22/08/2012

မောင်အာကာဟိန်းဇော်၏(၁)နှစ်ပြည့် မွေးနေ့အလှူပွဲ မှတ်တမ်း








မွေးနေ့ရှင်မိသားစုများမှ ဆွမ်းဆက်ကပ်လှူဒါန်းနေစဉ်
 
 
ချစ်မေမေနဲ့ ချစ်ဖွားဖွားတို့က မွေးနေ့ရှင် သားသားလေးအား ဖယောင်းတိုင်မှုတ်ခိုင်းနေစဉ်

 

ဖယောင်းတိုင်မှုတ်အပြီး တွေ့ရစဉ်



 သားသားလေးရဲ့ မွေးနေ့ကိတ် မစားမှီမြင်ကွင်း

                  
ချစ်မေမေမှ သားလေးကိုယ်စား မွေးနေ့ကိတ်လှီးနေစဉ်                         
  

ချစ်မေမေမှ မွေးနေ့ကိတ်မုန့် ခွံ့အပြီး

 

မွေးနေ့ကိတ်ကို အားပါးတရစားနေတဲ့ သားသားလေး



ချစ်မေမေနဲ့ သားသားလေးတို့ရဲ့ပျော်ရွှင်မှုပုံရိပ်

ဆိုင်ကယ်စီးရတာ အရမ်းကြိုက်တဲ့ သားသားလေး

သားသားလေးနဲ့ အန်တီ  မမာလာဖြိုးတို့ အမှတ်တရ

သားသားလေးနဲ့ အန်တီ မ၀င်းဝင်းနွယ်တို့ အမှတ်တရ

သစ်သီးစားနေတဲ့ သားသားလေး



မွေးနေ့ပွဲ ရောက်လာသူတွေကို ကြာဇံချက်နဲ့ ဧည့်ခံကျွေးမွေး



သားသားလေးရဲ့ ချစ်ဖိုးဖိုးနဲ့ ချစ်ဖွားဖွား



သားသားလေးရဲ့ မွေးနေ့ပွဲရောက်လာကြသူများ




သားသားလေးရဲ့ ချစ်အန်တီ မဖြူဖြူထွေး



သားသားလေးရဲ့ အစ်မဖြစ်တဲ့ မမာလာဖြိုးနှင့် သူငယ်ချင်း




သားသားလေးရဲ့ ချစ်အန်တီ ဒေါ်သန်းနု






 မွေးနေ့ပွဲရောက်လာတဲ့ မသန်းသန်းအေး(ခ)ဖွေးဖွေး

 

13/08/2012

ထိုင်းဘုရင်မ သီရိခေတ်၏ (၈၀)နှစ်ပြည့် မွေးနေ့(သို့မဟုတ်)အမေနေ့


 ဘုရင်မကြီး သက်တော်ရာကျော် ရှည်ပါစေဟု ထိုင်းသံဃာတော်များမှ ဆုတောင်းပေးနေကြစဉ်(အောက်ပုံ)


ထိုင်းနိုင်ငံတွင် ၄င်းတို့၏ဘုရင် မွေးဖွားရာနေ့ကို(၀မ်ဖော့နေ့) အဖေနေ့အဖြစ်
သတ်မှတ်ပြီး ဘုရင်၏မိဖုရားဖြစ်သည့် ဘုရင်မရဲ့ မွေးနေ့ကိုတော့(၀မ်မဲ့နေ့)
အမေနေ့အဖြစ်သတ်မှတ်လျှက်တနိုင်ငံလုံး ရုံးပိတ်ရက်အဖြစ်ကြေငြာကာ
ထိုင်းနိုင်ငံအနှံ့အပြားဘုန်းတော်ကြီးကျောင်းများပါမကျန် စည်ကားသိုက်မြိုက်စွာ
ကျင်းပကြလေသည်၊ တဆက်တည်းဆိုသလိုပင် စာဖတ်သူများ သိရှိနိုင်ရန်အတွက်
ထိုင်းဘုရင်နှင့်ဘုရင်မ(မိဖုရား)တို့၏ဘ၀ဇာတ်ကြောင်းများကို အကျဉ်းချုပ်အနေဖြင့်
အောက်တွင် တင်ပြပေးသွားပါမည်။

ဘုရင်မကြီးအတွက် မွေးနေ့ဆုတောင်းပွဲကျင်းပရန် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ပြင်ဆင်ထားစဉ်
 ထိုင်းဘုရင်မ သီရိခေတ်၏ အချစ်တော်ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံတွင် ၁၇၈၂ ခုနစ်မှ စတင်၍စိုးစံလာသော ချက်ကရီမင်းဆက်အနွယ်တော်မှ ဆင်းသက်လာခဲ့သော နဝမမြောက် ရာမဘုရင် ဖြစ်သည်။ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ဆောင်းကုလားမင်းသား မဟီဒိုး (Prince Mahidol of Sonkhla) နှင့် မင်းသမီး ဆိုင်းဝန် မဟီဒိုး (Mon Sangwalya Mahidol) တို့၏ သားထွေးဖြစ်သည်။ ၁၉၂၇ ခု၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဗရစ်မြို့တွင် ဖွားမြင်ခဲ့သည်။ သူ၏ အစ်မတော်မှာ မင်းသမီး ဂါလာယာနီဗာဓာန (H.R.H. Princess Galayani Vadhana) နှင့် နောင်တော်မှာ အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒမဟီဒိုး (H.M.King Ananda Mahidol Rama VIII) တို့ ဖြစ်ကြသည်။ 

လက်ရှိထိုင်းဝန်ကြီးချုပ် ယင်လာပ်ရှင်နာဝပ်မှ ၀န်ကြီးချုပ်တာဝန်ယူခါနီး ဘုရင်ထံ သစ္စာခံယူနေစဉ်(အောက်ပုံ)
 
မင်းသားအား ဖွားသန့်စင်စဉ်က ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)၏ ခမည်းတော် ဆောင်းကုလား မင်းသားသည် အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်တက္ကသိုလ်၌ ပညာသင်ကြားလျှက်ရှိနေချိန်ဖြစ်သည်။ ထို့နောက် ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ လော့ဆိန်းမြို့တွင် ပညာသင်ကြားခဲ့သည်။ နောင်တော်ဘုရင် အနန္ဒမဟီဒိုး ရုတ်တရက်နတ်ရွာစံသောအခါ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် နောင်တော်၏ အရိုက်အရာကို ၁၉၄၆ ခု၊ ဇွန်လ ၉ ရက်နေ့တွင် ဆက်ခံတော်မူ၍ ယနေ့တိုင် ထိုင်းနိုင်ငံထီးနန်း၌ စိုးစံလျှက်ရှိသည်။ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် (၁၉၅၀ ပြည့်နစ်၊ ဧပြီလ ၂၈ ရက်နေ့တွင်) ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ်၏ သမီးတော်ဖြစ်သူ သီရိခေတ် (Mon Rajawongse Sirikit Kiktiyakara) မင်းသမီးနှင့် ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားခဲ့သည်။ သီရိခေတ်ကို ဆွစ်ဇာလန် နိုင်ငံတွင် ပညာသင်ကြားနေစဉ်ကပင် တွေ့မြင်ရင်းနှီးမေတ္တာမျှခဲ့ခြင်းဖြစ်သည်။ သီရီခေတ်သည် နုပျိုစဉ်အခါက ကမ္ဘာတစ်ခွင်တွင် အချောအလှဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည်။ စုလျှားရစ်ပတ်ပြီးနောက် ထိုနစ် မေလ ၅ ရက်နေ့၌ပင် ရာဇာဘိသေက အခမ်းအနားကို ကြီးကျယ်စွာဆင်ယင် ကျင်းပပြီး ဘိသိက်ခံခဲ့သည်။


 ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ရွှေနန်းပြာသာဒ်တွင် အငြိမ့်သား ဇိမ်ခံ၍ နေနိုင်သူဖြစ်သည်။ ပုံပြင်ဆန်သော နန်းပြသာဒ်များကို သူ ပိုင်ဆိုင်သည်။ သို့သော် ဘုရင်တစ်ပါးပင်ဖြစ်သော်ငြား ပြည်သူအကြားသို့ဝင်၍ ပြည့်သူ့ဝန်ကို ထမ်းရွက်နေသူဖြစ်သည်။ ဘုရင်ဘူမိဘောသည်ကား သက်ဦးဆံပိုင်ဘုရင်တစ်ပါးမဟုတ်ပေ၊ ထို့ပြင် [အင်နာခင်နှင့် ယိုးဒယား(ထိုင်း) ဘုရင်] ဝတ္ထုထဲကလို ဒေါသ မာန်မာနကြီးမား၍ အာဏာစက်ပြင်းလှသော သူ၏ ဘိုးတော်လို ဘုရင်ကြီးလည်းမဟုတ်ပေ။ ဘူမိဘောသည် ငယ်စဉ်ကတည်းက အရှက်အကြောက်ကြီးသူ ဖြစ်သည်။ စိတ်ကောင်း နှလုံးကောင်းရှိသည်၊ အမူအရာခက်ထန်မောက်ကြွားမှုကင်းသည်။ မည်သူ့ကိုမဆို ကူညီရိုင်းပင်းလိုသော လူမှူဝန်ထမ်းစိတ်ရှိ အပြည့်ရှိသည်။ ဤစိတ်ဓာတ်များကြောင့်ပင် သူသည် ရွှေအိမ်နန်း နှင့် ကြငှန်းစံသောဘဝမှနေ၍ မြေကြီးပေါ်သို့ဆင်းကာ ဗျိုက်တော်နှင့် ရွှံ့ညွန်အကြား ခြေစုံပင်ကွဲစေဦးတော့ တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့် အလုပ်မှန်သမျှ အားမာန်အပြည့်နှင့် တစိုက်မတ်မတ် အမျှင်မပြတ် သယ်ပိုးခဲ့သည်။ လယ်သမားများနှင့် အသိချင်းဖလှယ်ခဲ့သည်။ ဘူမိဘောတိုင်းခန်းလှည့်လည်ရာ၌ သူ့နောက်ပါးတွင် အစိုးရအရာရှိများနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများလည်းပါသည်။ အထူးကုဆရာဝန်များနှင့် သွားအထူးကု ဆရာဝန်များလည်းပါသည်။ 


လက်ရှိထိုင်းဝန်ကြီးချုပ် ယင်လာပ်ရှင်နာဝပ်မှ ၀န်ကြီးချုပ်တာဝန်ယူခါနီး၌ ကျမ်းသစ္စာ ကျိန်ဆိုနေစဉ် (အောက်ပုံ)
 
ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထန်းများက ဒေသခံဆေးရုံများနှင့် ပူးပေါင်း၍ အခမဲ့ ကုသပေးသည်။ ယနေ့ထိုင်းနိုင်ငံသည် အာရှတိုက်တွင် ထွန်းသစ်စ စက်မှူနိုင်ငံဘဝသို့ရောက်ရှိနေပြီဖြစ်သည်။ သို့ပင်ဖြစ်သော်ငြားလည်း လယ်ယာလုပ်ငန်းသည်သာ ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးကျောရိုးဖြစ်သည်ဟု ဘူမိဘောက လက်ခံထားသည်။ ကျေးလက်တောရွာများနှင့် တောင်ပေါ်ဒေသများ နယ်စပ်ဒေသများတွင် ဆင်းရဲမွေးတေမှူနှင့် လူမှူပြဿနာရှိနေသမျှ တိုင်းပြည် မတည်ငြိမ်နိုင်ကြောင်း ဘုရင်ဘူမိဘော ကောင်းကောင်း သိသည်။ ထို့ကြောင့်ပင်လျှင် သူ့လုပ်ဆောင်ချက်များကို ဘူမိဘောဘုရင်က (ကြိုတင်ကာကွယ်ရေးဆေးဝါး) ဟုတင်စားခဲ့သည်။" ပြည့်သူ့အတွက် ချက်ချင်းဆောင်ရွက်‘‘ ဆိုသည်မှာလည်း ဘုရင်ဘူမိဘော၏ လက်တွေ့  ကျင့်သုံးလျှက်ရှိသည့် ဆောင်ပုဒ်တစ်ခုဖြစ်သည်။ `ဤကဲသို့ ပြည်သူ့အကျိုးကို နေ့မအား ညမနား ဆောက်ရွက် ပေးလျက်ရှိသောကြောင့် ထိုင်းဘုရင်မင်းမြတ်သည် ထိုင်းနိုင်ငံ တိုင်းသူပြည်သားများ၏ စည်းလုံးညီညွတ်ရေး အထိန်းအမှတ်အဖြစ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ ယခုအခါ ဘုရင်ဘူမိဘော၏ နန်းသက်မှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်သည်။ ဘူမိဘောနန်းသက်တစ်လျှောက်၌ ကမောက်ကမ ဖြစ်မှူများ အတောမသတ်နိုင်အောင် ကြုံတွေ့ခဲ့ရသည်။ စစ်တပ်မှ အာဏာသိမ်းပိုက်မှူ ၁၉ ကြိမ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ပြင်ဆင်ရေးအဖွဲ့မှ ၁၀ ကြိမ်နှင့် အကြိမ်ပေါင်း မရေတွက်နိုင်သော ကက်ဘိနက်အစိုးရဝန်ကြီးအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှူများကို တွေ့ကြုံဖြတ်သန်း ခဲ့ရသည်။ ဘုရင်ဘူမိဘောသည် လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ခံထားရသော စည်းမျဉ်းခံဘုရင်တစ်ပါးဖြစ်သည်။ သို့ရာတွင် သူကား ပြည့်သူချစ်သော ဘုရင်တစ်ပါးဖြစ်သည်။ ပြည်သူကိုအလုပ်အကျွေးပြုသော မင်းတစ်ပါးသာ ဖြစ်သည်။ သူ၏ကိုယ်ရေကိုယ်သွေး စွမ်းပကားကား ကြီးမားလှသည်။ သူ၏တည်ဆောက်ရေး လုပ်ငန်းများသည် ထိရောက်အောင်မြင်သော လုပ်ဆောင်မှူများဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်ကလည်း အစိုးရတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ သာ ဖြုတ်ချခဲ့သည်၊ ဘုရင်ဘူုမိဘောကိုမူ သစ္စာရှိကြသည်။ အာဏာရယူရေးကိစ္စများတွင် ဘုရင်ဘူမိဘောသည် မည့်သူ့ဖက်မျှမပါဝင်ပဲ သိက္ခာသမာဓိနှင့်နေခဲ့သည်။ ကျောသားရင်သား မခွဲခြားပဲ တရားနည်းလမ်းကျစွာ အဆုံး အဖြတ်ပေးသည်။ ဘူမိဘောသည် ထိုင်းဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏နိုင်ငံတွင် ဒီမိုကရေဆီအပြည့်အဝ ပေါ်ထွန်း ရေးကို ဦးတည်သော လုပ်ဆောင်ချက်များကိုသာ လိုလားနှစ်သက်သူဖြစ်သည်။ ထိုင်း ဘုရင်ဘူမိဘော၏ ပုဂ္ဂိုလ်ရေး အာဏာသည် သူ၏ နန်းသက်တစ်လျှောက်တွင် ကြာလေခိုင်မြဲလေ ဖြစ်သည်။ 

 ယခုအချိန်ထိ ထိုင်းနိုင်ငံကို အုပ်ချုပ်စိုးစံလျှက်ရှိသော ထိုင်းဘုရင်မင်းမြတ် ဘူမိဘော(အောက်ပုံ)

ထိုင်းနိုင်ငံသမိုင်းတွင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် နန်းသက်အရှည်ကြာဆုံး မင်းတစ်ပါးအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့လေပြီ။ ဘုရင်ဘူမိဘောသည် "မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို" နောင်တော် အနန္ဒမဟီဒိုးမှာ သူ၏ အိပ်ခန်းဆောင်၌ သေနတ်ဒါဏ်ရာဖြင့် ထူးဆန်းစွာလုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီးနောက် နောင်တော်၏ ထီးနန်းအရိုက်အရာကို ညီတော်ဖြစ်သော ဘူမိဘောက ၁၉၄၆ ခုတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ရသည်။ နောင်တော်နတ်ရွာစံစဉ်က ဘုရင်ဘူမိဘောမှာ ၁၈ နစ်သာရှိသေးကာ ဆွစ်ဇာလန်နိုင်ငံ၌ ပညာသင်ကြားနေချိန်ဖြစ်သည်။ ဘူမိဘောသည် ဘုရင်ဖြစ်လာပြီးနောက် နဝမမြောက်ရာမဘုရင် ဘွဲ့ကိုသာမက မဟာရာဇာ ဘွဲ့ကိုပါ ပြည်သူ၏ ဆန္ဒနှင့်အညီခံယူခဲ့သည်။ ဘူမိဘောသည် ၁၇၈၂ ခုနစ်ကပင် စတင်ခဲ့သော ချက်ကရီမင်းဆက် အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ 

စတိတ်စင်မြင့်ပေါ်၌ စိုက်ထူးထားသော ဘုရင်မရုပ်ပုံ ပိုစတာကြီးအား တွေ့ရစဉ်
ဘူမိဘော၏ ဘိုးတော်မှာ မောင်းကွတ်ဘုရင်ဖြစ်သည်။ ထိုဘုရင်ကြီး အကြောင်းကို မှီငြမ်းရေးဖွဲ့ထားသော ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ် ပေါ်ထွက်ခဲ့ဖူးသည်၊ အင်နာခင် နှင့် ယိုဒယား (ထိုင်း) ဘုရင် (Anna and the King Siam) ဖြစ်သည်။ ထိုဝတ္ထုကို နောင်အချိန်တွင် ကမ္ဘာကျော် ခေါင်းတုံးမင်းသား ယူလ်ဘရိုင်နား နှင့် ရုပ်ရှင်ပြန်ရိုက်သောအခါ ဘုရင် နှင့် ကျွန်ုပ် (The King and I) အဖြစ် ကျော်ကြားခဲ့လေ၏။ ထီးနန်းကို ဆက်ခံပြီးနောက် နှစ်လကြာသောအခါ ဆွစ်ဇာန်နိုင်ငံ သို့ ပြန်သွားကာ လော့ဆန်းတက္ကသိုလ် တွင် သိပ္ပံ၊ ဥပဒေ ပညာ နှင့် နိုင်ငံရေးပညာရပ်များကို ဆက်လက်သင်ယူခဲ့လေသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ဘွဲ့ရပြီးနောက် ၁၉၅၁ ခုနစ်တွင် ထိုင်းနိုင်ငံသို့ပြည်တော်ပြန်ခဲ့သည်။ ထိုအချိန်မှအစပြု၍ ထိုင်းဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ထိုင်းနိုင်ငံထီးနန်း၌ သက်တမ်းအကြားဆုံး ချက်ကရီမင်းဆက် နဝမမြောက် ရာမဘုရင်အဖြစ်ဖြင့် ယနေ့တိုင် ဆက်လက်စိုးစံအုပ်ချုပ်လာခဲ့သည်မှာ သက်တော် ၈၄ နှစ် မွေးနေ့သို့ တိုင်ခဲ့လေပြီးဖြစ်သည်။ ထိုထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)၏ ကြင်ယာတော်မိဖုရား သီရိခေတ်သည်လည်း .ယခု၂၀၁၂-ခုနှစ် သြဂုတ်လ(၁၂)ရက်နေ့တွင် သက်တော်(၈၀)နှစ်ပြည့်မြောက်လာခဲ့ပြီဖြစ်လို့ ထိုင်းနိုင်ငံ နေရာအနှံ့အပြားတွင် ဘုရင်မ၏ မွေးနေ့ပွဲအထိမ်းမှတ်အဖြစ် ညအခါ၌ ဗျောက်အိုးသံများနှင့်အတူ မီးရှူးမီးပန်းအလှများကို မိုးကောင်းကင်ယံထက်သို့ ပစ်လွှတ်ကြရင်း မွေးနေ့ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေကြတာကို
ကြည့်ရှုကာ ကြည်နူးမဆုံး ၀မ်းသာမဆုံး ဖြစ်မိပါတော့သတည်း။

LONG  LIVE THE QUEEN.
(ဘုရင်မကြီးသက်တော်ရာကျော် ရှည်ပါစေ)


04/08/2012

ထိုင်းနိုင်ငံ၊လန်းပန်းမြို့၌ အသံမစဲ အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပပြီးစီး



ဆွမ်းဘုန်းမပေးမှီ ပစ္စဝေက္ခဏာဆင်ခြင်တော်မူကြစဉ်
ဆွမ်းဘုန်းပေးရာသို့ လာရောက်ကြည်ညိုကြသည့် ထိုင်းယောဂီမကြီးနှင့်လူအမျိုးသမီးများ

အဘိဓမ္မာပိတ်ပွဲအခန်းနားသို့ တက်ရောက်ရန် ကြွချီတော်မူကြစဉ်
အဘိဓမ္မာပိတ်ပွဲအခန်းနားသို့ တက်ရောက်ရန် ကြွချီတော်မူကြစဉ်
အဘိဓမ္မာဘာဏက သံဃာတော်များအား လှူဘွယ်ပစ္စည်းများဆက်ကပ်နေစဉ်
အလှည့်ကျ ဘာဏကအရှင်သူမြတ်မှ အဘိဓမ္မာကျမ်းရွတ်ဖတ်ပူဇော်နေစဉ်
အဘိဓမ္မာ ပိတ်ပွဲအခမ်းနားသို့ ကြွရောက်မူလာကြသည့် ဘာဏကသံဃာတော်များ
အဘိဓမ္မာ ပိတ်ပွဲအခမ်းနားသို့ ကြွရောက်မူလာကြသည့် ဘာဏကသံဃာတော်များ
အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲအတွက် အဓိကတာဝန်ယူလှူဒါန်းသည့် ထိုင်းသီလရှင်ကြီး
ပိတ်ပွဲအခမ်းနားသို့ လာရောက်ကြသည့် ထိုင်းဒကာ ဒကာမများ
ပိတ်ပွဲအခမ်းနားသို့ လာရောက်ကြသည့် ထိုင်းယောဂီများနှင့်ဒကာ ဒကာမများ
အဘိဓမ္မာဘာဏက အလှည့်ကျသံဃာစာရင်းအား ၀ှိုက်ဘုတ်ဖြင့်ပြသထားစဉ်
ပိတ်ပွဲအခမ်းနားလာရောက်ကြသည့် ထိုင်းရှင်သာမဏေလေးများ
အဘိဓမ္မာရွတ်ဖတ်ပူဇော်ပွဲကျင်းပရာ ကျောင်းအ၀င်ဝအားတွေ့ရစဉ်
ကျောင်းဝင်း ရှေ့တည့်တည့်ရှိ အာဇာနည်အမျိုးသမီးရုပ်
ယောဂီများ တရားအားထုတ်ရာ ရွက်ဖျဉ်တဲလေးများ
မြန်မာသံဃာတော်များမှ မြန်မာ့ပန်းပုလက်ရာ စကျင်ရုပ်ပွားတော်မြတ်အား အနေကဇာတင်တော်မူကြစဉ်
ကျောင်းတိုက်တာအတွင်း အကြည်ညိုတိုးပွားစေရန် ထိုင်းလက်ရာ ကွန်ကရစ်ရုပ်ဆင်းတုတော်မြတ်ပြုလုပ်နေကြစဉ်

22/07/2012

အသိမကြွယ်တဲ့ မိစံပယ်(သို့မဟုတ်)မမွှေးသော စံပယ်ပန်းတစ်ပွင့်အကြောင်း


ငါ့ဘ၀ တစ်သက်တာကာလ
 ငါ မရေးချင်ဆုံး ကဗျာတစ်ပုဒ်                  
ငါရေးထုတ်ပြရတော့မှာမို့
လွန်တာရှိရင် ၀န္ဒာမိဟု ကြိုပြောပါရစေ..
ထင်တိုင်းဖြစ်နေတဲ့ အွန်လိုင်းခေတ်ကြီးထဲမှာ           
ငါလည်း အများနည်းတူ စီးမျှောကြည့်မိပါသည်
တော်လို့ တတ်လို့ရယ်တော့ မဟုတ်ပါ..
ရေဆာပြေ ဖရဲသီးစိပ် စားတဲ့သဘောပါဘဲ..
ပိုက်ဆံပေးစရာမလိုတဲ့ ဘလော့တွေဖွင့်
မိမိကိုယ်ကိုမိမိ ငါဟဲ့ (Blogger)ဘလော့ဂါဆိုပီး
ဘယ်သူမှမသိတဲ့  အွန်လှိုင်းလေဟာနယ်ထဲမှာ
ပိုက်ဆံပေးစရာမလိုတဲ့ မာနတရားတွေနဲ့
ထောင်လွှားနေလိုက်တာ အတော်တောင်ကြာခဲ့ပါပြီ..
သူ့ဘလော့ကို ကိုယ်ကသွားလည်
ကိုယ့်ဘလော့ကို သူက ပြန်လာလည်ရင်းနဲ့
လေလှိုင်းပေါ်မှာ အချင်းချင်းမြှောက်ပင့်ပီး
ပီတီလေးတွေ ဝေဖြာရတာဟာလည်း ဓမ္မတာမို့
အပြစ်တစ်ခုလို့ရယ်တော့ ရိုးမယ်မဖွဲ့တော့ပါဘူးလေ..
ဒါပေမဲ့..
ဆေးစက်ကျရာ အရုပ်ထင်တယ်လို့
တလွဲဆန်အယူအဆတွေနဲ့
အသည်းအသန် အပူဆွနေတဲ့
အသိမကြွယ်တဲ့ မိစံပယ်ဆိုတဲ့
ဥမ္မတ္တကီ ယောင်ချာချာဘလော့ဂါတစ်ယောက်ကို
အကျွန်ုပ်အမှတ်မထင် ကြုံတွေ့မိပါသည်..
ကဗျာအရေးအသား မဆိုးလှဟု
ကောက်ချက်ချ မှတ်ထင်လျှက်
မရှိမဲ့ ရှိမဲ့မာနတရားလေးတွေ ခ၀ါချပီး
သားစိုး ရောသလို သွားရောကြည့်မိရာမှာတော့
မြေပေါ်ထောင်မတ် မြင့်တက်နေတဲ့
ခြတောင်ဗို့်တစ်ခုကို
ဘုရားအမှတ်နဲ့ ရှိခိုးကိုးကွယ်ရင်းကနေ
ဖွတ်ထွက်လာမှ တောင်ဗို့မှန်းသိခဲ့ရတဲ့ ငါ့ဘဝ
ပြန်တွေးကြည့်ရင် အော်ဂလီဆန်ဖွယ်ပင် ကောင်းလေစွ..

အသိမကြွယ်တဲ့ မိစံပယ်ရေ..
ခင်ဗျား သေချာနားလည်ထားရမှာက
ဆေးစက်ကျတိုင်း အရုပ်မထင်နိုင်သလို
လက်ကရေးချတိုင်းလည်း ကဗျာတစ်ပုဒ်မဖြစ်လာနိုင်ပါဘူး.
ကဗျာအရေးကောင်းတဲ့ ကဗျာက၀ိတစ်ဆူဖြစ်ဘို့ဆိုရင်
အမှောင်ထဲကနေ လက်သီးဆုပ်ပြတာတွေ
တစ်ပါးသူတွေအတွက် အမှားတစ်ဆူဖြစ်မဲ့ဟာတွေ
ကလောင်လက်နဲ့ မရောင်ရာ ဆီလူးနေတာတွေ
ရေခဲစိမ်ပီးသား အလွမ်း အဆွေဟောင်းတွေအတွက်
အဖန်အဖန်အထပ်ထပ် ပြန်လည်တူးဖော်နေတာတွေ
အတဲ့လူတွေ ချစ်တဲ့  အချစ်ဆိုတဲ့ ဓာတ်ပြားဟောင်းကြီးတွေကို
မြောင်းထဲ ထားခဲ့ဘို့တော့ လိုလိမ့်နော်..

တစ်ညတာ ဝေးကွာခဲ့ရလို့ နှစ်ပေါင်းခုနှစ်ရာ အဆွေးဖြာခဲ့ရတဲ့
 ကိန္နရီကိန္နရာဇနီးမောင်နှံတို့လို
အလှမ်းဝေးမှုကြောင့် ဖြစ်ပေါ်လာတဲ့
အလွမ်းအဆွေးတွေကို (Alarm)အလန်းပေးလို့ မရနိုင်တာမို့
လမ်းဘေးမှာ ချန်ထားခဲ့တာပဲ ကောင်းပါတယ် မိစံပယ်..
.တစ်ခါလာလည်း မဲပြာပုဆိုး ဆိုသလို
မိစံပယ်ကလည်း......
တစ်ခါလာလည်း အလွမ်းရေတွေချိုး
 တစ်ခါလာလည်း အလွမ်းရေတွေချိုးနဲ့
ဘယ်တော့များ ဒီအလွမ်းဇာတ်တွေကို အဆုံးသတနိုင်တော့မှာလဲကွယ်..
လူတိုင်းချစ်ခွင့်ရှိသည်.......
လူတိုင်း လွမ်းဆွေးခွင့်ရှိသည်...........

သို့သော်....
တစ်ခါလာလည်း အချစ်
တစ်ခါလာလည်း အဆွေး
တစ်ခါလာလည်းအလွမ်းဆိုရင်တော့
မင်းရင်ထဲက ထွက်လာတဲ့စကားလုံးတွေက
ခွေးအံဖတ်လောက်တောင် အသုံးကျမယ်မထင်ဘူး..
မိစံပယ်တစ်ယောက်  နားလည်ထားရမှာက..
ငါရေးသောစာ ငါ့ကဗျာသည်
ဖတ်သောသူအတွက် အားဆေးတစ်ခွက်မဖြစ်ခဲ့လင့်ကစား
တရားဝေးတဲ့ အမှားဆေးတစ်ခွက်တော့ မဖြစ်စေလိုပါ..
ကဗျာအားကိုးနဲ့ သူတစ်ပါးကို ဒေါသ အာဃာတတွေ ပွားနေမယ့်အစား
လောကလူသားတွေအတွက် မေတ္တာတရားလေးများပွားနေရင်
ဘ၀ဟာပိုပြီး အဓိပ္ပါယ်ရှိလိမ့်မယ်ထင်ပါတယ်..

ငါတို့ မြတ်ဗုဒ္ဓရဲ့ မိန့်မှာစကား
မင်းမကြားမိလေသရော့လား မိစံပယ် ..
အက္ကောဓေန ဇိနေ ကောဓံ(အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အနိုင်ယူပါ)
အသာဓုံ သာဓုနာ ဇိနေ (မသူတော်တရားကို သူတော်ကောင်းတရားဖြင့် အနိုင်ယူပါ)
ဇိနေ ကဒရိယံ ဒါနေန  (ကပ်စေးနှဲ နှမြော ၀န်တိုတတ်သူကို စွန့်ကြဲပေးကမ်းခြင်းဖြင့် အနိုင်ယူပါ)
သစ္စေနာလိက ၀ါဒိနံ (မုသားစကား ပြောကြားသူကို မှန်မှန်ကန်ကန် ပြောဆိုဖြင့်ဖြင့် အနိုင်ယူပါ)..
ဒါတွေကို သေသေချာချာ လေးလေးနက်နက် စဉ်းစားပီးရင်
မင်း အမှန်တွေ မြင်လာမှာပါ..မိစံပယ်ရေ..
ဒီမှာ မိစံပယ်..
စံပယ်ဆိုတဲ့ နာမည်နဲ့လိုက်ဖက်အောင်
လောကလူသားတွေအတွက်
ချိုမြိန်တဲ့ အမွှေးဓာတ်တွေ သင်းပျံ့ပေးလိုက်စမ်းပါ..









21/06/2012

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ


 စော်ကားကာပို မနာလိုသည့်

 ကိုယ့်ကိုမုန်းသူ အခြားသူကို                                            

  ရန်မူမည့်ဟန် မတုံ့ပြန်နှင့်                                                             

သူ့ကံအရိုင်း သူ့သမိုင်းတည်း။              

မရိုင်းစေရန် မိမိကံကို

 ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

 သမိုင်းကြောင်းကောင်းအောင်  ဆောင်ရွက်ပါ။

 
(မှတ်ချက်) န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာတတံ၊
အတၱေနာ၀ အ၀ေကၡယ်၊ ကတာနိ အကတာနိစ။ဟူသော ဘုရားဟော
ဓမ္မပဒဂါထာကို မှီငြမ်းရေးဖွဲ့ သီကုံးပါသည်။

12/06/2012

ဗန်းမော်ဆရာတော်ဘုရားကြီး၏ မှတ်လောက်ဖွယ်ရာ ဆုံးမစာ

တရားကို တေးလိုဆို၊                                  

ဖကို သားကဆဲ၊
 

ဆွေမျိုးထဲက ဓားပြတိုက်၊
 

မိုက်ရဲလျှင် သောတပန်၊
 

မကောင်းကြံက သမာဓိ၊                                 
 

ရွှေရှိမှ လူလိမ္မာ၊
 

လိမ်နိုင်မှ သစ္စာရှင်၊
 

ရိုးသားသူကို အရူးလို့ထင်၊
 

အင်္ကျီပါးနှင့် ဥပုသ်သည်၊
 

ဇရပ်အလည် ကို့ယိုးကားယား၊
 

လူဆင်းရဲက သူဌေးယောင်ဆောင်၊
 

အ၀တ်ပြောင်မှ လူရိုသေ၊
 

ရွှေရှိဘုရားမှ ရှိခိုးချင်၊
 

ဇာတ်သမားမှ လူခေါ်ချင်၊
 

အပျိုငယ်က လင်နေစော၊
 

အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
 

လင်ရှိမယားက အပျိုလုပ်၊
 

ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
 

ဖိုးသူတော်က ဘိုစတောက်ချ၊
 

အပျိုပေါက်စက နှစ်လင်ယူ၊
 

လူရင်းနှီးတော့ အတိုးချ၊
 

ခိုးဓားပြက လူလို့အော်၊
 

ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
 

မယ်သီလက အနုဆေးဖေါ်၊
 

မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
 

အမှန်ပြောတော့ အမုန်းပွား၊
 

ဥပုသ်စောင့်ရင်း အတင်းပြော၊
 

ခေတ်ကြီးကိုတော့ အပြစ်ဆို၊
 

ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
 

အလှူပေးရင်း ထမင်းရောင်း၊
 

မသာပို့ရင်း အပျိုလှည့်၊
 

သူတော်ကောင်းတို့ တရားပျက်ကြပြီ။

                                      (
ဗန်းမော်ဆရာတော်)

06/06/2012

ချဲ(လ်)ဆီးနဲ့ကျွန်တော်


 ချဲ(လ်)ဆီး ဆိုတာ ကံကောင်း တတ်လှတဲ့ အသင်းတော့ မဟုတ်ဘူး ဆိုတာ ...

ဟိုးရှေးကာလ ... ဗီယာရီ တို့  လက်ထက် ကတည်းက သိပြီးသားပါပဲ ...

ချဲ(လ်)ဆီး ဆိုတာ ဖလားတွေ အများကြီးကို ပိုင်ဆိုင်ဖူးတဲ့ အသင်းကြီး ...

မဟုတ်မှန်းလဲ ... အစကတည်းက သိခဲ့ပြီးသား ပါပဲ ...

ချဲ(လ်)ဆီး ဆိုတာ သမိုင်းမှာ အောင်မြင်မှုတွေ ရေးထိုးနိုင်အောင် ...

ကြိုးစားနေဆဲ ... အသင်းတစ်ခု ဆိုတာလဲ သိပြီးသားပါပဲ..

ဒါပေမယ့် ….အပြာရောင်တွေကို ချစ်တယ်
 
.. .. .. အားမာန်တွေကို အားကျတယ်

.. .. .. ကြိုးစားမှုတွေကို လေးစားတယ်

.. .. .. ၀ီရိယတွေကို တန်ဖိုးထားတယ်

အောင်မြင်မှုတွေအတွက် ပါကင်ထုတ်ပြီးသား မလိုချင်ဘူး ...




ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ထက်

ပွင့်ဖူးလာဖို့  ကြိုးစားနေတဲ့ ပန်းကလေးကို

ပိုပြီး မြတ်နိုးမိတယ်..

ပိုင်ဆိုင်မှုထက် ပိုင်ဆိုင်ခွင့်ရဖို့ 

ကြိုးစား နေရတာကို ပိုကျေနပ်မိတယ်..

 ဒါတွေဟာ ချဲ(လ်)ဆီး ရဲ့ စိတ်ဓါတ် တွေလား..

ချဲ(လ်)ဆီး ဟာ ကျွန်တော့်ရဲ့  အားမာန်တွေလား.

ဒါဆိုရင်


ချဲ(လ်)ဆီး ဟာ ကျွန်တော်

ကျွန်တော် ဟာ ... ချဲ(လ်)ဆီး ပဲပေါ့ ဗျာ ...


                                                      ဆန်းသစ်အောင်

(မှတ်ချက်)2012.ဥရောပချန်ပီယံလိတ်ဖလား၊အင်္ဂလန် FA ဖလားရ ချဲ(လ်)ဆီးအသင်းအား
ဂုဏ်ပြုသောအားဖြင့် ခံစားရေးဖွဲ့ပါသည်။