14/04/2010

ထိုင်းနိုင်ငံရောက်မြန်မာမိသားစုများရဲ့ စုပေါင်းဆင်နွဲ အတာသကြန်ပွဲ






















ယနေ့(မဟာသင်္ကြန်အကျနေ့)့ညနေပိုင်း၃နာရီအချိန်လောက်မှစတင်ပြီးထိုင်းနိုင်ငံ၊ဘန်ကောက်မြို့
၊စက်ရုံအချို့မှမြန်မာလုပ်သားမိသားစုများစုပေါင်းပြီး မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကပွဲကို မြန်မာရဟန်းတော်အများစုသီတင်းသုံးနေထိုင်ရာ ၀ပ်တလုံးကျောင်းတိုက်တာအတွင်းမှာ ဆရာတော်ဘုရားကြီး(လွန်ဖော့)၏ခွင့်ပြုချက်ဖြင့် စည်းကားသိုက်မြိုက်စွာ ဆင်နွဲကျင်းပခဲ့ကြတယ်လို့
သိရပြီးအတာသင်္ကြန်ဖျော်ဖြေပွဲမစင်မှီအချိန်မှာတော့ ၄င်းကျောင်းတိုက်တာ အတွင်းရှိ သံဃာတော်များ
အားနေ့ဆွမ်းများဆက်ကပ်ခြင်း၊ရေစက်ချတရားတော်များနာယူခြင်း၊ဆွမ်းဆန်စိမ်းလောင်းလှူခြင်းစသော
နှစ်သစ်ကူးအမှတ်တရ ကုသိုလ်ကောင်းမှုများကို စုပေါင်းပြုလုပ်ခဲ့ကြတယ်လို့လည်းသိရှိရပါတယ်။

သတင်းဓာတ်ပုံ-ဆန်းသစ်အောင်

05/04/2010

ဧပရယ်ဝိညာဉ်








ဧပရယ်ကို ရောက်တိုင်း

ငါ့စိတ်တွေ ဂဏာမငြိမ်ဘူး

ဟိုဟိုဒီဒီက ပျံ့လာတဲ့ သင်္ကြန်သံစဉ်တွေနဲ့

ဧပရယ်မှာမှ ဖူးပွင့်တတ်တဲ့ ပိတောက်ရနံ့တွေက

တိတဆိတ်ငါ့ကို ၀ါးမျိုပစ်တတ်တယ်။

တစ်ခါတစ်ရံ ငါ့ကိုယ်နဲ့ ငါ့စိတ်မဟုတ်ဘဲ

ငါ့ကိုယ်နဲ့ သင်္ကြန်စိတ် ဖြစ်နေတတ်ပြီး

ငါကိုယ်တိုင်ကတော့ အဲဒီထဲမှာ စီးမျောပစ်လိုက်တယ်။

ဧပရယ်ကတော့ ရေမှုန်ရေမွှားတွေနဲ့ ကြွရွလို့

နေရာတကာကလည်း သင်္ငြ်္ကန်သံစဉ်တွေနဲ့ မြူးကြွလို့

သင်္ကြန်မယ်တွေကလည်း ရေစိုစိုနဲ့ လှပလို့။

အပြတ်ခြယ်ထားတဲ့ အငှားကားပေါ်မှာ

ငါ့ဝိညာဉ်ဟာ ခုန်ပေါက်လို့

အဟောင်းတွေ အားလုံး အဲဒီထဲမှာပဲ

မျှောချပစ်လိုက်တယ်။

အင်းလျှားက အဆိုတော်တွေကို

အချိန်ကုန်ခံ စောင့်ကြည့်နေမယ့်အစား

သူငယ်ချင်းတွေ ကြားမှာ

ငါ့ဝိညာဉ်ဟာ သူ့ကိုယ်သူ အဆိုကျော်အဖြစ်

ဖန်ဆင်းပစ်လိုက်တယ်။

သူရော ကိုယ်ရော သင်္ကြန်စကားတွေနဲ့

ငါ့ဝိညာဉ်ဟာ ရှေ့ကားနောက်ကား

အပြတ်စတတ်တယ်။

ဧပရယ်ရောက်တိုင်း ငါ့စိတ်တွေ ဂဏာမငြိမ်ဘူး

ဝိညာဉ်တစ်နှစ် ပိုကြီးလာတာကိုရော

အရပ်တစ်လက်မ ပိုရှည်လာတာကိုရော

ငါ တကယ်မသိဘူး--

ငါ သိတာက....

ဧပရယ်ရောက်တိုင်း ငါ့စိတ်တွေ ဂဏာမငြိမ်ဘူး။ ။


(အသိပေးခြင်း) ချစ်သူပေါင်း၁၅၀၀ ရင်ခုန်သံဒေတာများကဗျာစာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
ု့

ု့

30/03/2010

လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အဆောက်ဦးဆောက်လုပ်ပြီးစီး




စာကြည့်တိုက်လေးရဲ့ ပြီးစီးမှု အနေထားအားရှေ့တည့်တည့်မှ မြင်တွေ့ရစဉ်



"အစာမစားလျှင် ရုပ်ခန္ဓာသေမည်၊စာမဖတ်လျှင်

အတွေးအခေါ်သေမည်"ဟူသောစာပေပညာရှင်ကြီးများရဲ့

အဆိုအမိန့်အတိုင်း အညာကျေးလက်ဒေသနေ လူများကို

လူမှုရေး၊ဘာသာရေး၊စီးပွားရေး။ပညာရေးအသိညာဏ်များ၊

အတွေးခေါ်များ မြင့်မားလာစေရန် စိတ်ရည်သန်ကြလျှက်


လူငယ်စာရေးဆရာမောင်မငိးစိုးနှင့်ကိုရီးယားရောက် မောင်ဆန်းထွန်းတို့က

တူညီသောဆန္ဒ၊ထက်သန်သောစေတနာ။ရဲ့ရင့်သောစိတ်ဓာတ်တို့

ကို ပေါင်းစပ်ကာ လောကပြတင်းရွှေနံ့သာ စာကြည့်တိုက်လေးကို

ထည်တောင်လာခဲ့ကြသည်မှာယခုဆိုလျှင်သုံးနှစ်ပြည့်မြောက်လာခဲ့ပေပြီ၊

၎င်းသုံးးနှစ်တာကာလအတွင်းကို ပြန်လည်ဆန်းစစ်ကြည့်လျှင်

အားတက်ဖွယ်ရာများ တိုးတက်မှုများကို တွေ့မြင်နိုင်၏၊

အဘယ့်ကြောင့်ဟူမူ ဟိုယခင်က စာဖတ်အားနည်းသော

ကျေးရွာသူရွာသားများဟာ ယခုဆိုလျှင် စာအုပ်စာပေများကို

ဖတ်ရှုရသဖြင်အသိညာဏ်များဖွံ့ဖြိုးတိုးတက်လာကြခြင်းပင်၊

ဤကားနာမ်ပိုင်းဆိုင်ရာတိုးတက်မှုဖြစ်ပါ၏၊


ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအနေဖြင့် ယခင်က ဘုန်းတော်ကြီးကျောင်း

သိမ်ကျောင်းအဆာက်အဦးထဲမှာပင် ဖြစ်သလို ဖွံ့လှစ်လာခဲ့သော

စာကြည့်တိုက်လေးဟာ အခုတော့ ကိုးရီးယားရောက် မောင်ဆန်းထွန်းရဲ့

သဒ္ဓါစွမ်းအားကြေင့်ထည်ဝါခန့်ငြားသော စတီးလက်ရမ်းဝရံတာများဖြင့်

အလှခြယ်ထားသော တိုက်တာအထောက်အဦးလေးအဖြစ် ပြေင်းလဲနေပေပြီမို့

မိမိပင် ဤစာရေးရင်း ပြန်ပြေးကြည့်ချင်စိတ်ပေါက်မိလေသည်။

မြတ်ဗုဒ္ဓဟောကြားတော်မူထားသည့် မမေ့အပ်သော အရပ်ဌာနလေးမျိုး

၇ှိသည့်အနက် မိမိကိုလူသားအဖြစ်မွေးဖွားပေးခဲ့သော ဇာတိချက်ကြွေ

မွေးရပ်မြေကို ကျေးဇူးသိတတ် မမေ့အပ်သည့်အနေအားဖြင့်မောင်ဆန်းထွန်းက

ရပ်ရွာစာကြည့်တိုက်အဆောက်အဦးကို လှူဒါန်းခဲ့သည်မဟုတ်ပါလော.

ဤနေရာမှာ ကြုံကြိုက်တုန်း ၀မ်းသာစရာ သတင်းတစ်ခုကို .

စကားမစပ် ကြားညှပ်တင်ပြရလျှင် မကြာသေးမှီကာလအတွင်းက

မလေးရှားရောက် ရွာသားများက ရပ်ရွာဘုန်းတော်ကြီးကျောင်း

အသံ့ချဲ့စက်အတွက်မိုက်ဆာပုန်းဝယ်ရန်စုပေါင်းအလှူတော်ငွေ

(၃)သိန်းကျပ်ကို၎င်း၊စင်္ကာပူရောက် မောင်စိုးမိုးနိုင်မှ ရပ်ရွာ

တွင်ဖွင့်လှစ်လျှက်ရှိသော နွေရာသီယဉ်ကျေးလိမ္မာ

ဗုဒ္ဓဘာသာသင်တန်းအတွက် အလှူတော်ငွေကျပ်

(၁)သိန်းခွဲနှင့် မောင်ကျော်ထွန်းကလည်း (၁)သိန်းခွဲကျပ်ကို၎င်း

ထက်သန်စွာ လှူဒါန်းခဲ့ကြကြောင်းကြားသိရသဖြင့် အထူးပင်

ကျေးဇူးတင် ၀မ်းမြောက်မိပါကြောင်း ပြောကြားရင်း စာကြည့်တိုက်

အဆောက်ဦးလေးရဲ့ ပြီးစီးမှု အခြေနေများကို စီစဉ်တင်ပြလိုက်ရပေသည်






စာကြည့်တိုက်အဆောက်ဦးအား ဘေးတိုက်မြင်တွေ့ရစဉ်



စာကြည့်တိုက်အဆောက်ဦး အတွင်းပိုင်း အား မြင်တွေ့ရစဉ်





စာကြည့်တိုက် အဆောက်ဦးမှာ တပ်ဆင်ထားသည့် ပြတင်းပေါက်






စာကြည့်တိုက် အဆောက်ဦးရှေ့ပိုင်းဝရံတာ စတီးလက်ရမ်းများအားမြင်တွေ့ရစဉ်




စာကြည့်တိုက်အဆောက်ဦးအလှူရှင် မောင်ဆန်းထွန်း(ခေတ္တ-ကိုရီးယား)

11/03/2010

စိတ္တဇပန်းချီအတွေးများ


ငါရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်
အစက အသက်ဝင်ခဲ့ပေမယ့်
အခု အသက်မ၀င်တော့ဘူး၊
ကြိုမမြင်ရတဲ့ မုန်တိုင်းတစ်ခုကြောင့်
ငါ ပန်းချီကားဟာ
မပီဝိုးတ၀ါးနဲ့
အသက်မ၀င်တော့တဲ့အပြင်
အပျက်ထွင်သလို ဖြစ်သွားပြီလား၊
တကယ်တော့
ငါဟာ အသက်မ၀င်ချင်နေ
အပျက်ထွင်ဘို့ မရည်ရွယ်ခဲ့တာ အမှန်ပါ၊
ဒါပေမယ့် ---
ဆေးစက်ကျရာ အရုပ်ထင်ဆိုသလို
မပီပြင်သာကလွဲလို့
အရုပ်တော့ ထင်ခဲ့ပါတယ်.
. အသက်မ၀င်တော့တဲ့
ဒီပန်းချီကားအတွက်
ငါ့အသက်တွေ စတေးပြီး
မုန်တိုင်းဒဏ်ဒဏ်ခံနိုင်တဲ့
ပန်းချီကားတစ်ချပ်ဖြစ်ဘို့
စုတ်တံကောင်းကောင်းနဲ့
ဆေးဗူးကောင်းကောင်းတွေ
ငါ ရှာရဦးမယ်...

ဆန်းသစ်အောင်


(အသိပေးခြင်း)ပန်းချီပုံများကို အခြားဘလော့များမှ ယူသုံးထားပါသည်။

06/03/2010

ရွှေဆံပင်တံတားဂုဏ်ပြုတေးသီချင်းများ(အကြိုမိတ်ဆက်)

အမျိုးသမီးတို့၏ ရွှေဆံပင်စွမ်းအားဖြင့် လမ်းကူးတံတားများတည်ဆောက်နေပုံမြင်ကွင်း

၁။ ရွှေဆံပင်လှူဒါန်းပွဲသွားရန် ဖိတ်ခေါ်သံ

တေးရေး။ မောင်မင်းစိုး၊ရွှေနံ့သာ

လာကြဟေ….လာကြဟေ့…ရွှေဆံပင်လှူဒါန်းပွဲ သွားကြမယ်လေ။
လာကြဟေ..လာကြဟေ့… ပျိုမေတို့ရေ.. ရွှေဆံပင်လှူဒါန်းပွဲ သွားကြမယ်လေ။
ကြော့ထုံးစွာ…မော်မဆုံးပါ…ရွှေဆံပင်များ ဖြတ်တောက်ခါလေ
ပျိုမေတို့ရေ.. လာကြဟေ. လမ်းတွေဖောက်လို့…တံတားတွေ ဆောက်ကြမယ်လေ။

အနှစ်အလအလ စုဆောင်းခဲ့တာ…….
သပ်သပ်ရပ် ဖီးလိမ်းခြယ်ကာ………
ကိုယ်နေဟန်ကျော့ကျော့ လှပနေတာ…….
မိန်းမတို့ဘုန်း ဆံထုံးလို့ အဆိုရှိတာ…….။

ဘုန်းကံကြီးတဲ့ အမျိုးသမီးတွေ…
မဂ်ဉာဏ်ခရီး တိုးပြီးလေ…..
ဟိတ်ဟန်မရှိ အကျိုးပြီးစေ…
နိဗ္ဗာန်ခရီး …နီးပါစေ။
(လာကြဟေ….လာကြဟေ့…ရွှေဆံပင်လှူဒါန်းပွဲ သွားကြမယ်လေ။
လာကြဟေ..လာကြဟေ့… ပျိုမေတို့ရေ.. ရွှေဆံပင်လှူဒါန်းပွဲ သွားကြမယ်လေ။)

ဘုရားအလောင်း သူတော်ကောင်းတွေ ချီးမွမ်းတာ..
ဒါန မျိုးစေ့ကို စိုက်ထုတ်ကာ….
စေတနာသဒ္ဓါတရား ထက်သန်စွာ
အသုံးချပါ..မော်ကွန်းစိုက်ပါ။

(လာကြဟေ….လာကြဟေ့…ရွှေဆံပင်လှူဒါန်းပွဲ သွားကြမယ်လေ။
လာကြဟေ..လာကြဟေ့… ပျိုမေတို့ရေ.. ရွှေဆံပင်လှူဒါန်းပွဲ သွားကြမယ်လေ။
ကြော့ထုံးစွာ…မော်မဆုံးပါ…ရွှေဆံပင်များ ဖြတ်တောက်ခါလေ….
ပျိုမေတို့ရေ.. လာကြဟေ. လမ်းတွေဖောက်လို့…တံတားတွေ ဆောက်ကြမယ်လေ။ )


၂။မြတ်တဲ့ကုသိုလ်
တေးရေး-ဆို၊ ဖိုးဆောင်း
လူ့အဖြစ် အခိုက်အတန့်လေး ဒါနလေး မျိုးစေ့ကျဲနိုင်ဖို့
မမြဲတဲ့ အလှတွေနဲ့ သာယာမှုခဏကို မယစ်မူးဘဲ
ရပ်တန့်မရတဲ့ အသက် ဘာမှမမြဲ
အဖြစ်အပျက် လောကထဲ ဗုဒ္ဓတရားတော်ရဲ့
မှန်ကန်တဲ့ ကုသိုလ်ယူကြဖို့။

(လှူလိုက်စို့(၂) နောင်ဘ၀အဆက်အဆက် ကုသိုလ်မို့
လှူကြစို့(၂) ရွှေဆံပင်တံတားလေး ခင်းနိုင်ဖို့) ၂
မြတ်တဲ့ကုသိုလ်

လူ့ဘ၀ အဓိပ္ပါယ်နဲ့ အမွန်မြတ်ဆုံး လမ်းလေး ခင်းပါစို့
အများအကျိုး စွန့်သူရဲ့ ဒါနမျိုး ထိုက်တန်သူ အဖြစ်မို့။

၃။ရွှေဆံပင်လမ်း၊ ရွှေဆံပင်တံတား
တေးရေး-လူထက်
တေးဆို-မိထိုက်
မြန်မာအမျိုးသမီးများ အမြတ်တနိုးထားရာ ဆံနွယ်တွေကို ဖြတ်လို့
ပေးလှူခဲ့ကြတယ် လမ်းတံတားတွေအတွက် စေတနာအပြည့်နဲ့ တို့ရက်ရောစွာ
ပျက်စီးခဲ့တဲ့ နှစ်ပေါင်းများစွာ မိုင်တိုင်တွေ ရှည်လျားလို့
တိုးတက်ခြင်းတွေ အရောင်မှိန်ခဲ့လည်း အခုတော့ ရွှေအိုရောင်အလင်းသစ်နဲ့
တို့များရဲ့ သဒ္ဓါတရား တို့များရဲ့လုပ်အား
တို့များရဲ့စေတနာတရား ကမ္ပည်းတစ်ခု စိုက်ထူးနိုင်ပြီ..

ရွှေဆံပင်တံတား ရွှေဆံပင်လမ်းများ
ဖောက်လုပ်ခဲ့ နေ့ည မမောနိုင်ပါ
ရွှေဆံပင်လမ်း ရွှေဆံပင်တံတားများ
ထိန်းသိမ်းလိုက်ကြ ရေရှည်အနာဂတ် နေ့ရက်များ

လည်ငေါက်-ချင်ပြစ် လမ်းပိုင်းလေးဟာ အရင်တစ်ခါက အိပ်မက်ဆိုး
အခုဒါတွေအဝေးဆီ မြင်ယောင်လိုက်တိုင်း စိတ်မှာ ၀မ်းသာမဆုံး ကြည်နူးရပြီ။




၎။ရွှေဆံပင်လမ်း
တေးရေး-လူထက်
တေးဆို-မိထိုက်
အတိတ်တုန်းက အဖြစ်တွေက ကြမ်းတမ်းတဲ့ လမ်းတွေထက်
အများရှင်သန် လျှောက်ခဲ့ကြရတယ်။
အသက်များလည်း ဆုံးစေခဲ့ ဆိုးဝါးသော ဆက်သွယ်ခရီး
မိုးအခါကို တွေးကြောက်နေမိ
ဒီအတိုင်းတော့ မကြည့်နိုင်ဘူး ကြိုးစားလို့ ပြင်မယ်
တတ်စွမ်းသလောက်လှူကာ အများကောင်းကျိုးအတွက်
အမျိုးသမီးများရဲ့ ဆံနွယ်တွေလည်း ဖြတ်တောက်ပြီးလှူမယ်
သဒ္ဓါတရားမရွံ့တဲ့ မြန်မာတို့ရဲ့ စိတ်ဓာတ်။
စေတနာတွေပေါင်းစု ညီညွတ်ခြင်းဟာ အင်အားတစ်ခု
ကမ္ဘာအလယ်မှာ ကမ္ပည်းတစ်ခု အမည်သစ်နဲ့ ရပ်တည်နိုင်ပြီ။
(ရွှေဆံပင်လမ်းလို့ခေါ်တယ်/မယ်) ရွှေဆံပင်လမ်:

၅။လာပါ သူငယ်ချင်း
တေးရေး-မောင်မင်းစိုး၊ လူထက်၊ ဖိုးဆောင်း
တေးဆို-စောလယ်လ်
သူငယ်ချင်းများ ဟို:အရင်က စိတ်ပျက်ခဲ့တဲ့
တို့ရပ်ရဲ့လမ်း တကယ်ကိုဆိုး
အလည်ခေါ်ရင် အားလုံးက နှာခေါင်းရှုံ့ကြတယ်
လမ်းဆိုးကြီးကြောင့် မျက်နှာငယ်
အရင်အခြေလို ဆိုးရွားတဲ့ လမ်းဟောင်းကြီးကို
အားလုံးဝိုင်းဝန်း ပြင်ဆင်မယ်
လာပါကွယ် ချစ်တဲ့သူငယ်ချင်း အပေါင်းတို့ရယ်
လမ်းဟောင်းလေးလည်း ကောင်းပြီးကွယ်
မင်းရောက်ခဲ့ရင် ( ငဲ့ကြည့်လိုက်စမ်း)
အညာမြေရဲ့ အလှအပတွေရယ်
ချောမွေ့တဲ့ လမ်းလေးပေါ်က ရှုစားလိုက်
အရောက်လှမ်းခဲ့ကွယ်(လှမ်းခဲ့လိုက်စမ်း)
ဖော်ရွေတဲ့ ဒို့ရပ်ရွာရဲ့ ဓလေ့ထုံးစံ မင်းတွေ့တော့
နှစ်သက်မှာပါကွယ်………

အနုပညာကုသိုလ် ပါဝင်ကြသူများ
တေးရေး-မောင်မင်းစိုး၊ ဖိုးဆောင်း၊ လူထက်
တေးဆို-ဖိုးဆောင်း၊စောအယ်လ်၊ အက်ကိုး၊ မိထိုက်
Programming Music- ဖိုးဆောင်း
Tambnit&Guitar-ကျော်မောင်၊ဇေငယ်၊ လူထက်
Harmony-လမင်းနှင့်အဖွဲ့
Mixing-လမင်း(pro)
ဗွီဒီယိုမှတ်တမ်း-ရွှေနံ့သာ
နောက်ခံစကားပြော-မောင်မင်းစိုး တို့အား
လမ်းတံတား ဖြစ်မြောက်ရေးဆရာတော်များမှ
အထူးပင်ဝမ်းသာ ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
လမ်းတံတားဖြစ်မြောက်ရေး ဆရာတော်များအဖွဲ့
ပုလဲမြို့နယ်-ယင်းမာပင်မြို့နယ်
ဖုံး/၀၉-၆၄၅၁၄၂၂၊၀၉-၆၄၅၀၆၅၄။

(အသိပေးခြင်း)အထက်ပါသီချင်းစာသားများကိုvideo file အဖြစ်စီစဉ်ဖန်တီးပြီး

The best flash playerဖြင့်ရွှေနံ့သာဆိုဒ်နှင့်မျိုးဆက်သစ်မှတ်တိုင်ဘလော့များတွင်

မကြာမှီတင်ဆက်ပေးသွားမည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်။

ဆန်းသစ်အောင်

02/03/2010

ဗုဒ္ဓဘာသာဝင်နိုင်ငံများစုပေါင်းဝတ်ရွတ်ပွဲ(သို့မဟုတ်)မျှော်လင့်မထားခဲ့တဲ့ခရီး

ဗုဒ္ဓဘာသာဝင်နိုင်ငံများ၏အလံများအားပြသထားစဉ်
သာသနာအလံတိုင်များကို ကိုင်ဆောင်ပြီး လိုက်ပါမည့် ကျောင်းသူလေးများ
မြို့လယ်ခေါင် ပြည့်သူ့ကွင်းမှသည် ၀ပ်ဖရမဟာထပ်ဘုရားသို့ လမ်းလျှေက်ချီတက်ကြစဉ်(ှဆန္ဒပြချီတက်ခြင်းမဟုတ်)
မြန်မာအလံတိုင်ဆိုင်းဘုတ်နှင့်အတူ
ကြိုဆိုနေကြသည့် ကျောင်းသူလေးများ
ဝတ်ရွတ်ပွဲမစတင်မှီ မြန်မာသံဃာတော်များအားတွေ့ရစဉ်
ဝတ်ရွတ်ပွဲသို့မကြွမှီ မြန်မာသံဃာတော်များအမှတ်တရ

ကြုံကြိုက်တုန်း ခိုငှက်လေးများအား အစာကျွေးနေစဉ်
ရိုးရာဒိုးပတ်များဖြင့် ဘုရားကို လက်ယာရစ် လှည့်လည်နေကြစဉ်
ဘုရားကို ပူဇော်မည့် သက်န်းစများကို ကိုင်ဆောင်၍ လှည့်လည်နေကြစဉ်

တကယ်တော့ ဒီခရီးစဉ်ဟာ မျှော်လင့်မထားခဲ့တဲ့ ခရီးစဉ်လို့ ဆိုရမှာပါ..ဘာဖြစ်လို့ု့ု့ု့ု့ု့လည်းဆိုရင်
သွားခါနီးမှ ရုတ်တရက် လိုက်ပါဖြစ်ခဲ့တာလေ၊ ဘုမသိ ဘမသိ လိုက်ပါဖြစ်ရင်း အိပ်စပတ်ကား
၇ပ်တော့မှဘဲ မိမိရောက်နေတဲ့နေရာဟာဟာ ထိုင်းနိုင်ငံ တောင်ပိုင်းမြို့လေးတစ်မြို့ဖြစ်သည့် (NAkhon Si
Thamarat)နခုံစီ ထမရပ်မြို့ဆိုတာကို ကွဲကွဲပြားပြားသိခဲ့ရတာပါ၊ရောက်ပြီးမကြာခင်မှာဘဲ စုပေါင်း
ဆွေးနွေးကြရာမှာ နိုင်ငံအလိုက် မိမိတို့ စတိုင်နဲ့ ရွတ်ရမှာ ဖြစ်တဲ့အတွက် တည်းခိုရာအဆောင်ရဲ့
အပေါ်ထပ်မှာ အကြိုလေ့ကျင့်ကြရပါတယ်..မိမိတို့စိတ်ကြိုက် မြန်မာအသံ၊ မြန်မာဟန်နဲ့ ရွတ်လိုက်ရတဲ့
့အတွက်တော်တော်အားရမိတာတော့ အမှန်ဘဲ... ဘာဘဲဖြစ်ဖြစ် နိုင်ငံ ကိုယ်.်စားပြုရွတ်ခွင့်ရတဲ့အတွက်
ဒီခရီးစဉ်ကနေ ကျေနပ်စရာတစ်ခုအဖြစ် ရလိုက်ပါတယ်...

ဆန်းသစ်အောင်

21/02/2010

မွေးရပ်မြေမှ စာကြည့်တိုက်ရဲ့ လတ်တလော အခြေနေ

လတ်တလော ပြီးစီးမှု အခြေနေ
ဇာတိချက်ကြွေ မွေးရပ်မြေမှ စာကြည့်တိုက်အခြေနေလေးကို မတင်ပြဖြစ်တာ တော်တော်ကြာနေပြီမို့ ဒီတစ်ပတ်တော့ ကြိုးစားပြီး တင်ပေးလိုက်ပါတယ်၊ ဘာလိုလိုနဲ့ စာကြည့်တိုက်လေးဟာလည်း အပြီးသတ်ဘို့ တဖြည်းဖြည်း နီးလာပေပြီ၊ ဆောက်လုပ်စက ကျပ်ငွေသိန်း(၃၀)မျှသာ ကုန်ကျမည်ဟု မှန်းထားသော်လည်း ထင်တာထက် ပို၍ပင် ကုန်ကျစရိတ်က များလာခဲ့၏၊ ဆောက်လုပ်သူများရဲ့ ပြောစကားအရ ကျပ်သိန်း(၅၀)၀န်းကျင်ထိ ကုန်ကျလိမ့်မည်ဟု သိရှိရပါသည်။
စာကြည့်တိုက် အဆောက်ဦးအား အဝေးမှ မြင့်တွေ့ရစဉ်
သို့သော်လည်း စာကြည့်တိုက် အလှူရှင် မောင်ဆန်းထွန်း(ခေတ္တ-ကိုရီးယား)ကတော့ စာကြည့်တိုက်အတွက် သဒ္ဓါမပျက် ဆက်လက်လှူဒါန်းနေသဖြင့် ယခုလို အခြေနေသို့ ရောက်လာခဲ့သည်မဟုတ်ပါလော၊ တကယ်တော့ သာမန်သဒ္ဓါတရားသက်သက်ဖြင့် ယခုလို လှူဒါန်းနိုင်မည်မဟုတ်ပါချေ၊ သူ့ရဲ့မူလဗီဇကိုက စာပေချစ်စိတ်၊ ရပ်ရွာချစ်စိတ်၊ လောကကြီးကို အလင်းပေးနိုင်သော ပြတင်းပေါက်တစ်ခုကို ဖွင့်ပေးစေချင်သည့် စိတ်ဓာတ်တို့က ပြင်းထန်၍သာ စာကြည့်တိုက်အဆောက်ဦးတစ်ခု အထမြောက်လာသည်ဟု ဆိုရင်လည်း မှားလိမ့်မည်မဟုတ်ပါ၊ နောက်ပြီးတော့လည့်း အရှင်ရာဇိန္ဒ(မောင်မင်းစိုး )နှင့် ရပ်ရွာသံဃာတော်များ၏ ၀ိုင်းဝန်းအားပေးမှု၊ ရွာသူ၊ရွာသားများ၏ စေတနာသဒ္ဓါတရားထက်သန်မှုတွေကလည်း စာကြည့်တိုက် တစ်ခု အောင်မြင်ရေးအတွက် အားဆေးများဟုလည်း ပြောချင်ပါသည်။
စာဖတ်နေကြသည့် ကျောင်းသူလေးများ
ဒီနေရာမှာ စာကြည့်တိုက် အဆောက်ဦး အလှူရှင် မောင်ဆန်းထွန်းရဲ့ ဘ၀အကြောင်း ပြန်ပြောင်း၍ ပြောပြရလျှင် အတုယူစရာတွေ များပြားစွာ တွေ့ရှိနိုင်တာမို့ နဲနဲလောက် ပြေပြချင်ပါသည်၊ တစ်ခုသောနေ့ သူဟာ ကိုရီးယားထွက်နိုင်ရေး အတွက် အင်တာဗျူး စာမေးပွဲ ဖြေဆိုရာမှာ အင်တာဗျူးသူက ”မင်းက ဘာကြောင့် ကိုရီးယားထွက်ချင်တာလည်”းဟု မေးမြန်းတဲ့အခါမှာ သူကဘယ်လို ပြန်ဖြေသလဲ ဆိုရင် ”ကျွန်တော်နေတဲ့ ဘုန်းကြီးကျောင်းမှာ စာသင်သား သံဃာတော်တွေ စာမေးပွဲဖြေသွားတဲ့အခါ အဆင်ပြေပြေ ကြွရောက်နိုင်ဘို့ မော်တော်ကား လှူနိုင်ရေးအတွက် ကိုရီးယား သွားရောက်ချင်တာဟု” ပြန်ဖြေခဲ့ရာမှာ အင်တာဗျူးဆရာက အရမ်းသဘောကျ သွားပြီး သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြာင်း သိရပါတယ်၊ ပြီးတော့ သူဟာ စာသင်တိုက်နေစဉ်အတွင်း သံဃာတော်များရဲ့ ဝေယျာဝစ္စ၊ ကျောင်းတိုက်ဝေယျာဝစ္စများကို စေတနာပါပါဖြင့် ပြုလုပ်ခဲ့သည့်အတွက် ပြည်ပရောက်တော့လည်း အလုပ်အကိုင် အဆင်ပြေသည်မှာ အထူးပြောပြစရာပင် လိုမည်မထင်ပါ။

စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်များ ငှါးရမ်းနေကြစဉ်

ထို့ကြောင့်ပင် ရပ်ရွာမှာ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နွေရာသီယဉ်ကျေးမှု သင်တန်းအတွက်အမာခံ မတည်ငွေအဖြစ်ကျပ်ငွေ(၅၀၀၀၀၀)ငါးးသိန်းခန့်လှူဒါန်းနိုင်ခဲ့မှု၊ရပ်ရွာအစိုးရတွဲဖက်အလည်တန်းကျောင်းအတွက် ကျပ်ငွေ(၂၀၀၀၀၀)ခန့် လှူဒါန်းမှုတို့က သက်သေထူလျှက် ရှိပါ၏၊ အခြားလှူဒါန်းမှု အစုစုတွေ များပြားစွာ ရှိသေးသော်လည်း စာရှည်သွားမည် စိုးသဖြင့် မဖော်ပြတော့ပါ၊ ဤသို့ဖြင့် သဒ္ဓါဓာတ်တွေ ပေါင်းစပ်၍ ဆောက်လုပ်လာခဲ့သော စာကြည့်တိုက် အဆောက်ဦးလေးဟာ ယခုဆိုလျှင် ရှေ့ပိုင်းဝရံတာမှာ စတီးလက်ရမ်းများဖြင့် ခိုင်ခန့်စွာ တပ်ဆင်ထားပြီမို့ မကြာခင်အတောအတွင်းမှာ စာပေဟောပြောပွဲများ ကျင်းပကာ စည်ကားစွာ ဖွင့်လှစ်ပါတော့မည် ဆိုတဲ့အကြာင်း အသိပေး ပြောကြားလိုက်ရပေသည်။

ဆန်းသစ်အောင်

12/02/2010

အညာမြေက တာတေတို့ စကားဝိုင်း အပိုင်း(၁)


အညာမြေက တာတေတို့စကားဝိုင်းမစမှီ တာတေတို့နေထိုင်ရာ အညာကျေးလက်ဒေသလေးရဲ့ ပြောင်းလဲမှုအနေအထားများကို ရှေးဦးစွာ မိတ်ဆက်ပေးချင်ပါသေးသည်။ ဟိုယခင်က ကျေးလက်အညာနှင့် ယခုနောက်ပိုင်း ကျေးလက်အနေအထားများကား ပြောင်းလဲခြင်းများစွာတို့ဖြင့် ပြောင်းလဲနေပေပြီ။ အဘယ့်ကြောင့်ဆိုသော် ယခင်က ရေဒီယိုသံ၊ ကက်ဆက်သံ၊ လော်စပီကာသံတို့ကိုသာ ကြားရသော ကျေးလက်ဒေသလေးသည် ယခုတော့ ဂြိုလ်တုစလောင်းသံ၊ ကာရာအိုကေသံများကိုပါ ကြားနေရပေပြီ..
တစ်ချိန်က ရေနံဆီမီးခွက်ရောင် (သို့မဟုတ်) ဘတ္ထရီမီးသီးရောင်တို့ဖြင့် မှိန်တုတ်တုတ် အညာကျေးလက်ဒေသရဲ့ ညများသည်လည်း အခုတော့ လျှပ်စစ်မီးမဟုတ်သည့်တိုင် လျှပ်စစ်မီးအလား အလင်းရောင်ပေးသော အင်ဂျင်စက်မှ အချိန်နှင့်မောင်းပေးသော လျှပ်စစ်အားဖြင့် ရွာလမ်းမများနှင့် အိမ်တိုင်းစေ့နီးပါးလိုလို မီးထိန်နေသလို ညစဉ်(၇)နာရီအချိန်မှာ တီဗွီမှထုတ်လွှင့်ပြသလျှက်ရှိသည့် ကိုးရီယားဇာတ်ကားများကိုလည်း မလွတ်တမ်း အားပေးကြည့်ရှုနေကြသည်မှာ ကလေးအစလူကြီးအဆုံးဟုပင် ပြောချင်ပါသည်။
နဂိုက တယ်လီဖုန်းဆိုလို့ ဗီဒီယိုဇာတ်လမ်းတွေထဲမှာသာ မြင်ဘူးတွေ့ဘူးသော်လည်း အခုတော့ ကော့လက်များထောင်ကာ ကမ်းရိုးတန်းဖုန်းများဖြင့် ကျေးရွာမှသည် နိုင်ငံတကာဆီသို့ စကားပြောလို့ရနေပြီဖြစ်သဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ် (Globalization)အဖြစ် ကူးပြောင်းလာခဲ့ချေပြီမဟုတ်လား…။ ယခင်က နွားလှည်းခလောက်သံ၊ စက်ဘီးသံများကိုသာ ကြားနေရသော ဒေသလေးသည် ယခုတော့ ကားဟွန်းတီးသံ၊ ဆိုင်ကယ်ဟွန်တီးသံတို့ဖြင့် ဖုံးလွှမ်းနေပေပြီ။ ယခင်က လက်ဖျော်ကော်ဖီကိုသာ အားထားသောက်သုံးနေသော ဒေသလေးသည် ယခုတော့ စူပါကော်ဖီမစ်၊ ဟိုက်တီးစသော ရယ်ဒီမိတ်များကိုပါ သောက်သုံးနေပေပြီမဟုတ်လား၊
နောက်ထပ်ပြောင်းလဲမှုတစ်ခုကား အရွယ်ရောက်စ လူပျိုပေါက်လေးများရဲ့ ဆံကေသာများက ထိုးထိုးထောင်ထောင် ဖြစ်နေကြ၏။ ထင်သာမြင်သာအောင် ပြောရလျှင် ဇရက်ဦးခေါင်းနှင့်ပင် တူနေပေပြီ။ ဒီကြားထဲ တစ်ချို့ကား ဆေးဆိုးထားသဖြင့် မြေဘုတ်ဘီလူးများနှင့် လားလားတူနေသည်မှာ ယခင်က ကျေးလက်အနေအထားနှင့် ဘာမျှမတူတော့... ဤသို့သော ပြောင်းလဲခြင်းများနှင့် ပြောင်းလဲနေသော အညာကျေးလက်ဒေသမှ တာတေတို့စကားဝိုင်းကလည်း ဘယ်သို့ဘယ်ပုံ ပြောင်းလဲနေမည်ဆိုတာကိုတော့ အောက်ပါသူတို့ရဲ့ စကားများက သက်သေထူသွားပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ကျေးလက်ဒေသကလူတွေရဲ့ ရိုးသားပွင့်လင်းမှုများကတော့ ယခုထိတိုင် မပြောင်းလဲသေးပါဟု ပြောကြားရင်း စကားဝိုင်းအပိုင်း(၁)ကို တင်ပြပေးသွားပါတော့မည်...
အပိုင်း(၁)
ယနေ့ညနေပိုင်း စောစောစီးစီးအချိန်မှာ ကိုတာတေတစ်ယောက် ရေးကြီးသုတ်ပြာနှင့် ကျွန်တော်တို့အိမ်သို့ ပေါက်ချလာသဖြင့်
“ဟာ တာတေကြီးပါလားဗျ..စောစောစီးစီး ဘာကိစ္စရှိလို့လဲ? ထမင်းကော စားခဲ့ပီးပီလားဗျ..”
“အေးဗျာ.ဒီနေ့တော့ စောစောစီးစီး ခင်ဗျားတို့အိမ်ပြေးလာတာ.”ဟု ပြန်ဖြေသဖြင့် ကျွန်တော်က “ဘာလဲ အိမ်ကမောင်းချလိုက်ပြီလား”ဟု စကားစလိုက်တော့ သူက ဤသို့ပြန်ပြောလေတော့၏။
“မဟုတ်ရပါဘူးဗျာ..ဒီလိုဗျ ဒီနှစ့် ရွာသင်္ကြန်ကပွဲအမှီ မလေးရှားအလုပ်သွားလုပ်နေတဲ့ မြင့်မောင်တို့အုပ်စုနဲ့ ဖားကန့်မှော်ထဲ အလုပ်သွားလုပ်နေတဲ့ ကျော်လေးတို့အုပ်စုရော ပြန်လာကြမယ်လို့ ငါထမင်းစာနေတုန်း ရွာတောင်ပိုင်းက ကိုဇော်ကြီးဖုန်းမှာဆက်လာလို့ အဲဒါ ၀မ်းသာအားရဖြစ်ပြီး ခင်းဗျားတို့ကို လာပြောတာဗျ. အခုအိမ်က စားလက်စထမင်းပန်ကန်ပြားတောင် ပစ်ထားခဲ့တာလေ..”
တာတေစကားအဆုံးမှာတော့ လောလောလတ်လတ် ရောက်ရှိလာတဲ့ တာတေနဲ့ စကားပြောဖော်ပြောဖက် ညီပုကရောက်ရောက်ချင်းပဲ မဆိုင်းမတွပင်..“အေးဗျာ ကိုတာတေပြောသလို ဒီနှစ်သင်္ကြန်အမှီ သူတို့တွေပြန်လာကြမယ်ဆိုတော့ ကျုပ်လဲ တအားဝမ်းသာလိုက်တာဗျာ. အော်ဒါနဲ့ ကိုတာတေ ကျုပ်တို့ရဲ့စကားပြောဖော်ကြီး သာညိုတစ်ယောက်လည်း ဒီညရောက်မလာသေးပါလား၊ မလေးရှားက မြင့်မောင်တို့ ပြန်လာမယ်ဆိုတာကို သူသိရင်လဲသိပ်ကို ၀မ်းသာမှာ သေချာတယ်နော်..”
ညီပုစကားအဆုံးမှာတော့ ကိုတာတေက “..မင်းတို့ကို ဒီထက်ပိုပြီး ၀မ်းသာစရာပြောရမယ်ဆိုရင် မလေးရှားက မြင့်မောင်တို့အုပ်စုက ရွာသင်္ကြန်ကပွဲမဏ္ဍပ်မှာ စတုဒိသာအကျွေးမွေးအတွက် တာဝန်ယူကြမယ်တဲ့လေ..”
“ပြီးတော့ ဖားကန့်မှော်ထဲက ကျော်လေးတို့အုပ်စုကတော့ ဒို့ရွာထဲက သက်ကြီးရွယ်အို အဘိုးအဘွားတွေအတွက် သက်ကြီးပူဇော်ပွဲအတွက် အမာခံမတည်ငွေ ထည့်ဝင်လှူဒါန်းကြမယ်တဲ့ဗျ. ဘယ်လောက် ၀မ်းသာစရာကောင်းလိုက်လဲ..”
ဤသိုဖြင့် ညနေစောစောစီးစီးမှ စတင်လာခဲ့သော တာတေတို့စကားဝိုင်းကလည်း တောထဲမှပြန်လာကြကာ ရေချိုးထမင်းစားပြီး အိမ်မှထွက်လာကြသော လူငယ်တစ်သိုက်လဲ ရောက်လာကြသဖြင့် ပို၍ပင် အသက်ဝင်ကာ တစ်အိမ်လုံးဆူညံနေတော့၏၊ နောက်မှ ရောက်ရှိလာသော လူငယ်အုပ်စုထဲမှ ဇော်ကြီးက “--ကိုတာတေ ဒါဆိုဒီနှစ်သင်္ကြန်ကပွဲကို ပြီးခဲ့တဲ့နှစ်ကလိုတော့ ပြဿနာအဖြစ်မခံနိုင်ဘူးဗျား၊ ပျော်ရတာမှ တစ်နှစ်တစ်ကြိမ်ရယ်.. ဟိုအနောက်ရွာကကောင်တွေက လာနှောင့်ယှက်တော့ ကတဲ့ခလေးတွေလည်း ကောင်းကောင်းမကရဘူး.. သူတို့အတွက် ကိုယ်ချင်းစာမိတယ်လေ... ဘာလို့လဲဆိုတော့ ခလေးတွေလည်း ဒီသကြန်ကဖို့ သင်္ကြန်မတိုင်ခင် နှစ်ပတ်လောက်လိုကတည်းက မြေပြင်ပေါ်မှာ ဖုန်တငွေ့ငွေ့နဲ့ အကတိုက်ခဲ့
ကြတရတာ”ဟု ပြောပြနေစဉ်မှာပင် လူငယ်တစ်ယောက်က “...ဒီတော့ မင်းတို့ငါတို့တွေက သင်္ကြန်ကပွဲ လုံခြုံရေးအတွက် ဘယ်လိုလုပ်ကြမလဲ.. ခက်တာက ကျုပ်တို့လူငယ်တွေချည်း ပွဲလုံခြုံရေးတာဝန်ယူရတာ သိပ်အဆင်မပြေဘူး.. ပွဲဖျက်တဲ့လူကလည်း မူးရူးသောက်စားပြီးမှ လာဖျက်တော့ လူလူချင်းပွဲအုပ်ရတာ အခုခေတ်က အဆင်မပြေတော့ဘူးလေဗျာ.. ဒီတော့ ကပွဲလုံခြုံရေးအတွက် ဒို့ရွာကနေ မြို့သွားပြီး စာသွားသင်နေတဲ့ ရဟန်းသံဃာတော်တွေကို တာဝန်ပေးရရင် ကောင်းမလားလို့ စိတ်ကူမိတယ်ဗျ.. ဘယ်လိုလဲ ကိုတာတေကြီးရ..”
“အေးကွာ မင်းတို့ပေးတဲ့အကြံလည်း မဆိုးပါဘူး.. ကောင်းပါတယ်.. ဒါပေမယ့် ခက်တာက
အမာခံပွဲအုပ်ဦးဇင်းလေးက ဒီနှစ် မြို့ကနေ ပြန်လာပါ့မလားဟ. သူက နှစ်တိုင်းရွာသင်္ကြင်္န်ကပွဲအတွက်
တော်တော်ကြီးကို အားကိုးရတယ်ဗျ.. ပြီးခဲ့တဲ့နှစ်ကပဲ ကြည့်လေ.. အဲဒီကိုယ်တော်လေး
သတ္တိဘယ်လောက်ကောင်းလဲဆိုတာ ဒို့တတွေ အသိဆုံးဘဲမဟုတ်လား.. ဟိုရွာကကောင်တွေ
ထွက်ပြေးကြလိုက်ပုံများ သူတို့စီးလာတဲ့ ဆိုင်ကယ်ကိုတောင် ရွာအထွက်မှာ ပစ်ထားခဲ့ရတဲ့အထိဘဲလေ”ဟု တာတေက ပြီးခဲ့တဲ့သင်္ကြန်အဖြစ်ပျက်များကို စီကာပတ်ကုံး လူငယ်များကို ပြောပြနေလေတော့၏။
ဤသို့ဖြင့် ကိုတာတေနှင့် ရပ်ရွာ့လူငယ်လေးများရဲ့ စကားဝိုင်းကား ရွာဦးဘုန်းတော်ကြီးကျောင်းမှ အင်ဂျင်မီးစက်ကြီးက ပိတ်ဖို့ရန် အချက်ပြတော့မှပဲ ငှဲ့ထားသော်လည်း စကားကောင်းနေသဖြင့် သောက်ဖို့ရန် မေ့နေကြသော ရေနွေးခွက်များကို ကပျာကယာ သောက်ကြကာ အသီးသီးအိမ်သို့ ပြန်သွားကြတော့မှဘဲ
တာတေတို့စကားဝိုင်းကလည်း မပြီးချင်ပြီးချင်နဲ့ ဒီတစ်ညတာအတွက် အဆုံးသတ်လိုက်ရလေတော့၏၊။

တာတေ(အညာမြေ)



အပိုင်း(၂)ကိုဆက်လက်ဖော်ပြသွားပါမည်…------->>>>

20/01/2010

ဘုရားသုံးဆူသို့အလည်တစ်ခေါက်..(နယ်စပ်ခရီးသွားမှတ်တမ်း)

မိမိသွားရောက်လည်ပတ်ခဲ့တဲ့နယ်စပ်မြို့လေးတွေထဲမှာတော့ ဒီဘုရားသုံးဆူမြို့ဟာ ဖွံဖြို့မှုအနည်းဆုံးနယ်စပ်မြို့လေး

တစ်မြို့လို့ဘဲထင်ပါတယ်၊မြို့နယ်နိမိတ်ကို ကားဘီးချလိုက်တဲ့တစ်ပြိုင်နက် ကားပေါ်မှာပါလာသူ ခရီးသည်အားလုံး

အော်တိုမစ်တစ်(automatic)ပေါင်ဒါမှုန့်ဖြူးပေးသလိုဖြစ်သွားကြတဲ့အတွက် တစ်ချိန်က မြန်မာပြည်ကကားလမ်း

တွေကကိုပြန်လည်အောက်မေ့အမှတ်ရစေပါတယ်၊ဒါပေမယ့် နေပြည်တော်လမ်းမကြီးကတော့ အဖုအထစ်မရှိ

ဖြောင့်ဖြူးပြီး ပတ်တီးရိုက်ထားသလို ချော့မွေ့ကြောင်းကိုတော့ ၀က်ဆိုဒ်တွေမှာ ဖတ်ရပါတယ်၊တစ်ခုစဥင်္းစားမှိ

တာက..သြော် ဒို့နိုင်ငံက သယံဇာတဂက်ငွေ့ ဓာတ်ငွေ့တွေဟာ နေပြည်တော်တည်ဆောက်ရာမှာ အသုံးပြုနေ

သလားလို့တောင် အတွေးနယ်ချဲ့နေမိပါတယ်..နယ်စပ်တစ်နေရာမှာ မြန်မာပြည်က ကနေသွယ်ယူထားတဲ့

ဂက်စ်ပိုက်လိုင်းတွေကိုတွေ့ရတော့ ဖောင်းစီးရင်ရေငတ်နေကြရတဲ့ ပြည်သူလူထုအတွက် ရင်ထုမနာဖြစ်ခဲ့ရ

ပါတယ.်..မိမိလည်းဘာမှတော့ မတတ်နိုင်ဘူးလေ..ဟို စိုင်းထီးဆိုင်သီချင်းထဲကလိုပေါ့ဗျာ...“ဘာမှမတတ်နိုင်ဘူး

လက်လျှော့လိုက်ရပြီ..စွန့်လွှတ်လိုက်ရပြီ..ဟို မေမြို့မို..အစိုးမရတော့ပြီ”..ဆိုသလိုပေါ့လေ၊

စာဖတ်သူများကိုကြိုတင်ပြောထားချင်တာက ဘုရားသုံးဆူရောက် အမှတ်တရဓာတ်ပုံတွေရိုက်ရာမှာ

အဓိကဘုရားသုံးဆူးကိုတော့ အခြေနေရ မရိုက်ဖြစ်ခဲ့တဲ့အတွက် ဘလော့မှာ မတင်ပေးနိုင်တာကိုတော့

နားလည်ခွင့်လွှတ်ပေးကြစေချင်ပါတယ်၊အဲဒီမှာထူးခြားချက်က ဘုရားသုံးဆူအစစ်ဟာရေထဲမှာမြုတ်နေလို့

ဘုရားသုံးဆူအတုကိုဘဲ ဓာတ်ပုံရိုက်ကြရတယ်လို့ ဆိုပါတယ်၊သေချာတော့မသိပါဘူး..ဒေသခံတွေရဲ့ပြော

ပြချက်အရ သိရတာပါ..မိမိလည်းဘုရားသုံးဆူဈေးထဲရောက်တာနဲ့ မြန်မာပြည်ပြက္ခဒိန်နဲ့ ဘာသာရေးစာအုပ်

အချို့ကို ၀ယ်ဖြစ်ခဲ့ရုံကလွဲပြီး အခြားဘာမှထွေထွေထူးထူး မ၀ယ်ဖြစ်ခဲ့ပါဘူး..ကားပေါ်မှာအတူပါလာတဲ့အစ်မ

တစ်စုကတော့ ပြည်တွင်းဖြစ် ငါးပိ ငါးခြောက်တွေဝယ်လာကြလို့ ကားပေါ်မှာ နှာခေါင်းပိတ်လိုက်ခဲ့ရတဲ့အဖြစ်

ပျက်လေးကတော့ ခရီးစဉ်ရဲ့အမှတ်တရဖြစ်ခဲ့ပါတယ်၊ပြောသာပြောရတယ် ငါးပိ ငါးခြောက်တို့ဟာမကျက်ခင်

အစိမ်းမှာ အနံ့မကောင်းသော်လည်း ကြော်ချက်ပြီးရင်တော့ လျှာမှာ စွဲကျန်စေတတ်တဲ့ပြည်တွင်းဖြစ်အစားစား

တွေမဟုတ်လား၊မြန်မာမှန်ရင် ငါးပိကိုတော့ ကြိုက်ကြပါတယ်..ဘာဘဲဖြစ်ဖြစ် ခရီးစဉ်လေးအောင်မြင်အောင်

ကြိုးစားဆောင်ရွက်ပေးတဲ့ သယ်ရင်းကျေးဇူးတရားကတော့ ဘယ်တော့မှ မေ့လို့ရမယ်မထင်ပါဘူး၊ကဲကဲ..

လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေတွေကိုလည်း ခရီးသွားမှတ်တမ်းဓာတ်ပုံတွေနဲ့အားပါးတရကြီးဧည့်ခံ

လိုက်ပါရစေ...



ဘုရားသုံးဆူမြို့ရှိရှစ်မျက်နှာစေတီတော်


မွန်ဆရာတော်ဘုရာားကြီးသီတင်းသုံးတော်မူသောဘုန်းကြီးကျောင်း


ဘ၀နတ်ထံပျံလွန်တော်မူသွားသောဆရာတော်ဘုရားကြီးရုပ်ဆင်းတု



ဘုန်းကြီးကျောင်းသားလေးများညနပိုင်းသန့်ရှင်ရေးလုပ်ကြစဉ်



ဘုန်းကြီးကျောင်းတွင်းရှိ ငွေပဒေသာပင်ကြီး


မွန်ဈေးထဲတွင်ရောင်းချလျှက်ရှိသောဟင်္သာမောင်နှံသစ်သားရုပ်တု


ဈေးရောင်းနေသောကျောင်းသူမလေး



မွန်ဈေးတန်းတွင်လက်ဆောင်ပစ္စည်းဝယ်နေကြသောမြန်မာလူမျိုများ
















15/01/2010

ထိုင်းနယ်စပ်မြန်မာရွာလေးသို့အလည်တစ်ခေါက်...

ဒီတစ်ပတ်တော့ ခရီးသွားနေတာနဲ့ မိမိအိမ်လေးနဲ့ရက်အတော်ကြာကြာဝေးကွာနေခဲ့ပါတယ်၊

ခရီးစဉ်ဟာစောစောကအရမ်းမကြာလောက်ဘူးထင်ထားပေမယ့်ရက်နှစ်ပတ်တောင်ကြာသွား

ခဲ့တာကိုး၊ဘာဘဲဖြစ်ဖြစ်ဒီခရီးစဉ်ကနေခရီးသွားဗဟုသုတတွေအများကြီးရလိုက်တဲ့အတွက်

ခရီးစဉ်အတွက်အစအစအရာရာအဆင်ပြေအောင်စီစဉ်ပေးတဲ့သူငယ်ချင်းကိုတော့ကျေးဇူး

တင်လို့မဆုံးပါဘူး၊ဒါကြောင့်ခရီးစဉ်ကပြန်ရောက်ရောက်ချင်းဘဲလည်ပတ်ခဲ့တဲ့နေရာများစွာ

အနက်မှ အမှတ်တရနေရာလေးများကို အလည်လာသူတွေကိုမျှဝေပေးလိုက်ပေးလိုက်ပါရ

စေ..မြန်မာပြည်လွမ်းတတ်တဲ့ အဝေးရောက်ရွှေမြန်မာအားလုံးအတွက် အလွမ်းပြေလေး

ပေါ့ဗျာ...





မြန်မာနှင့်ထိုင်းနိုင်ငံပေါင်းဆုံရာနယ်နိမိတ်အမှတ်သားပြတောင်ကုန်းထိပ်ရှိချစ်ကြည်ရေးနှစ်နိုင်ငံအလံတိုင်နှစ်ခု

(သေးငယ်ပြီးအရောင်ဖျော့တော့တော့အလံလေးကတော့ရွှေနိုင်ငံကအလံလေးနော်.အလံချင်းကလည်းကွာပနော်..ကွာပ..)





နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကေတအဖြစ်စိုက်ထူးထားတဲ့ကမ္ပည်းမှတ်တိုင်ဆိုင်းဘုတ် (သို့သော်လည်းအဲဒီအနီးတ၀ိုက်မှာတော့ကရင်သူပုန်သေနပ်သံများကအခုထိအောင်ကြားနေရဆဲဟုသိရ၏)







ရွှေနိုင်ငံကထွက်ရှိတဲ့ဂက်(စ်)တွေကိုပိုက်လိုင်းနဲ့ဆက်သွယ်ပြီးဝယ်ယူနေတဲ့ထိုင်းနယ်စပ်ကဂက်(စ်)ကုမ္ပဏီအားအပေါ်စီးမှ မြင်တွေ့ရစဉ် (ဂက်(စ်)တွေထွက်ရှိနေသော်လည်းဖောင်စီးရင်ရေငတ်နေကြပါလား.).







ထိုင်းစစ်တပ်ပိုင်နယ်နိမိတ်ပြတောင်ကုန်းဂမူလေးအားအဝေးမှမြင်တွေ့ရစဉ်
( ဤကုန်းလေးပေါ်ကနေရွှေပြည်ကြီးကိုလှမ်းမျှော်၍လွမ်းတော်မူနိုင်ကြ၏ဟုဆိုလေရဲ့ဗျာ)








မြန်မာစစ်တပ်ပိုင်တောင်ကုန်းဂမူလေးအားအဝေးမှတွေ့မြင်ရစဉ်(ဒီနေရာကနေဆက်သွားလျှင်မြန်မာနိုင်ငံ၊

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ်ကရွာလေးတစ်ရွာသို့၄၅-မိနစ်ခန့်ဖြင့်ရောက်နိုင်၏ဟုဆိုကြ၏)

ကျန်ရှိနေသောခရီးစဉ်မှတ်တမ်းများအားဆက်လက်ဖော်ပြသွားပါမည်

































































































04/01/2010

2009-ခုနှစ်ကိုပြန်လည်စစ်ဆေးကြည့်ခြင်း

သြော် .... ဘာလိုလိုနဲ့2009 လွန်မြောက်2010တောင်ရောက်မှန်းမသိရောက်လာခဲ့ပေပြီ...
ဒီတော့မိမိဘ၀အတွက်၎င်း၂၀၀၉အတွင်းမှာ ဘယ်လိုအမှတ်တရမှတ်တိုင်တွေ စိုက်ထူဖြစ်
ခဲ့သလဲဆိုတာပြန်လည်စစ်တမ်းထုတ်ကြည့်ရတော့မယ်မဟုတ်လား...နောက်ပြီးတော့လည်း
ကျွန်တော်စိတ်တဲမှာအမြဲတမ်းမှတ်မိနေသောတောင်မြို့မဟာဂန္ဂာရုံဆရာတော်ဘုရားကြီးရဲ့
အောက်ပါကဗျာလေးကလည်းကျွန်တော်အပါဝင်လူသားအားလုံးကိုဘ၀အတွက်မှတ်တိုင်တွေ
စိုက်ထူးကြဘို့သတိပေးနေသလိုပင်ခံစားရတဲ့အတွက်မိမိသည်လည်းဘ၀အတွက်မှတ်တိုင်လေး
တွေကိုတတ်နိုင်သလောက်စိုက်ထူဖြစ်ခဲ့ပါ၏၊မိမိရဲ့မှတ်တိုင်များအနက်မှ
2009ခုနှစ်မှာအမှတ်
တရစိုက်ထူးဖြစ်ခဲ့တဲ့မှတ်တိုင်အချို့ကိုကဗျာလေးရဲ့အောက်မှာဖော်ပြပေးသွားမည်ဖြစ်သဖြင့်ဝမ်း
မြောက်အနုမောဒနာသာဓုခေါ်ဆိုနိုင်ကြပါကြေင်း(အများအထင်ကြီးအောင်ဖော်ပြခြင်းမဟုတ်သလို
မိမိမှာလည်းအများအထင်ကြီးလောက်တဲ့အရည်အချင်းအလျဉ်းမရှိသေးပါကြောင်းကြိုတင်ဝန်ခံပါရစေ).......

ဝမ်းနည်းဖွယ်နေ့ရက်(နှစ်)

ကုသိုလ်ဥစ္စာ

ကျမ်းခန့်သာ၍

ပညာတန်ခိုး

တစ်မျိုးမျိုးမှအကျိုးမထွက်

ထိုနေ့ရက်

ငါ့အတွက် ၀မ်းနည်းဖွယ်....


*2009-ခုနှစ်အတွက်စိုက်ထူဖြစ်ခဲ့သောအမှတ်တရမှတ်တိုင်လေးများစာရင်း*
၁။စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ကံကုန်းရွာမှရေဆင်းတက္ကသိုလ်တက်နေသောကျောင်းသူမလေး၏
ပညာသင်စရိတ်အတွက် ကျပ်-၃၀၀၀(သုံးသောင်း)

၂။စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာ လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အတွက်
ကျပ-်၁၀၀၀(တစ်သောင်း)နှင့်စာကြည့်တိုက်မှူးနှစ်ဦးအတွက်သုံးထောင်ကျပ်တန် အင်္ကျီတစ်ထည်စီ

၃။၎င်းဒေသမှ စတုတ္ထအကြိမ်နွေရာသီယာဉ်ကျေးမှုသင်တန်းအတွက် ကျပ်၁၅၀၀၀(တစ်သောင်းခွဲ)တန်ဆုပစ္စည်းများ

၎။၎င်းဒေသမှ တော်ဝင်ဘော်ဒါဆောင်တွင် တက္ကသိုလ်ဝင်တန်းတက်ရောက်နေသော မစုမြတ်မွန်၏ပညာသင်စရိတ်
်အတွက် ကျပ်- ၅၀၀၀၀(ငါးသောင်း)

၅။၎င်းဒေသမှ ဆရာသမားများနှင့်သူငယ်ချင်းများအတွက် သုံးထောင်ကျပ်တန် အင်္ကျိ ၁၅-ထည်နှင့်သော့ချိတ်ပစ္စည်းးများ

၆။ရန်ကုန်မြို့၊ဘုန်းကြီးလမ်း၊(၁)ရပ်ကွက်မှ အဝေးသင်တက္ကသိုလ်ပထမနှစ်တက်ရောက်နေသောမအေးမာငြိမ်းအတွက်
ပညာသင်ထောက်ပံ့စရိတ် ကျပ်-၃၀၀၀၀(ကျပ်သုံးသောင်း)


၇၊။မွေးရပ်မြေမှကျေးဇူးရှင်မွေးဖခင်ကြီးနှင့်အစ်မများအားရန်ကုန်ဘုရားစုံနှင့်ကျိုက်ထီးရီုးဘုရားသို့
မိမိငွေကြေးအကုန်အကျခံကာဘုရားဖူးလိုက်ပို့နိုင်ခဲ့ခြင်းတို့ဖြစ်ပါသည်၊။

ယ္ခု၂၀၁၀- ခုနှစ်အတွက်လည်းမိမိတတ်နိုင်သလောက်အမှတ်တရမှတ်တိုင်းများစိုက်ထူလှူဒါန်း
သွားဘို့တွက်ကြိုးစားသွားမည်ဖြစ်ပါကြောင်းပြောကြားရင်း.-----



နှစ်ဟောင်းကုန်မြောက် နှစ်သစ်ရောက် ထွန်းတောက်မင်္ဂလာဖြစ်ပါစေ၊

01/01/2010

နှစ်သစ်ဦးဆုမွန်



လာရောက်လည်ပတ်သူအားလုံး နှစ်သစ်ကာလမှစ၍ ကျမ္မာပျော်ရွှင်စွာဖြင့်
ဘ၀ခရီးလမ်းကို ဘေးမသီ၊ရန်မခ ခလုတ်မထိ ဆူးမငြိဘဲ ဖြောင့်တန်းစွာ
လျှောက်လှမ်းနိုင်ကြပါစေဟု ဆုတောင်းပေးလိုက်ပါတယ်....
အားလုံးကိုလေးစားလျှက်
ဆန်းသစ်အောင်