှာ မျှဝေလိုက်ပါတယ်။

မုန်တိုင်းထန်သော နေ့ရက်များ


“ အကယ်၍ အချိန်အကြာကြီး စောင့်နိုင်ခဲ့ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင် မယ်ဆိုရင်

ဒါမှမဟုတ် မဟုတ်တရား မုသားစကားတွေ ကြားနေရတဲ့အခါ မင်းကလည်း အ လိမ်အညာတွေနဲ့

မတုံ့ပြန်ဘူးဆိုရင် ဒါမှမဟုတ် မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အ ခါ မင်းဟာအမုန်းတွေ

ပြန်မပွားဘူးဆိုရင် ပြီးတော့ မင်းကိုယ်မင်း လူတော်တစ်ယောက် ရယ်လို့ မမြင်ဘဲ

ပညာရှိစကားတွေလည်း မပြောကြားဘူးဆိုရင် ”

မတီးဘဲမြည်နေတဲ့စည်ဟာ ဘာအဓိပ္ပါယ်မှမရှိဘူး။ ဆိုလိုတာက အကျိုးမဲ့သက်သက်

စွန့်စားမှုမျိုးတွေကို ရှောင်ရှားဖို့လိုတယ်။ အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းခဲ့ရတဲ့

နေ့ရက်များစွာကို ပြန်လည်ရှင်သန်နေဖို့ဆိုတာ သက်တော်စောင့်တစ်ယောက်ရဲ့ စည်းမျိုး

တာဝန်ကျေမှုမျိုးရှိပြီး သိုသိုဝှက်ဝှက် ရှိနေဖို့လိုတယ်။ အဲဒီလို အချိန်တွေ အကြာကြီးစောင့် စားခဲ့ပြီးမှ

ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်ပြီး လူတစ်ယောက်အတွက် ရှိသင့်တဲ့အမိုက်တွေ လွန်ကဲပြီး

ဖောက်ပြန်နေမယ်ဆိုရင်တော့ သို့မဟုတ်ရင် မောပန်းနွမ်းနွယ်နေပြီး အူလိုက်အ သည်းလိုက်

ဖတ်ဖတ်နေခဲ့မယ်ဆိုရင် သေချာမှုခရီးအစဟာ မကြာခင်ကျေမွသွားပါလိမ့် မယ်။ ဒါကြောင့်

အချိန်အတိုင်းအတာ တစ်ခုထိလျှောက်ခဲ့ပြီးမှ နောက်တတဖန်တွေးတော ပူပန်မှုတွေနဲ့

မကျေမနပ်ဖြစ်နေမယ်ဆိုရင် သံသရာကိုဆွဲဆန့်သလို ဖြစ်နေပါလိမ့်မယ်။

ကိုယ်လုပ်နိုင်တာတွေကို လုပ်နေကြတယ်။ လုပ်နေရမယ်။ လုပ်ဆောင်မှုကို လုပ်နေခြင်းမျိုးကို

ဆက်လက်လုပ်နေဖို့လိုတယ်။ ဒီအတွက်လည်း အားအင်အပြည့်မွေးပြီး ဆက်လက်

ရွက်လွင့်နိုင်အောင် လက်နက်ကိရိယာတွေ အပြည့်အ၀တပ်ဆင်ထားဖို့လို တယ်။

ကိုယ်လုပ်ဆောင်တာတွေကို လုပ်နေတဲ့အခါ နောက်မတွန့်ဖို့ အရမ်းအရေးကြီး တယ်။

ပတ်ဝန်းကျင်ကတော့ ဆယ်လေးတစ်လေးပေါ့။ ဒါဟာ အရေးမကြီးဘူး။ အဲဒီလို လုပ်နေတဲ့အခါ မ

ုသားစကားတွေ၊စွတ်စွဲမှုတွေ၊အပြစ်တင်မှုတွေ၊ဝေဖန်မှုတွေ ပြောဆိုနေ သံတွေ ကြားနေရလိမ့်မယ်။

အဲဒီလို ကြားနေရတဲ့အခါ မင်းဟာ စိတ်ကိုလျော့ချထားလိုက်

ရေ၀၀သောက်လိုက်။လေကောင်းလေသန့် ၀၀လင်လင်ရှူသွင်းလိုက်၊ ပြီးတော့ စိတ်ကိုဖြေ

လျော့လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် အားလုံးရဲ့အသက်ရှူသံတွေကို နားထောင်လိုက်ဖို့လို တယ်။

ကိုယ့်ကိုယ်ကို မဟုတ်မမှန်တရားတွေနဲ့ ပြည်လည်မတုန့်ပြန်မိအောင် အရေးတ ကြီးလိုအပ်တယ်။

ကိုယ်လုပ်နိုင်တာကို လုပ်လိုက်ပါ။ နောက်ပြီးကိုယ့်လုပ်ဆောင်ချက်ကို

ကျေကျေနပ်နက်လက်ခံလိုက်ပါ။

ရရှိလာတဲ့ အကျိုးတရားကို ဆိုးကောင်းမခွဲခြားဘဲ လက်ခံထားပြီး တာနဲ့ မင်းဟာ

လူတော်တစ်ယောက်ဖြစ်ပြီးပေါ့။ အခြေအနေတွေ ကပြောင်းကပြန်ဖြစ်ဖို့ တွန်းအားမျိုးစုံနဲ့

မင်းကိုတွန်းနေလိမ့်မယ်။ ဒါကိုလည်း မင်းဟာ ခေါင်းအေးအေးထားပြီး ရင်ဆိုင်ဖို့လိုတယ်။

ဒီအတွက်ကြောက်ရွံ့နေမှုမျိုးစုံမှ ကင်းပျောက်အောင်လုပ်ဆောင်ဖို့ဆို တာ

ကိုယ့်ဘ၀ကိုတန်ဖိုးထားတတ်ဖို့လိုတယ်။ လူတွေက ကိုယ်ဘာကောင်ဆိုတာကို မ

တိုင်းတာတော့ဘူး။မကြည့်တော့ဘူး။ကိုယ်ဘာလုပ်နေတယ်ဆိုတာကိုပဲ တိုင်းတာကြမယ်။

ကြည့်ကြလိမ့်မယ်။ ဆိုလိုတာက ကိုယ့်တာဝန်ကို ကျေပွန်အောင်တာဝန်ထမ်းဆောင်ပေး ပြီးတာနက်

တပြိုင်နက် လူသူကင်းရှင်းတဲ့ အရပ်ကနေ ကြည့်ပြီးပြုံးပျော်နေဖို့ပါ။ တိုင်ပေါ် တက်ပြီး

ခေါင်ထောင်ပြနေစရာမလိုဘူးဆိုတာပါပဲ။

မောင်မင်းစိုး(ရွှေနံ့သာ)