27/07/2010

ဘန်ကောက်တွင် မြန်မာမိန်းခလေးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပီးသေဆုံး

မချိုနွယ်ထွန်း၏ ရုပ်အလောင်းအား မီးသဂြိုလ်စက်သို့ သယ်ဆောင်နေကြစဉ်

မချိုနွယ်ထွန်းအားသူမ၏အလုပ်ရှင်သူဌေးမက နောက်ဆုံးနှုတ်ဆက်နေစဉ်

ကွယ်လွန်သူ၏ ရုပ်အလောင်အား အနီးကပ်မြင်တွေ့ရစဉ်
အသုဘဈာပနပွဲသို့ ရောက်ရှိလာကြသော ကွယ်လွန်သူ၏ သူငယ်ချင်းများ
အလုပ်ရှင်သူဌေးမ၏ ကွယ်လွန်သူ အတွက် ၀မ်းနည်းမှုပုံရိပ်
ကွယ်လွန်သူအတွက် ၀မ်းနည်းနေကြသည့် ကျန်ရစ်သူ သူငယ်ချင်းများ


ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊သူဌေးတစ်ဦးအိမ်တွင် အိမ်ဖော်အဖြစ် အလုပ်လုပ်နေသူ မချိုနွယ်ထွန်း
အသက်(၂၂)နှစ်သည် ဇူလိုင်လ(၂၅)ရက်နေ့တွင် ကားတိုက်ခံရပီး ရုတ်တရက်သေဆုံးသွားသဖြင့်
ဇူလိုင်လ(၂၆)ရက်နေ့ ညနေ ၄နာရီခန့်အချိန်တွင် မြန်မာရဟန်းတော်များသီတင်းသုံရာ ၀ပ်တလုံး
ကျောင်းတိုက်တွင်အတွင်း၌ ကွယ်လွန်သူ၏ ရုပ်အလောင်းအား မီးသဂြိုလ်ခဲ့ကြောင်းသိရသည်။
ဖြစ်ပုံမှာ မချိုနွယ်ထွန်းသည် သူဌေးအိမ်တွင် အလုပ်လုပ်နေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကာ ယခု
ကဲသို့ အပြင်သို့မထွက်ဘူးကြောင်းသိရှိရပြီး (၂၅)ရက်နေ့တွင်ကား သူမသည် ထိုင်းဘုန်းကြီးကျောင်း
၌ မြန်မာမိသားစုဝင်များ စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲမှာ နိုင်ငံကျော် ဓမ္မကထိကဆရာတော် ဦးသုမင်္ဂလ
(ဒယ်အိုးဆရာတော်)တရားဟောကြားမည်ဟု ကြားသိရသဖြင့် ၀ါဆိုသင်္ကန်းလာကပ်ရင်း တရားနာဘို့
အိမ်မှထွက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပီး သင်္ကန်းကပ်တရားနာပြီးအပြန်တွင် ဘတ်စကားတိုက်ခံရပီး
ပွဲချင်းပီး သေဆုံးသွားခဲ့ပါသည်။

23/06/2010

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်မှုအတွက် ၀မ်းမြောက်လွှာနှင့် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာနေ အဘ-ဦးကြည်စိုး၏ သမီး မသန်းသန်းစိုးနှင့်

အဘ-ဦးအောင်မောင်း၏သမီး မစုမြတ်မွန်တို့သည် ပညာသင်နှစ်-၂၀၀၉/၂၀၁၀ခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ

အောင်မြင်ကြကြောင်း အွန်လိုင်းမှတဆင့်ကြားသိရပါသဖြင့် ရပ်ရွာအတွက် ဂုဏ်ယူမိပါကြောင်း ပြည်ပရောက်

ပုဂ္ဂိုလ်များ၏ ကိုယ်စား မှတ်တမ်းတင် အပ်ပါသည်။

၎င်းစာမေးပွဲအောင်မြင်သူ မသန်းသန်းစိုးနှင့် မစုမြတ်မွန်တို့သည် နံ့သာကုန်းကျေးရွာ ကမ္ဘာ့ရန်ကင်း

ကျောင်းတိုက်တာအတွင်း၌ ဖွင့်လှစ်သော နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းတက်ခဲ့ကြစဉ်

ကလည်းအဆင့်အသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ ဖြစ်ခဲ့ကြသလို ယမန်နှစ်တက္ကသိုလ်ဝင်ခွင့်

စာမေးပွဲတွင်လည်း တစ်နှစ်တည်းဖြင့်ပင် ထူးခြားစွာ အောင်မြင်ခဲ့ကြသူများ ဖြစ်ပါသည်။


ယခုနှစ်တွင်လည်း နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ

တက်ရောက်မည့် အဖ-ဦးသိန်းလှိုင်၏သမီး သင်တန်းသူ မထက်ထက်စိုးအား ပညာသင်ထောက်ပံ့ကြေးအဖြစ်

တစ်သိန်းကျပ်တိတိကို သင်တန်းပြဆရာတော်များ၏ ကိုယ်စား ဆရာတော် ဦးသုဇနမှ ပေးအပ်ခဲ့ကြောင်း

သတင်းရရှိပါသည်။ို


17/06/2010

နွေရာသီယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းဆုနှင်းသဘင်အခမ်းနားမှတ်တမ်းဓာတ်ပုံများ

သင်တန်းနည်းပြဆရာတော်များအားတွေ့ရစဉ်
သင်တန်းသူ/သားများ
သင်တန်းအောင်လက်မှတ်ပေးအပ်နေစဉ်
သင်တန်းအောင်လက်မှတ်ပေးအပ်နေစဉ်
သင်တန်းအောင်လက်မှတ်ပေးအပ်နေစဉ်
သင်တန်းအောင်လက်မှတ်ပေးအပ်နေစဉ်
သင်တန်းသူ/သားများအားဆုပေးပွဲအပြီးသင်တန်းပြဆရာတော်များနှင့်အတူအမှတ်တရ
အဆင့်အသီးသီးမှ ပထမဆုရှင်များးဖြစ်ကြသည့်မနှင်းအိထွေး၊မဝေေ၀လွင်၊မဝေေ၀ခိုင်(၀ဲမှယာ)
သင်တန်းသူ/သားများအားဆုပေးပွဲအပြီးသင်တန်းပြဆရာတော်များနှင့်အတူအမှတ်တရ
သင်တန်းနည်းပြဆရာတော်များနှင့် အကျိုးတော်ဆောင်ပုဂ္ဂိုလ်များ အမှတ်တရ
သင်တန်းအောင်ပွဲအထိမ်းမှတ်အဖြစ် ကျင်းပမည့် ဓမ္မသဘင်စင်မြင့်အား တွေ့ရစဉ်
ဓမ္မကထိကဆရာတော်အရှင်အစ္ဆရိယမှ ယဉ်ကျေးလိမ္မာ တရားတော်များ ဟောကြားနေစဉ်
ဓမ္မကထိကဆရာတော်အရှင်ရာဇိန္ဒ(မောင်မင်းစိုး-ရွှေနံ့သာ)မှ ယဉ်ကျေးလိမ္မာ တရားတော်များ ဟောကြားနေစဉ်
ရောက်ရှိလာကြသည့် ရပ်ဝေးရပ်နီးမှ တရားနာပရိသတ်များ
တရားနာယူနေကြသည့် သင်တန်းသူ/သားများ
တရားနာယူနေကြသည့် သင်တန်းသူ/သားများ

(ကျေးဇူးတင်လွှာ)မှတ်တမ်းဓာပုံများ ပို့ပေးသော မောင်မင်းစိုး(ရွှေနံ့သာ)အား အထူးပင်
ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဆန်းသစ်အောင်

16/05/2010

လောကပြတင်းရွှေနံ့သာစာကြည့်တိုက်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

စာကြည့်တိုက်မှူးများဖြစ်ကြသည့်အရှင်ရာဇိန္ဒ(မောင်မင်းစိုး-ရွှေနံ့သာ)ဦးခင်ဆောင်၊ကိုညီညီ
စာကြည့်တိုက်ဖွင့်ပွဲမစတင်မှီအမှတ်တရ


စာကြည့်တိုက်ဖွင့်ပွဲအထိမ်းမှတ် စာပေဟောပြောပွဲ စင်မြင့်အားတွေ့ရစဉ်

စာကြည့်တိုက်ဖွင့်လှစ်ရန်အတွက် ဖဲကြိုးဖြတ်ဘို့ရန် ပြင်ဆင်နေကြစဉ်
ရပ်ရွာစာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီဝင်ဆရာတော်များအားဖွင့်ပွဲပြီးနောက်အမှတ်တရ
ကောက်နွယ်ကနောင်၊မောင်မောင်ဦး(သံလျှင်)တို့နှင့်အတူအကျိုးတော်ဆောင်များအမှတ်တရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊ နံ့သာကုန်းကျေးရွာ
လောကပြတင်း ရွှေနံ့သာ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းနားကို ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊
ကဆုန်လပြည့်နေ့က ကျင်းပခဲ့ရာ ကောက်နွယ်ကနောင်၊ မောင်မောင်ဦး(သံလျှင်)နှင့် မောင်မင်းစိုး(ရွှေနံ့သာ)တို့က စာပေများဟောပြောခဲ့ကြပြီး ရပ်ဝေးရပ်နီးမှ စာပေ၀ါသနာ
ရှင်များစွာ တက်ရောက်ခဲ့ကြကြောင်း အွန်လိုင်းမှတဆင့် သတင်းရရှိသည်။

02/05/2010

မောင်မင်စိုး(ရွှေနံ့သာ)ှရဲ့နွေရာသီပညာဒါနခရီးစဉ်/ သို့မဟုတ်/ တန်ဖိုးရှိတဲ့အညာနွေခရီး






ဒီနွေရာသီအချိန်ကာလမှာတော့ မောင်မင်းစိုးတစ်ယောက် နွေရာသီယဉ်ကျေးလိမ္မာ
ဗုဒ္ဓဘာသာသင်တန်းနှင့်အင်္ဂလိပ်ဘာသာစကားသင်တန်းတွေ ပို့ချလျှက်ရှိနေပါတယ်၊
သူတတ်ထားတဲ့
့ပညာတွေကိုအလကားမထားဘဲ တန်ဖိုးရှိစွာ အသုံးချသောအားဖြင့်
ကျေးလက်တောရွာက ကလေးတွေကို သင်ကြားပြသနေလို့ သူ့အတွက်တော့
ဒီနှစ်အညာနွေဟာ တန်ဖိုးရှိသော နွေရာသီလို့ပဲ ဆိုကြပါစို့၊ များသောအားဖြင့် လူအများစုဟာမိမိတတ်ထားတဲ့ပညာရပ်တွေကို ကျေးလက်တောရွာတွေအတွက် ဝေမျှမပေးချင်ကြတာကများတယ်လေ၊ လူစည်ကားတဲ့ ရန်ကုန်လို မြို့ပြတွေမှာပဲ
ဲ ၀င်ငွေကောင်း
ကောင်းနဲ့ အသုံးချချင်တာက များပေမယ့် ယခု မောင်မင်းစိုးကတော့ 
အားလပ်တဲ့ နွေရာသီတွေမှာ ကျေးလက်တောရွာက ကလေးသူငယ်တွေကို
အခကြေးငွေ (သင်တန်းကြေးငွေ)မယူပဲ
ပညာဒါနအနေနဲ့ အခမဲ့ သင်ကြားပေးနေ
တဲ့အတွက် အရမ်းဂုဏ်ယူမိပါကြောင်းပြောကြားရင်း
ပြည်ပကနေ ဂုဏ်ပြုမှတ်တမ်းတင်
လိုက်ရပေသည်။


ဆန်းသစ်အောင်

14/04/2010

ထိုင်းနိုင်ငံရောက်မြန်မာမိသားစုများရဲ့ စုပေါင်းဆင်နွဲ အတာသကြန်ပွဲ






















ယနေ့(မဟာသင်္ကြန်အကျနေ့)့ညနေပိုင်း၃နာရီအချိန်လောက်မှစတင်ပြီးထိုင်းနိုင်ငံ၊ဘန်ကောက်မြို့
၊စက်ရုံအချို့မှမြန်မာလုပ်သားမိသားစုများစုပေါင်းပြီး မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကပွဲကို မြန်မာရဟန်းတော်အများစုသီတင်းသုံးနေထိုင်ရာ ၀ပ်တလုံးကျောင်းတိုက်တာအတွင်းမှာ ဆရာတော်ဘုရားကြီး(လွန်ဖော့)၏ခွင့်ပြုချက်ဖြင့် စည်းကားသိုက်မြိုက်စွာ ဆင်နွဲကျင်းပခဲ့ကြတယ်လို့
သိရပြီးအတာသင်္ကြန်ဖျော်ဖြေပွဲမစင်မှီအချိန်မှာတော့ ၄င်းကျောင်းတိုက်တာ အတွင်းရှိ သံဃာတော်များ
အားနေ့ဆွမ်းများဆက်ကပ်ခြင်း၊ရေစက်ချတရားတော်များနာယူခြင်း၊ဆွမ်းဆန်စိမ်းလောင်းလှူခြင်းစသော
နှစ်သစ်ကူးအမှတ်တရ ကုသိုလ်ကောင်းမှုများကို စုပေါင်းပြုလုပ်ခဲ့ကြတယ်လို့လည်းသိရှိရပါတယ်။

သတင်းဓာတ်ပုံ-ဆန်းသစ်အောင်

05/04/2010

ဧပရယ်ဝိညာဉ်








ဧပရယ်ကို ရောက်တိုင်း

ငါ့စိတ်တွေ ဂဏာမငြိမ်ဘူး

ဟိုဟိုဒီဒီက ပျံ့လာတဲ့ သင်္ကြန်သံစဉ်တွေနဲ့

ဧပရယ်မှာမှ ဖူးပွင့်တတ်တဲ့ ပိတောက်ရနံ့တွေက

တိတဆိတ်ငါ့ကို ၀ါးမျိုပစ်တတ်တယ်။

တစ်ခါတစ်ရံ ငါ့ကိုယ်နဲ့ ငါ့စိတ်မဟုတ်ဘဲ

ငါ့ကိုယ်နဲ့ သင်္ကြန်စိတ် ဖြစ်နေတတ်ပြီး

ငါကိုယ်တိုင်ကတော့ အဲဒီထဲမှာ စီးမျောပစ်လိုက်တယ်။

ဧပရယ်ကတော့ ရေမှုန်ရေမွှားတွေနဲ့ ကြွရွလို့

နေရာတကာကလည်း သင်္ငြ်္ကန်သံစဉ်တွေနဲ့ မြူးကြွလို့

သင်္ကြန်မယ်တွေကလည်း ရေစိုစိုနဲ့ လှပလို့။

အပြတ်ခြယ်ထားတဲ့ အငှားကားပေါ်မှာ

ငါ့ဝိညာဉ်ဟာ ခုန်ပေါက်လို့

အဟောင်းတွေ အားလုံး အဲဒီထဲမှာပဲ

မျှောချပစ်လိုက်တယ်။

အင်းလျှားက အဆိုတော်တွေကို

အချိန်ကုန်ခံ စောင့်ကြည့်နေမယ့်အစား

သူငယ်ချင်းတွေ ကြားမှာ

ငါ့ဝိညာဉ်ဟာ သူ့ကိုယ်သူ အဆိုကျော်အဖြစ်

ဖန်ဆင်းပစ်လိုက်တယ်။

သူရော ကိုယ်ရော သင်္ကြန်စကားတွေနဲ့

ငါ့ဝိညာဉ်ဟာ ရှေ့ကားနောက်ကား

အပြတ်စတတ်တယ်။

ဧပရယ်ရောက်တိုင်း ငါ့စိတ်တွေ ဂဏာမငြိမ်ဘူး

ဝိညာဉ်တစ်နှစ် ပိုကြီးလာတာကိုရော

အရပ်တစ်လက်မ ပိုရှည်လာတာကိုရော

ငါ တကယ်မသိဘူး--

ငါ သိတာက....

ဧပရယ်ရောက်တိုင်း ငါ့စိတ်တွေ ဂဏာမငြိမ်ဘူး။ ။


(အသိပေးခြင်း) ချစ်သူပေါင်း၁၅၀၀ ရင်ခုန်သံဒေတာများကဗျာစာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
ု့

ု့