23/12/2013
သံဃာညီညွတ်ရေးအတွက် နိုင်ငံရေးကိုပါ အလေးထားတော်မူခဲ့တဲ့ တိပိဋကဓရ ဆရာတော်ဘုရားကြီး
မိမိအနေနဲ့ စာဖတ်သူများသိစေရန် ရှေးဦးစွာ အစီရင်ခံ တင်ပြလိုတာကတော့
ပိဋကတ်သုံးပုံ နှုတ်ငုံ ဆောင်နိုင်တဲ့ ရန်ကုန်မြို့၊ကမ္ဘာအေး၊ တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော် ဦးသုမင်္ဂလာလင်္ကာရဆိုတာ အခု မြန်မာပြည်မှာ နာမည်ကြီးနေတဲ့ 
ဒယ်အိုးဆရာတော် မဟုတ်ပါ။
ဆရာတော်ဘုရားကြီးဟာ မြန်မာနိုင်ငံက တိပိဋကဘွဲရ ဆရာတော် (၁၁) ပါးအနက် လေးပါးမြောက်ဆရာတော်ဖြစ်ပါတယ်၊ ၁၉၇၃ ခုနှစ် သက်တော်
(၂၇ )နှစ်အရွယ်မှာပိဋကတ်သုံးပုံကို ရေးဖြေ နှုတ်ဖြေ နှစ်မျိုးလုံး
 အောင်မြင်တော်မူတဲ့အတွက် တိပိဋကဓရ၊ တိပိဋကဝိဒ ဘွဲ့တော်နှစ်မျိုး ရခဲ့သူ ဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးဟာပတ္တနိက္ကုစ္ဇျနကံဆောင်ပီးသပိတ်မှောက်တဲ့အတွက်
 မြန်မာစစ်အစိုးရက ၁၉၉ဝ ခုနှစ်ထဲမှာဖမ်းဆီးပီး နှိပ်စက်မှုတွေလုပ်ခဲ့တယ်။
 ထောင်ကလွတ်အပီးမှာ စစ်အစိုးရက ဆရာတော်ကို ပြန်လည်စောင့်ရှောက်ပီး ၅ထပ် ကျောင်းဆောင်တော်ကြီးဆောက်လုပ်လှူဒါန်းခဲ့ပါတယ်၊
ဆရာတော်ဘုရားကြီးဟာ ၂၀၀၆ခု စက်တင်ဘာ ၂၄ ရက်နေ မနက်ပိုင်းက ဘန်ကောက်ကနေ ရန်ကုန်အပြန် ဘန်ကောက်လေဆိပ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂ဝဝ၄ ခုနှစ်ကစပီး 
(၂၆) ကြိမ်တိုင် ဆေးဝါးကုသမှုခံယူနေရသူ ဖြစ်ပါတယ်။ ရန်ကုန်မှာဘဲ ဆေးကုသတော့မယ်ဆိုပီး အပြန် ဘန်ကောက်လေဆိပ်မှာ ခုလို ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ထိုင်းနိုင်ငံကနေ ရန်ကုန်ပြန်သယ်ဘိုအတွက် ဆရာတော်ကြီးကို ကြည်ညိုပီး ဆေးကုသစရိတ်တွေ တာဝန်ယူခဲ့တဲ့ ထိုင်းဗိုလ်ချုပ်ကြီး Wichit Yatib က လေယာဉ် စင်းလုံးငှားပီး ကူညီခဲပါ့တယ်။
ဆရာတော်ဘုရားကြီးရဲ့ အန္တိမ ဈာပနကို ရန်ကုန်မြို့မဟာဂန္ဓာရုံကျောင်းတိုက်မှာ တရားပွဲသုံးရက်နဲ ကျင်းပခဲ့တယ်။ စက်တင်ဘာ ၂၇ ရက်မှာ ဆရာတော် ဦးဆေကိန္ဒနဲယောဆရာတော်က တရားဟောပြီး စက်တင်ဘာ ၂၈ ရက်မှာ ချမ်းမြေ့ဆရာတော်နဲ့ တံွံတေးဆရာတော် ဦးဣန္ဒကတို့က တရားဟောပါတယ်။ စက်တင်ဘာ ၂၉ ရက်မှာ သီတဂူဆရာတော်က တရားဟောပြီး စက်တင်ဘာ ၃ဝ ရက်နေ့မှာ ရန်ကုန် ရေဝေးသုဿန် သီးသန့်ကွင်းမှာ လောင်တိုက်တွေနဲ့ ပူဇော်ပါတယ်၊ ဆရာတော်ဘုရားကြီးဟာ ပျံလွန်တော်မူချိန်မှာ သက်တော် (၆ဝ) ဝါတော် (၄ဝ)မျှ ရှိပြီဖြစ်ပါတယ်။
"သံဃာ့ဂိုဏ်း မသင့်စေဖို့ "
မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ
သို့ သော် ယခု ရေးချိန်တန်လာသောကြောင့် ရေးလိုက်ရခြင်းဖြစ်ပါသည်
"အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ"
သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံး
ရေးသားတော်မူခဲ့သည် ။ သုတ္တန်ဘာသာဋီကာ တစ်အုပ်မျှသာ ရေးဖို့ 
ကျန်ခဲ့သည်ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ်မှသည်အဆင့်မြင့်မားလွန်းသော စာပေများ သံဃာထု
 အားလုံး အသုံးပြုကြရသည်..
လူများအတွက် ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ မှသည် အဆင့်မြင့် ပုဂ္ဂိုလ်
ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်း များစွာ ရေးသားတော်မူသည်
သာသနာတော်ဝယ် နေလိုလလို ထွန်းထောက်တော်မူခဲ့၍ ၂၁ ရာစု
 ဗုဒ္ဓဃောသ ဟုပင် နာမည်တွင်ခဲ့ နာမည်တင်နေဆဲဖြစ်သော 
ဆရာတော်ဖြစ်ပါသည်
"တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်း တစ်ပါးဖြစ်တော်မူသည်။
သက်တော် ၂၇ သိက္ခာ ၀ါတော် ၇ ၀ါမျှဖြင့် တိပိဋကဓရ ဖြစ်တော်မူခဲ့၍
တိပိဋကဓရ ဖြစ်သည်နှစ်တွင် ရန်ကုန်မြို့ ၊ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကိုတည်ထောင်တော်မူသည်
တစ်ကြိမ်ပို့ ချလျှင် တစ်နာရီခွဲ ဖြင့် တစ်နေ့ လျှင် စာဝါ ၇ ၀ါ ၈ ၀ါမျှ
ပို့ ချတော်မူခဲ့သည်မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍
မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်သော န၀တ အစိုးရအားသပိတ်မှောက် သံဃာကံပြုတော်မူကြသည်
သာသနာအတွက် အသက်စွန့်လှူထားတော်မူသော တိပိဋကဓရ ဆရာတော်သည်သပိတ်မှောက်ကံဆောင်သော သတင်းကို ကြားသောအခါ မိမိတပည့်များအားသြ၀ါဒပေးတော်မူသည်
သံဃာဆိုတာ ညီညွတ်ရသည် .. သံဃာအဆက်ဆက် ညီညွတ်ခဲ့၍
ယနေ့ တိုင်အောင်သာသနာတော်တည်နေခြင်းဖြစ်သည်
မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့သော်သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည်
သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရမည်ဟု မိန်တော်မူသည်
အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် ။ ရွှေဘုန်းပွင့်ဆရာတော် ။ ကျောက်ကုန်းမေဒိနီ ဆရာတော်စသောထင်ရှားသောဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်က ဥက္ကဌ ။ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်ကအတွင်းရေးမှုး တာဝန်ယူကာ စစ်အစိုရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုး ပေးပို့ ခဲ့သည်
တပည့် စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ ထပ်ကြီး ဘုရားတွင် အစိုးရအားသပိတ်မှောက်ကံ ပြုစေတော်မူသည်။
ဒီသံဃာ သပိတ်မှောက်လျှင် နောက်ထပ်ကိုးကွယ်စရာ သံဃာများစွာရှိသည်ဟု သဘောထားသော စစ်အစိုးရသည် ထိုသို သပိတ်မှောက်ကံပြုခံရသည်ကို
 အစပိုင်းတွင် မမှုခဲ့ပါ
နိုင်ငံတော် လမ်းဖွင့်ပွဲစသော ပွဲလမ်းများတွင် သံဃာများကိုပင့်သည် ။ မက်မောလောက်အောင်TVအောက်စက်မှအစ လှူသည် .. သို့သော် 
ငယ်ဖြူသံဃာများ ကြွရောက်တော်မမူကြ..တောထွက်သံဃာများသာ ကြွရောက်တော်မူကြသည်..အစိုးရပြုလုပ်သော သံဃာ့ အခန်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေသည်….
ထို့ ထက်ပိုဆိုးသည်ကား စစ်တပ် မိသားစုဝင်များ ကွယ်လွန်သော်
အသုဘသို့ကြွရောက်ခါ ရေစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော်မရှိဖြစ်ရသည်၊
မိမိတို့ရဲ့တိပိဋက မဟာဂန္ဓာရုံကျောင်းသည် ချော်တွင်းကုန်း ကပစ ၁၀၆ စစ်တပ်နှင့် နီး၍ထိုသတင်းများကို သိခဲ့ရသည်..
မိသားစုဝင်သေလိုမှ အသုဘ ရေစက်ချ သရဏဂုံတင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည်ကျကြရသောအောက်ခြေ စစ်တပ်မိသားစုနှင့် အထက်အရာရှိများမှ တဆင့် ထိပ်ပိုင်းခေါင်းဆောင်များပြဿနာ တက်ရတော့မည့်အခြေအနေတွင် န၀တ အစိုးရမှ အမိန့် ထုတ်ကာ သပိတ်လှန်မပေးလျှင် ပြင်းထန်စွာအရေးယူမည်ဟု ဆရာတော့်ထံ စာပို့ သည်၊နောက်ပီးမြန်မာ့အသံမှလညှ်း တနာရီခြားတစ်ခါ ထိုအမိန့် ကို အသံလွှင့်သည်၊အမိန့် ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေး 
စစ်သည်တေးများ အဆက်မပြတ်ထုတ်လွှင့်ခဲ့သည်။
ဆရာတော်က သပိတ်လှန်လက်မှတ် ထိုးမပေးလိုသော်လည်း အစိုးရအကြောင်းကိုသိတော်မူသော ဆရာတော်၏ ဆရာ မန္တလေး 
မဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့်ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ထိုးစေတော်မူသည်
ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့ရသည်၊
ထိုညက မှတ်မှတ်ရရ မိုးကြိုး (၁၂) ကြိမ်ကျော်မျှ ပစ်သံကြားရသည်။
န၀တ အစိုးရ သတ်မှတ်ချိနီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်း
စစ်အစိုးရမှ အာဃာတတရားကြီးမားစွာဖြင့်လက်မှတ်ထိုးပြီး နောက်တစ်နေ့ 
သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်
ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်မကြားရပဲ
စ်လလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံရကြောင်း သိကြရသည်
မြစ်ကြီးနားထောင်မပို့ခင် စစ်ခုံရုံးသို့ ပို့သည် .. ဆရာတော်အား စစ်ဆေးမည့်
ဗိုလ်မှုးကြီးအား အခြားဗိုလ်မှုးတစ်ဦးမှ မင်းစစ်ဆေးရမဲ့သူက 
တခြားသူမဟုတ်ဘူး..တိပိဋကဓရ ဆရာတော်ဖြစ်သည်ဟု ပြောဆိုပြီး 
စာရေးဆရာ ကုသလဗုဒ္ဓိ (ကောင်းကြွယ်)ရေးသားသောတိပိဋကဓရ 
ဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည်ထိုသို့ စစ်ဆေးရန်တာဝန်ကျ
ဗိုလ်မှုးကြီးလည်းထိုတာဝန်ကို ရှောင်လွှဲခဲ့သည်ဟုသိရပါသည်။
ထိုခေတ်ထိုအခါက သတင်းစာများတွင် ဘယ်ရဟန်းသည် 
ဘယ်နေရာမှာ အရက်မူးနေသည်..ဘယ်မိန်ကလေးကို ဆွဲလားရမ်းလားလုပ်သည်ဟု 
သတင်းစာများတွင် ဓာတ်ပုံများဖြင့်သတင်းများစွာ လွှင့်ခဲ့သည်….
ဗိုလ်ချုပ်မှုးကြီးစောမောင် မြစ်ကြီးနားဘက်သို့  ခရီးစဉ်ထွက်သောအခါ
တိပိဋကဓရ ဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိဟု
သတင်းစာတွင် 8 point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို
သတိထား သတိရ သူများ ရှာဖွေကြပါကုန်….
တိပိဋကဓရ ဆရာတော်သည် သံဃာညီညွတ်ရေး နှင့် သာသနာ့အရေးကိုသာ
ကြည့်၍ န၀တ အစိုးရအား သပိတ်မှောက်ကံပြုခဲ့ခြင်းသာ ဖြစ်သည်
နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်း မဟုတ်ပါ….
၂၀၀၇ခုနှစ် စက်တင်ဘာတွင်..... လမ်းပေါ်ထွက်၍ မေတ္တာပို့ ကြသောသံဃာတော်များမှာ 
အစိုးရမှ ယာယီ သင်္ကန်းပတ်ပေးသော အတုအယောင်များမှလွဲ၍စာသင်သားသံဃာတော်
အစစ်အမှန်များသာဖြစ်သည်..
ယာယီ အတုအယောင်များသည်လည်း မိဘ ဆွေမျိုး အသက်စည်းစိမ် 
အိုးအိမ်ကိုကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်..
"သီလကြီးလေးပါး လုံခြုံလျှင်"
သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာ ဖြစ်သည်
သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင် မရှိခဲ့ပါပေ
သံဃာတော် အဆက်ဆက်သည် ဒကာ ဒကာမ တို့ အပေါ်ဝယ်
တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည်..
ကိုယ်တိုင် ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာ မက
ဒကာ ဒကာမတို့ အား သံသရာဝယ် အထက်တန်း ဘ၀များသို့ တိုင်အောင်
တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်ပေးတော်မူကြသည်..
သတ္တိ ဗျတ္တိရှိ၍ ထက်မြက်သော .. အတိုက်အခံ လုပ်သည်ဟု
အစိုးရမှ ယူဆသော သံဃာတော်များမှာ အကြောင်းတစ်မျိုးမျိုးဖြင့်
ဖိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည်
ဟိုးယခင် ခေတ်အခါက သာသနာတော်သန့် ရှင်းရေး အမည်တပ်လျက်
ထူးကြီးဆရာတော် ။ ဦးစံတင့် (စတုနိကာယကောဝိဒ) စသော ပုဂ္ဂိုလ်များ
နာမည်ကြီး ပုဂ္ဂိုလ်များ လူဝတ်လဲခံခဲ့ရသည်ကို ကြည့်လျှင် သိနိုင်ပေသည် ။
နိုင်ငံတော် သံဃာ့မဟာနာယကဆရာတော်ကြီးများသည်လည်းထိုအကြောင်းကို 
သိ၍ ထိုသို့ ပြုလုပ်ခံခဲ့ရလျှင်သက်တော်ရွယ်တော်နှင့်
မိမိတိုကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရသောကြောင့်ရေငုံ နှုတ်ပိတ်သာ
 နေတော်မူကြရကုန်သည် ။
ယခု အခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာ
သုံးလာကြသည်မြန်မာနိုင်ငံဝယ်သံဃာဦးရေအရမ်းများနေသည်သံဃာအတွက်
 ခေါင်းခဲရ၍ နောင်တချိန် သာသနာတော်သန့် ရှင်းရေး 
အမည်ပေးကာ နှိပ်ကွက်ဖို အစပျိုးခြင်းလားဟုထင်မိပါသည်
"အထူးသတိပေးချက်"
သံဃာတော်များ ညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏၀ိနည်း ဥပဒေတော် ပယ်နှုတ်စရာ
ပြင်ဆင်စရာ ရှိသည်ဟုပြောစရာ မလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည်
အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသော
စစ်မှန်သော ဥပဒေပေါ်ပေါက်လာပါက စီးပွါးရေး ခိုင်မာဖွံ့ ဖြိုးလာပေမည်..
ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု 
ယူဆသူတိုက ယူဆနေကြသောသံဃာတော်များလည်း ယခုလောက် များတော့မည် မဟုတ်ပါ..
ဥပဒေ မှန်ကန်ဖို့ နှင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ဖို့ သာ လိုပေသည်
တာဝန်ကိုယ်စီ ကျေပွန်ကြဖို့  အရေးကြီးသည် ။
ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုရ် မုဆိုးအားအသေသတ်နိုင်
ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကိုမြင်ရသောအခါ ဘုရားပစ္စေကဗုဒ္ဓါတို၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည်ဒီလို အ၀တ်မျိုး ဘ၀သံသရာတွင်တွေ့ကြုံရဖို့ အလွန်ခဲယဉ်းသည်ငါသည်လည်း ပါရမီဖြည့်နေသော ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်သည်သူ့ အသက်ကို မသေစေကောင်းဟု သာကြည်စွာ လွှတ်ပေးရုံမကဆင်စွယ် တစ်စုံ ..။ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန်ပရိတ်အရံအတားများ ဖြင့် ချီးမြှောက်တော်မူခဲ့သည်၊
သြကာသပင်ဖြောင့်အောင်မရသောတချို့သောလူတန်းစားများသည်သာသနာ
တော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့ အင်မတန်မှ ခက်ခဲလေသည် ။
မိမိဘ၀ကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သော
သူများအား မပြစ်မှား မိစေဖို့  စေတနာဖြင့်ရေးသားရပါသည်
သာသနာတော်အတွက် အန္တရာယ် ကျရောက်မည့် အခါတိုင်း
သံဃာတော်သည် ကြောင့်ကြမဲ့ နေတော်မမူကြပါပေ..
မိမိရေးသားသောစာသည် မည်သူ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းကိုမျှ
ရည်ရွယ်၍ရေးသားသည် မဟုတ်ပါ..
နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မ၀င်းစား ..
မပျက်စီးသင့်သောသူများ ဘ၀သံသရာ မပျက်စီးစေဖို့ 
သံဃာ့ဂိုဏ်း မသင့်စေဖို့  မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများ
မဖြစ်စေဖို့  သာသနာအရှည်ခံ့၍ တည်တံ့စေဖို့ သာ ရည်ရွယ်ပါသည်
သစ္စာစကား မှန်ကန်ပါက အမိမြန်ပြည် အေးချမ်းသာယာ၍
သာသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပပါစေသတည်း ။
အမြဲတမ်း ဘေးမသန်းပဲ အေးချမ်းသာယာ သံသရာဝယ်
ချမ်းသာပျော်ရွှင်စွာ ဘ၀ခရီးကိုဖြတ် နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြပါစေ ။
(စကားချပ်)ဆရာတော် ကြီး ပျံလွန်တော်မူတဲ့ အချိန်မှာ ဦးခင်ညွန့် 
အကျယ်ချုပ် ဘ၀နဲ့ သွားကန်တော့သည်ဟုသိရသည် ။ 
သို့သော် အချိန်နှောင်းခဲ့လေပြီတကား..ဒီနေရာမှာ မြေမြိုခံရချိန်ရောက်တော့မှ
 မြတ်စွာဘုရားရှင်ကို တောင်းပန်ကန်တော့ခဲ့သော အရှင်ဒေ၀ဒတ်ကို 
သွားသတိရမိပါ၏...
စုစည်းရေးသားတင်ပြသူ..
ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ
အသုံးမကျတဲ့သူဆိုတာ မရှိပါဘူး..မိမိက အသုံးချတတ်ဘို့ပဲ အရေးကြီးတာပါ
လောကမှာ လူရယ်လို့ဖြစ်လာမှတော့  အသုံးမကျတဲ့သူဆိုတာ မရှိပါဘူး ငါ့တို့ကျောင်းက ဦး(..)ကိုပဲကြည့်ပေါ့..သူဟာ သူများတွေလို ဥာဏ်ရည်ဥာဏ်သွေးမမှီဘူးဆိုပေမယ့် ကျောင်းမှာအနဲဆုံး ရေနွေးအိုးတည်ခိုင်းလို့တော့ ရပါသေးတယ်..နောက်ပီး တို့ကျောင်းကို နေ့တိုင်းလာလာ ထမင်းစားနေတဲ့ ချက်ဖောင်းကြီးဆိုရင်လည်း ကျောင်းလာတဲ့အခါ ရေချိုးဘို့ ရေဘုံပိုင် နှိပ်ခိုင်းလို့ ရသလို သူ့အိမ်မှာဆိုရင်လည်း အောက်ထစ်ဆုံး နွားကျောင်းခိုင်းလို့ ရပါသေးတယ်..ဒါကြောင့် လောကမှာ ဘယ်သူ ဘယ်ဝါပဲဖြစ်ဖြစ် အသုံးမကျဘူးဆိုတာ မရှိပါဘူး..အသုံးချတတ်ဘို့ပဲ အရေးကြီးတာပါ..
(မွေးရပ်မြေ ရွာဦးကျောင်းဆရာတော်ဘုရာကြီး၏ သြ၀ါဒကထာများမှ ပြန်လည် ကောက်နှုတ်တင်ပြပါသည်)
08/08/2013
မလေးမှာဆိုရင် အိုဖူးမှ..ခလေးမှာဆိုရင် ငိုဖူးမှ
စက်ရုံအလုပ်နားရက်ဖြစ်တဲ့ တစ်ခုသော တနင်္ဂနွေနေ့မှာ မလေးရှားရောက် တောသူ မိန်းမပျိုလေး     တစ်ဦးဟာ ရွာမှာကျန်ခဲ့တဲ့ အမေဖြစ်သူဆီကို ဤသို့ ဖုန်းဆက်စကားပြောလေ၏..
 " အမေ..သမီး အခု ဒီမှာ အိုသွားပီ..နေရထိုင်ရတာ ဟိုအရင်လို မလွတ်လပ်တော့ဘူး အမေ.."
 အထက်ပါ သမီးဖြစ်သူ ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတဲ့ အမေဖြစ်သူက ထိတ်လန့်တကြားဖြင့် သမီးဖြစ်သူအား ပြန်ပြောလိုက်ပုံက.. "ဟယ်..ဘုရား..ဘုရား..ကြားလားမိုးကြိုး..သမီးရယ်.
.ညည်းနှယ်..တယ်မြန်လှပါလား.သမီး အိုသွားတာကို .အမေတို့ မိသားစုတောင် မသိလိုက်ရပါလား..အမေကတော့ဖြင့်လေ.. သမီး မလေးရှားကနေ ပြန်လာရင် အဆင်သင့်ဖြစ်အောင်ဆိုပီး ရွာလယ်ပိုင်းက ဆန်စက်ပိုင်သူဌေး ဦးဖိုးထောင်ရဲ့သား မောင်တုတ်ကြီးနဲ့ စကားတောင် ကမ်းလှမ်းထားပီးသွားပီ သမီးရယ်..အခုသမီးလုပ်ပုံနဲ့ဆိုရင် အမေတို့တော့ ရွာမှာ မျက်နှာပျက်ရတော့မယ်ထင်တယ် သမီးရယ်"...
 ဒီတော့ သမီးဖြစ်သူက အမေဖြစ်သူကို ဤသို့ ရယ်ရယ်မောမော ပြန်ပြောလိုက်လေ၏.. "အမေ..ဘာတွေ လျှောက်ပြောနေတာလဲ..ဟီး.ဟီး..အမေကတော့လေ ..တကယ်ပဲနော်..ဒီမှာ သမီး အိုသွားပီဆိုတာက ယောင်္ကျားရပီးသွားလို့ အိုတာကို ပြောတာမဟုတ်ဘူး..ဒီရောက်ပီး တစ်လအကြာမှာ သမီးတို့ အလုပ်လုပ်တဲ့ စက်ရုံက လုပ်အားခအရမ်းနဲလို့ စက်ရုံပြောင်းလိုက်တဲ့အတွက် အိုဗာစတေးဖြစ်သွားတာကို အိုသွားပီလို့ ပြောတာပါ အမေရယ်. သမီးတို့ ငယ်ငယ်တုန်းက အမေပြောပြခဲ့ဖူးတဲ့ စကားလေးကို အခုထိ မှတ်မှိနေသေးတယ်..ဘာတဲ့ ခလေးဆို ငိုမှတဲ့..အခု သမီးအနေနဲ့ အမေ့ကို ပြန်ပြောလိုက်ချင်တာက “မလေးမှာဆိုရင် အိုမှ၊ ခလေးမှာဆိုရင် ငိုမှလို့လေ. ခလေးငယ်တွေဟာ ငယ်ငယ်ရွယ်ရွယ်မှာ ငိုပေးမှ ပိုပီးကျမ္မာရေးကောင်းမွန်သလို. အခုသမီးတို့ နေတဲ့ မလေးရှားမှာလည်း ရောက်ပီးသုံးလေးလောက်နေရင် အိုဗာစတေးဖြစ်မှ ခေတ်မှီတာလို့ လူဟောင်းတွေ ပြောပြတာ ကြားဖူးတယ်လေ "
 နောက်ဆုံး အမေဖြစ်သူ ပြန်ပြောလိုက်ပုံက......
 အင်း..တော်ပါသေးရဲ့...သမီးရယ်..သမီးသာ အခုလို သေချာရှင်းမပြရင် အမေတော့ ရွာတောင်းပိုင်းက ဒေါက်တာ ပေါက်တူးရဲ့ အလောင်းစည်သူ ကျေးလက် ဆေးပေးခန်းကို သွားပြရမှာတော့ သေချာတယ်..သမီးရေ.. ...သမီးရေ..ဒါဘဲနော်..အမေ ဖုန်းချလိုက်တော့မယ်..
အသိပေးခြင်း။ ။မိမိကြားဖူးထားတဲ့ အဖြစ်ပျက်လေးကို အခြေခံ၍ ဖွဲ့နွဲ့ရေးသားထားခြင်းဖြစ်ပါကြောင်းဝန်ခံအပ်ပါသည်။.
 တစိမ့်စိမ့်တွေး၍ ရယ်မောနိုင်ကြပါစေ..
01/08/2013
မွန်မြတ်သောဆံကေသာပိုင်ရှင်များ(သို့မဟုတ်)သီရိလင်္ကာဆံကေသာပိုင်ရှင် မြန်မာအမျိုးသမီးများ
                                 ဘာသာရေး၊သာသနာရေးကို အလေးထားကြတဲ့ သီဟိုနိုင်ငံသူ၊သားများ
နိုင်ငံခြားတိုင်းပြည်များကို ကြွရောက်ပြီး ပညာတော်သင်ကြားကြသည့် သံဃာတော်တွေကို လူတော်တော်များများက ပိုက်ဆံပေါတယ်ဆိုပြီးတော့ အထင်ရှိကြပါတယ်၊ နိုင်ငံခြားကို ပညာတော်သင်လာကြတဲ့သံဃာတော်တိုင်း ပိုက်ဆံချမ်းသာကြတာမဟုတ်ပါဘူး။ ခေတ်မှီ ဗုဒ္ဓဓမ္မပညာရပ်တွေကို ဆည်းပူး သင်ယူပြီး မိမိတို့စွမ်းသလောက် ပြန်လည်သာသသနာပြုလုပ်ငန်းတွေ လုပ်ချင်ကြလို့သာ အစားအသောက် အနေအထိုင်ပင်ပန်းဆင်းရဲခံပြီးတော့ သူတစ်ပါးတိုင်ပြည်တွေမှာ သွားရောက်ပညာတော်သင်ကြားနေကြတာဖြစ်ပါတယ်။ 
အချို့သောဆရာတော်များကတော့      ရှေးဘုန်း ရှေးကံ ကောင်းခဲ့ကြလို့        ငွေရေးကြေးရေမပူပင်ရပေမဲ့
အများစုကတော့အတော်ကိုရုန်းကန်ပြီးမှ လာကြရတာများပါတယ်။ အဲဒီလို ကုန်းရုန်းပြီး ပညာတော်သင်လာခဲ့ကြတဲ့အထဲမှာ ဦးဇင်းရဲ့မိတ်ဆွေကြီး ဦးဣန္ဒာစရိယရဲ့အဖြစ်ကတော့ တကယ်ကို ပြောစမှတ်တွင်လောက် ပါပေတယ်။ဦးဣန္ဒာစရိယက အထက်အညာသား ဇာတိက မန္တလေးတိုင်း၊ငဇွန်မြို့နယ်၊စီထိန်းရွာသားပေါ့ ၊ငယ်ငယ်ခလေးဘ၀အရွယ်မှာ ကိုရင်ဝတ်ပြီးကတည်းက သာနာ့ဘောင်မှာ ပျော်မွေ့ပြီးမထွက်တော့တာ၊ အရွယ်ရောက်လို့စာသင်လိုက်၊ စာမေးပွဲတွေ အလီလီအောင်ပြီး ဗုဒ္ဓတက္ကသိုလ်(မန္တလေး) ကနေ ဓမ္မာစရိယ ဘီအေ ဘွဲကြီးကို အောင်မြင်ဆွတ်ခူးနိုင်ခဲ့လို့ ဆရာဘုန်းကြီးနဲ့ ခမည်းတော်+မယ်တော်အပါအ၀င်တစ်ရွာလုံးပျော်လို့မဆုံး၊မော်လို့်မဆုံး ဂုဏ်ယူလို့ မဆုံးဖြစ်နေကြတယ်ပေါ့။ ဦုးဣန္ဒာစရိယကလည်း စာကြိုးစားချင်စိတ်ရှိတယ်၊ ဒီနေရာနဲ့တင် ရပ်မနေချင်ပဲ ပြည်ပနိုင်ငံဖြစ်တဲ့သီရိလင်္ကာကိုသွားပြီး(M.A,Buddhist Studies)ဘွဲ့အတွက်စာသင်ချင်သေးတယ်၊ ဒါပေမယ့် ခက်တာက တစ်နှစ်တာ ပညာသင်စရိတ်အတွက် အနဲဆုံး မြန်မာကျပ်ငွေ သိန်းသုံးဆယ်လောက်ကုန်မယ်ဆိုတော့လည်း အခက်တွေ့နေပြန်ရော၊ ဒီအကြောင်းကို ကျောင်းဆိုင်ဆရာဘုန်းကြီးကို လျှောက်ပြတော့ ဆရာဘုန်းကြီးက အားရ၀မ်းသာ သွားဖို့တိုက်တွန်းတယ် ``ငါ့တပည့်ကြီး သွားမှာသာသွားစမ်းပါ.. ငွေရေးကြေးရေး ဘာမှမပူနဲ့ ဒီလိုနိုင်ငံခြားကိုသွားပြီး ပညာသင်ခွင့်ရဘို့ဆိုတာ လွယ်တာမှမဟုတ်တာ.. မင်းသွားဘို့လာဘို့သာ လုပ်တော့ ကျန်တာငါ့တာဝန်ထား ´´ လို့ အားပေးချီမြှောက်တာကြောင့် ပတ်(စ်)ပို့ တွေ ဗီဇာတွေလုပ်ဖို့ရန်ကုန်ဆင်းလာပြီးလုပ်စရာအားလုံးပြီးလို့ သွားဘို့ အားလုံးအဆင် သင့်ဖြစ်နေပြီ ဆိုတော့မှ ရွာကိုပြန်ချလာတယ်၊။ ရွာရောက်တော့ ဆရာဘုန်ကြီးနဲ့ရွာက ဒကာဒကာမတွေက ပညာသင်စရိတ်ဝိုင်းပီး လှုကြတယ် ၊ဦုးဣန္ဒာစရိယကလည်း ရွာကဒကာ ဒကာမတွေကိုသနားလို့ ပိုက်ဆံကို အလှုမခံချင်ရှာဘူး၊ ၊ဒါပေမယ့် ဆရာဘုန်းကြီးက ရွာသားတွေအားလုံး ကုသိုလ်ရ အောင်ဆိုပြီး စီစဉ်တာမို့ အသာပဲနေလိုက်ရတယ်၊ ဒီလိုနဲ့ နိုင်ငံခြားကိုသွားခါနီးတော့ တစ်ရွာလုံး ကလေးလူကြီးပါမကျန် လာရောက်ကန်တော့ နှုတ်ဆက်ကြတာပေါ့။ အဲဒီထဲမှာ နေရာတကာစပ်စပ်ပါတဲ့`ကိုပေါက်´ဆိုတဲ့ ဒကာကလဲ လာရောက် ကန်တော့ နှုတ်ဆက်ပြီးတော့ အခုလိုလျှောက်ထားတယ် "" ဆရာတော်ရေ သူများနိုင်ငံမှာ ဆိုတော့ကျမ္မာရေးလဲဂရုစိုက်၊တက္ကသိုလ်စာတွေလည်းကြိုးစား ပေါနော်ဘုရား... ဦးဇင်း 
နိုင်ငံခြားကိုပညာတော်သင်သွားရတာ တပည့်တော်တို့ တစ်ရွာလုံး ၀မ်းသာဂုဏ်ယူလို့ကိုမဆုံးဘူး၊တပည့်တော်တို့ ရွားနီးနားတစ်ဝိုက်မှာတော့ အခုဆို တပည့်တော်တို့ရွာဟာ အရမ်းမျက်နှာပွင့်နေတယ်ဘုရား။ ဦးဇင်းလဲ သီရိလင်္ကာကြွ၊ တပည့်တော်တို့တစ်ရွာလုံးက ဒကာမတွေလည်း အကုန်လုံး "`သီရိလင်္ကာကေ´" တွေချည်းပဲဖြစ်ကုန်တော့တာပါပဲဘုရား"" ဒကာတော် ကိုပေါက်က အဲလိုလဲလျှောက်ကော ဦးဣန္ဒာစရိယ မျက်စေ့လည်သွားတယ်.. ဟုတ်တယ်လေ ..ဒွေးကေ၊လွင်မိုးကေ၊နေတိုးကေလို့ပဲကြားဘူးခဲ့တာ.."`သီရိလင်္ကာကေ´"လို့မှမကြားဖူးသေးတာလေ၊ဒါကြောင့် ဦးက္ကန္ဒာစရိယက ဒကာ ကိုပေါက်ကို နားရှင်းအောင်ထပ်မေးရတယ်၊``နေပါဦး ဒကာပေါက်ရယ် ဦးဇင်းတော့ သီရိလင်္ကာကေလို့တော့ တစ်ခါမှ မကြားဖူးပါဘူး ..ရှင်းပြစမ်းပါဦး.. သီရိလင်္ကာကေ ဆိုတာဘာကိုပြောတာလဲ´´ လို့မေးတော့ ``ဟုတ်တယ်ဘုရား.. ဦးဇင်း သီရိလင်္ကာကို ပညာတော်သင်ကြွမယ်ဆိုတော့ တပည့်တော်တို့ တစ်ရွာလုံး ပညာပါရမီဖြစ်အောင် ဆိုပီး တတ်နိုင်သ၍လေးတော့ လှုချင်တာပေါ့ဘုရား.. ဒါပေမဲ့ သီးနှံကလည်း ပေါ်ချိန် သိမ်းချိန်မဟုတ်သေးတော့ လက်ထဲမှာငွေမရှိကြဘူးလေ.. ဒါကြောင့်ကြံရာမရဖြစ်ပြီး တစ်ရွာလုံးရှိသမျှ အမျိုးသမီးတွေ ခေါင်းက ဆံပင်တွေရောင်းပြီးလှုကြလို့ တစ်ရွာလုံး သီရိလင်္ကာကေ ဖြစ်ကုန်ကြတာပါဘုရား””.. ဒကာပေါက်ရဲ့ လျှောက်ထားတဲ့စကားကြောင့် ကျုပ်တို့ ဦးဣန္ဒာစရိယကြီးခမျာ "`ဟေ´"လို့သာ တစ်လုံးတည်း ပြောပြီး ဒကာမတွေကို ဟိုဟိုဒီဒီ ဝေ့ကြည့်လိုက်တော့ ဟုတ်တယ် တစ်ရွားလုံးမှာရှိသမျှ ဒကာမတွေအားလုံး ခေတ်မီနောက်ဆုံးပေါ် ``သီရိလင်္ကာ ဆံပင်ကေ´´လေးတွေ ကိုယ်စီနဲ့လေ………။ 
ရေးသားတင်ပြသူ
ဓမ္မ၀ီရ အရှင်တေဇနိယ 
ကိုလံဘို၊သီရိလင်္ကာနိုင်ငံ
 ဓမ္မ၀ီရအရှင် ဘလော့မှ တဆင့်ကူးယူဖော်ပြပါသည်။ 
25/07/2013
သံဃာတော်များ၏ ၀ါဆိုဝါကပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာအဖြာဖြာ
                             သံဃာတော်များ ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော်မူကြနေစဉ်
                                  သံဃာတော်များအတွက် သက်တော်ထက် 
                                       ******************************* 
ရဟန်းသံဃာရယ်လို့ ဖြစ်လာရင် မြတ်ဗုဒ္ဓသာသနာတော်မှာ ထေရ်စဉ်ဝါလိုက် အချင်းချင်း အရိုအသေ ပေးကြရစမြဲဖြစ်သည့် အားလျှော်စွာ ရဟန်းတစ်ပါး အနေဖြင့် သာသာနာ့ဘောင်မှာ နေထိုင်သီတင်းသုံးတော့မည် ဆိုပါက မိမိရောက်ရှိနေသော ၀ါအရေအတွက်ကို မဖြစ်မနေ သိရှိထားရန်လိုအပ်ပေ၏။ ကိုရင်(ရှင်သာမဏေ)ဖြစ်လျှင် ကိုရင်ဝါအရေအတွက်၊ ရဟန်းဖြစ်လျှင် ရဟန်းဝါအရေအတွက် အသီးသီး သိထားမှ သာသနာ့ဘောင်အတွင်း နေထိုင်သမျှ (သာမဏေရ သာရုပ္ပ၊ သမဏ သာရုပ္ပ)ကြည်ညိုဖွယ်ရာ အသွင်ကို ဆောင်ရာလည်းရောက်သလို၊ မင်္ဂလာဂါရ၀တရားတိုးပွားအောင် နေထိုင်ရာလည်း ရောက်ပေ၏။ လောကီနယ်ပယ်၌ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အရိုအသေပေးဘို့ရန်အတွက် အသက်၊သိက္ခာ၊ရာထူးဂုဏ်ပါဝါ ပေတံတို့ဖြင့် တိုင်းတာဆုံးဖြတ်တတ်ကြသော်လည်း မြတ်စွာဘုရားရှင်ရဲ့ သာသနာနယ်ပယ်မှာတော့ လောကီနယ်ပယ်မှာလို အသက်(သို့မဟုတ်) ရာထူးဂုဏ်ပါဝါတို့ဖြင့် အရိုအသေပေးခြင်းကိစ္စကို တိုင်းတာဆုံးဖြတ်ရိုး ထုံးစံမရှိပေ။ ရဟန်းစတင်ဖြစ်ရာ၊ ရှင်သာမဏေစတင်ဖြစ်ရာ အချိန်ကာလကိုသာ ကြည့်၍ မည်သူကတော့ဖြင့် မိမိထက် ၀ါကြီးသည်၊ မည်သူကတော့ဖြင့် မိမိထက် ၀ါငယ်သည် စတာတွေကို တိုင်းတာဆုံးဖြတ်ကာ တစ်ပါးနှင့်တစ်ပါး အရိုအသေပေး ဆက်ဆံနေထိုင် သီတင်းသုံးတော်မူကြ၏။ 
                                                          ************************
 မြတ်စွာဘုရားရှင် လက်ထက်တော်ကာလ တစ်ခုသောနေတစ်နေ့ လူပုဂ္ဂိုလ်တွေုဟာ အောက်ပါစကားရပ်များဖြင့် ရဟန်းသံဃာတော်များအား ဝေဖန်ကဲ့ရဲ့ ပြစ်တင် ပြောဆိုနေကြလေကုန်၏၊ အဘယ်သို့နည်းဟူမူကား… “အလိုလေ..ရဟန်းတွေဖြစ်ပီး ဆောင်း၊နွေ၊ မိုး ဥတုသုံးပါးမရွေး ခရီးတွေကြွနေလိုက်ကြတာ အံ့ပါရော.. အခုလို မိုးတွင်းကာလလေးမှာတောင် အေးအေးလူလူ မနေကြဘူး၊ ငှက်တွေတောင် မိုးတွင်းဆိုရင် အသိုက်မြုံထဲမှာ အောင်းနေကြသေးတယ်၊ ဒီရဟန်းတွေနှယ်… ငှက်တွေလောက်တောင် စည်းကမ်းမရှိကြပါလား၊ သာသနာတော်မှ တစ်ပါးသော အယူဝါဒရှိတဲ့ တိတ္ထိတက္ကဒွန်းတွေသော်မှ အခုလို အချိန်ကာလမျိုးမှာ သူတို့နေရာတွေမှာပဲ အေးအေးလူလူ ကိန်းအောင်းနေထိုင်ကြသေးတာ..ပြောကို မပြောချင်တော့ဘူး။” “ဟိုတစ်နေ့ကဆို ရဟန်းတစ်ပါး ငါတို့လယ်ယာစိုက်ခင်းထဲကနေ ဖြတ်လျှောက်သွားတာ မြက်သစ်ပင်နဲ့ ကောက်ပဲသီးနှံတွေ ပျက်စီးကုန်တယ်၊ ကောက်ပဲသီးနှံတွေ ပျက်စီးတာက အကြောင်းမဟုတ်ပါဘူး၊ ပိုးကောင်လေးတွေ သေကုန်မှာပေါ့၊ မိုးတွင်းဆိုတော့ ပိုးကောင်လေးတွေက မြက်ပင်လေးတွေမှာ ခိုကပ်နေကြရတာမဟုတ်လား။” “တစ်ချို့ရဟန်းတွေဆို ပြောကိုမပြောလိုက်ချင်ဘူး... ဒီလောက် စိမ်းစိုနေတဲ့ မြက်သစ်ပင်တွေကို နင်းပြီး သွားကြတာ သက်ရှိသတ္တဝါတွေရဲ့ အသက်ကို သတ်သလိုပါဘဲ” ထိုလူများ၏ ဝေဖန်ပြစ်တင် ကဲ့ရဲ့သောစကားများကို ရဟန်းတော်များ ကြားသိကြလေသဖြင့် မြတ်စွာဘုရားရှင်ထံ ပြန်လည်လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်က.. “အို…… ငါ၏ချစ်သား ရဟန်းများတို့... ဒီကနေ့က စပြီး မိုးတွင်းကာလမှာ သင်ရဟန်းတို့အနေနဲ့ ဘယ်မှ မသွားပဲ၊ ဝါဆို ၀ါကပ်ကြကုန်လော့” ဟု ၀ိနည်းစည်းကမ်း ဥပဒေသစ်တစ်ခု ပညတ်တော်မူခဲ့လေသည်။ 
                                             ******************************* 
ထို့နောက် မြတ်ဗုဒ္ဓက တစ်ခုသောနေ့မှာ ရဟန်းသံဃာတော်များအား ခေါ်တော်မူကာ ၀ါဆိုရမည့် အချိန်ကာလပမာဏကို ဤသို့ သတ်မှတ်ပြတော်မူ၏။ “၀ါဆိုမည့်အရေး မျှော်တွေးရှုငြား အိုချစ်သားရဟန်းများတို့ ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့အထိ (၃)လတိတိကို ပုရိမ၀ါကပ်ကြကုန်လော.. ၀ါခေါင်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့အထိ (၃)လတိတိကို ပစ္ဆိမ၀ါအဖြစ် ကပ်ကြကုန်လော.. ၀ါဆိုဝါကပ်ခြင်း မပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ”ဟု ပညတ်တော်မူခဲ့လေ၏။ 
                                                           ******************** 
ဝါဆိုဝါကပ်သည်ဟူသော ဒေသနာစကားကို လောကီလူသားတို့အနေဖြင့် ကြားဖူးနားဝရှိကြသော်လည်း မည်သို့ပုံဟန် ၀ါကပ်တော်မူကြသည်ကို သေသေချာချာ ဂဃနန မသိကြတဲ့ သူကသာလျှင် များမည်ုထင်၍ ဤနေရာမှာ ၀ါဆိုဝါကပ်ပုံကို အနဲငယ် အမြွက်မျှ ပြောပြရပါမူ ”ဤနေရာ ဤကျောင်းတိုက်တာအတွင်း၌ ၀ါတွင်းသုံးလပတ်လုံး နေထိုင်သီတင်းသုံးပါမည်ဘုရား” ဟူ၍ ထေစဉ်ဝါလိုက် ကိုရင် ရှင်သာမဏေများပါမကျန် နှုတ်ဖြင့် ရွတ်ဆိုတော်မူကြခြင်းကို ၀ါဆိုဝါကပ်သည်ဟု ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ 
                                     ******************************** 
ထိုသို့ မြတ်ဗုဒ္ဓက ၀ါဆိုဝါကပ်ရန် ပညတ်တော်မူပြီးသော်လည်း ရဟန်းသံဃာတော်များ အနေဖြင့် ၀ါဆိုဝါကပ်ရမည့် နေရာသတ်မှတ်ချက်(၀ါဆိုစည်း)ကို မသိနားမလည်ကြသဖြင့် မြတ်စွာဘုရားရှင်အား လျှောက်ထားကြရာ မြတ်စွာဘုရားရှင်က “ ရဟန်းတို့ မိမိလက်ရှိနေထိုင်ရာ ကျောင်းဝန်း၏ ခြံစည်းရိုးအစွန်နေရာတို့ကို ၀ါဆိုစည်းအဖြစ် သတ်မှတ်၍ နောက်တစ်နေ့နံနက် အာရုဏ်မတက်မှီ အချိန်အတွင်း ၄င်းခြံစည်းရိုးအပြင်သို့ ကျော်လွန်ကာ အရပ်တစ်ပါးသို့ ဖဲသွားသော ရဟန်းအား ၀ါကပ်ခြင်းကိစ္စ ပျက်စေ” ဟု ပညတ်တော်မူခဲ့လေ၏။ 
                                သံဃာတော်များနှင့် ၀ါတွင်းကာလ ခရီးရက်ရှည်.
.                                 ********************************** 
အထက်ပါ ၀ါဆိုခြင်းကိစ္စ၊၀ါဆိုကာလ၊ ၀ါဆိုစည်း ၀ါဆိုနေရာသတ်မှတ်ချက်တို့ကို မြတ်ဗုဒ္ဓပညတ်တော်မူပြီးနောက် ရဟန်းသံဃာတော်အချို့အနေဖြင့် ခရီးရက်ရှည်ကြွရန် ကိစ္စများ ပေါ်ပေါက်လာပြန်သဖြင့် မြတ်စွာဘုရားရှင်အား ထပ်မံလျှောက်ထားကြရာ မြတ်စွာဘုရားရှင်က “ ရဟန်းတို့ မိမိတို့နှင့် သက်ဆိုင်ရာ ဆွေမျိုးမိဘများ မနာမကျန်း ဖြစ်ခဲ့လျှင်သော်၎င်း၊ ဒကာ၊ ဒကာမများက အလှူအတန်းပြုလုပ်ဘို့ ပင့်ဖိတ်ခဲ့လျှင်သော်၎င်း၊ တရားနာဘို့ ပင့်ဖိတ်ခဲ့လျှင်သော်၎င်း၊ ဖူးမြော်ကြည်ညိုဘို့ ပင့်ဖိတ်ခဲ့လျှင်သော်၎င်း၊ မိမိအနေဖြင့် ခုနှစ်ရက်အတွင်း ပြန်လာပါမည်ဘုရားဟူ၍ ၀ါပန်လျှောက်ထားပီးသွားလျှင် ၀ါတွင်းကာလပင်ဖြစ်သော်လည်း အရပ်တစ်ပါးသို့ သွားကောင်း၏“ဟု ခွင့်ပြုတော်မူလေသည်။ 
                                          **************************** 
ဤသို့ဖြင့် ပုရိမ၀ါကပ်တော်မူကြမည့် ရဟန်းသံဃာတော် အရှင်သူမြတ်များအား ၀ါတွင်းကာလ(၃)လအတွင်း ဂန္ထဓူရ-စာပေကျမ်းဂန်သင်အံပို့ချခြင်း၊ ၀ိပဿနာဓူရ-တရားဘာဝနာ ပွားများအားထုတ်ခြင်းကိစ္စရပ်များကို ချမ်းချမ်းသာသာ မပင်မပန်း ပြုလုပ်ဆောင်ရွက်နိုင်ရန် စိတ်ရည်သန်လျှက် လူဝတ်ကြောင် ဒကာ၊ဒကာမများက ၀ါဆိုသင်္ကန်းနှင့်တကွ ပစ္စည်းအသုံးဆောင်တို့ကို သဒ္ဓါပြဌာန်း လှူဒါန်းနေကြခြင်းဟာဖြင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို ဆရာဒကာ ရေနဲ့ကြာပမာ သာသနာတော်ကြီး အဓွန့်ရှည်စွာ ဆက်လက်တည့်တံ့ တိုးပွားနိုင်ကြောင်း သာသနာအထောက်ကူပြု နည်းလမ်းကောင်းများကို ဆည်းပူးရာရောက်လေတော့သတည်း။ 
 (၀ိနယပိဋကတ်၊ မဟာဝဂ္ဂပါဠိတော်၊၀ဿူပနာယိကက္ခန္ဓက)ကို မှီငြမ်းရေးသားပါသည်။
28/04/2013
သီရိလင်္ကာနိုင်ငံ(သီဟို)၊ တောင်ထိပ်နန်းတော်ဟောင်းနေရာသို့ တစ်ခေါက်(သို့မဟုတ်) စိဂိရိယတောင်သမိုင်း
                                             စိဂိရိယတောင်အား အဝေးမှ တွေ့ရစဉ်
               စိဂိရိယတောင်ဟာ သီရိလင်္ကာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကိုလံဘိုမြို့နှင့်  (၁၆၉)ကီလိုမီတာ ဝေးကွာပီး ကားဖြင့်သွားမည်ဆိုပါက အချိန်(၃)နာရီခွဲခန့် ကြာမြင့်ပါမည်။ ဒမ္ဘူလမြို့ကနေ သွားမည်ဆိုပါက မိနစ်(၃၀)ခန့်သာ ကြာပါသည်။ ၄င်းတောင်ဟာ သီရိလင်္ကာနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်တွေရှိတဲ့ နေရာခုနှစ်နေရာအနက် ငါးနေရာပါဝင်တည်ရှိခြင်း၊ ထူးဆန်းအံ့သြဖွယ်ရာ ရှေးကျတဲ့ ကမ္ဘာ့နေရာတွေထဲက တစ်နေရာပါဝင်ခြင်း၊ ကမ္ဘာ့အံ့သြဖွယ်ရာ ရှစ်ခုမြောက် နေရာအဖြစ် အဆိုပြုခံရခြင်းဆိုတဲ့ ယဉ်ကျေးမှု(၃)ခု (Cultural Traingle) ပေါင်းဆုံတဲ့ နေရာတစ်ခုဖြစ်နေတာကိုလည်း တွေ့ရှိရပါသည်။
                    သီရိလင်္ကာနိုင်ငံဟာ ကျွန်းရဲ့အလည်ခေါင်တည်တည့်မှာ တည်ရှိပြီးတော့ ပေါလောနရုဝ၊ စိဂိရိယ၊ ဒမ္ဘူလဆိုတဲ့ ရှေးဟောင်းမြို့တော်(၃)ခုနှင့် အနုရာဓ၊ ကန္ဒီဆိုတဲ့ မြင့်မြတ်တဲ့ မြို့တော်စသည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတွေ ပါဝင်တဲ့ ဧရိယာတစ်ခု ဖုံးအုပ်ကာရံထားတာကိုလည်း တွေ့ရှိရမှာဖြစ်ပါ၏။
               တောင်ထိပ်ပေါ်မတက်ခင် တောင်ခြေမှာ ဘုရားဖူးသံဃာအဖွဲ့လိုက် အမှတ်တရ
                     စိဂိရိယတောင်ကို သီဟိုနိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ ဘာသာစကားဖြစ်တဲ့ ဆင်ဟာလိစကားဖြင့် (သီဟ-ဂိရိ) ခြင်္သေ့တောင်(Lion Mountain)လို့လည်း ခေါ်ကြပါသေးတယ်။ ဤတောင်ကြီးကို လူအများ စိတ်ဝင်စားလာအောင် အသက်သွင်း တီထွင်ဖန်တီးခဲ့သူကတော့ သီရိလင်္ကာနိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ မဟာဝံသသမိုင်းကျမ်းစာရဲ့ ပထမဦးဆုံး စာရေးဆရာဖြစ်တော်မူသည့် ဗုဒ္ဓဘာသာ ပညာရှိရဟန်းတော်တစ်ပါး ဖြစ်တော်မူသည့်  ထင်ရှားတောက်ပခဲ့တဲ့ မဟာနာမမထေရ်မြတ်ရဲ့ တူတစ်ယောက်ဖြစ်သည့် ကဿပဘုရင်မင်းမြတ်ဖြစ်ပြီး အေဒီ(497-479)လောက်မှာ တောင်ထိပ်နန်းတော်အဖြစ် တည်ဆောက်ခဲ့ပါတယ်။်
                                       တောင်ထိပ်ရှိ နန်းတော်ဟောင်းနေရာအား ဤသို့ တွေ့ရစဉ်
                   သီရိလင်္ကာနိုင်ငံရဲ့ ရှေးကျတဲ့ သမိုင်းရာဇ၀င်တွေကို မှတ်တမ်းတင်ထားတဲ့ မဟာဝံသကျမ်းကြီးမှာတော့ ကဿပမင်းသားဟာ (CE-477)လောက်မှာ ဘုရင်ရဲ့တပ်မှူးလည်းဖြစ်၊ တူလည်းဖြစ်တဲ့ မိဂါရရဲ့ အကူညီကို ရယူကာ ဖခမည်းတော်ဘုရင် ဒါတုသေနကို သတ်တဲ့လိုလို့လည်း ဖော်ပြထားပါတယ်။ နောက်ပီး သူ့ရဲ့နောင်တော်ဖြစ်တဲ့ မောဂ္ဂလာန တရားဝင်ပိုင်ဆိုင်တဲ့ ထီးနန်းရာထူးပလ္လင်ကို သိမ်းယူသူလို့လည်း ဖော်ပြထားပါသေးတယ်။
                    ထိုသို့သိမ်းယူပီးနောက် သူဟာ နောင်တော်မောဂ္ဂလာန်ရဲ့ ပြန်လည်တိုက်ခိုက်မှာကို ကြောက်ရွံ့တဲ့အတွက် လက်ရှိမိမိနေထိုင်ရာ အနုရာဓပူရမြို့ကနေ ပိုမိုစိတ်ချလုံခြုံမှုရှိတဲ့ စိဂိရိယတောင်ထိပ်ပေါ်ကို ပြောင်းရွှေ့ ထီးနန်းစံတော် မူခဲ့ပါတယ်။
              တောင်ထိပ်ပေါ်သို့ အောင်မြင်စွာ ရောက်ရှိပြီးနောက် အဖွဲ့လိုက်အမှတ်တရ
                     ကဿပဘုရင် ထီးနန်းစိုးစံ အုပ်ချုပ်သည့် (477-မှ 495)ကာလအတောအတွင်းမှာတော့ စိဂိရိယဟာ ခံတပ်မြို့ကြီးသဖွယ် တိုးတက်စည်ကားလာခဲ့ပါတယ်။ စိဂိရိယ တောင်ထိပ်နှင့် တောင်ပတ်ပတ်လည်မှာ အတွင်းစည်းရိုး အပြင်စည်းရိုး ကျုံးများကာရံကာ အတွင်းပိုင်းတွင် ရေချိုးစရာ ရေလှောင်ကန်၊ စိတ်ကြည်နူးစရာ ပန်းမာန်ဥယျာဉ်စတာတွေပါဝင်တဲ့ မှန်နံရံများတပ်ဆင်ထားသည့် နန်းတော်ကြီးကို အသေးစိပ် ပြုပြင်မွမ်းမံပြီး ခံတပ်သဖွယ် လုံခြုံအောင် စိတ်တိုင်းကျ တည်ဆောက်ခဲ့ပါတယ်။
                       တောင်ထိပ်ပေါ်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ကြတဲ့ နိုင်ငံခြားခရီးသည်များ
                    ဤသို့ ထီးနန်းစည်းစိမ်ကို ခံစားနေစဉ် တစ်နေ့မှာတော့ ကဿပဘုရင် ရောဂါဝေဒနာ တစ်စုံတစ်ရာ ဖိစီးနှိပ်စက်ခံရချိန်မှာ သူ့ရဲ့ညီငယ်ဖြစ်တဲ့ မုဂလန်(Mugalan)က စိဂိရိယတောင်ကြီးကို (AD  495-512)လောက်မှာ သံဃာရည်မှန်း ရေစက်ချလှူဒါန်းခဲ့ပါတယ်။
                      ဒီလိုနဲ့ အချိန်ကာလတွေ ကြာညောင်းလာသည်နှင့်အမျှ စိဂိရိယတောင်ဟာ ဘုရင်နန်းတော်အဖြစ်ကနေ ယခုအချိန်ခါမှာတော့ ဘာသာ သာသနာရေးအတွက် မှီခိုးအားထားကိုးကွယ် ဆည်းကပ်ဖွယ်ရာ မြင့်မြတ်တဲ့နေရာလေး တစ်ခုအနေနဲ့သာ တည်ရှိနေပါတော့သည်။
   သြော်.. အလွမ်းဓာတ်ခံရှိသူများအတွက် လွမ်းမည်ဆိုရင်လည်း လွမ်းလောက်ပါပေစွ   စိဂိရိယ..
18/03/2013
2013-ခုနှစ်အတွက် လက်ပံတောင်း မဟာသင်္ကြန်စာ
သိကြားမင်းသည် ပြည်သူ့ချဉ်ဖတ် စစ်အာဏာရှင်များ စုပေါင်းဖွဲ့စည်းထားသည့်
 စီးပွားရေးငတ်ကြီးကျ ဦးပိုင်နှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သည့်  တရုတ်ဝမ်ပေါင်
ကုမ္ပဏီပိုင်ကားကိုစီး၍  မီးလောင်ဗုံးကို ကိုင်ပြီးလျှင် လူ့ ပြည်သို့ သက်ဆင်း၏။
လက်ရှိဂယက်ရိုက်နေသော လက်ပံတောင်းအရှုပ်ထွေးပြဿနာသည် 
သမ္မတကြီးနှင့် နောက်ခံကြိုးကိုင်ပုဂ္ဂိုလ်များဖြစ်ကြသည့်  လက်ကျန်
စစ်အာဏာရှင်များလက်မှသည် လတ်တလော ပြည်သူတို့နှုတ်ဖျား
 ရေပန်းစားနေသော ဒေါ်စုလက်ထဲသို့  အော်တိုမစ်တစ် အပြောင်းအရွှေ့ ပြု၏။
နှစ်ကို သုံး စောင့်၏။
လကို ဂြိုလ်တု စောင့်၏။
ရက်ကို နေ့ စားသမားများ စောင့်၏။
မြေကို ဦးပိုင် စောင့်၏။
ရေကို ပြည်သူများစောင့်၏။
မိုးကို လယ်သမားများစောင့်၏။
လူတို့ ၏အဓိပတိကား PSY
ခြေလေးခုတို့ ၏ အဓိပတိကား ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား။
ငှက်တို့ ၏အဓိပတိကား ငှက်ဖျား။
သစ်ပင်တို့ ၏အဓိပတိကား ကြက်ဆူ။
ဤသက္ကရာဇ်ဝယ်........
စာပေစိစစ်ရေးကင်းလွတ်ပြီးဖြစ်၍ အပြာစာအုပ်များပေါများလတ္တံ့ ။
မော်ဒယ်မမများ မှိုလိုပေါက်လတ္တံ့ ။
မြို့ တိုင်းတွင် ဆန္ဒပြပွဲများဖြင့် စည်ကားလတ္တံ့ ။
ဆန္ဒပြသူများအတွက် တူညီဝတ်စုံရိုက်နှိပ်ပေးသော စတေကာရိုက်လုပ်ငန်းများ
 စီးပွားဖြစ်လတ္တံ့  ။
နာမည်လေးလုံးနှင့်သမီးပျိုများ မြန်မာ့အလှမယ်ဖြစ်လတ္တံ့ ။
ထို အလှမယ်များကို အားပေးလွန်းကြသဖြင့် 
ကွန်ပြူတာ၊ကီးဘုတ်၊မောက်စ် ရောင်းသောဆိုင်များအလုပ်ဖြစ်လတ္တံ့ ။
လမ်းလျှောက်တတ်လျှင် လျှောက်တတ်သလို နာမည်ကြီးလတ္တံ့ ။
မလျှောက်တတ်လျှင် ဆိုင်းဘုတ်ကိုင် ဆန္ဒပြခြင်းဖြင့် နာမည်ကြီးလတ္တံ့ ။
ဘီယာကုမ္ပဏီများ ၊အချိုရည်လုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံ၍
ပြည်သူအများ အဖိုးနှုန်းချိုသာစွာဖြင့် သောက်ရလတ္တံ့ ။
နောက်ဆက်တွဲအကျိုးအနေဖြင့် နိုင်ငံခြားကံပါသူများ
အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ဆေးကုရလတ္တံ့ ။
မီးမလာ၍ မိုးနတ်မင်းကြီးထံ ဆုတောင်းရလတ္တံ့ ။
တက္ကသိုလ်ဝင်တန်းစာမေးပွဲများနီးလျှင် နိုင်ငံပိုင်စက်ရုံများ ရပ်နားရလတ္တံ့ ။
လျှပ်စစ်မီးရရန် ကူညီသောကြောင့် ထိုင်းနိုင်ငံက ကျေးဇူးတင်လတ္တံ့ ။
ဓာတ်ငွေ့ ပိုက်လိုင်းကြီးပြီးစီးတော့မည်ဖြစ်၍ တရုတ်ပြည်က ကျေးဇူးဆိုလတ္တံ့ ။
ဖုန်းကတ်ဖိုးများလျှော့ချပေးတော့မည်ဟု အိပ်မက်မက်လတ္တံ့ ။
ဆီးဂိမ်းအမီ အင်တာနက်မြန်နှုန်းတိုးတက်တော့မည်ဟု ကြားရလတ္တံ့ ။
လေးလနှင့်အပြီးဆောက်မည်ဟူသော ဂုံးကျော်တံတားကြီးမပြီးသေး၍ 
ကားများကြပ်လတ္တံ့ ။
တောင်သူလယ်သမားများ လယ်သိမ်းခံရ၍မြေယာမဲ့ ဖြစ်လတ္တံ့ ။
မြေယာမဲ့ ဖြစ်၍ ဆန္ဒပြလျှင် ကျူးကျော်ဟုစွပ်စွဲခံရ လတ္တံ့ ။
ကျူးကျော်ဟု သတ်မှတ်ပြီးလျှင် ပြည်သူ့ ရဲများက နံပါတ်တုတ်ဖြင့် 
ဆွမ်းကြီးလောင်းလတ္တံ့ ။
ဤကား ရှင်မိနှောင်း၏ ၂၀၁၃ သင်္ကြန်စာအလိုတည်း ။
။အသိပေးချက်။   ဖေ့ဘုတ်စာမျက်နှာပေါ်မှ သူငယ်ချင်းတစ်ယောက်(ရှယ်)
ပေးပို့လာသည့် ပို့စ်အား မိမိဘလော့မှာ သိမ်းထားသည့်အနေဖြင့် တင်ထား
တာဖြစ်ပါကြောင်း ရိုးသားစွာ အသိပေးအပ်ပါသည်။အခြားမည်သည့် 
ရည်ရွယ်ချက်မှမရှိပါ။
22/02/2013
သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်တွင် (M.A.)အမ်အေဘွဲ့ တက်ရောက်နိုင်ရန်အတွက် ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းကြသည့် ပညာပါရမီကုသိုလ်ရှင်များစာရင်း
၁။အရှင်ပညာဝံသာလင်္ကာရ(ပိဋကတ်နှစ်ပုံခွဲအောင်)                                US Dollar 100                 
တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ကမ္ဘာအေး၊ရန်ကုန်      
၂.။အရှင်ဝါသေဌာလင်္ကာရ(ပိဋကတ်နှစ်ပုံခွဲအောင်)                                     တစ်သိန်းကျပ်
တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်ခွဲ၊ ရွှေနံ့သာစံပြ
မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်
၃။ဘဒ္ဒန္တစိန္တာမယ(ဓမ္မကထိကဆရာတော်)                                                US Dollar 100
 ကမ္ဘာ့ရန်ကင်းကျောင်းတိုက်၊ယင်းမာပင်မြို့နယ်
နံ့သာကုန်းရွာ၊
၎။ပဓာနနာယကဆရာတော်ဘဒ္ဒန္တဝေပုလ္လ၊နာယကဆရာတော်                သုံးသောင်းကျပ်
ဘဒ္ဒန္တကေသရ(မဟာစမ္ပါရုံကျောင်းတိုက်၊ ကံကုန်းရွာ၊နှင့်
ဦးသုဇန၊ သုဇနာရာမကျောင်းတိုက်၊ ရမည်းသင်းမြို့နယ်
ညောင်ချဉ်ကုန်းရွာ
၅။ဦးခေမာဝံသ၊ထိုင်းနိုင်ငံ၊ ဘန်ကောက်                                                     US Dollar 65
 ၆။THAI EASTERN ရော်ဘာစက်ရုံမှ မြန်မာလုပ်သား                              ဘတ်ငွေ တစ်သောင်း
မိသားစုများ၊ ချွန်ဘူရီ၊ ထိုင်းနိုင်ငံ
၇။ကိုအောင်ဝင်းထွဋ်+မနှင်းနှင်းအေး မိသားစု၊ ရန်ကုန်                                   လေးသောင်းကျပ်
၈။ကိုဇင်+မအိသဇင် မိသားစု မိသားစု၊ ရန်ကုန်                                               နှစ်သောင်းကျပ်
၉။ဦးကြည်ဝင်းမောင်+(ဒေါ်သန်းသန်းအေး) မိသားစု၊ရန်ကုန်                          နှစ်သောင်းကျပ်
၁၀။ဦးညိုမောင်+ဒေါ်သန်းအိ မိသားစု၊နံ့သာကုန်းရွာ                                      တစ်သောင်းကျပ်
၁၁။ဦးလှပေါ+ခေါ်ခင်ဥ မိသားစု၊ သဲကုန်းရွာ                                                 တစ်သောင်းကျပ်
၁၂။ကိုဆွေမင်းသန်း+မမျိုးဆွေမိသားစု၊ နံ့သာကုန်းရွာ                                 တစ်သောင်းကျပ်
၁၃။ကိုသန်းလင်း+မတင်မာဝင်း မိသားစု၊နံ့သာကုန်းရွာ                                တစ်သောင်းကျပ်
၁၄။ဦးသန်းထွန်း+ဒေါ်ခင်ရှိန် မိသားစု၊ နံ့သာကုန်းရွာ                                    တစ်သောင်းကျပ်
၁၅။ကိုမင်းအောင်+မသင်းမြတ်မိသားစု၊ ဘန်ကောက်၊ထိုင်းနိုင်ငံ                    ဘတ်တစ်ထောင်
၁၆။ကိုကျော်နိုင်+မ၀င်းဝင်းနွယ်မိသားစု၊ချွန်ဘူရီ၊ ထိုင်းနိုင်ငံ                          ဘတ်ငါးရာ
၁၇။မမျိုးနှင့်ညီမများ၊အထည်ချုပ်စက်ရုံ၊ဘန်ကောက်၊ ထိုင်းနိုင်ငံ              ဘတ် တစ်ထောင့်ငါးရာ
14/02/2013
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ၊ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာ၊ မဟာစမ္ပါရုံကျောင်းတိုက်အတွက် သောက်ရေသန့်စက်လှူဒါန်းပွဲအခမ်းအနား(ရုပ်/သံ)
သောက်ရေသန့်စက် လှူဒါန်းရေစက်ချမှတ်တမ်း ဗီဒီယိုဖိုင်
ဦးသိက္ခိတ(ခေတ္တ-ဘန်ကောက်)မှ ဆက်ကပ်လှူဒါန်းနေစဉ်
သောက်ရေသန့်စက်အလှူရှင်များနှင့် ကံကုန်းကျေးရွာ တရားနာပရိသတ်များ
မောင်မင်းမင်း(ခေတ္တ-ကိုရီးယား)၏မိဘများမှ ဆက်ကပ်လှူဒါန်းနေကြစဉ်
ဦးထွန်းခင်မှ ဆက်ကပ်လှူဒါန်းနေစဉ်
ကံကုန်းကျေးရွာ၊ မဟာစမ္ပါရုံကျောင်းတိုက်တာအတွင်း သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသည့် ဦးသိက္ခိတ(ခေတ္တ-ဘန်ကောက်၊ထိုင်းနိုင်ငံ)နှင့် မောင်မင်းမင်း(ခေတ္တ-ကိုရီ.ယား)တို့  ဆွေးနွေးတိုင်ပင်လျှက် စေတနာဒ္ဓါတရား လက်ကိုင်ထားကာ နှစ်ဦးစပ်တူ စုပေါင်းကြပီး သောက်ရေသန့်စက်လှူဒါန်းရေစက်ချပွဲကို ၁၃၇၄-ခုနှစ်၊ ပြာသိုလ်လပြည့်ကျော်(၃)ရက်၊ (၂၉-၁-၂၀၁၃) အင်္ဂါနေ့ နံနက်(၉)နာရီအချိန်မှာ ပြုလုပ်ခဲ့ပါတယ်။
                                                                                                          (အွန်လိုင်းသတင်း)
01/01/2013