24/09/2009

သူငယ်ချင်းအားလုံးသို့


# ဟေ့ သူငယ်ချင်း….


# ပြည်ပဆိုတဲ့ စီးခြားနယ်မြေလေးထဲမှာ


# ထွက်ခွါလာရာချင်း


# ဦးတည်ရာပန်းတိုင်ချင်း မတူပေမယ့်


# လူပီသတဲ့သူ..


# ကူညီကြမဲ့သူ..


# အယူသီလ တူမျှတဲ့ သူတွေလေ---


# ထောင်လိုက်ဆက်ဆံရေးကို မလိုလား


အလျှားလိုက်ဆက်ဆံရေးကို ကြိုဆို


# သစ္စာကိုယုံရင် ဘ၀ဟာ လုံခြုံစရာ


# မေတ္တာကိုယုံရင် ဘ၀ဟာ ခုံမင်စရာ


# ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်မအောင်းပေမယ့်


# နေရာတစ်နေရာမှာတော့ ခြင်္သေ့ဒါဇင်ကျော်အောင်းတယ်လေ…….


# ဆရာကြီးလုပ်ချင်တဲ့ မွေးရာပါဗီဇစိတ်ကြောင့်


# တစ်ချို့လည်မလိုနဲ့ အ သွားတတ်သူတွေရှိတယ်


# တချို့  အ မလိုနဲ့ လည်သွားတဲ့သူတွေလဲရှိတယ်..


# အိုင်တီခေတ်မှာ တိုင်မှီနေလို့မဖြစ်ဘူး(နောက်ကျကျန်ခဲ့မယ်)



# ၀င်သက်ထွက်သက် အမျှင်မပြတ်သမျှ သင်အပ်သမျှ ပညာတွေ


# သင်ပြီးရင်း သင်နေရမယ်…..


# ဘ၀မှာ အောင်မြင်ရေးအတွက်


# လမ်းဘေးမှာ ချန်ထားခဲ့ဘို့ လိုတာလေးတွေက


# အလွမ်းဆွေး ဓာတ်ခံလေးတွေ


# အနမ်းမွှေးမွှေးး ဆက်ရန်လေးတွေ….


# စကတ်တိုလည်ဟိုက်မလေးတွေပုံပြင်


# သွယ်ဝိုက်ပြီးလဲ မပြောချင်ဘူး


# ဘ၀မှာ လူရာဝင်ဘို့ ဆိုရင်


# သူတို့တွေ စာသင်ရဦးမယ်လေ…..


# ဟေ့ -သူငယ်ချင်း

# ချက်တင်(chatting)မှာ ပျာယာခတ်နေရုံနဲ့


# ဒို့တတွေရဲ့အနာဂတ်ဟာ လှပလာမှာမဟုတ်ဘူးလေ…


# အနာဂတ်ခရီး လှပဘို့အတွက်


# စက္ကန့်တိုင်းဟာ စိန်စီထားတာမို့


# ရှေ့ဆက်ဘို့အတွက် လမ်းမှန်ကိုရွေးရမယ်….


# ဟေ့-သူငယ်ချင်း


# ရေသောက်ပါများမှ နွေရောက်ပါလားမလုပ်နဲ့


# မနေ့က ဥသြတွန်သံ ငါ ကြားရတယ်၊


# နှင်းဖျောက်သံကြားမှ ဆောင်းပေါက်ပါလားမလုပ်နဲ့


# ဆီးနှင်းတောင်တွေကမင်းကို သရော်ကြလိမ့်မယ်၊


# လျှပ်စီးတွေမြင်ပါမှ မိုးဝင်လာပါပြီလားမလုပ်နဲ့


# မနေ့က ဖားအော်သံ ငါကြားရတယ်၊


# ဘ၀တစ်ခုရဲ့ သုံးရာသီကို


# အချိုးကျကျ ခွဲဝေသွားကြမယ်ဆိုရင်


# ဘ၀တစ်ခုရဲ့အနာဂတ်တွေကို


# ဒို့လက်တွေ နဲ့ ထုဆစ်သွားကြမယ်ဆိုရင်


# ကောက်ကျစ်တဲ့အကျင့်စရိုက်ဆိုးတွေကို


# ဒို့တတွေ ရိုက်ချိုးပစ်ကြမယ်ဆိုရင်


# မဲညစ်နေတဲ့ တိမ်တိုက်လွှာတွေဟာ


# ရှက်သွေးဖြာပြီး


# အဝေးကို ထွက်ပြေးကြလိမ့်မယ်၊


# လှပတဲ့ ကောင်းကင်ပြာတွေကို


# ဒို့တတွေ နမ်းရှိုက်ခွင့်ရကြမယ်လေ…….


ဆန်းသစ်အောင်(၂၄-၉-၂၀၀၉)

23/09/2009

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ



စော်ကားကာပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားသူကို


ရန်မူမည့်ဟန် မတုံ့ပြန်နှင့်


သူ့ကံအရိုင်း သူ့သမိုင်းတည်း၊


မရိုင်းစေရန် မိမိကံကို


ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍


သမိုင်းကြောင်းကောင်းအောင်


ဆောင်ရွက်ပါ။

န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာတတံ၊
အတၱေနာ၀ အ၀ေကၡယ်၊ ကတာနိ အကတာနိစ။ဟူသော
ဓမ္မပဒဂါထာကို မှီငြမ်းရေးဖွဲ့ သီကုံးပါသည်။
ဆန်းသစ်အောင်

14/09/2009

မျိုးဆက်သစ်လေးများရဲ့မြူးကြွရွှင်ပျော်တေးသရုပ်ဖော်အက



ဒီတစ်ပတ်တော့ စစ်ကိုင်းတိုင်း။မုံရွာခရိုင်။ယင်းမာပင်မြို့နယ် နံ့သာကုန်းရွာမှာ
ကျင်းပပြီးစီးခဲ့တဲ့ စတုတ္ထအကြိမ်နွေရာသီယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်း
စာမေးပွဲအပြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် တင်ဆက်ကပြခဲ့ကြတဲ့ မျိုးဆက်
သစ်လေးများရဲ့အကလေးများကို မျိုဆက်သစ် ပရိသတ်တွေအတွက် တင်ပေး
လိုက်ပါတယ်.....

ဆန်းသစ်အောင်

11/09/2009

သောကြာမလေးသို့






ဒီနေ့

သောကြာ နေ့

သခင်ယေရှုကို ကားစင်တင်လိုက်တဲ့နေ့ ။



ငါဟာ

Firday 13 သဘောင်္ကြီးလို ရေချလိုက်တာနဲ့

အစအနပျောက်သွားတော့မှာလား

နပိုလီယံ နဲ့ ဟားဗတ်ဟူးဗားလို

သောကြာနေ့ကိုကြောက်တဲ့ကောင်လား

ရုစဗဲ့လို လည်း သောကြာကိုတွေးကြောက်နေမယ်ဆိုရင်

သောကြာသမီးလေးရေ

မင်းနဲ့ငါ

ရင်ခုန်သံထပ်တူကျဖို့ဆိုတာ

ဘယ်ရှိနိင်ပါတော့မလဲ


သောကြာ မလေးရေ

ရောက်လာမယ့်မနက်ဖြန်ဟာ

သောကြာ နေ့ တဲ့ နဂါးပြည်ပြဿဒါး

သိဟ်ရာသီသို့ပြောင်း၍

ဘီလူးဘေးတွေ့အံ့ ဆိုလား

ကဲ

ဘာဆက်လုပ်ကြမှာလဲ

တွေးကြောက်နေလို့မဖြစ်ဘူး

သီအိုရီအပြည့်နဲ့ပုံသေနည်းကျကျ

ငါတို့ ချစ်ခြင်းတွေ

အပေါစားမဆန်စေရဘူး ။

ဒီလိုနဲ့ပဲ

နရီတွေ လွဲ ရမ်သမ်တွေမှားပြီးရင်းမှား

စံတော်ချိန်တွေသူခိုးအခိုးခံရ

အသက်ရှုလိုက်တိုင်းရင်ခုန်သံတစ်ချို့ကမောက်ကမဖြစ်

ခက်ထန်မာကျောမှုတွေ

တအိအိပြိုဆိုင်း

ကြာလာတော့လည်း

မှော်ဆရာလိုစိတ်ကူးမျိုးနဲ့

ပြက္ခဒိန်တွေ လုံးခြွေလွင့်ပစ်လိုက်ချင်တယ် ။


သောကြာ မလေးရေ

နောက်ထပ်

ထပ်ပြီး....ထပ်ပြီး

ထပ်ခါ....ထပ်ခါ

ရောက်လာမယ့်

သောကြာနေ့တွေကို အလျားလိုက်ဖြန့်ခင်း

ငါတို့ရဲ့ ရင်ခုန်သံတွေကို ဒေါင်လိုက်ဖြစ်ဖြစ်

ရေပြင်ညီအတိုင်းဖြစ်ဖြစ်

အပျိုရည်မပျက်စနစ်တကျထုပ်ပိုး

ကကြိုးတွေစည်းချက်ညီစွာ

ဟာမိုနီကျကျ ဟစ်အော်ကြမယ် ။

တူညီတဲ့ကာရန်မဲ့စကားလုံးတစ်ချို့ကို

နှလုံးသားရဲ့တွင်းနက်နက်ထဲ

ယုံကြည်စွာပစ်ချရင်း

ပင့်ကူမျှင်ဖုံထူထူတွေကြားက

ရုန်း......ထွက်

သောကြာမလေးရေ

ဗဟိုချက်တံခါးကိုစိတ်လိုလက်ရတွန်းဖွင့်ရအောင် ။

....ကဲ....

ဒီနေ့

သောကြာ နေ့

ငါတို့နှစ်ယောက်ကို စီရင်ချက်ချမယ့်နေ့ ။

မွေးနေ့ရှင် သောကြာမလေးသို့ အမှတ်တရ ခံစားသီကုံးသည်


10/09/2009

ဘ၀သမိုင်း


စော်ကားပို မနာလိုသည့်

ကိုယ့်ကိုမုန်းသူ အခြားသုကို

ရန်မူမည့်ဟန် မတုံ့ပြန်နှင့်

သူ့ကံအရိုင်း သူ့သမိုင်းတည်း၊

မရိုင်းစေရန် မိမိကံကို

ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍

သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ပါ။


သူငယ်ချင်းတစ်ယောက်မှပေးပို့လာသောကဗျာကိုမျှဝေခံစားပါသည်

ရွှေဆံပင်တံတားအတွက် ရွှေဆံပင်များလှူဒါန်းလျှက်ရှိနေ

ရန်ကုန်မြို့၊ကျောင်းဆရာမကြီးတစ်ဦးက ဆံနွယ်စများလာရောက်လှူဒါန်းနေစဉ်
ဆံပင်လှူဘို့ရန် အတွက် ဖြတ်ညှပ်နေကြစဉ်
ရွှဆံပင်များနှင့် အခြားများ လှူဒါန်းလိုပါက လမ်းတံတား အကျိုးတော်ဆောင် ဆရာတော် ဦးဝေပုလ္လ၊ ဖုံး-၀၉-၂၀၃၀၇၂၈၊ ၀၉-၅၁၅၁၃၉၇၊ အရှင်ရာဇိန္ဒ၊ ဖုံး-၃၈၄၃၆၃၊ (မောင်မင်းစိုး၊ရွှေနံ့သာ) အမှတ်(၆)၊ ရွှေပိဋကတ်တိုက်၊ အာဇာနည်လမ်း၊ ရွှေတိဂုံ ဘုရားအရှေ့ဘက်မုဒ်အနီး၊ ဗဟန်း၊ ရန်ကုန်နှင့်၊ အရှင်ဥာဏိဿရ၊ ဖုံး-၀၉-၂၀၁၁၆၀၇၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ အရှေ့ဝါယာလက်(၂)လမ်း၊ ရေးကူး၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ်-သို့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
မောင်မင်းစိုး
စစ်ကိုင်းတိုင်း၊ယင်းမာပင်၊ပုလဲမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပနှင့် အမေရေယာဉ်နန်းရင်းသို့ သွားရာ ပင်မလမ်းမကြီးဖြစ်သော လည်ငေါက်၊ ချင်ပြစ်သို့သွားရာလမ်းကြီးအတွင်းမှာ တည်ဆောက်မည့် ရွှေဆံပင်တံတား ဆောက်လုပ်ဖို့ အမျိုးသမီးတွေဟာ မိမိတို့ အမြတ်တနိုးထားတဲ့ ဆံပင်တွေ ဖြတ်လှူနေကြတယ်။ တော်တော်လေးလည်း ဝမ်းသာကြည်နူးမှုတွေ ဖြစ်မိပါတယ်။ ဒါကြောင့် လှူဒါန်းကြတဲ့ အမျိုးသမီးအားလုံးတို့ကို ဂုဏ်ပြုတင်စား ချင်တာကတော့ ကမ္ဘာမှာ ဒို့မြန်မာမိန်းကလေးတွေသာ လုပ်နိုင်တဲ့၊ လုပ်ခဲ့ကြတဲ့ အလှူဒါနပွဲကြီး ဖြစ်ပါပေတယ်လို့ တင်စားလိုက် ချင်ပါတယ်။ အခုဆို ရန်ကုန်ရွှေမြို့သူတွေပါ ၀င်လာမစဲဆိုပါတော့။ ဟုတ်တယ်၊ ဒါဟာ အင်မတန်မြင့်မြတ်တဲ့ အလှူဖြစ်တယ်။ ဘုရားအလောင်း သူတော်ကောင်းတွေ လုပ်ခဲ့တဲ့ အလှူ ဒါနမျိုးလည်းဖြစ်ပါတယ်။ အင်္ဂပရိစ္စာဂ-ဆိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီး အများသူငါ သွားလာရေးမှာ လွယ်ကူချောမွေ့စေအောင် မြင့်မြတ်တဲ့အလှူဒါနကို မြင့်မြတ်တဲ့စိတ်ထား ပိုင်ရှင်ဖြစ်တဲ့ မြန်မာမိန်းကလေး တွေရဲ့ မွန်မြတ်တဲ့ အလှူပွဲပေါ့နော်။ ဒီပင်္ကရာဘုရားရှင်သွားမယ့် လမ်းခရီးတစ်ခုမှာ မိမိတာဝန်ယူထားတဲ့ လမ်းနေရာ မပြီးလို့ ခန္ဓာကိုယ်ကို လမ်းအဖြစ် အသုံးပြုစေပြီး လှူဒါန်းမှုပြုခဲ့တဲ့ သုမေဓာရှင်ရသေ့ ကိုတောင် ပြေးပြီးမြင် ယောင်မိပါတယ်။ ဒီကိစ္စမှာပဲ ဒီပင်္ကရာဘုရားရှင်က ဗုဒ္ဓဘာသာဝင်တွေ အခုကိုးကွယ်နေတဲ့ ဂေါတမဗုဒ္ဓ ဘုရားရှင် ဖြစ်လာမယ့် သုမေဓာရှင်ရသေ့ကို ဗျာဒိတ်တော် ပေးခဲ့တယ်မဟုတ်လား။ အခုလည်း တကယ်လို့သာ ဂေါတမ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသာ သက်ရှိထင်ရှားရှိနေ ဦးမယ်ဆိုရင် ''ချစ်သမီးတို့၊ ဒီကုသိုလ်ဟာ အင်မတန်မွန်မြတ်တဲ့ ကုသိုလ်ဖြစ်တယ်'' စသဖြင့် သာဓုသုံးကြိမ်ခေါ်ပြီး ဂုဏ်ပြုတော်မူခဲ့လိမ့်မယ်လို့ ထင်မိပါတယ်။ လူ့လောကြီးထဲရောက်လာတော့ တကယ်လူဖြစ်ရကျိုး နပ်ဖို့ဆိုတာ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးနဲ့၊ အ စိတ်ပိုင်းတွေနဲ့ လောကကြီး၊ လူသားကောင်းကျိုးအတွက် ငါဘာတွေ လုပ်ပေးနိုင်မလဲ။ ဘာတွေ လုပ်ပေးနေသလဲ၊ ဘာတွေလုပ်ပေးခဲ့ဦးမလဲ-စတဲ့ မေးခွန်းတွေမေးမြန်းပြီး ကိုယ်တိုင်လူ့အဖြစ်ကိုရရှိတာ အကျိုးရှိရဲ့လားဆိုတာ တိုင်းတာ စေချင်တာ။ အခုတော့ အလှူရှင်များဖြစ်တဲ့ အချို့မိန်းကလေးများဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဆင်းရဲကောင်း ဆင်းရဲကြပါလိမ့်မယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ အင်မတန်မွန်မြတ်တဲ့ လူတွေဖြစ်နေကြပါပြီ။ အခုဆို အမြတ်တနိုး ထိန်းသိမ်းထားခဲ့တဲ့၊ အနှစ်နှစ်အလအလ ကြာရှည်စွာ စောင့်ရှောက်ခဲ့ကြရတဲ့ ဆံနွယ်စလေးတွေကို အများသူငါသွားလာမယ့် လမ်းခရီးမှာ ဖြတ်တောက် လှူဒါန်းတယ်ဆိုတာ တော်တော်လေးကို စိတ်ထားမြင့်မြတ်ကြလို့ပေါ့။ မိန်းတို့ဘုန်း ဆံထုံး-ဆိုသလို ဘုန်းဖြစ်တဲ့ ဆံထုံးကို လှူဒါန်းတယ်ဆိုတော့ အင်မတန်ကြီးမြတ်တဲ့ စိတ်ထားရှိနေလို့ပေါ့၊ ဒါကြောင့် ဒီလိုဘုန်းဖြစ်တဲ့ ဆံထုံးကို လှူဒါန်းရတဲ့အတွက်ကြောင့် ဘုန်းကံကြီးတဲ့ ဘဝပိုင်ရှင်ကို အခုရော၊ နောက်ဘဝ များစွာမှာပါ ပိုင်ဆိုင်ရပါလိမ့်မယ်။ ဒီလမ်းကြီး တည်ရှိနေသရွေ့ ဒီအလှူရှင်တွေရဲ့ နာမည်တွေဟာ ဘယ်တော့မှ ပျောက်ကွယ်မှာ မဟုတ်ပါဘူး။ တံတားကြီး သဘာဝဘေးအန္တရာယ်တစ်ခုခုနဲ့ တကယ်လို့ပျက်စီးသွားခဲ့ရင်တောင် ဒီလမ်းကြီးမှာရှိတဲ့ ဒီတံတားကြီးရဲ့ လားရာ၊ လာရာဟာ ဘယ်တော့မှ မှုန်ဝါးသွားမှာ မဟုတ်ပါဘူး။ ဒီတော့ ဒီလမ်းကြီးမှာရှိတဲ့ တံတားကြီးအတွက် လှူဒါန်းလိုက်ရတဲ့ မွန်မြတ်ဆံနွယ်လေးတွေကို ဖြတ်တောက်ပြီး ပါဝင်လှူဒါန်းခွင့်ရလို့ အတိုင်းမသိပါဘဲ ဝမ်းသာကြည်နူး မှုတွေဖြစ်လို့ သာဓုအတန်တန် ခေါ်မိလိုက်ပါတယ်။

08/09/2009

ထိုင်းနိုင်ငံမြန်မာကျောင်းသားရဟန်းတော်အဖွဲ့ရဲ့ပညာဒါန



ထိုင်းနိုင်ငံရှိတက္ကသိုလ်သီးသီးတွင်ပညာသင်ကြားနေကြသည့်မြန်မာကျောင်းသား

ရဟန်းတော်အဖွဲ့(M.S.M.O)ကိုပြီးခဲ့သည့််ဇွန်လပိုင်းကအောင်မြင်စွာဖွဲ့စည်းနိုင်

ခဲ့ပြီးနောက်

ယ္ခုအခါတွင်ကျောင်းသားရဟန်းတော်များ၏ပညာသင်စရိတ်များကိုတဖက်တလမ်း

မှထောက်ပံ့လှူဒါန်းနေကြသည်မြန်မာအလုပ်သမား၏လိုအပ်ချက်ကိုကူညီဖြည့်

့ဆည်းသောအားဖြင့်ကျောင်းသားအဖွဲ့ရဲ့ပထမဆုံးခြေလှမ်းအဖြစ်ဘန်ကောက်

မြို့ရှိမြန်မာအလုပ်သမားများရှိရာနေရာဌာနများသို့သွားရောက်ကာ ကွန်ပျူတာ

စာစီစာရိုက်နည်း၊၀င်းဒိုးတင်နည်း၊photo Shopသုံးစွဲနည်း၊video Editting

ပိုင်းဆိုင်ရာများနှင့်အင်တာနက်သုံးစွဲနည်းများကို ကျောင်းသားရဟန်းတော်

များကပညာဒါနအဖြစ်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းသင်ကြားပေးလျှက်ရှိ

ကြောင်းသိရှိရသည်။
့့််

07/09/2009

ဲပြည်ပရောက်သော်လဲသဒ္ဓါဗီဇမပျောက်ကြတဲ့ရွှေမြန်မာများ

အလှူရှင်များအား လှူဖွယ်ပစ္စည်းများနှင့်အတူ တွေ့ရစဉ်
ကျောင်းသား မြန်မာသံဃာတော်များနှင့်အတူအမှတ်တရ
ဆွမ်းဆန်တော်၊ကြက်သွန်နှင့်အခြားလှူဖွယ်ပစ္စည်းများလှူဒါန်းနေကြစဉ်
စက်တင်ဘာ(၇)ရက်၊ တနင်္ဂနွေနေ့

ယနေ့နေ့လည်(၁)နာရီအချိန်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊

ဖုထဘူးချား(၄၄)လမ်း TIRENDစက်ရုံ ရှိမြန်မာမိသားစုများက


မြန်မာသံဃာတော်အများစုသီတင်းသုံးနေထိုင်ရာဝပ်တလုံးကျောင်း

တိုက်တာသို့လာရောက်၍ ရေအေးစက်(၀ါတာကူလာ)၊ရေခဲပုံးနှင့်

အခြားလိုအပ်ရာရာ လှူဖွယ်ပစ္စည်းများကို ရေစက်သွင်းချ၍

လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ဤအလှူရှင်များသည်သံဃာတော်များ၏ပစ္စည်းလေးပါးအတွက်

ထောက်ပံ့လှူဒါန်းနေသည့် အလှူရှင်များဖြစ်ကြပြီးလစဉ်ဒုတိယပတ်

တနင်္ဂနွေနေ့တိုင်းကျောင်းတိုက်တာသို့လာရောက်ကြကာနေ့ဆွမ်း

ဆက်ကပ်
လှူဒါန်းနေကြသည့်အလှူရှင်များဖြစ်ကြောင်းလည်းသိရှိရသည်။

အလားတူလှူဒါန်းလိုများအနေဖြင့်အောက်ပါအီးမေး၊ဖုန်းနံပါတ်များသို့

ဆက်သွယ်၍ လှူဒါးန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။

E-mail:santhitaung09@gmail.com

ဦးဓမ္မပါလ-ဖုန်း ၀၈-၉၆၃၆၀၁၉၄












ိ

ဲပြန်လို့ဖြစ်သေးဘူး

ငမြတ်စံ

မွေးရပ်ဌာန် လွမ်းလှချည့်

မင့်အမေ ရှိလို့လား

ငါ့ရင်ကြားမှာ ငါ့ဟာငါမေး...။

အမေ မရှိပေမယ့်

ပြေစရာ

ဖြေစရာ ရှိလေရဲ့

အမေ့အုဋ်ဂူဟာ အမေပဲရယ်လို့

င့ါဘာသာ အဖြေပေး...။

ထုံးလေးလည်း သုတ်ချင်တယ်

ပတ်ပတ်လည် ပန်းတွေစိုက်

နေ့စဉ်နေ့စဉ် ဦးခိုက်ဖို့

ခြံဝိုက်ပြီး ကာမယ်

စိတ်ကယ်ကကူး...။

သောက်ရူးတွေ အာဏာရချိန်မှို့

ပြန်လို့က ဖြစ်ဘူး...။

ဟူ့း့

မောလိုက်လေ...။ ။

သန်းစိန်


တားဆီးလို့မရတာ အချစ်ဆိုတာကို သက်သေပြလိုက်ပြီ

ပညာအရည်အချင်း ကွာခြား၍ လက်ထပ်ရန် ငြင်းဆိုသူ

တက္ကသိုလ် ကျောင်းသူကို သူမချစ်သူက ဓါးနှင့်

အချက်ပေါင်းများစွာ ထိုးသတ်

ပညာအရည်အချင်း အဆင့်အတန်းကွာခြား၍ လက်ထပ်ရန်

ငြင်းဆိုသူတက္ကသိုလ်ကျောင်းသူ တဦးကို သူမ၏ ချစ်သူက

ဓါးဖြင့် အချက်ပေါင်းများစွာထိုးသတ်လိုက်သည်။

အဆိုပါ ဖြစ်ရပ်မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နက်ရာကိုနာခရိုင်အတွင်းရှိ

ကီလာကျေးရွာတရွာတွင် ဖြစ်ပွားခဲ့သည်အဆိုပါသတ်ဖြတ်ခံရသူ

တက္ကသိုလ်ကျောင်းသူမှာအသက် ၁၉ နှစ်အရွယ် ဟာဒီဂျာ ခါတွန် ဖြစ်ပြီး

သူမမှာ သူမနေထိုင်ရာ ခရိုင်တက္ကသိုလ်နက်ရာကိုနာတွင် ကျောင်းတက်နေသူ

ဖြစ်သည်။ သူမ၏ ချစ်သူ ပေါ်လစ်မှာ (၅) တန်းသာအောင်မြင်ပြီး ပညာ

အဆင့်အတန်း ကွာခြားသဖြင့် သူမ၏ မိဘများမှ သဘော မတူရာမှ

လက်ထပ်ရန် တောင်းဆိုခြင်းကို ငြင်းဆန်၍ ပေါ်လစ်က သူမကို ဓါးဖြင့် အချက်ပေါင်းများစွာ

ထိုးသတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ရဲအဖွဲ့၏ အပြောအရ ပေါ်လစ်နှင့် ဟာဒီဂျာမှာ နှစ်ပေါင်းများစွာ ချစ်နေသော

ချစ်သူနှစ်ဦး ဖြစ်ပြီး ငယ်စဉ်ကတည်းက ချစ်လာကြသူ ချစ်သူနှစ်ဦး

ဖြစ်သည်ဟု ပြောသည်။

စက်တင်္ဘာလ ၁ ရက်နေ့က ပေါ်လစ်မှ ဟာဒီဂျာအား သူတို့နေထိုင်ရာ

ကျေးရွာအတွင်းရှိရေကန် တခုသို့ ချိန်းတွေ့ရန် ခေါ်ယူပြီး လက်ထပ်ရန်

တောင်းဆိုခဲ့သည်။

အဆိုပါတောင်းဆိုမူကို ဟာဒီဂျာမှ ငြင်းဆိုပြီးနောက် ပေါ်လစ်မှ

အသင့် ပါလာသောဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်လိုက်သည်။

ချစ်သူကို မစွန့်လွှတ်ရဲသော အချစ်ကြီး၍ အမျက်ကြီးခဲ့သူ ပေါ်လာမှာ

သူ၏ ချစ်သူကိုသတ်ဖြတ်ပြီးနောက် ရဲအဖွဲ့ထံ အဖမ်းသွားခံခဲ့သည်။

ကျောက်ကွင်းဝါဒပြိုင်ပွဲ အပိုင်း(၁)

https://docs.google.com/gview?pid=gmail&thid=123890b8bce95fbc&attid=0.2&docid=e98787a43e89a03896c1f3e9a6b0f804%7Ca20dfcbde569127c696b22f0f5d09dd1&chan=EAAAAMqMpcAuIHFVSkAnJs2vYYgiRBAXReo%2F1%2FaClWvsTHtX&a=bi&pagenumber=1&w=800